ပါဝင်ခဲ့ဖူးတဲ့အလှူလေးတစ်ခု
15-7-2012 တနင်္ဂနွေနေ့ကရွှေကြည်အလှူတစ်ခုကိုအားဖြည့်ကူညီခဲ့ပါတယ်။ ဘာအလှူလဲဆိုတော့ Better Life Group ဆိုတဲ့စေတနာရှင်ပရဟိတအဖွဲ့လေးတစ်ခုရဲ့ ၅ ကြိမ်မြောက်ပညာရေးထောက်ပံ့တဲ့အလှူလေးပါ။ ဘယ်မှာလုပ်ခဲ့ သလဲဆိုရင်အောက်ရှမ်းတဲကြီး သီလရှင်သင်စာသင်ကျောင်းလေးတစ်ခုမှာပေါ့။ ဒဂုန်မြို့သစ်တောင်ပိုင်းအပိုင်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးမှာပါဝင်ပါတယ်။ အဖွဲ့မှာပါဝင်လှုပ်ရှားသူတွေတော်တော်များများဟာ အလုပ်တဖက်နဲ့မအားလပ်ကြသူတွေ ဖြစ်လေတော့ ၄ လမှာ တကြိမ်သာလှူတန်းဖြစ်ခဲ့တယ်။ ငွေကြေးအရလည်းစုဆောင်းဖို့အချိန် ယူတာလည်းပါတာပေါ့ရှင်။ ငွေကြေးမတတ်နိုင် အစိုးရကျောင်းလည်းမရှိရှာတဲ့ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း လေးတွေမှာလှူဖြစ်ခဲ့ကြပါတယ်။ ကလေးတွေစာတတ်မြောက်ရေးနဲ့သူတို့လေးတွေအသိဥာဏ်တိုးတက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားခဲ့ကြတဲ့အဖွဲ့လေးတခုပါ။ အဖွဲဝင်ရယ်လို့သတ်မှတ်ထားတာမရှိပဲစိတ်ဝင်စားပါကလိုက်ပါလှူဒါန်းနိုင်ပါတယ်။ ပင်တိုင် လှုပ်ရှားသူအမာခံတွေကတော့အမြဲလိုပါဝင်မြဲပါ။
ဒီတစ်ခေါက်မှာတော့ အဖွဲ့အင်အား ၁၉ ယောက်ပါဝင်ခဲ့ပြီးရန်ကုန်နဲ့သိပ်မဝေးတဲ့လယ်ကွင်းတွေကြားက သီလရှင် သင်စာသင်ကျောင်းလေးကိုရောက်ခဲ့ကြပါတယ်။ အလုပ်နားရက်တနင်္ဂနွေနေ့ကိုပဲ အမြဲသွားလှူဖြစ်လေတော့ ကလေးတွေ ခမျာတော့ကျောင်းပိတ်ရက်ကျောင်းတက်ရရှာတယ်လေ။ ဒါပေမယ့်သူတို့ပျော်နေကြပုံပါပဲ။ ငွေကြေးတတ်နိုင်သူတွေ အတွက်ကျူရှင်တွေ အမျိုးမျိုးထားနိုင်ပေမယ့် တကယ့်ကိုနွမ်းပါးရှာသူတွေအတွက်တော့ကျောင်းဆိုတာတောင်အနိုင် နိုင်ရယ်ပါ။ ဆရာဝန်တွေအင်ဂျင်နီယာတွေမွေးထုတ်မပေးနိုင်ခဲ့တောင်မှ ဒီလိုဘကကျောင်းလေးတွေကြောင့် အသိပညာ အလိမ္မာလေးတွေအတော်အသင့် သင်ကြားခွင့်ရမယ်ဆိုရင်သူတို့ဘ၀နည်းနည်းတော့လှပနိုင်မှာပါ။ သူတို့လေးတွေထဲမှာ တချိန်မှာနိုင်ငံကိုခေါင်းဆောင်မှုပေးနိုင်တဲ့သူတွေမပါဘူးလို့လည်းမပြောနိုင်ပါဘူး။ အူးဗိုက်ပြောတဲ့ဒူပေတာပေလူစားမျိုး လေးတွေအများကြီးတွေ့ခဲ့ရပါတယ်။ သူတို့လေးတွေရဲ့ရွာနဲ့ကျောင်းဟာအလှမ်းဝေးရှာရုံမကပဲလမ်း လျှောက် ကျောင်းတက်ရတဲ့လမ်းကလည်းကန်သင်းလမ်းပါ။
