စဉ်းစားကြစေလိုပါတယ် ( ၃၄ ) ( မြန်မာ့ ဆက်သွယ်ရေး MPT )
စဉ်းစားကြစေလိုပါတယ် ( ၃၄ )
( မြန်မာ့ ဆက်သွယ်ရေး MPT )
သိတဲ့လူတွေ ဖြေပေးကြပါအုန်းကွယ် ။
အဘ ရဲ့ ၀၉-၅၀ ဖုန်းလေးလဲ ရန်ကုန်မှာ ကျန်ခဲ့တယ် ။
ပထမ Prepaid ပြောင်းမလား SMS နှင့် မေးတယ် ၊ Yes ပေါ့ ။
ဒုတိယ ဧပြီလောက်ထင်တယ် SMS နှင့်ပဲ ဒီနေ့ပိုက်ဆံ လာဖြည့်ပါတဲ့ ။
အဘ ထင်တာက Prepaid စံနစ် စပြီပေါ့ ။
ဒါနှင့်ပဲ အဲဒီနေ့မှာတင် မြန်မာငွေ တစ်သိန်း နှင့်
FEC တစ်ရာကျော် ထပ်ဖြည့်လိုက်တယ် ။
တတိယ မေလကုန်လောက်မှာ ပိုက်ဆံမရှိတော့လို့ ထပ်ဖြည့်ပါတဲ့ ၊
ဟင် တစ်သိန်း နှင့် FEC တစ်ရာ ထည့်ထားတာ တစ်လကျော်ပဲရှိသေးတယ် ၊
ဘာမှ မကြာသေးဘူးလေ ဆိုပြီး မေးကြည့်တော့ ၊
အခုမှ Prepaid စံနစ် ကို ပြောင်းသွားပြီတဲ့ ။
အရင်တုန်းက ထည့်ထားတဲ့ ပိုက်ဆံတွေ
ဒီဘက် Prepaid စံနစ် ထဲကို ပါမလာဘူးတဲ့ ။
ဇူလိုင်လ ကျော်မှ ကျန်သေးတဲ့ ပိုက်ဆံတွေကို စစ်ပြီး ပြန်ပြောင်းပေးမယ်တဲ့ ။
အဲဒါနှင့်ပဲ ၊ အဘလည်း Prepaid Top Up Card ဝယ်ပြီး
ပိုက်ဆံထပ်ဖြည့် သုံးနေရတယ် ။
နောက်တော့ ၊ အဘ လည်း လောလော လောလော နှင့် သြဇီကို ထွက်လာခဲ့တာ ။
အော် ၊ သူ့အလိုလို ပြောင်းထည့်ပေးမယ်ထင်ပြီးပေါ့လေ ။
အခု ၊ The Best ရဲ့ ” မြန်မာ့ဆက်သွယ်ရေး က အနိုင်ကျင့်နေပြန်ပြီ ” Post ထဲက ၊
TNO ရဲ့ Comment ထဲမှာ ၊
” Top up စနစ်ပြောင်းလိုက်တဲ့ ဖုန်းတွေ
အရင် တုန်းက ကျန်ခဲ့ တဲ့ ငွေတွေ အတွက် ၊
ဗိုလ်ဆွန်ပက်လမ်း သွားပြီး စာတင်ရတယ် ၊
၁ သိန်းကျော်ရင် ငွေသားထုတ်လို့ ရတယ် ၊
၁ သိန်းအောက်ဆို Top up ထဲ ထည့်ပေးတယ် ၊
ချက်ချင်းတော့ မထည့်ပေးဘူး ၊
ငွေသားထုတ်လို့ ရတဲ့လူလည်း ချက်ချင်းထုတ်လို့ မရသေးဘူး ၊
စာတင်ထားရတယ် “
လို့ ပြောနေပြန်ပြီ ၊ ဒုက္ခ ပါပဲ ။
ရန်ကုန် အိမ်မှာက ၊ အဘ အဖေ ၊ အမေ ၊
အိုကြီးအိုမ နှစ်ယောက်ပဲကျန်ခဲ့တာလေ ၊
ဘာဆက်လုပ်ရမတုန်း ။
အခုက ကျန်ခဲ့တဲ့ ပိုက်ဆံကို ၊ သူ့အလိုလို ပြောင်းမပေးဘူးလား ။
အဘ အရင်စံနစ်မှာ ကျန် ခဲ့တဲ့ ပိုက်ဆံက ၊
မြန်မာငွေ လဲ တစ်သိန်း ကျော်မယ် ၊ FEC လဲ တစ်ရာကျော်မယ် ။
ဘာဆက်လုပ်ရမတုန်း ။ ဆုံးပြီလား ။
အဲဒီ ပိုက်ဆံတွေ Prepaid စံနစ်ထဲကို ၊
ပြောင်းပေးဖို့ ကိုရော လျှောက်လွှာ တင်ရအုန်းမှာလား ။
ပိုက်ဆံ ( မြန်မာငွေ နှင့် FEC ) ပဲ ပြန်ထုတ်ပေးတော့မယ်ဆိုရင်ကော ၊
လျှောက်လွှာ တင်ပြီး ပြန်ထုတ်ရအုန်းမှာလား ။
မြန်မာငွေ ပြန်ထုတ်ပေးတာက ထားပါတော့ ။
ဒေါ်လာ FEC ကော ပြန်ထုတ်ပေးမှာလား ။
နောက်ပြီးတော့ လျှောက်လွှာ တင်ရင်ကော ပိုင်ရှင် ကိုယ်တိုင် လာရမှာလား ။
အဘ ဖုန်းရဲ့ ပိုင်ရှင်က အဘကိုယ်တိုင် လေ ၊
သြဇီက ပြန်လာပေးရမလို ဖြစ်နေပြီ ။
နောက်တစ်ခု သိချင်တာက ၊
အခု Prepaid Top Up Card တွေက မြန်မာငွေပဲ ဖြည့်လို့ရတာလေ ။
အဘတို့အိမ်က နိုင်ဂျန်ဂါးနှင့် ဂဒီး ဂဒီး စကားပြောနေတာလေ ၊
အဲဒီတော့ ၊ ဒေါ်လာ ဖြည့်ချင်ရင် ဘယ်လို လုပ်ရမတုန်း ။
PS ; အဲဒီလို မြန်မာငွေ တစ်ပိုင်း ၊ ဒေါ်လာ FEC တစ်ပိုင်း လုပ်ထားတဲ့ ၊
စံနစ်ကြီးကိုလည်း စိတ်လေတယ် ။
အဲဒီလို ခက်ခဲ နက်နဲလှတဲ့ ၊
ဘာမှ ပွင့်လင်းမြင်သာမှု Transparency မရှိတဲ့ ၊
Procedure လုပ်ထုံး လုပ်နည်း တွေကို ၊
မြန်မာ့ဆက်သွယ်ရေးက သူ့ရဲ့ Web Page မှာ ၊
ဘာလို့ ရှင်းလင်းပြ မထားရတာတုန်း ။
ငါ့ ပြည်သူပြည်သားတွေ ဒုက္ခရောက်ပါစေတော့ ဆိုပြီး ၊
တမင်များ လုပ်ထားတာလားကွယ် ။
မင်းတို့ ဒုက္ခရောက်ပြီး လာမေးမှ ၊
ငါ ဆရာကြီး ရှင်းပြမယ် ဆိုတဲ့ အချိုးလား ။
မျက်ဖြူဆိုက်လေ ၊ ဆရာကြိုက်လေ ဆိုသလိုပဲ ။
