မြန်မာ့ဆက်သွယ်ရေး က အနိုင်ကျင့်နေပြန်ပြီ။
ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညဘက် (၁၁) နာရီ ကျော် ဖုန်းခေါ်ဆိုခမှာ (၂၅)ကျပ်မဟုတ်ပဲ ကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရတယ်လို့  သုံးစွဲသူများထံက သိရှိရကြောင်း သတင်းများထွက်နေပါတယ်။
အရင်တစ်ခါကလည်း MISS CALL ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။
အမှားကိုဝန်ခံတောင်းပန်တာလည်းမရှိခဲ့ဘူး။အခုလည်း သတင်းစာကနေ တရားဝင်မရှင်းသေးဘူး။
GSM ဖုန်းတွေ အင်တာနက်သုံးလို့ ရအောင် (၁၀၀၀၀)ကျပ် သွင်းရတယ်။
ပြင်ပဆိုင်ကိုလုပ်ခိုင်းရင်(၁၁၀၀၀)ကျပ်ပေးရတယ်။ ၃ရက်ကြာမှလိုင်းဖွင့်ပေးတယ်။
တစ်ချို့ ဆိုင်က (၁၇၀၀၀)ကျပ်ပေးရတယ်။နေ့ ချင်းလိုင်းဖွင့်ပေးတယ်။
၂သိန်းတန် GSM ဖုန်းတွေ က 3G ရပြီး၊ ၀၉-၅၀—— နဲ့ အရင် GSM ဖုန်းတွေ က 3G မရဘူး။
လုံးဝမဖြစ်သင့်ပါဘူး။အစကတည်းက လုပ်ပေးနိုင်အောင် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးက လုပ်ပေးရမှာ နည်းပညာမလွယ်လို့ လား။
အနိုင်ကျင့်လို့ ရတယ် ဆိုတဲ့ သဘောလား။
ပြောမှ၊ တောင်းဆိုမှ၊ ဆန္ဒပြမှ၊ သမ္မတကြီးဆီစာရေးတင်မှလုပ်ပေးမှာလား။
လုပ်ပေးနိုင်ရဲ့သားနဲ့  လုပ်မပေးတာဆိုရင်တော့
မြန်မာ့ဆက်သွယ်ရေးရဲ့ “ ခေါင် ” ကိုလည်းအနားပေးပြီး
လုပ်ပေးနိုင်မဲ့သူတစ်ယောက် ပြောင်းသင့်နေပြီ။



ငွေ့ ဖြည့်ကဒ်စနစ်ကို ပြောင်းတာကို ကြိုဆိုပါတယ်။အဲ့(၁၅)သိန်းဖုန်းတွေမှာ ကဒ်စနစ်ပြောင်း၊
မပြောင်း မက်ဆေ့ခ်ျပို့ ပါတယ်။ပြောင်းလိုတယ်ဆိုရင် လက်ကျန်ငွေ ဘယ်လို ရှင်းမလဲတော့
မသိပါ။အရင်ဆုံး ငွေ တစ်ထောင်ဆိုပြီး ဖုန်းထဲထည့်ပေးထားတယ်။ငွေ (၁၀၀၀၀)ကဒ်စထည့်
ရင် အဲ့ကနေ စဖြတ်ပါပီ။အရင်ကတည်းက ဘီလ်အရှုပ်တွေနဲ့ မို့ ပြဿနာက မသေး သေးပါဘူး။
ဟူးးးးးမောလိုက်ထှာ
Was this answer helpful?
LikeDislikeကျုပ်တော့ဖြင့်
နှစ်သိန်းတန်တောင် မကိုင်နိုင်သေးလို့ ..
ဖုန်းအကြောင်း မသိပါဘူးဗျာ …
သို့ပေသိ အထက်က အတိုင်းဆို ..
အင်တာနက်လိုင်း ဖွင့်ပေးတဲ့ ကိစ္စကြီးက မဖြစ်သင့်ဘူး ထင်တယ် ..
ဘာလို့လည်း ဆိုတော့ လာဘ်ပေးတယ်ဆိုတဲ့ စကားကို
၁၀၀၀၀ နဲ့ ၁၇၀၀၀ ဆိုတဲ့ ကွာခြားချက်က ပြနေတယ် ထင်တာပဲ …
Was this answer helpful?
