ကျွန်တော် ဒီလိုလေး တွေးပါတယ်။
ကျွန်တော် တို့တွေ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ အပျော်ပဲဖြစ်ဖြစ်၊ အမှတ်တရ ပဲဖြစ်ဖြစ်၊ သိမ်းထားချင်လို့ပဲဖြစ်ဖြစ် နောင်ပြန်ကြည့်တဲ့အခါ မှာစိတ်ကျေနပ်နေဖို့လိုမှာပါ။
ကျွန်တော် တို့လိုလက်သင်တွေ အဖို့ကတော့ တပါး တခြား ဆရာ တွေရိုက်တဲ့ ပုံတွေကြည့်ရင်းနဲ့သင်ယူ ရပါတယ်။ Facebook မှာလဲ အလွယ်တကူ ကြည့်လို့ ရတော့ အဲဒါလေး အခွင့်တော့ သာပါတယ်။
ရွာထဲမှာ ဓာတ်ပုံပြပွဲ လုပ်ဖြစ်တာကလဲ .. အဲ့လို ရည်ရွယ်တာပါ။ ရွာ့ ပြပွဲမှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက သင်တန်းဆင်း တွေလဲ လာပြ ကြတဲ့အတွက် ဂုဏ်ယူပါတယ်။ သူများ ရိုက်တဲ့ ပုံလေး ကိုကြည့်ရင်း နဲ့ ဒီပုံ မျိုး ကို ဘယ်လို angle က နေဘယ်လို ရိုက်ရင် .. ပိုအဆင်ပြေနိုင်မလဲ ဆိုတဲ့ အတွေး ပေါ်စေချင်တာပါ။ အခု အားမာန် ဆိုတဲ့ ခေါင်းစဉ် အတွက် ဖြစ်နိုင်ရင် ဆရာ့ ဆရာ တွေစီက ဝေဖန်မှု တွေကို သွားတောင်းပေးပြီး ပြန်ရိုက်တင် ပေးပါ့မယ်။ အဲ့လို လဲ စိတ်ကူးထားပါတယ်။
“ဘ၀” ဆိုတဲ့ ခေါင်းစဉ် ကို ဓာတ်ပုံ ရိုက်မယ် ဆိုပါတော့ ကျွန်တော် က ဒီလို တွေးပါတယ်။
ကျွန်တော့ အတွေး သက်သက်မို့ မှန်ချင်လဲ မှန်မယ်၊ မှားချင်လဲ မှားပါမယ်။
ကျွန်တော့် ပုံမှာ မတူညီ ခြင်း ဆိုတာကို ပုံဖော်ပါမယ်။ မိဘချမ်းသာလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် ကြိုးစားလို့ပဲ ဖြစ်ဖြစ် ကောင်တာထိုင်၊ တာဝန်ခံ ဆိုင်ရှင် ဖြစ်နေလေတော့ … စားပွဲလေးမှာထိုင် ပန်ကာလေး နဲ့ …
လက်ခစား .. နေ့စား အလုပ်သမား ကတော့ နေပူပူ အောက် က မီးပူပူနားမှာ ချွေးတလုံးလုံး နဲ့ လုပ်နေရတယ် ..
အသက်ကလဲ ကြီးနေပြီ . ဆိုတော့ … မောရပါလား ….