မြန်မာ့ဆက်သွယ်ရေး Web Page သွားရှာကြည့်မိတော့ ၊
ပိုပြီးတောင် ဒေါသက ထပ်ထွက်ရသေး ။
ပြည်သူပြည်သားတွေ / သူ့ Service ကို သုံးစွဲနေတဲ့ Customer တွေအတွက် ၊
ပြဿနာတွေ ဖြေရှင်းပေးမယ့် Page တော့ မတွေ့ရဘူး ။
” ဆက်သွယ်ရေး ၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဦးသိန်းထွန်း
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၌ ထူးချွန်စွာ အောင်မြင်သူများအား
ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခြင်း “
<http://www.mpt.net.mm/news/mpt>
ဆိုတဲ့ ပြည်သူပြည်သားတွေ / သူ့ Service ကို သုံးစွဲနေတဲ့ Customer တွေအတွက်
ဘာမှ အကျိုးမရှိ တဲ့ ၊ အရေမရ အဖတ်မရ တဲ့ ၊
သူ့ ဝန်ကြီး Activity ကို ကြွားတဲ့သတင်းပဲ ဖားပြီး တင်ထားတာကို တွေ့ရတယ် ။
( တမိုးလုံးဖျောက်ဆိပ် သူ့ ဝန်ကြီး ရဲ့ သတင်းတွေကြီးပဲ ကြွားထားတယ် )
ပထမ ။
အဲလို ဝန်ကြီး Activity သတင်းကိုပဲ ဖားပြီး တင်နေတဲ့ သူတွေကို စိတ်ကုန်တယ် ။
ဒုတိယ ။
ပြည်သူပြည်သားတွေ ကိုတော့ ဝန်ဆောင်မှု Service လေးတွေ ၊
ဘယ်လို ကောင်းအောင် လွယ်ကူအောင် လုပ် ပေးမယ် / ကြိုးစားမယ် မစဉ်းစားပဲ ၊
အဲလို ဖားပြီး တင်ပေးနေတဲ့ သတင်းကိုပဲ ၊
တစ်စိမ့်စိမ့် ကြည့်ကြည့်ပြီး ကြည်နူးနေတဲ့ အဖါးကြိုက် ဝန်ကြီးကိုတော့ ၊
ပိုပိုပြီး ၊ နှစ် ဆ လောက် ၊ စိတ်ကုန်တယ် ။
ဆက်သွယ်ရေး ဝန်ကြီး ဋ္ဌာန Web Page မို့လို့ပြောတာပါ ။
သူက Internet Connection ကောင်းပြီးသား ၊ ပညာရှင် ရှိပြီးသား လေ ။
Update မလုပ်ချင်လို့ ၊ Information မပေးချင်လို့ ၊ စေတနာမရှိလို့ ကို ၊
မလုပ်တာ ၊ မပေးတာ လို့ သေချာပေါက် ပြောလို့ရတယ် ။
အောင်မလေးလေး ၊ နက်နဲ ရှုပ်ထွေးလှပါပေ့ ၊ ရွှေပြည်ကြီးရယ် ။
သူများနိုင်ငံမှာ ရှင်းရှင်း လွယ်လွယ်လေး ၊
လမ်းဘေး ကွမ်းယာဆိုင်မှာ SIM card ဝယ်ပြီး ၊
လမ်းဘေး ကွမ်းယာဆိုင်မှာ ပဲ အခု ချက်ချင်း Top Up လုပ် ၊
အခု ချက်ချင်း Internet သုံးလို့ ရနေတဲ့ ကိစ္စကို ၊
အခုလို ရှုပ်ယှက်ခပ်နေအောင် စီမံနိုင်ပါပေ့ ။
စိတ်လေရပါတယ် ။
တော်သေးဘီ ။
အဘ Foreign Resident ။



ဒီလိုတွေဖြစ်ရခြင်း အကြောင်းရင်းကား… ၂=မျိုးထဲသာ ရှိသည်ဟု ယူဆပါသည်။
၁=အမှန်တကယ်ကို သူတို့မသိခြင်း….မလုပ်တတ်ခြင်း…ကြောင့်လဲဖြစ်နိုင်သည်။
၂=အမှန်တကယ်ကို သူတို့ သိခြင်း….. လုပ်တတ်ခြင်း…ကြောင့်လဲဖြစ်နိုင်ပါသည်။
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeဘဖောက အစိုးရနဲ့ ပါတ်သက်လာရင် basic rule မလိုက်နာတာကိုး .. .. ရစရာရှိရင် အမြန်ယူ၊ ပေးစရာရှိ နောက်ဆုံးမှ ပေး ဆိုတာကို ။ :grin:
ကျွန်တော့်ဖုန်းဆို prepaid ပေမဲ့ နဲနဲလေးဘဲ ပိုထည့်ထားပြီး လစဉ် လိုငွေပြနေအောင် ချိန်ထည့်တယ် ။ လစဉ်တော့ ထည့်ရတာပေါ့ ။ prepaid topup card မသုံးသေးဘူး ။သူတို့ကို အယုံ အကြည်မရှိလို့ အဲ့ဒီလို အပင်ပန်းခံထားတာ မှန်နေတယ် .. ဒီလ ကုန်တော့ မပြောင်းမနေရ .. ပြောင်းရမယ်တဲ့။
ကိုယ်တွေ့ မရှိလို့ ဘဖော မေးခွန်းတွေမသိလို့ မဖြေနိုင်ပါ… အူးဇင်းစကားလိုက်ရရင်တော့ အမှန်တကယ်ကို သူတို့သိခြင်း လုပ်တတ်ခြင်း ထင်တာဘဲ .. မျက်ဖြူလန်လေ ဆရာကြိုက်လေ လေ..
Was this answer helpful?
LikeDislikeနဲနဲလေးပြောတာမလောက်လို့………….
များများကြီးပြောပါဦးလို့……..
ဒီလိုပြောတဲ့ အဘ ကို ဒို့ကဒီလိုလေးပြောလိုက်မယ် ဂွတ်ဂွတ်….
ကိုကို ဖောရေ….
ဘဘဖောရေ….
ကိုကိုပြောရေ…..
အိုးးးးးးးးး ဘဘပြောရေ….
ဂွတ်တယ်…ဂွတ်….ဂွတ်….ဂွတ်….ဂွတ်….
(ကော်နီအသံနှင့်ဖတ်ပါ။)
Was this answer helpful?