LikeDislikeTop up စနစ်ပြောင်းလိုက်တဲ့ ဖုန်းတွေ အရင် တုန်းက ကျန်ခဲ့ တဲ့ ငွေတွေ အတွက်
လည်း ဗိုလ်ဆွန်ပက်လမ်းသွားပြီး စာတင်ရတယ်၊ ၁ သိန်းကျော်ရင် ငွေသားထုတ်လို့ ရတယ်
၁ သိန်းအောက်ဆို Top up ထဲ ထည့်ပေးတယ် ၊ ချက်ချင်းတော့မထည့်ပေးဘူး၊
ငွေသားထုတ်လို့ ရတဲ့လူလည်းချက်ချင်းထုတ်လို့ မရသေးဘူး၊ စာတင်ထားရတယ်
လျှောက်လွှာခလည်း ယူတယ်၊ မိတ်တူလည်းဆွဲရတယ်၊ message ပို့ ပြီး ငွေတွေအကုန်
top up ထဲထည့်ပေးလိုက်ရင် ပြီးရော ကို ၊ ၀န်ထမ်းတွေ အလုပ်မရှိမှာစိုးလို့ ကြံဖန်
ပြီး ကြိုးနီစနစ်တွေလုပ်နေတယ်၊ သွားထုတ်ရကောင်းမှန်း မသိရင် ဒိုင်စားအုန်းမယ်
@!#!#$!^&* ပြည်သူတွေပေါ်စေတနာမဲ့ ပုံကတော့ လိုက်လို့ ကိုမမှီဘူး
Was this answer helpful?
LikeDislikeည (၁၁း၀၀)ကို တစ်မိနစ် ၂၅ မိနစ်ပဲ ကျမယ်ထင်ပြီး ဆက်မိတာ..ကုန်ပါရောလား မထူးပါဘူး တစ်မိနစ် ၅၀ နဲ့ပဲ ဖြတ်တာပါပဲ
Was this answer helpful?
LikeDislikeသံတွဲ မြို့မှာတော့ အင်တာ နက်လိုင်း လျှောက်ရင် ၁၃၀၀၀ ပေးရတယ် တပတ်ကျော်လောက်တော့ကြာတယ်
Was this answer helpful?
LikeDislikeဒီလူ ကိုကြည့်နေတာ ကြာပီ။ကိုဂွတို က သံတွဲသားဘဲ။အော်—–ဖြစ်တတ်ပါတယ်။
Was this answer helpful?
LikeDislikeလွယ်နေတာကို ခက်အောင်လဲလုပ်တတ်ကြတယ် ဆက်သွယ်ရေးရဲ့ သဘာဝပဲ…….. (စိုင်းထီးဆိုင်သီချင်း)
Was this answer helpful?
LikeDislikeအဲဒါလဲဟုတ်တယ်
နောက်ပြီး ဖုန်းငွေဖြည့်ကတ်တွေ
အသုံးမခံတဲ့ဟာလဲ
ပြောကြပါဗျို့
who stole?
Was this answer helpful?
LikeDislikeငွေ တစ်သောင်းဖိုး ထည့်စမ်းကြည့်မိပါတယ်…
ထညက်ခဲ ခွေးယက် ခံရသလို ပြိုက်ကနဲ ပါသွားတော့တာ…
ခုတော့ သတိထားပြီး တွက်ချက်ကြည့်နေတယ်…
ဒါလဲ မထူးပါဘူး…. ဖုန်း ဘေလ်က မတ်တူး ထက်ပိုစားသဗျို့…။
Was this answer helpful?