ရွှေကြည်တို့အဖွဲ့လည်းကားကိုလမ်းပေါ်ထားခဲ့ရပါတယ်။ ကားလမ်းကနေဆင်းပြီးလယ်ကွင်းတွေကြားက ကန်သင်းလမ်းကို ဖြတ်လျှောက်ကြရပါတယ်။ အသွားမှာတော့ လှူဒါန်းမယ့်ပစ္စည်းတွေသယ်ထားရတာကြောင့်ဓါတ်ပုံမှတ်တမ်း မရခဲ့ပါဘူး။ အခုရွာသူားတွေကြည့်ရှုရမယ့်ပုံတွေကလည်း သူငယ်ချင်းဖုန်းနဲ့ရိုက်ယူခဲ့တာလေးတွေပါ။ ရွှေကြည်မှာတော့ မှတ်တမ်းတင်ဖို့ ဖုန်းရောကင်မရာပါမ ပါတဲ့အတွက် သူများဆီကနေပဲကူးယူရပါတယ်။ ကိုယ်ပျော်မွေ့တဲ့ရွာထဲကခင်မင်ရတဲ့ရွာသူားတွေကိုပြချင်လို့ ဒါ့ပုံတွေကူးတင် ပေးလိုက် ပေမယ့် PRO မဟုတ်တဲ့အတွက်သည်းခံကြည့်ပေးကြပါလို့….။
PS - အမှန်တကယ်လိုအပ်နေတဲ့နေရာမှန်သမျှလှူချင်လှပါတဲ့ရွှေကြည်ရယ်ပါ။ ပိုက်ဆံမရှာနိုင်တာကခက်နေတယ်။ ရွာအလှူမှာလည်းနည်းနည်းပဲလှူလိုက်နိုင်ပေမယ့် စုပေါင်းအင်အားနဲ့ အားလုံးရဲ့အလှူငွေတွေဟာ မြေစာပင်ရခိုင်သွေး ချင်းတွေအပြင် တကယ်လိုအပ်နေတဲ့ကချင်ဒေသကစာသင်ကျောင်းလေးကိုပါလှူလိုက်နိုင်တယ်လို့တွေးမိတိုင်း ၀မ်းသာပီတိ ဖြစ်ရပါတယ်။ အလှူကိုခွင့်ပြုပေးတဲ့သူကြီးနှင့် စီစဉ်ပေးသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်းထပ်လောင်းပြောချင်ပါတယ်။ ဒီရွာသူဖြစ်ခွင့်ရတာကို လည်းဂုဏ်ယူမိပါကြောင်း..။















copy/paste ဖြစ်သွားရှာပေါ့။
Was this answer helpful?
LikeDislikeရွှေကြည်ရေ ရွှေကြည်ရဲ့ ပုံတွေကို ကြည့်ပြီး ပီတိကူးစက်ပြီး သာဓုခေါ်ပါတယ်။ နောက်လည်း အများကြီးလှူဒါန်း နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကောင်းမွန်တဲ့ စိတ်ထားလေးကိုလည်း မြင်လိုက်ရတယ်။
Was this answer helpful?
LikeDislikeကျေးဇူးပါ လင်းလင်းရေ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။
Was this answer helpful?