LikeDislikeအဘဖောရေ ကျွန်တော့်ဖုန်းလည်း card ပြောင်းမလားမေးကတည်းက No ချည်းဖြေလာတာ အခုထိပါပဲ ။ ဖုန်းခကို ကိုထူးဆန်းပြောသလို နည်းနည်းလေးပဲသွင်းထားပြီး ပေကပ်ပြီးနေတာ ။ ဒီလနောက်ဆုံးပြောင်းရတော့မယ်ဆိုတာတောင် ကိုထူးဆန်းစာဖတ်မိမှသိတာ ။
ဆက်သွယ်ရေးက လူတွေကို ပါးပါးလှီးနေတာ ၊ တရားကတော့ လွန်နေပြီ ။
ဖုန်းမသုံးလို့လည်း အဆင်မပြေတော့ ၊ လူလည်ကျတာကို သိသိကြီးနဲ့ ဆက်သုံးနေရတာပါပဲ ။
သူငယ်ချင်းတွေ ကဒ်စနစ်သွားပြောင်းတော့ ၊ ပြောင်းပြီးနောက်လထိကို ကြွေးကျန်က ပါနေသေးတယ်တဲ့ ။ မပေးလို့လည်းမရတော့ ဒီတေးလ်ပြန်စစ်မယ်ဆို လုပ်မှ ၊ ဘယ်လောက်ပဲပေးပါဆိုပြီး လျောချသွားတယ်ဆိုပဲ ။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်မသွားဖြစ်သေးလို့ မသိသေးပါဘူး ။
Was this answer helpful?
LikeDislikeမဖြစ်မနေမို့သာ သုံးနေကြရတာ … စိတ်ကုန်ပါတယ် အဘရာ…
ပညာရှိ နှိပ်စက်မှုကိုခံနေရတာလား .. ပညာမဲ့ နှိပ်စက်ခြင်းကိုခံရတာလားတောင်
မပြောပြနိုင်တော့ပါဘူး …။
ဖုံးတွေရဲ့ နောက်ကြောင်းကိုပဲကြည့်လေ ….
ဟိုးအရင်က တမျိုး ၊ ခု တမျိုး ၊ တော်ကြာ တမျိုးလုပ်ကြဦးမယ် ….. အနိစ္စ ။
Was this answer helpful?
LikeDislikeဆက်သွယ်ရေး ၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဦးသိန်းထွန်းရဲ့ လွှတ်တော်မှာဖြေတဲ့ အဖြေကိုက
ဆက်သွယ်ရေး MPT ရဲ့ စည်းစနစ်မရှိတာကို အထင်အရှားပြနေတာပဲ။
လွှတ်တော်ကိုယ်စားလှယ်တင်ပြတော့မှ တင်ပြတဲ့မြို့ နယ်ရဲ့ ဆက်သွယ်ရေး စနစ်ချွတ်ယွင်းနေတာကိုသူသိတယ်ဆိုတော့
စီမံကိန်းတစ်ခုကိုအကောင်အထည်ဖေါ်တဲ့အခါ ဘယ်လိုလေ့လာသုံးသပ်အဖြေရှာရမယ်ဆိုတာ မလုပ်တာသေချာနေတာပဲ။
တင်ပြတဲ့မြို့ နယ်ကို ဘယ်လိုကောင်းအောင်ဆောင်ရွက်ပေးမယ်ဆိုတာပြောသွားတယ်။
ဒီလိုမတင်ပြတဲ့မြို့ နယ်တွေရဲ့ ဆက်သွယ်ရေး စနစ်ချွတ်ယွင်းနေတာကို ကောင်းအောင် မလုပ်ပေးတော့ဘူးလား။
ကျန်ဘယ်ဒေသတွေမှာ ဆက်သွယ်ရေး စနစ်ဘယ်လိုချွတ်ယွင်းနေတာလဲဆိုတာကော
လွှတ်တော်ကိုယ်စားလှယ်တွေတင်ပြမှ MPT ဝန်ကြီးကသိနိုင်မှာလား။
အောက်ခြေအဆင့်ဆက်သွယ်ရေးဝန်ထမ်းတွေက စီမံကိန်းလိုအပ်ချက်ကို မတင်ပြတာလား။
နားမလည်လို့ မတင်ပြတတ်တာလား။
တင်ပြရဲ့သားနဲ့  ဆောင်ရွက်မပေးပဲ အခုလိုအပြစ်ပုံချနေတာလား။
Was this answer helpful?
LikeDislikeကြုံတုန်း ဦးဘောစိ ပိုစ့်မှာ ဝင်ညည်းဦးမှ
ဒီကလူတွေ သတိမထားမိကြသေးတာလား
သိသိနဲ့ ငြိမ်နေကြတာပဲလား
ဘာလား
ညာလား
၁၀၀၀၀ကျပ် gsm card ကို အင်တာနက်လုံးဝမသုံးရပါပဲ
အထွက်call တစ်နေ့၂၀မိနစ်
တချို့ရက်တွေမှာ ၁၅မိနစ်
အဲဒီလို သုံးတာကို တစ်သောင်းကျပ်ကဒ်က တစ်ပတ်ပဲ ခံတယ်
ဘယ်ကနေ ဘယ်လို
ဘယ်သို့ ဘယ်ပုံ
သိချင်စမ်းပါဘိ
Was this answer helpful?
LikeDislikeမြန်မာ့ဆက်သွယ်ရေးဖုန်းကိစ္စပြောရရင် ကုန်နိုင်ဘွယ်မထင်။
ကျွှန်တော့် ဖုန်းကို စ ရကထဲက Pre deposite စနစ်နဲ့ ကြိုတင်ငွေပေးပြီး စခဲ့ပါတယ်။ ၃-၄လ တစ်ခါ အားတဲ့အချိန်ငွေသွားသွင်းပြီး သုံးခဲ့ပါတယ်။ အစဉ်ကိုပြေလို့။ အခု pre-paid card စနစ်ပြောင်းရမယ်ဆိုတော့ စပြီး top up လုပ်ပြီးသုံးခဲ့ရပါတယ်။ မေ-ဇွန်အတွက်သုံးသမျှ တစ်လချင်းသွင်းနေရပါတယ်။ အင်မတန်မှကောင်းတဲ့အစီအစဉ်တွေပါပဲ။ မြန်မာ့ဆက်သွယ်ရေးမှာ စီမံကိန်းဒါရိုက်တာတွေမှ အများကြီးပါ။ ဘယ်သူတွေ ဘယ်လိုတွေလုပ်နေလဲတော့မသိပါ။ သုံးဆွဲသူများ အစဉ်ပြေအောင် မလုပ်နိုင်တာတော့အမှန်ပါဘဲ။
စင်္ကာပူနဲ့တူအောင်ကြိုးစားနေပါတယ်လို့ပြောနေတာပါဘဲ။ အရင်ဆုံးတူလာနိုင်တာကတော့ fine city ဖြစ်လိမ့်မယ်ထင်တာပါဘဲ။ ပြည်သူပြည်သားများအတွက် သက်သာချောင်ချိရေးကတော့ ရောက်လာလိမ့်မယ်မထင်သေးပါ။ မျှော်ပေအုံးတော့။
Was this answer helpful?