LikeDislikeMessage ပို့ တာနဲ့ ပတ်သက်ပြီးပြောရအုံးမယ်။
Message တစ်ခါပို့ ရင် (၂၅)ကျပ်လို့  အားလုံးသိထားကြတယ်။
Message တစ်ခါပို့ ရင် ယူတဲ့နှုန်းက မတူဘူး။
(၃၀၀)ကျပ်ထိအဖြတ်ခံရတဲ့သူရှိနေတယ်။
ကိုယ်ကလည်းမယုံတာနဲ့  စာနှစ်ကြောင်းရိုက်ပြီးစမ်းပို့ လိုက်တာ
(၃၅) ကျပ် အဖြတ်ခံရတယ်။ အခုပဲစမ်းလိုက်တာနော်။
သိချင်တဲ့သူတွေ စမ်းကြည့်ကြပါဗျာ။
၀၉-၅၀—– ရဲ့ အင်တာနက်သုံးပြီး ရွာထဲဝင်မလို့  ရွာကိုသွားတာ
ခရီးစရိတ်သာကုန်သွားတယ်၊ ရွာထဲဝင်လို့ မရဘူး။
ရွာနာမည်လေးသာတွေ့ ရတယ်။ရွာတံခါးကမဖွင့်ဘူး။လုံးဝမပွင့်ဘူးဗျာ။
တစ်နိုင်ငံလုံးက ပြည်သူတွေဆီက ငွေကြေးဓနတွေကို နေ့ ရောညပါ
၂၄ နာရီခိုးနေတဲ့ မြန်မာ့ဆက်သွယ်ရေးသူခိုးတွေကို နိုင်ငံတော်က ထိုင်ကြည့်နေတော့မှာလား။
လွှတ်တော်ကိုယ်စားလှယ်တွေလည်း အခိုးခံနေရတာပဲ။
တစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် လွှတ်တော်က
အမြန်ဆုံးအရေးဆောင်ရွက်ပေးသင့်နေပါပြီ။
Was this answer helpful?
LikeDislikeဟူးးးးးးးးးးးးးး
နဖူးပေါ်လက်တင်စဉ်းစားလိုက်ရင် ငါလေရင်မောတယ်……….
တစ်နေ့ တစ်နေ့ ဖုန်းခနဲ့တင် ငါလေ …. တော့မယ်…..ဟဲဟဲ
Was this answer helpful?
LikeDislikeပြောရလျှင် အောင်မင်းလွန်ရာကျတော့မယ်ဗျာ ။
ကိုယ်ချင်းစာစိတ်မရှိပဲ ၊ အမျိုးမျိုးလုပ်နေတော့ ၊ကျွန်တော်တို့လို ပြည်သူတွေ ၊ ပိုက်ဆံအလဟသကုန်တော့တာပေါ့ ။
missed call လိုမျိုးကို ပိုက်ဆံဖြတ်တယ်ဆိုတာ အမှန်ပါ ။ နောက်ပိုင်း အသံတွေထွက်လာမှ ငြိမ်သွားတာ ။
လူကြီးမင်းတို့ရေ စိတ်ကောင်းကောင်းထားပါ ခင်ဗျ ။ ကျန်းမာပါစေ ချမ်းသာပါစေ :D :D
Was this answer helpful?
LikeDislikeကျွန်တော်ကတော့ လောလောဆယ် 5000 တန် PrepaidCard လေးတွေ ဖန်တီးပေးစေချင်တယ်ဗျာ
လောလောဆယ်တော့လိုင်းက အိမ်သာထဲကပြောလည်း၇နေတယ် သို့သော်အင်တာနက်ကတော့ တော်တော်
လေးဖွတ်နေသေးသည်
Was this answer helpful?
LikeDislikeကိုယ်ပိုင်ခံစားချက်တွေ ဖြည့်ပြီးရေးပေးကြတဲ့ ရွာသူရွာသားတွေအားလုံးနဲ့ 
ဖတ်ရှုတဲ့ရွာသူရွာသားတွေကို အထူးကျေးဇူးတင်ပါတယ်။
နောက်ကိုယ်တွေ့ တစ်ခုက ၀၉-၉၉—— ကနေ GSM or WCDMA ကိုပြောင်းပေးတဲ့ကိစ္စပဲ။
ပန်းဆိုးတန်းရုံးမှာ အများပြည်သူကိုပြောင်းမပေးသေးတဲ့အချိန်မှာ
ဆက်သွယ်ရေးရဲ့ အဆင့်မြင့်အရာရှိလက်မှတ်ပါရင်ပြောင်းပေးတယ်။
မပါရင် ဆက်သွယ်ရေးဝန်ထမ်းကိုငွေပေးရင်ပြောင်းလို့ ရတယ်။
ပြောင်းခွင့်ရတာနဲ့  ငွေစာရင်းဌာနမှာကြွေးကျန်ရှိမရှိစစ်ရသေးတယ်။
ကြွေးကျန်ကင်းမှ ပြောင်းဖို့ ဆက်လုပ်ရတယ်။
ဖုန်းရပြီး တစ်လကျော်လောက်မှာ ဖုန်းပိတ်ခံရတယ်။ကြွေးကျန်ရှိလို့ တဲ့။
ဖုန်းပိတ်ခံရတဲ့ အဆင့်ထိအမရောက်အောင် ဆောင်ရွက်လို့ ရတဲ့နည်းလမ်းမရှိတော့ဘူးလား။
သုံးနေတဲ့သူတွေကို ဖြစ်ချင်ရာဖြစ်၊ ဆက်သွယ်ရေးကလုပ်ချင်ရာလုပ်မယ်ဆိုတာ အနိုင်ကျင့်တာပဲ။
Was this answer helpful?