အဲလို လေး ပါ။
အဲဒါနဲ့ အဲ့လို အတွေး နဲ့ အောက်က ပုံ ဖြစ်လာပါတယ်။
ပထမ တော့ shutter speed ကို ၁ second ရဲ့ ၁၂၅ ပုံ တစ်ပုံ ထားပြီးရိုက်ကြည့်ပါတယ်။ မီးဖွား လေးတွေ ဖွားခနဲ ဖွားခနဲ လွှင့် နေတဲ့ ပုံမရပါဘူး။
shutter speed ကို ၁ second ရဲ့ ၈၀ ပုံ တစ်ပုံ ထားပြီး ရိုက်တော့မှ သာ အခု လို ပုံ မျိုး ရခဲ့ပါတော့တယ်။ Shutter speed နှေး မှ အဲ့လိုမျိုး မီးပန်း ဖွားဖွားလေးတွေ ရပါတော့တယ်။
နေအလင်းရောင်ကလဲရှိနေတော့ shutter speed နှေးထားရင် အလင်းဝင်ပေါက် ကို ကျဉ်းထားလိုက်ရမှာပါ။ အဲ့လို မှ မဟုတ်ရင် ဘန်းသွား၊ ပေါက်သွား၊ ဖြူသွားမှာပါ။
ဟိုဘက်က ပြပွဲ ပိုစ့် မှာတော့ စည်းကမ်းချက်လေး တွေ ဆွေးနွေးထားပါတယ်။ အဲဒါလေးတွေကိုလဲ လို၊တိုး၊ပို၊လျှော့ လုပ်ဖို့ ၀ိုင်း ဆွေးနွေး ပေးကြပါဦး။
ဒီနေ့ ညဘက် ဘုရား သွားဖြစ်ပါတယ်။ မိုး၇ွာနေရင်းနဲ့ ပဲ ပုံဆန်းဆန်း လေး တွေ့လို့ ရွာသားတွေ အတွက် ရိုက်ယူလာခဲ့ပေးပါတယ်။ တကယ်လို့များ ည ကိုး နာရီလောက် ရွှေတိဂုံ ဘုရားပေါ်မှာ ကင်မရာကို ထီး မိုးထားပြီး လူရေစို ခံပြီး ဓာတ်ပုံ ရိုက်နေတဲ့ သူတစ်ယောက် ကိုတွေ့မယ် ဆိုရင်တော့အဲဒါ Mလုလင် ပါလို့ နော့ …
နံမည် မသုံးပါနဲ့ ဆိုလို့ မသုံးပါဘူး ….။
သူတထူး တို့ ကျေးဇူး ကို ချီးမွှမ်းတာလဲ မင်္ဂလာ တပါးပါပဲ မို့ …
ဒီရက်ပိုင်း ထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စ အ၀၀ အတွက် ကူညီခဲ့တဲ့ အစ်မ ကို ကျေးဇူးပါလို့ … ဒီပိုစ့် နဲ့ ပြောချင်ပါတယ်။
Mလုလင်





ဘဝ အတွက် ဓာတ်ပုံ အိုင်ဒီယာလေးက တကယ်ကောင်းပါရဲ့။
ရွှေတိဂုံ ဘုရား ရဲ့အရိပ် ကို ရအောင် ရိုက်တာမို့ ဒီလိုရအောင် ဘယ်နှစ်ည များစောင့်ရိုက်ခဲ့ရလဲ။
ဓာတ်ပုံ ကို ခလုတ်နှိပ် ပြီး ပုံဖြစ် ရင်ပြီးရော လို့ သဘောထား သူ အရီး အတွက် တော့ ပါးစပ်ပိတ်ပြီး သာ ကြည့် သွားပါတယ်။ :-)
Was this answer helpful?
LikeDislikeသဘောကျ နှစ်သက် မှုတွေ ခံစားသွားရပါဂျောင်း
Was this answer helpful?
LikeDislikeအရီးခင်လတ် နဲ့ အစ်ကို ဇောက်ထိုး ရေ . ကျေးဇူးတင်ပါတယ်ဗျာ။ တိမ် မှာ အရိပ် ပေါ်တာကတော့ ကံ ကို ပဲ လွှဲချ ရတော့မှာပဲဗျ …။
Was this answer helpful?
LikeDislikeအားပေးသွားတယ် ကိုယ့်ဆြာရေ ….
၂ပုံလုံး ကို သဘောကျတယ်ဗျို့ …
ကျနော့် သဘော ပြောရရင်တော့ .. ဘ၀ မှာ သည့်ထက် နည်းနည်း DoF လျှော့စေချင်သလားဗျာ…
background မှာ လူရှိတယ် ဆိုရုံလေး ပြနိုင်ရင် foreground ပိုကြွမလားတွေးမိရဲ့…
အဲ့ဒါလေးပါဗျာ …
ဘုရားပုံကတော့ အလွန်ရိုက်ဖူးချင်သော အမျိုးအစား ဖြစ်ကြောင်း ၀န်ခံရင်း အားကျသွားပါတယ်ဗျား…
ခင်တဲ့ …
:D
Was this answer helpful?