LikeDislikeအဘရေ..
အဘတို့အိမ်က နိုင်ငံခြားနဲ့ဖုန်း ပြောနေရတယ်ဆိုလို့ပါ…
ဟုတ်ကဲ့.. oversea ခေါ်ဖို့အတွက်ကိုလည်း Top up card ကို
FEC ၁၀ တန်. ၂၀ တန်တွေ ထုတ်ထားပါသဗျ.. ကြာခဲ့ပါပီ..
ဝယ်ရင်တော့ ၁၀ တန်ဆိုရင် မြန်မာကျပ်.၉၅၀၀ နဲ့..
၂၀ တန်ဆိုရင်တော့ ၁၉၅၀၀ ကျပ်ပေးရပီး…
FEC သို့ ဒေါ်လာငွေနှင့်တော့ လုံးဝမရောင်းချပေးပါကြောင်း
Was this answer helpful?
LikeDislikeဒီလို FEC ၁၀ တန် နဲ့  ၂၀ တန်ကဒ်တွေ ကို FEC (သို)့ ဒေါ်လာငွေနဲ့  လုံးဝမရောင်းပဲ
၁၀ တန်ဆိုရင် မြန်မာကျပ်.၉၅၀၀ နဲ့..၂၀ တန်ဆိုရင်တော့ ၁၉၅၀၀ ကျပ်သတ်မှတ်ပြီး
မတရားဈေးတင်ရောင်းတာဟာ
မြန်မာ့ဆက်သွယ်ရေးက အနိုင်ကျင့်တာပဲပေါ့။
Was this answer helpful?
LikeDislikeအားလုံးကိုရှုပ်နေတာပါပဲ။ သူတို့နဲ့ပတ်သက်မိသမျှဟာ ရှုပ်ရှက်ခပ်နေတာပါပဲ။
ရွှေကြည်ကတော့ဖုန်းမရှိလို့ဒီလိုပြသနာတွေကိုမသိပါဘူး ကြားနေရတာကတော့စိတ်မချမ်းသာလှပါဘူး။
ဋ္ဌာနတိုင်းမှာသူတို့ပိုင်နက်ထဲရောက်သွားလို့ကတော့ သေပြီဆရာပဲအော်လည်းခံဟောက်လည်းခံ။ အလုပ်အရမ်းများတဲ့သူတို့အားတဲ့အထိမျက်နှာသေလေးနဲ့စောင့်။
Was this answer helpful?
LikeDislikeဖုန်းသုံးတဲ့လူတွေလဲ အခက်အခဲတွေရှိကြတာအမှန်ပါပဲ
ဒါပေမယ့် ဝန်ကြီးကို လဲအပြစ်မပြောသင့်ဘူးလို့ထင်ပါတယ်
ဒီနေရာမှာကိုသာဆိုလဲ ဘယ်လိုဖြစ်မယ်မသိဘူးလေ
သူတို့လုပ်နေရတဲ့အလုပ်ကလဲ ထင်းခွေရေခပ် အလုပ်လေးမှမဟုတ်တာ
တစ်ချို့နေရာမှာ ချို့ယွင်းချက်လေးတွေတော့ ရှိနေနိုင်တာပါပဲလေ
ကိုယ်လဲနိုင်ငံရဲ့အကျိုးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တယ်ဆိုပေမယ့်
သူတို့လို မစွမ်းဆောင်နိုင်ပါဘူး ဒါကြောင့် ပြဿနာတစ်ခုဆိုရင် ဝိုင်းအပြစ်ပြောတာထက်
သူ့နေရာမှာကိုယ်သာဆိုရင် ဆိုတဲ့အသိလေးနဲ့ ရော ဆင်ခြင်နိုင်မယ်ဆိုရင်
ဒေါသထွက်တာလဲနည်းနည်းသက်သာမယ်လို့ထင်ပါတယ်
ဒီcommentမှာ ဝန်ကြီးတွေဘက်ကလိုက်ပြောတာ လုံးဝ (လုံးဝ) မဟုတ်ပါကြောင်း
မိမိအတွေးလေးအပေါ်မှာပဲ အခြေခံပြီးရေးမိပါကြောင်း ပြောပါရစေရှင်
Was this answer helpful?
LikeDislikeမမနိုရာရေ မနိုင်ဝန်ထမ်းနေရတယ်ဆိုတာမျိုးလားမသိနော်။ မနိုင်ရင်လည်းဖြည်းဖြည်းပဲသွားရအောင်နော်။ စကားကြီးစကားကျယ်တွေမပြောပဲမလုပ်နိုင်ရင်မလုပ်နိုင်ပါဘူးပွင့်ပွင့်လင်းလင်းရှိသင့်တယ်။
ချို့ယွင်းနေတာလေးတွေကိုပြုပြင်နိုင်အောင်ကြိုးစားပိုင်နိုင်ပြီဆိုမှပြည်သူကိုချပြအဲလိုဆိုရင်ကော။
ပြည်သူတွေကသည်းခံနိုင်ပါတယ်။ :D ချို့ယွင်းချက်နည်းနိုင်သမျှနည်းတာကောင်းမယ်ထင်တယ်နော်။
ခေါင်းဆောင်ဆိုတာအများတကာထက်သာရပါတယ်။ ပညာရှင်မဟုတ်တောင်စီမံခန့်ခွဲမှုအတွေးအခေါ်တွေကောင်းမွန်ရပါမယ်။ ဦးဆောင်နိုင်မှုအရည်အချင်းရှိရပါမယ်။ အဲလိုလေးတွေးမိပါတယ်။
(အတွေးလေးကိုဖလှယ်ဆွေးနွေးရုံသက်သက်မျှသာဖြစ်ပါကြောင်း) :D
ခင်တဲ့
ရွှေကြည်
Was this answer helpful?