LikeDislikeမွန်မြတ်သောစိတ်ထားတွေနဲ့ လုပ်ဆောင်မှု့တွေကိုဖတ်ရတော့ ချီးကျုးမိပါတယ် မရွှေကြည်။
နောင်လည်းပို၍တိုးပြီး လုပ်ဆောင်နိုင်စွမ်းနဲ့ပြည့်ပါစေ။
Was this answer helpful?
LikeDislikeတကယ်ကောင်းတဲ့ အလှူပါ တူမလေးရေ
သာဓုခေါ်ပါတယ်..။
စကားမစပ်-
ဒီရွာထဲက အဲဒါမျိုး သွားလှူတာမျိုး တနေ့နေ့မှာလုပ်ဖြစ်ကြရင်လဲ
ကျုပ်က နောက်လိုက်အဖြစ် မပျက်မကွက်ပါပါ့မယ်။
Was this answer helpful?
LikeDislikeစနိုးလည်း လေးလေးပါလေရာလိုပါဘဲ နောက်လိုက်အဖြစ်ငွေအားတော့ အရမ်းမတက်နိုင်ပေမယ့် လူအင်အားလိုက်ပေးဖို့ အဆင်သင့်ပါ ရှင့်။။ ရွာထဲမှာ အဲ့လိုမျိုး အလှူ တစ်ခုဖြစ်မြောက်ပါစေလို့ ဆုတောင်းနေပါတယ် ပန်းတနော်အလှူကိုလည်းမလိုက်ဖြစ်လိုက်ဘူး နောက်အလှူတွေကို တော့ လိုက်နိုင်အောင်ကြိုးစားနေပါတယ် စနိုးတို့ရွာလေးလည်း အလှူများများပြုလုပ်နိုင်ပါစေ။။။
Was this answer helpful?
LikeDislikeကိုခင်ခရေ ပေးတဲ့ဆုတဲ့တလုံးတ၀တည်းပြည့်ဝရပါလို၏။ ကျေးဇူးပါ။
ဦးဦးပါေ၇ ကျေးဇူးပါနော်ရွာထဲမှာလည်းကြိုးစားနေသူတွေရှိတယ်လို့ကြားမိပါတယ်။
သေချာတော့မပြောရဲဘူး။
Was this answer helpful?
LikeDislikeမရွှေကြည်ရေ..
ဝမ်းမြောက်စွာ အားပေးသွားကြောင်းပါ နှင့်
ဦးပါပြောတဲ့ တချိန်လေးကိုလည်း
ဖြစ်လာမယ်လို့ မျှော်လင့်မိကြောင်းပါ ခင်ဗျ
Was this answer helpful?
LikeDislikeရွှေကြည်ရေ..
ကြည်နူးစရာ.. ရွှေ..အလှုတော်…ပါ..။
ရွှေကြည်နဲ့ ထပ်တူ…ပျော်ရွှင်ကြည်နူးလိုက်ရသလို…ပါပဲ.။ ပုံတွေ..စာတွေ..တွေဝေေ၀ဆာဆာနဲ့ ဆိုတော့..လေ…။
ခင်မင်လျက်…
Was this answer helpful?
LikeDislikeသာဓု…သာဓု………သာဓု…………..
Was this answer helpful?
LikeDislikeပေးဝေမျှကမ်း
ငွေကြေး သက်သက်မဟုတ်။
ကိုယ်ချင်းစာ စေတနာတရား
ရောယှက်လို့ထုပ်။
Was this answer helpful?
LikeDislikeလေးလေးရေ သူတို့ဘ၀ကိုလက်တွေ့မြင်ရတော့ တကယ်ကိုကိုယ်ချင်းစာမိပါတယ်။
ဝင်ရောက်ဖတ်ရှုပေးလို့ကျေးကျေးပါ။
Was this answer helpful?