LikeDislikeဆရာ သမား ရဲ့ … light source က အရမ်းကောင်းနေတယ် လေ shutter speed ကိုလဲ နှေး ချင်သေးတာကိုး ဗျ ….. နောက် တကြိမ် ပေါ့ဗျာ။
Was this answer helpful?
LikeDislikeဇဂါးမစပ် …ကင်မလာပျက်ပီး ကွန်ပူတာပြန်ကောင်းသွားတော့
အလုပ်အသစ် လုပ်နေတယ်ဗျို့ …
ဒါ့ပုံ အငှား တို့တဲ့အလုပ် …
ခွင့်တောင်းပီး သည်မှာ လာတင်ဦးမယ်. .. တို့ထားတာလေးဒွေ
ခိခိ
Was this answer helpful?
LikeDislikeဘ၀ ဆိုတဲ့ အိုင်ဒီယာလေးကို သဘောကျတယ်။
ရွှေတိဂုံစေတီတော်ပုံက အရိပ်ထင်နေတယ်နော်။
ကိုယ်တိုင်သွားရိုက်ဖူးလို့ ကိုယ်ချင်းစာကြည့်ရရင် မောင်လုင်လည်း ၀မ်းလျှားထိုးပြီး များ ရိုက်ခဲ့သလားပဲ [:)]
အပြင်က ကိစ္စတွေလည်း အဆင်ပြေသွားပြီပေါ့။
ဝမ်းသာပါတယ်။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
Was this answer helpful?
LikeDislikeဒေါင်လိုကရိုက်ရင် ၀မ်းလျှားထိုးစရာ မလိုဘူး .. ဒူးလေးထောက်လိုက်ရုံပဲ .. :-)
တီတီ မမ ရေ … အဆင်က ပြေလည်းပြေပြီ၊ မပြေလဲ မပြေဘူး .. လေတယ်။
Was this answer helpful?
LikeDislikeလုလင်ရေ ရွှေတိဂုံကို ညမိုးချုပ်ချုပ်ရိုက်ချင်ပါသေးတယ်
Was this answer helpful?
LikeDislikeငေးမောကြည့်ရုံသာ တတ်နိုင်ပါအိ
အတွေးမျောထိပုံပါ ကြိုက်မိပါသည်
Was this answer helpful?
LikeDislikeဦးပေါက် ရေ … ရောက်အောင်သာ လာခဲ့ပါ… စိတ်တိုင်းကျ ရပါစေ့မယ် လို့ …
အစ်ကိုကြီး ပေ …. ကျေးဇူးပါဗျာ ..။
Was this answer helpful?
LikeDislikeကိုလုလင်ရယ်….ဘ၀ဆိုတဲ.ပုံက အတွေးလေးတွေပေးပါတယ်…….
သူ.မျက်နှာကိုကြည့်ပြီး…….သူ.စိတ်ထဲဘာတွေတွေးနေတာလည်းဆိုတာကို…
မြင်နေရသလိုပါပဲ……
ရွှေတီဂုံ စေတီကတော့…..ညလေးအတွက်ခေါင်းနောက်သွားပါတယ်ဂျင့်…
ဥာဏ်မမှီလို…..အဟင့်ဟင့်
Was this answer helpful?
LikeDislikeရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဖူးမျှော်သွားပါကြောင်းးးးးးးးး
Was this answer helpful?
LikeDislikeနိုရာ နဲ့ ညလေး ရေ . ကျေးဇူးတင်ပါတယ်။ ရွှေတိဂုံ စေတီ ပုံ အတွက်တော့ ခေါင်းမနောက် ပါနဲ့ ညလေး ရယ် … တိမ် ထူပြီး မိုးရွာနေတဲ့အချိန် .. တနည်း တိမ်အရမ်းနိမ့် နေတဲ့အချိန် မှာ အဲ့လို မျိုး အရိပ်ပေါ်တတ်ပါတယ်။ ကျိုက်ထီးရိုးဆံတော်ရှင် ဆို အဲ့လို မျိုး ခဏခဏ ပေါ်တတ်ပါတယ်။ ရွှေတိဂုံ မှာ တော့ အမြဲတမ်း ခဏခဏ မပေါ် တာမို့ … ပါ။ အပေါ်က ရွှေတိဂုံ ပုံကိုတော့ မိုး၇ွာထဲ မှာ ရိုက်ခဲ့တာပါ …။ ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeရွှေတိဂုံဘုရားကို အရိပ်ပါအောင် ရိုက်နိုင်ခဲ့တာကို လေးစား အားကျ အတုယူမိပါကြောင်း …
ကိစ္စ ၀ိစ္စတွေ ပြေလည်သွားတာသိရလို့ ၀မ်းသာမိပါကြောင်း …
Was this answer helpful?