LikeDislike” သူတို့လို မစွမ်းဆောင်နိုင်ပါဘူး ”
mamanoyar ရေ ။
သူတို့လို မစွမ်းဆောင်နိုင်ပါဘူး ဆိုတာ ဘာကိုပြောတာပါလိမ့် ။
mamanoyar က သူ့လို မစွမ်းဆောင်နိုင်တာကို ပြောတာလား ။
ကျနော့်အထင်တော့ ၊ ကျနော့်ရဲ့ IQ နှင့် ပညာအရည်အချင်းဟာ ၊
အဲဒီ ဝန်ကြီး ဦးသိန်းထွန်း ( ဗိုလ်မှူးချုပ်ဟောင်း ) ထက်တော့ မညံ့လောက်ပါဘူး ။
တခြား အရည်အချင်းတွေ ( ဖားတာ ၊ ပိုင်တာ စသဖြင့် ) တော့ မပြောတတ်ဘူး ၊
ကျနော်သာ သူ့နေရာမှာဆိုရင်လည်း ၊
သူ့ထက် မညံ့အောင် ၊ တိုင်းပြည် ကောင်းကျိုး ဆောင်ရွက်နိုင်မယ်လို့ ၊
ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်ဗျာ ။
နောက်တစ်ခု mamanoyar ကို အသိပေးလိုတာက ၊
ဦးသိန်းထွန်း ဟာ လမ်းဘေးမှာ စမူဆာ ရောင်းနေရင်တော့ ၊
ကျနော်တို့ အနေနှင့် ဝေဖန် ပြစ်တင်စရာ မရှိပေမယ့် ၊
ဝန်ကြီး ဆိုတဲ့ ရာထူးကို ယူမိသွားရင်တော့ ဝေဖန် ပြစ်တင် တာခံရတော့မှာပဲ ။
အဝေဖန် မခံချင်ရင်တော့ ဒီ ဝန်ကြီး ဆိုတဲ့ ရာထူးက ထွက်လိုက် ပေတော့ပဲ ။
Was this answer helpful?
LikeDislikeInternet လိုင်းကမကောင်းဘူး။ ဖုန်းကလဲ အမျိုးမျိုးအဖုံဖုံ ဖြစ်နေတယ်။ ဆက်သွယ်ရေးက စာရေးမကအချိုးမပြေဘူး။ (1000 တန်တွေကို 10000 စီခေါက်ပြီး 100000 စည်းထားလို့ တစ်ခါ အဟောက်ခံရဘူးတယ်) အဲ့တော့ ၀န်ကြီးကိုမပြောလို့ ဟိုး .. ရွာမှာလယ်ထွန်နေတဲ့ အဖိုးကိုသွားပြောရမှာလားဗျာ။
ကျွန်တော့သူငယ်ချင်း ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ပစ္စည်းတွေဆို သိပ်စိတ်ဝင်စားတာ။ တွေ့ရင် မ၀ယ်ပဲမနေနိုင်ဘူး။ Fax တို့ဖုန်းတို့ ၀ယ်မယ်ဆိုရင် သူကိုသာပြောလိုက် အစအဆုံးကူညီတာ ဘယ်မှာဈေးမှန်တယ်ဆိုတာကအစ။ သူ့ကိုသာဝန်ကြီးခန့်လိုက်ရင် ခုတက်သာတဲ့ service ကိုရနိုင်တယ်။ ဒါ ဥပမာပြောတာ
Was this answer helpful?
LikeDislikeဆိုင်တွေနဲ.လဲပေါင်းရိုက်တတ်သေးတယ် အဘရဲ.ကျွန်တော်ဖုန်းပျောက်တာအဲဒီဆက်သွယ်ရေး
ဆိုတာဂျီးမှာသွားလျှောက်တော့ ကဒ်ပျောက်တာတစ်လတိတိစောင့်တော်မူရမယ်ဆိုလို.အဲလောက်တော့
မစောင့်နိုင်ဝူး ဘယ်လိုလုပ်ရင် မြန်မလဲဆိုတော့ပွင့်လင်းရိုးသားစွာပြန်ဖြေသဗျ “အပြင်ဆိုင်ဆွေမှာ
သွားလုပ်ရင်တော့ပိုမြန်နိုင်တယ်တဲ့ဗျ”အဲဒါနဲ.ပဲကျွန်တော်လည်းကောင်းပါဘီဆိုပီးအပြင်ဆိုင်လူဂျီးမင်း
ဖုန်းဆိုင်မှာသွားလုပ်တော့ ကဒ်ပျက် ၁၀ရက်စောင့်ရမယ် ၄၀၀၀၀ကျမယ်ဆိုပီး သွားပြန်လုပ်တယ်
ပီးခဲ့တဲ့ သောကြာနေ.ကပြန်ရသဗျ သွားပြန်ယူတော့ Invalid Sim ဆိုပီးပေါ်နေလို.ဘယ်လိုဖြစ်တာလဲမေးတော့ ကဒ်ကချက်ချင်းမပွင့်ဝူးတဲ့ နှစ်ရက် သုံးရက်လောက်တော့
စောင့်ရအုန်းမယ်ဆိုပဲ ကောင်းကြသေးရဲ့လားအရပ်ကတို.ရေလို.ပဲပြောရတော့မှာပဲ လုပ်ပေါက်တွေက
Customer Right ဆိုတာလုံးဝမရှိကြဝူး သူတို.ဘက်ကအသာကြီးပဲ။အပေါ်က ” mamamoyar ”
ရေဆက်သွယ်ရေးဝန်ကြီး ကောင်းကြောင်းတော့သိပ်မပြောပါနဲ. ကျုပ်တိုမြန်မာပြည်သူတွေခမျာမလဲ
သူတို.နှိပ်စက်သမျှခံနေရတာလိမ့်နေတာပဲ စိတ်ထဲမှာလဲဘယ်လိုမှ အကောင်းကိုမမြင်နိုင်တော့ပါဝူး
၁၅ သိန်းတုန်းကလည်း မှည့်ရွဲ.နေအောင်ခံစားရပီးသွားဘီ
Was this answer helpful?
LikeDislikeဘူလား ?
လဒူလား ?
==========
ခရက်ဒစ်ဘိုင် ….. မူလား ? လူလား ?
Was this answer helpful?
LikeDislikeအင်း ဖုန်းရှိခြင်းရဲ့ဒုက္ခတွေကလည်း မသေးပါလားနော် မသုံးလို့ကလည်းမဖြစ် သုံးပြန်တော့လည်း စိတ်ညစ် အင်း. မစဉ်းစားတော့ပါဘူး ထန်းရည်သွားသောက်တာပဲကောင်းပါတယ်
Was this answer helpful?