LikeDislikeထပ်ပြောရပြန်ပါပြီ။ ဆက်သွယ်ရေးဖုန်းကတော့ အဆင်မပြေမှုတွေတော်တော်များနေပါတယ်။ ဘယ်တော့များမှအဆင်ပြေကြရပါ့မလဲ။ သူများနိုင်ငံမှာ ပုဂ္ဂလိက ကုမ်ပဏီတွေကပဲလုပ်နေတာပါ။ အစဉ်ကိုပြေလို့။ အစိုးရအဖွဲ့အစည်းက ပုဂ္ဂလိက ကုမ်ပဏီတွေလောက်တောင် မစွမ်းဆောင်နိုင်ရင် ဘာလုပ်တော့မှာလဲ။ လုပ်နိုင်သူတွေလုပ်လို့ရအောင် ထွက်ပေးလိုက်ကြပါလား။ အရှက်ရှိကြပါလို့။
Was this answer helpful?
LikeDislikeလာဘ်ကြိုက်တဲ့လူတွေ လာဘ်သီးယူမလား လာဘ်ဝါးယူမလားမေးရမယ်
အဲ့ဒါမှ ကြိုက်တာနဲ့ ရှင်းပေးလို့ရမှာ ဘယ်ဌာနက ဘာကောင်ပဲဖြစ်ဖြစ်
Was this answer helpful?
LikeDislikeတို့ကတော့ ငါးထောင်တန်ဖုန်းလာမှပဲ ကိုင်တော့မယ် အခုတော့ ကိုင်နိုင်သေးဘူး
Was this answer helpful?
LikeDislikeအဲလိုတွေ ပြောကျတော့ ပြောစရာလည်း ရှိသေးတယ်
ဟိုတစ်နေ့ကပေါ့ အင်တာနက်လိုင်းတွေမရတော့
1876 ကို ဆက်ရင် ၁ မိနစ် ၃၀ ပဲဖြတ်တယ်
မေးလိုရာ မေးလို့ရတယ်ဆိုလို့
နိုင်ငံကုဒ်လေး သိချင်လို့မေးလိုက်ပါတယ်
ဖုန်းခဏလေး ကိုင်ထားနော်.. ပြောမယ်ဆိုပြီး..
တစ်မိနစ်လဲ ပြန်မပြော
နှစ်မိနစ်လဲ ပြန်မပြော
သုံးမိနစ်လဲ ပြန်မပြော
နာ့မှာတော့ ဖုန်းလေးကိုင်ပြီး ထိုင်စောင့်လို့
အရေးကြီးနေပါတယ်ဆိုမှ ဒင်းတို့လုပ်ချလိုက်တာ..
နောက်ဆုံးတော့ ဖုန်းလေးချပြီး သူငယ်ချင်းကို လှမ်းမေးမှပဲ ok သွားတော့တယ်
စိတ်နာလိုက်တာ ဆိုတာ…..
Was this answer helpful?
LikeDislikeဒါကစီးပွါးရေးအရလုပ်နေတာ။
ဝင်ငွေများများရအောင်အချိန်ဆွဲပြီး ကြာကြာပြောဖို့  သင်ထားပေးဟန်ရှိတယ်။
မဆက်ဘူးသေးတဲ့သူတွေကတော့ သိမှာမဟုတ်ဘူး။
မဆီမဆိုင် ဘာဖုန်းသုံးတာလဲ။ ဘာတံဆိပ်လဲ။ ဘာအကြိုက်ဆုံးလဲ။ အဆင်ပြေလား။
ထပ်ပြောရရင် အများကြီးပဲ။
အတွေ့ အကြုံရအောင် ဆက်ကြည့်လိုက်ပါလား။
မြူဆွယ်လိုက်သေးတယ်။
လတိုင်းမှန်မှန်ဆက်ရင် ကံစမ်းမဲဖေါက်ပေးမယ်တဲ့။
Was this answer helpful?