LikeDislikeမင်္ဂလာနံနက်ခင်းမှာမင်္ဂလာရှိသောပုံလေးနဲ့အတူေ ရွှတိဂုံစေတီတော်မြတ်ကိုဖူးမျှော်ခွင့်ရလို့ ကိုလုလင်ကိုကျေးဇူးအထူးတင်မိပါတယ်…
Was this answer helpful?
LikeDislikeမဝေေ၀ ရေ .. ကျေးဇူးပါဗျာ .. ကိစ္စ ..၀ိစ္စ တွေလဲ ပြေလည် မှ … လွယ်ဘူး . စိတ်လေတယ်။
snow white ရေ .. ကျေးဇူးပါဗျာ ..။
Was this answer helpful?
LikeDislikeကျုပ်ကတော့ ဓါတ်ပုံကို ကြည့်ရုံကြည်တတ်တာ ကိုမတ်ရေ
အစားကို စားရုံစားတတ်တဲ့လူလိုပေါ့
စားလို့ကောင်းတယ်ဆိုတာရယ်
နောက်လဲများများကျွေးနော် ဆိုတာမျိုးရယ်ပဲ ပြောတတ်ပါတော့တယ်.. :D
Was this answer helpful?
LikeDislikeဦးပါ … လူ မှားနေပြီ ထင်တယ်ဗျို့  ..
Was this answer helpful?
LikeDislikeရှေးလူကြီး များ ဆိုတော့ ဒီလို ဘဲ မှားတတ်ပါတယ်လေ။ ;-)
ခွင့်လွှတ်လိုက်ပါ။ အဟတ်။
Was this answer helpful?
LikeDislikeကိုလတ်ကြီး
က
ကိုပါကို
ဟာသတွေလုပ်သွားဒယ်………………………………………..
Was this answer helpful?
LikeDislikeလူမှားတာတော့ မဟုတ်ပေဘူး မောင်လုလင်ရေ
စာရိုက်တာမှားသွားတာ
လွတ်အောင်ရှောင်နေပါတယ်ဆိုမှ
အန်တီ အာအီး အရီးလတ် အကွက်ထဲ ၀င်သွားတော့တာပဲ
ကံ များ ဆိုးချင်တော့ ….. :D
Was this answer helpful?
LikeDislikeတိတ်တိတ်လေး အားပေး နေတဲ့ ကျွန်တော် လွတ်သွားတာပေါ့ .. :grin:
ဦးပါကို အရီးလတ် မသိအောင် လက်တို့ရဦးမယ် .. ကိုသူရဿဝါ ” သူရဿဝါနှင့် မသိခြင်းဒုက္ခ (၅)” ပိုစ်က အရီးကို စောင်းရေးထားတာ ထင်တယ် .. :grin:
ကိုသူရဿဝါရေ … အရီးကို စချင်လို့နော် .. နောက်ပြောတာပါ .. အရီးတစ်ယောက် မောင်စေတန် ဘာမှန်း မသိဘဲ အဲ့ဒီ့ ကစာ facebook မှာ တွေ့လို့ ကူးတင်မိလိုက်လို့ ….
Mလုလင်ရေ .. Mလုလင်ပိုစ်ကနေ ဗဟုသုတ တစ်ခု ရလိုက်တယ် ဗျ ။ မြန်မာပြည် နဲနဲလေးတော့ တိုးတက်လာသားလို့ ။ သံဖြတ်နေတာ လက်နဲ့ မဖြတ်ဘဲ auto ဖြတ်နေတာလေး တွေ့လိုက်လို့ ..
Was this answer helpful?