LikeDislike1. ခုချိန်ထိတော့ သူ့အလိုလို prepaid စနစ်ထဲကိုပေါင်းထဲ့မပေးပါဘူး။
2. ပြန်ထုတ်ချင်ရင် (သို့) prepaid စနစ်ထဲကိုပေါင်းထဲ့ချင်ရင် လျောက်လွာတင်ရပါတယ်။
3. ဖုန်းပိုင်ဆိုင်တဲ့ စာချုပ်ကိုင်သွားရင် ရတယ်ပြောတယ် (ပိုင်ရှင်လာစရာမလိုလောက်ဘူး)
4. prepaid ပြောင်းလိုက်တဲ့ လ အလိုက် ဘယ်နေ့ကနေ့ဘယ်နေ့အတွင်း လျောက်လွှာတင်ပါ။ တင်ပြီးရင် ဘယ်လမှာပြန်ထုတ်ပေးပါ့မယ် ဆိုပြီးသတင်းစာမှာဖတ်လိုက်ရတယ် (အထင် သိပ်မမှတ်မိတော့)
5. amatmin ပြောသလိုပဲ FEC Top up ကဒ်တွေရှိပါတယ်။
ကိုယ်ထဲ့ထားတဲ့ပိုက်ဆံကို prepaid စနစ်ထဲပေါင်းထဲ့မပေးတာကိုက ချီးဘလိန်း ဦးနှောက်ပါ။ လူတွေအဆင်မပြေအောင်များလုပ်ထားသလားမှတ်ရတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှမပြောင်းဘူး ဘာဖြစ်လို့လဲဆိုတော့ prepaid ပြောင်းလိုက်ပြီး ငွေဖြည့်လိုက်ရင် expire date ကို သတ်မှတ်လိုက်လို့ပဲ အဲ့နေမှာထဲ့ထားတဲ့ငွေမကုန်ရင် ဒိုင်စားသွားလိမ့်မယ်။
ကျွန်တော့သူငယ်ချင်း ဖုန်း အတွက် 6 လပိုင်းအလယ်လောက်ကသူသင်တန်းတက် နေလို့ တစ်သိန်း ကျွန်တော်သွားထဲ့ပေးထားတယ်။ လကုန်ခါနီးမှာ သူ့ဆီ message လာလို့ကျွန်တော့သူငယ်ချင်းက yes သွားလုပ်လိုက်တယ်။ 7 လပိုင်း 1 ရက်နေ့မှာ prepaid စနစ်ကိုပြောင်းသွားတယ်။ 1000 ကျပ် ကြီးများတောင် ဆက်သွယ်ရေးက ကနဦးထဲ့ပေးထားတော့ မဆိုးဘူးပဲ ဒီကောင်တွေ 1000 တော့အလကား ပေးတာပဲပေါ့ သူနဲ့တောင်အဲ့လိုပြောလိုက်သေး။ ပြီးတော့ 10000 တန်ကဒ်ထဲ့လိုက်မှပဲသိလိုက်ရတယ် သူထဲ့ထားတဲ့ငွေကို အဲ့ 10000 ထဲကနေနှုတ်သွားလို့လေ :-)
Was this answer helpful?
LikeDislikeဖုန်းတစ်လုံးအတွက် သွင်းထားတဲ့ငွေတွေ သူတို့ ကွန်ပျူတာထဲမှာမရှိဘူးလား
အဲဒီကွန်ပျူတာထဲကနေ ဖုန်းတစ်လုံးချင်းစီအလိုက် ပြန်ပြီး Prepaid ထဲထည့်ဖို့ နည်းပညာလေးတောင်မရှိ ကြဘူးလား
e-government , paperless , Internet shopping , ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့
Was this answer helpful?
LikeDislikeမြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌါန က ၀န်ကြီးနဲ့ ၀န်ထမ်းပညာရှင်တွေ ကို အထင်မသေးကြပါနဲ့ဗျာ..
သူတို့က ပြည်သူတွေအဆင်ပြေပြေသုံးနိုင်အောင် ဘယ်လိုလုပ်ရင်ရတယ်ဆိုတာ သိပ်သိတာပေါ့
မလုပ်ပေးတတ်လို့မှမဟုတ်တာ.. အဆင်ပြေအောင်လုပ်ပေးရမှာစိုးရိမ်လွန်းလို့သာ ရှင်းနေတာကို မရှုပ်ရှုပ်အောင်လုပ်ပြီးမှ
ခေတ်အဆက်ဆက် ဂွင်ရိုက်စားလာတာဗျ..လွယ်တာမှတ်လို့..တော်ရုံဦးနှောက်နဲ့ ဒီလိုဘယ်လုပ်နိုင်ပါ့မလဲ..
ဟဲ..ဟဲ
သူတို့မှာ ညံ့ဖျင်းတာဆိုလို့ .. စာရိတ္တနဲ့ကိုယ်ကျင့်တရား ဘာသာရပ်
သူတို့ မသင်ဖြစ်ခဲ့တာက .. အရှက် နည်းပညာ။ ကျန်တာတွေကတော့ ထူးချွန်ပြီးသားပါဗျာ
Was this answer helpful?
LikeDislikeခေတ်အဆက်ဆက် ပြည်သူကို တိုက်ရိုက် အနှိပ်စက်ဆုံး ဒုက္ခအပေးဆုံးဝန်ကြီးဌာနတွေထဲမှာ
ဆက်သွယ်ရေးလဲ ပါ တယ်။
စီမံခန့်ခွဲမှု့ အညံ့ဆုံး ၀န်ကြီးဌာနထဲမှာလဲ ဆက်သွယ်ရေးက ထိပ်ဆုံးမှာပါတယ်။
ပြည်သူအပေါ် တာဝန်မဲ့အပြုဆုံး၊ မထေမဲ့မြင်အပြုဆုံးဝန်ကြီးဌာနတွေထဲမှာလဲ ဆက်သွယ်ရေးပါတာပဲ..။
အဲ့ဒီအော့ကြောလန်ချီးထုပ်ဝန်ကြီးဌာနက
ပြည်သူကို ဘယ်လောက် အရေးမထားသလဲဆိုတာ
စာရင်းဟောင်းကလက်ကျန်ငွေကို ပြန်မထည့်ပေးတာကိုကြည့်ရင်သိနိုင်တယ်..။
ပြည်သူကိုဘယ်လောက်နစ်နာစေချင် အလုပ်ရှုပ်စေချင်သလဲဆိုတာကိုလဲ
အင်တာနက်သုံးခွင့်ပေးဘို့ သတ်သတ်လျှောက်ခိုင်းတာကိုကြည့်ရင် သိနိုင်တယ်…။
တကယ်တော့ နှစ်တန်းအောင်လောက်တဲ့ ဦးနှောက်ရှိရင်
ဖုံးတွေကို ဌာနက Message ပို့-
(အင်တာနက်သုံးလိုလျှင် သင့်ငွေစာရင်းမှ တစ်သောင်းကျပ်ဖြတ်ယူမည်
သဘောတူပါက ဘယ်နံပါတ်ကို Yes လို့ အကြောင်းပြန်ပါ)
အဲဒါဆို ပြီးနေပြီ..။
လုပ်ပိုင်ခွင့်လေးနှစ်ပြားဘိုးလောက်ရှိရင်
အဲဒါကို ညစ်စရာ ညှစ်စရာ လက်နက်အဖြစ်သုံးပြီး
လူတကာကိုနှိပ်စက်ချင်တဲ့ ညာဉ်ဆိုးတွေ မပျောက်သေးတာ အဲဒါသက်သေပဲ..။
Was this answer helpful?
LikeDislikeManual Paper Work ကို သာ ယုံကြည်တတ်တဲ့ အကျင့် ကျန်နေသေးတာ နဲ့ .. ကြည့်ရတာ သူတို့ Message စနစ် ကို သူတို့ မယုံ တာ နေမှာပါ … အဲဒါကလဲ ပို့ သာပို့သာ .. မရောက်တဲ့ အခါ မရောက်ဘူး နော့
Was this answer helpful?