LikeDislikeကိုအမတ်ရေအားပေးလို့ ကျေးဇူးတင်ပါတယ်နော် မျှော်လင့်ချက်အမြန်ပြည့်ပါစေလို့။
ကိုအလင်းစက်ရေ ရွှေကြည်ဝမ်းသာပါတယ် ကြည်နူးမှုတွေပေးလိုက်နိုင်လို့လေ။
ဦးဇောက် ကျေးဇူးပါ။
စနိုးလေးရေ ၀င်ဖတ်သွားတယ်နော်။ အာရီးဂတ်တောကိုဆိုင်းမတ် :D
Was this answer helpful?
LikeDislikeအရီး ဂွက်ထော်ကို…ဆိုင်းတွေက…မှတ် လိုက်တယ်..ဟုတ်လား။
Was this answer helpful?
LikeDislike၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ရင်း အလှူအတွက် မျှဝေယူသွားပါတယ်ညီမလေးရေ…. အေးချမ်းပြီး ပီတိကို ခံစားမိပါတယ်။ နွေးထွေးတဲ့ကမ်းလက်တွေနဲ့ တစ်နိုင်တစ်ပိုင်ကြိုဆိုကြတာပေါ့နော်။
Was this answer helpful?
LikeDislikeမရွှေကြည်ရေ ..
သာဓုပါဗျို့ …
အောက်က ပုံလေးတွေကို မြင်လိုက်ရတော့
အလှူအတွက် ပိုပြီး ပီတိဖြစ်မိသွားပါတယ်ဗျို့ …
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါ ရွှေကြည်လေးရေ
ကိုပေလဲ ဒီနေ့ လေးပေါက်နဲ့ အတူ ဂေဇက်အလှူအတွက် သွပ်ပြားတွေ ပို့ ပေးလိုက်တယ်ကွဲ့ 
စကားမစပ် ရွှေကြည်လေးရဲ့ ပုံလေး ပြဘာရားဟင်…:)
Was this answer helpful?
LikeDislikeကိုပေ ရေရွှေကြည်လည်း သာဓုခေါ်ပါတယ်။ ရွာအလှူအတွက်ကြိုးစားပေးနေလို့လေ။
ကိုယ်တိုင်မလုပ်ပေးနိုင်တော့လည်းလုပ်ပေးသူတွေကို ကျေးဇူးတင်ရပါတယ်။
ရွှေကြည်ပုံမြင်ရင် ကိုပေလန့်သွားမယ်
ကိုရီးယားမင်းသမီးများအလည်ရောက်လာသလားလို့ဆိုပြီး :D
Was this answer helpful?
LikeDislikeမ မနောရေ သာဓုခေါ်လို့ဝမ်းသာရပါတယ်။ ကျေးကျေးပါအစ်မရယ်။
ကိုအံစာရေ ပီတီကိုစားအားရှိတယ်နော် မုန့်မကျွေးတော့ဘူး။ ကျေးကျေးပါ။
ကိုအလင်းဆက် မဂွက်ကိုမစရဲပါဘူးနော် :D
Was this answer helpful?
LikeDislikeတစ်ယောက်တစ်လက် ၀ိုင်းဝန်းတွဲကူကြရင်း နဲ့ တစ်ချိန်တော့ ပိုကောင်းတဲ့ ဘ၀လေးတွေ သူတို့ ပိုင်ဆိုင်လာကြမှာပါ။
လေးစား ဂုဏ်ယူ အားပေး သာဓုခေါ်ပါတယ် ရွှေကြည်ရေ ။
Was this answer helpful?
LikeDislikeအဲလို ကောင်းမှုကုသိုလ်တွေ လုပ်လို့ထင်တယ်…
အလွန်ချောမောလှပသော မိန်းကလေး ဖြစ်သွားတာ။
(ရတနာသိုက် ရှာပုံတော်မှာ ရေးထားတာတွေ့လို့)
Was this answer helpful?