LikeDislikeဒီလို ဦထူးဆန်းရေ .. ကျွန်တော် လဲ တောင်ဒဂုံစက်မှုဇုန် ထဲ ပထမ အကြိမ်ရောက်ဖူးချင်းပါ ..။ အခု လုပ်နေတဲ့ အလုပ် အတွက် လိုတာလေး တွေ သွားဝယ်တာ။ ရွာသားကြီး တွေက ကူညီ ကြတယ်ဗျ.။ အဲ့လို စက်ဝယ်ထားပြီး ဖြတ်ခ ယူတဲ့ သူတွေလဲ ရှိသလို .. နှစ်ဖက်လွှ .. ကိုင်းလွှ တွေနဲ့ ဖြတ် နေတဲ့ သူတွေလဲ ရှိပါတယ်။ သံဖြတ် တာကိုကြည့်ပြီး မြန်မာပြည် တိုးတက် တယ် လို့ ခန့်မှန်းခံ ၇တယ် ဆိုရင်တော့ အဲဒါ ကုလား တွေကြောင့်ပဲဗျို့  … ဘာလို့ လဲ ဆိုတော့ .. စက်မှုဇုန် သံ လုပ်ငန်း မှန်သမျှ (အကုန်နီးပါး) က ကုလား ပိုင် တွေဗျို့  …။ကုန်တင် ဖို့ ကား ငှားတော့မှ မြန်မာ တစ်ယောက် စတွေ့တာ ပဲ … :-)
Was this answer helpful?
LikeDislikeလှတာမြင် ခလုတ်နှိပ်တဲ့ ဓါတ်ပုံရိုက်သူ အဆင့်မို့
လှအောင်အားထုတ်ရိုက်ကြတဲ့ ဓါတ်ပုံဆရာများကို
လေးစား အားကြမိကြောင်းပြောပါရစေ…
Was this answer helpful?
LikeDislikeစိတ်ကူးလဲကောင်းပါတယ်၊
အခွင့်အလမ်းလဲရပါတယ်၊
အမိအရယူနိုင်တဲ့အစွမ်းလဲရှိပါတယ်
ကြိုးစားအားထုတ်မှုကိုလဲတွေ့ရပါတယ်
Was this answer helpful?
LikeDislikeMa Ei နဲ့ ဦး ရေ .. ကျေးဇူးတင်ပါတယ်ဗျာ ..
Was this answer helpful?
LikeDislikeအတွေးအခေါ်ရော ပုံကိုရော ကြိုက်ပါ့ဗျာ
နို့ပေမယ့် ဆောဆောလစ်သွားတဲ့ အနိပ် ကလေးပြောသလို :P
DOF လျော့လိုက်ရင် ကောင်းမဗျ နော
background ကရှုပ်နေသဗျ
နောက် ဆိုင်ရှင်က ကုရားဂျီးဖစ်နေတယ်
Was this answer helpful?
LikeDislikeမေးစေ့ တစ်ဝိုက် က အရိပ်ကျ နေတာ လားမှ မသိတာဟယ်။ :P
Was this answer helpful?
LikeDislikeဆိုင် ရှင် လဲ ကုလား ဖြစ်ခွင့် ရှိပါတယ်ဗျာ …။ တောင်ဒဂုံ စက်မှုဇုန် က သံလုပ်ငန်း တွေမှာတော့ .. ဆိုင်ရှင် တော်တော်များများ (အကုန်လုံးနီးပါး) က ကုလားတွေချည်းပဲဗျို့ …။
Was this answer helpful?
LikeDislikeရွှေတိဂုံစေတီရဲ့ အနောက်ဘက်မုခ်(ကြာသပတေးဒေါင့်)ဘက်ကရိုက်တဲ့ပုံလို့ထင်ပါတယ်၊အကြောင်းအရာ
နဲ့တော့မပါတ်သက်ပါဘူးဗျာ၊ကျွန်တော်က ကြာသပတေးသားမို့လို့ ရွှေတိဂုံဘုရားရောက်ရင် အဲဒီဘက်ကို
ရောက်နေကျမို့ ထပ်ရေးလိုက်ရတာပါ။ကွန်မင့်များအောင်(ပိုက်ပိုက် ရအောင်)ထွင်တာမဟုတ်ရကြောင်းပါ။
ပုံကိုကြည့်ရင်း ပဟေဠိတခုပြုပီး အဖြေညှိကြည့်မိတယ်ဆိုရင်လဲ မမှားပေဘူးပေါ့ကွယ်——–
Was this answer helpful?