LikeDislikeသိသလောက်ပြောရရင် prepaid card သုံးနေတာတောင် ဆက်သွယ်ရေးက လက်ကျန်ကို SMS နဲ့ လှမ်းတောင်းတာက ဒီလိုပါ။
သူတို့က လစဉ် ဘေလ်ထုတ်ပေးတာ နောက်ကျလေ့ရှိပါတယ်။ ဥပမာ ကိုယ်က ၅ သောင်းသွင်းထားတယ် ၄ လပိုင်းလောက်က ။ ၄ လပိုင်းမှာ သွင်းလိုက်တဲ့ ငွေက နောက်လာမဲ့ ၅ လပိုင်းအတွက် မဟုတ်သေးပါဘူး။
ပြီးခဲ့တဲ့ ၂ လ ၃ လ ၄ လပိုင်းအတွက် ကျသင့်ငွေကို အရင်ဖြတ်ပါတယ်။ ကျန်တာကိုမှ နောက်လာမဲ့ ၅ လပိုင်းအတွက် ဖြတ်တာပါ။
အဲ့မှာ ပိုက်ဆံက အနှုတ်ပြနေရင် စာပို့ပြီး ဘယ်နေ့နောက် ဆုံးထားပြီး ဆောင်ပါ ဆိုပြီး လှမ်းတောင်းပါတယ်။ အဲ… ကိုယ်က ၆ လပိုင်းမှာ prepaid card သုံးနေတာတောင် လှမ်းတောင်းတယ်ဆိုတာကလည်း အဲ့လို ပြီးခဲ့တဲ့ လတွေမှာ ကြွေးကျန်နေလို့ပါ။
အဲ့လို ပြောင်းလိုက်ပြီဆိုတာနဲ့ နည်းနည်းချင်းပဲ သွင်းလိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်သွင်းတာများလည်း prepaid card ထဲ မပေါင်းပေးလို့ပါ။ လစဉ်သူတို့ ဘေလ်ထုတ်တော့မှာ ဘယ်ရွေ့ဘယ်မျှဆိုပြီး သိတာမို့ မပိုအောင် လို့ပါ။ အဓိကပြသာနာက သူတို့ ဘေလ်ထုတ်နောက်ကျတာကြောင့်ပါ။
ပိုတဲ့ငွေကို နောက်မှ ပြန်ထုတ်ပေးမှာပါ။ ခုထိတော့ တခါမှ သွားမထုတ်ရသေးဘူး။ (ဘယ်လို အစီအစဉ်နဲ့ ထုတ်ပေးမယ် ဆိုတာ မသိပေမဲ့ ထုတ်ပေးမယ် ဆိုတာကတော့ သူတို့ ပြောလိုက်တာပါ)
ဒါတွေ အားလုံး ကိုယ်တိုင် မသွားပဲ အားတဲ့လူလွှတ်ပြီး လုပ်ခိုင်းလည်း ရပါတယ်။
ဒါကြောင့်မို့ မရှင်းမရှင်းတွေ ဖြစ်ကုန်တာပါ။ ( ကိုယ်တိုင် ၂ ခါလောက်သွားခဲ့ပြီးမှ သိခဲ့တာပါ)
FEC နဲ့ ဗမာငွေ ခွဲထားတာကလည်း အလွန်ရှုပ်ပါတယ်။ တခါထဲ ပြီးရမဲ့ ကိစ္စကို မရှုပ်ရှုပ်အောင် လုပ်ထားတာကလည်း currency change ကို သေချာမကိုင်တွယ်နိုင်သေးလို့လည်း ဖြစ်ပါလိမ့်မယ် ( အထင်ပါ – ခရက်ဒစ်တူ ဘပု)
အင်တာနက်ကို တန်းစီပြီး တသောင်းပေးမှ ထုတ်ပေးတာက သူတို့ ငတ်လို့ မ၀သေးလို့ပါ။
အွန်လိုင်း ဘဏ်စနစ်ကို စတဲ့ အချိန်ဆိုရင် ဒါမျိုးတွေ ပျောက်သွားမယ် ထင်ပါတယ်။ မပျောက်လို့လဲ မရတော့ပါဘူး။
လာမဲ့ ၂၀၁၅ အတွက် e-government , paperless , Internet shopping ဆိုတာ မသိချင်လို့ မရတဲ့ခေတ်ကို ရောက်လာတော့မှာ။
ပုဂ္ဂလိက အားလုံး ၀င်လာရင် ဆက်သွယ်ရေး ၀န်ကြီးဌာနဆိုတာ ပျောက်သွားရမဲ့ အရာတခုပါ။
ရနိုင်သလောက် မသေခင် ရိက္ခာကဲ့နေတာပါ။ လွယ်တာကို ခက်အောင်လုပ်မှ သူတို့ စားရတာမို့ပါ။
စကားမစပ် အဘရေ အာရှရဲ့ ကိုဆိုဗိုဆိုတဲ့ ပိုစ့်ကို သဘောကျပါတယ်။ ဘာမှ မဆိုင်သော်ငြား ဒီမှာ ၀င်ပြီး ပြောပါရစေ။
ခွင့်လွှတ်ပါ ။
စာရေးသူပြောတဲ့ ရခိုင် နယ်ခြားစောင့်တပ်ဆိုတာ ရှိသင့်တယ် လို့ ကျမလည်း ထင်တယ်။ နောက်သူတို့တွေ ကိုယ့်ကို ပြန်ပြီး နယ်မြေခွဲထွက်ရေး မတောင်းအောင်လည်း ကျမတို့ ဘက်က အဘဖောတခါက ပြောခဲ့သလိုမျိုး နယ်ခံတွေ အတွက် စောင့်ရှောက်ပေးတဲ့ဥပဒေတို့ အခွင့်အရေးတို့ ဆိုတာမျိုးတွေ နဲ့ ပြန်ပြီး ထိန်းထားနိုင်ရင် ရမလား ထင်မိပါတယ်။
Was this answer helpful?
LikeDislikeအဘဖောရေ. ဆက်သွယ်ရေးကတော့ဗျာ ပြောကိုမပြောချင်တော့ပါဘူး။
ညဖက်တွေ ဘီလ်ဖြတ်တောက်တဲ့နေရာမှာ ပြောတဲ့အတိုင်း ရံဖန်ရံခါ (၂၅)
ကျပ်ဖြတ်ပါတယ်။များသောအားဖြင့် ပုံမှန်(၅၀)ကျပ်။နိုင်ငံခြားအထွက်အ
တွက် FEC ကဒ်နဲ့ သွင်းပြီး ပြောနေရအုံးမှာပါဘဲ။
Was this answer helpful?