LikeDislikeရွှေကြည့်ကို ဦးကြောင် ခြစ်မိသွားပီကွယ်…ဂျစ် ဂျစ်…။
Was this answer helpful?
LikeDislikeရွှေကြည်ရေ
ကောင်းမှု ကုသိုလ်လေးကို ပီတိ ပွါးပြီး သာဓုခေါ်ပါတယ်။
ဆက်ပြီး စွမ်းအားရှိသ၍ ကောင်းမှု တွေ ပိုပိုပြီး ပြုနိုင်ပါစေ။
မမပြောသလိုဘဲ ရတနာသိုက် မှာ တော့ ပြေးနိုင်မှ လွတ် မယ် သမီးရေ။
ပြေး သာ ပြေး ပေတော့။
ဒီ ကြောင် နဲ့ တွေ့ရင်တော့ ပိုဆိုးမယ်။ :D
Was this answer helpful?
LikeDislikeတကယ်ကို ၀မ်းသာပီတိဖြစ်ရပါတယ်ဗျာ။
Was this answer helpful?
LikeDislikeဆင်တူယူနီဖောင်းလေးတွေနဲ့ စိတ်တူကိုယ်တူသွားလှုကြတာ ကြည်နူးစရာပါရွေကြည်ရေ…
Was this answer helpful?
LikeDislikeပုံတွေကို ကြည့်ရင်း ကိုယ်တိုင်သွားလှူချင်စိတ်ကို ပေါက်သွားပါတယ်…
ရည်ရွယ်ချက်ကောင်းတွေနဲ့မို့ နောက်အကြိမ်တွေလည်း ထပ်လှူဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်…
Was this answer helpful?
LikeDislikeကိုထူးဆန်း လေးတော့မလေးစားပါနဲ့ဦးနော်ရွှေကြည်ခြေထောက်မြေကြီးနဲ့မထိတော့ဘူး။ :D
ချစ်မမ ရွှေကြည်ဘ၀မကူးပဲ အကျိုးပေးတာပေါ့နော် ဖတ်တော့မဖတ်ရသေးဘူး။ ၀တ္တုထဲမှာချောရလည်းနည်းလား အဟိ။
ဦးကြောင် ကြာင်လက်သည်းကအဆိပ်ရှိတယ်ကြားဖူးတယ် ရွှေကြည်ကြောက်ကြောက်။
ချစ်ခင်လေးစားရပါတဲ့ အရီးရေ ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။
ကိုအညာတမာ ကျေးဇူးပါ။
Wow ကျေးဇူးတင်ပါတယ်။
Hnin Hnin နောက်တကြိမ်အတွက်ရွှေကြည်အားခဲထားမိပါတယ်။ အများကြီးလှူနိုင်အောင်လေ။
လာရောက်အားပေးသူအားလုံးကို ရွှေကြည်က ကျန်းမာပါစေလို့…။
Was this answer helpful?
LikeDislikeမရွှေကြည်ရေ ….
ဓါတ်ပုံလေးတွေမြင်ရတာ ကြည်နူးမိပါတယ် ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းကြတဲ့ စေတနာရှင်ပရဟိတ္တက လူတွေကိုလည်း အားကျ ချီးကျူးမိပါတယ် ။ ပညာရေးအလှူဆိုတာကလည်း အလွန်မြင့်မြတ်လှပါတယ် ။
ဒီလို အဖွဲ့လေးတွေ များများပေါ်ပေါက်လာပါစေ ……. ကိုယ်တိုင်လည်း တတ်နိုင်တဲ့ဘက်က အုတ်တချပ် ၊ သဲတပွင်အဖြစ်နဲ့ … ကုသိုလ်ယူချင်ပါသေးတယ် ။
Was this answer helpful?
LikeDislikeမအိတုံ ကျေးဇူးတင်ပါတယ်နော်။ အမြန်ဆုံးကုသိုလ်ပြုနိုင်ပါစေလို့..။
Was this answer helpful?