LikeDislike“အရင်တစ်ခါကလည်း MISS CALL ကိုငွေကျပ် (၃၀၀) ဖြတ်တာလည်းဖြစ်ခဲ့ဘူးတယ်။”
အဲ့ဒါလေးတွေနဲ့ ကားစီးတိုက်ဆောက်နေကြတာထင်တယ် :-)
“မြန်မာ့ဆက်သွယ်ရေးရဲ့ “ ခေါင် ” ကိုလည်းအနားပေးပြီး
လုပ်ပေးနိုင်မဲ့သူတစ်ယောက် ပြောင်းသင့်နေပြီ။”
ဟုတ်ပါ့ မလုပ်နိုင်ရင် ထုတ်ပစ်လိုက်တာအကောင်းဆုံးပဲ အလကား ပြည်သူတွေကို ဒုက္ခပေးနေတယ်။ ဖုန်း မကောင်းလို့ အင်တာနက်ကောကောင်းလားဆိုတော့ အင်တာနက်ကလဲ အစုတ်။
စကားမစပ် အာဇာနည်နေ့က ၈မိုင် ဆက်သွယ်ရေးရုံးချုပ်က အလံက တိုင်တ၀က်လဲမဟုတ်ဘူး။ တိုင်ထိပ်ပေါ်မှာ။ ဆက်သွယ်ရေးက ဆက်သွယ်ရေးမှာတင် အသုံးမကျတာမဟုတ်ဘူး တခြား ကိစ္စတွေမှာ လဲသုံးစားလို့မရဘူးဆိုတာသိလိုက်ရတယ်။ (ကျွန်တော်က အာဇာနည်နေ့ ဆိုရင် အလံတွေကို သတိထားကြည့်ဖြစ်တယ်)
Was this answer helpful?
LikeDislikeဘယ်အချိန်ပြန်တွေးတွေး အေသင်ချိုဆွေပါပဲဗျာ ဒီမှာတင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့
Was this answer helpful?
LikeDislikeအင်တာနက်လိုင်းမကောင်းတာ ခဏထားလိုက် အခု နှစ်သိန်းတန် GSM တွေ ကို လိုင်းကောင်းကောင်းမိအောင် လုပ်ပေးကြပါအုံး အခုဆို ဖုန်းတစ်ခါဆက်ရင် အရူးကြီးကျနေတာပဲ ဟိုးဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ လိုင်းမိအောင်လိုက်ဖမ်းနေရတယ် မိပြန်တော့လည်း သူအသံကိုယ်မကြားကိုယ်အသံသူမကြားနဲ့ လိပ်ခေါင်းထွက်တော့မယ်
Was this answer helpful?
LikeDislikeနာတို့ကတော့ဖုန်းကိစ္စနဲ့ဆိုငြိမ်း…..နာ့မှာဖုန်းမရှိဘူးလေ…
Was this answer helpful?
LikeDislikeညာလဲဖုန်းမကိုင်တော့အေးဆေးပဲေိေိ…………
Was this answer helpful?
LikeDislikeဆက်သွယ်ရေးရဲ့ သတင်းတွေကတော့ မွှေးနေတာပါပဲ ။
အထူးသဖြင့် ဖုန်းဘေလ်ဆောင်တဲ့ ကိစ္စတွေ ၊ ပရီပတ်ဒ်ကဒ်ပြောင်းတဲ့ ကိစ္စတွေ ၊ ဆယ်လူလာကနေ စီဒီအမ်အေတွေကိုပြောင်းတဲ့ ကိစ္စတွေမှာ အသံဗလံလေးတွေထွက်လာတာတွေ့ရတယ် ။
ဖုန်းဘေလ်တွေကိစ္စတုန်းကတော့ ဒီတေးလ်စစ်ကြည့်တော့မှ လျောချသွားတဲ့ အဖြစ်တွေအများကြီးပဲ …….. ။
စေတနာလေးထားပြီး အလုပ်လုပ်လျှင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် လုပ်ငန်းမျိုးပါ ။
Was this answer helpful?
LikeDislike