LikeDislikepooch says:
” ကိုယ်တိုင် ၂ ခါလောက်သွားခဲ့ပြီးမှ သိခဲ့တာပါ ”
အဲဒါကို မကြိုက်တာလေ ။
လက်ကိုင်ဖုန်း ကိုင်တဲ့ သိန်းချီတဲ့ လူထုကြီးက ၊
တစ်ယောက်ချင်းစီက ဆက်သွယ်ရေးရုံးကို ၂ ခါစီသွားမှ ၊
ရှင်းရှင်းလင်းလင်း သိရမယ် ဆိုတဲ့ အခြေအနေကို ။
သတင်းစာ မှာ တစ်ပါတ်လောက် ရှင်းရှင်းလင်းလင်း ကြေငြာလိုက်ပါလား ။
Web Page မှာ ရှင်းရှင်းလင်းလင်း တင်ထားပါလား ။
ဆက်သွယ်မေးမြန်းရမယ့် လိပ်စာ ၊ ဖုန်းနံပါတ် ၊ Email Address ပေးထားပါလား ။
သေသေချာချာ အချိန် မဆိုင်းပဲ လေးလေးစားစား ပြန်ဖြေပါလား ။
အဲလို သွားရတဲ့ အချိန် ၊ အင်အား ၊ ငွေ တွေက ၊
တိုင်းပြည်အတွက် အလဟသ ဆုံးရှုံးသွားတာလေ ။
သေချာတွေးလိုက်ရင် ၊
ဒီလို ညံ့ဖျင်းတဲ့ ဝန်ကြီး ရဲ့ အုပ်ချုပ်ပုံကြောင့် ၊
တိုင်းပြည် ရဲ့ တန်ဖိုးရှိလှတဲ့ အချိန် ၊ အင်အား ၊ ငွေ တွေ ၊
အလဟသ ဖြစ်သွားတဲ့ အတွက် ၊
ဝန်ကြီးကိုတောင် ပြန် တရားစွဲသင့်တယ် ။
အေး ၊ ဒီလို ဝန်ကြီး တွေထက် အဘ ကဘာတွေသာတယ်ဆိုတာ ၊
သိသာအောင် တစ်ခုလောက်ပဲ ပြောပြလိုက်မယ် ။
မြန်မာပြည်မှာ အစိုးရ ဝန်ထမ်းတွေရဲ့ သောက်ချိုးက တစ်ပုံစံထဲပဲ ။
သာမာန်ပြည်သူပြည်သားကများ တစ်ခုလောက် လာမေးရင်ပဲ ၊
လျှောက်လွှာလေးတစ်ခု လာတင်ရင်ကိုပဲ ၊ သောက်ချိုးက ၊
ဒီကောင် ငါ့ကို အလုပ်ရှုပ် အောင်လာလုပ်တယ် ၊ အလုပ်ပိုပြီ ထင်နေကြတယ် ။
အဲဒီ Concept ကိုက ပက်ပက်စက်စက် လွဲနေတာ ။
အမှန်က အဲဒီလိုလာမေးတဲ့သူတွေကို ပြန်ဖြေဖို့ ၊
ပြည်သူပြည်သားကို ဝန်ဆောင်မှု service ပေးဖို့ ၊ မင်းတို့ကို ခန့်ထားတာ ။
အဲဒီလို လာမေးတဲ့သူတွေ မရှိတော့ရင် ၊
မင်း အလုပ်နေရာလည်း မလိုတော့ဘူး ။
မင်း အလုပ်နေရာ မလိုမှတော့ ၊ မင်း ကိုလည်း အလုပ်ဖြုတ်ပြစ်လိုက်ယုံပဲ ။
အဲဒီတော့ ၊ သိထားဖို့က ၊
အဲဒီ တစ်ခုလောက် လာမေးတဲ့ ၊
လျှောက်လွှာလေးတစ်ခု လာတင်တဲ့ ၊
ပြည်သူပြည်သားတွေရဲ့ ကျေးဇူးကြောင့် ၊
မင်းရဲ့ အလုပ်နေရာရှိနေတာ ။
သူတို့ လာမေးနေတာ ( မင်းက ဝန်ဆောင်ခွင့် ရနေတာ ) ဟာ ၊
မင်းကို ထမင်း လာကျွေးနေတယ် လို့မှတ်ရမှာ ။
နောက် တစ်ချက်က ၊
မင်းတို့ကို နေ့စဉ် လစာပေးနေတာ ပြည်သူ့ အခွန်တွေနှင့်ပေးနေတာ ၊
ဘယ် အထက်အရာရှိ ၊ ဘယ်ဝန်ကြီး ၊ ဘယ်ဗိုလ်ချုပ် ဆီကမှမဟုတ်ဘူး ။
ဒါကြောင့် မင်းတို့ရဲ့ ထမင်းရှင် အစစ်က ပြည်သူပဲ ၊
ဘယ် အထက်အရာရှိ ၊ ဘယ်ဝန်ကြီး ၊ ဘယ်ဗိုလ်ချုပ် ကိုမှ သစ္စာခံစရာမလိုဘူး ။
ပြည်သူ ကိုပဲ သစ္စာခံ ၊ ကျေးဇူးတင် ၊ ဝန်ဆောင်မှုပေးရမယ် ။
အေး ၊ အဘ သာ ဝန်ကြီးဖြစ်ရင် ၊
အဘ လက်အောက် ဝန်ထမ်း အားလုံးရဲ့ စိတ်ထဲ ၊ အသွေးအသားထဲ ကို ၊
အဲဒီလို အတွေးအခေါ်မျိုးကို စိမ့်ဝင် ၊ အသားသေနေအောင် ရိုက်သွင်းလိုက်မှာ ။
အဲဒီ အတွေးအခေါ် အတိုင်း မလိုက်နိုင်ရင် ၊
ဒီနေ့ မလိုက်နိုင်ရင် ဒီနေ့ ထွက်ပဲ ။
Was this answer helpful?
LikeDislikeDMA က ၀န်ထမ်းတွေကို ရော အဲ့လို ဆုံးမဖို့ အစီအစဉ်မရှိဘူးလား အဘ….:D
Was this answer helpful?
LikeDislikepazflor ကလည်း ။
အဘ ပြောတယ်လေ ” အဘ သာ ဝန်ကြီးဖြစ်ခဲ့ရင် ” လို့ ။
ဖြစ်မှ မဖြစ်တာကွယ် ။
ဖြစ်ဖို့ လည်း မရှိပါဘူးကွယ် ။
ဖြစ်ခဲ့ရင်လည်း အဘ ပြောပုံ လုပ်ပုံ နှင့် ၊
တစ်လလောက် ခံရင် ကံကောင်း ။
အေး ၊ အာမခံ နိုင်တာ နှစ်ခုကတော့ ။
၁ ။ ဖြစ်ခဲ့ရင်တော့ ၊ ပြောထားသလို ၊ တကယ်လုပ်မှာ ။
၂ ။ အေး ၊ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ၊
ပြောထားသလို ၊ တကယ်မလုပ်နိုင်ခဲ့ရင်လည်း ၊
ကိုယ့်စကား ကိုယ်တာဝန်ခံတဲ့အနေနှင့် မဆိုင်းပဲ နှုတ်ထွက်သွားမှာ ။
Was this answer helpful?
LikeDislike