LikeDislikeဘယ်ဖက် ဒေါင့်လဲတော့ မသိဘူး .. ဦးရေ …။ ဘယ်နားကမှန်းလဲ မမှတ်မိဘူး .. အရိပ်ပေါ်တယ်ဆိုပြီး အရိပ်ကို အမြင်ရဆုံး နေရာကို ၇ှာပြီး ရိုက်ဖြစ်တာပဲ … ဘယ်နားမှန်း .. တောင် မသိတော့ဘူး .. :-) နှစ်ပတ်လောက် ပြန်ပတ် လိုက်ရတာကိုတော့ သိတယ်။
Was this answer helpful?
LikeDislikeဒါ့ပုံ အက်ဆေးတွေကို သဘောကျတယ်ဗျာ။ စာဖတ်ပြီး ဒါ့ပုံပါ မြင်ရတာ ပြီးပြည့်စုံသလို ခံစားရတယ်။
Was this answer helpful?
LikeDislikeရွှေတိဂုံ ဆိုတဲ့ အတိုင်း ရွှေပုံကြီးဖူးတွေ့လိုက်ရသလိုခံစား သွားမိပါရဲ့ ….
Was this answer helpful?
LikeDislikeShwe Ei နဲ့ ကြည်ဆောင်းရေ .. ကျေးဇူးပါဗျာ .. ဒါနဲ့ အခု ပိုစ့် က Photo Essay ဟုတ်ဘူးဗျ … အဲဒါ လေးပါ .. အမှတ်မှား မှာ ဆိုးလို့ .. အဲ့လို မျိုး Photo Essay အလွန် လုပ်တတ်ချင် တာပါဗျာ …. ကြိုးစားတုန်းပါ…
Was this answer helpful?
LikeDislikeရွှေတိဂုံဘုရားဖူးသွားပါတယ်။
ကုသိုလ်ထူးပါစေအမောင်လုလင်။
ဘဝလေးလှသထက်လှပါစေ။
Was this answer helpful?
LikeDislikeပေးတဲ့ ဆု နဲ့ ပြည့်အောင် .. ကြိုးစားပါ့မယ် မာမီကြီး ရေ ..
Was this answer helpful?
LikeDislikeဘုရား စေတီတွေမှာ အရိပ်ပေါ်အောင် ရိုက်တာကျိုက်ထီးရိုး ဘုရားကို တခါ မြင်ဖူးတယ်။
နောက် တချို့ဘုရားတွေမှာ ရိုက်တာလည်း တွေ့ဖူးတယ်။
ရွှေတိဂုံကတော့ ခုမှ ဖူးဘူး တယ်။
သာဓုပါ…
အရာအားလုံး အဆင်ပြေနိုင်ပါစေ။
Was this answer helpful?
LikeDislikeလုလင်ရဲ့ ရွှေတိဂုံပုံ ယူသွားပါတယ်။
အဲဒီအပြင်ကကိစ္စလေးလည်း အကြောင်းတိုက်ဆိုင်ရင် လေ့လာ(စပ်စု)ချင်ပါတယ်။
Was this answer helpful?
LikeDislikeတီတီ ပုရှ် နဲ့ တီတီ padonmar ရေ . ကျေးဇူးပါဗျာ …တိမ်မှာ အရိပ်ထင်နေတဲ့ ရွှေတိဂုံ ဘုရားပုံကတော့ကျွန်တော့ အတွက်လဲပထမဆုံး ပုံပါပဲ …။ ကျေးဇူးပါဗျာ ….။
Was this answer helpful?
LikeDislikeကျနော်တော့ အားမာန် အတွက် မရိုက်ဖြစ်တော့ဘူးဗျာ
ဘ၀ အတွက်တော့ စိတ်ကူးထားတာလေးရှိတယ်..
ကိုလုလင်နဲ့ ကျနော် အတွေးချင်းတော့ တူနေဘီ..
Was this answer helpful?
LikeDislikeကို ရွာစားကျော် လက်ရာ (အတွေး) လဲ မြင်ကြည့်ချင်မိတယ်ဗျာ
Was this answer helpful?
LikeDislike