LikeDislikeခေတ်လူငယ်တွေဖြစ်ပြီး
ထွေရာလေးပါးစိတ်မကစားဘဲ
ကောင်းရာအမှု ကောင်းကျိုးပြုကြတဲ့
ရွှေကြည်တို့ အဖွဲ့ကို လေးစားမိပါတယ်…
တိုးတက်အောင်မြင်ပါစေ…
Was this answer helpful?
LikeDislikeတကယ်ကို ကြည်နူးဖွယ်ရာ အလှူလေးတစ်ခုပါ…
အခုလို ကလေးငယ်တို့အတွက် ပညာရေးမှာ…
လွယ်ကူစွာ ကျောင်းတက်စေချင်ပါတယ်…
မိုက်လေး…၄-တန်းလောက်မှာ (ဘ.က) ကနေ…
ကျောင်းတက်ခဲ့ရတဲ့အတွက် ကလေးငယ်လေးများကို…
ကိုယ်ချင်းစာမိပါတယ်…ငယ်ရွယ်တဲ့ကလေးတွေကို…
ကိုယ့် မောင်ငယ် ညီမငယ်လေး တွေအဖြစ် သတ်မှတ်ကြည့်မယ်ဆိုရင်…
လျှောက်လမ်းအတိုင်း မိုက်လေး တို့လိုအဖြစ်မျိုးဆိုရင်…
ရေကြောင်းကတစ်မျိုး လမ်းအသွယ်သွယ်နဲ့ ဘယ်လိုနည်းနဲ့မှ…
စိတ်ချနိုင်စရာ အကြောင်းမရှိပါဘူး…။
ပညာရည် တိုးတက်စေဖို့အတွက် အခုလိုအလှူဒါနတွေ…
မိုက်လေး တို့ကိုယ်တိုင် မရောက်နိုင်ပါဘူး…..
အခုလို ခက်ခက်ခဲခဲနဲ့ သွားရောက်အလှူပြုခဲ့တဲ့ ..shwe kyi ကို
လေးစားပါတယ်နော်…နောက်လည်းဒီထက်မက လှူနိုင်ပါစေလို့….
ပီတိလည်း ဖြစ်မိပါတယ်….။ မီးငယ်လေးတို့ ပညာရေးလည်း …
တိုးတက်ပါစေ………….။
Was this answer helpful?
LikeDislikeမအိ အားပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။
မိုက်လေးရေ ဒီထက်ပိုလှူနိုင်အောင်ကြိုးစားနေမယ်နော်။
အားလုံးကိုကျေးဇူးအထူးတင်ရှိလျှက်
လေးစားလျှက်
ရွှေကြည်
Was this answer helpful?
LikeDislikeရွှေကြည်က…ကိုရီးယားမင်းသမီးနဲ့ တူတယ်ဆိုတော့…
ဒီရွာထဲမှာ…ကိုရီးယား..လိုချောတာ လှတာ နှစ်ယောက်ရှိပြီပေါ့နော် ။
ရျွှေကြည်ရယ်…
ဂျွန်စောနဲ့ တူတဲ့  အနော်..ရယ်..။
အဟိ
Was this answer helpful?
LikeDislikeကိုပေ – ကိုပေစိ ခင်ဗျားရွှေကြည် ပုံတွေ့လိုက်လား
ပေစိ – တွေ့လိုက်ပါသော်ကောဗျာ ရွှေကြည်မှရွှေကြည်အစစ်
ဖိုးထောင်- ပေစိ မင်း သိရင်သိတဲ့အတိုင်းမပြောနဲ့ မကောင်းဘူး ကိုပေ ကတကယ်ကြည့်ချင်နေတာ
ကိုပေ – ပေစိ ဖိုးထောင်စကားနားမထောင်နဲ့ ဘယ်ဟာလဲ ငါ့ကိုပြ
ဖိုးထောင်- ပေစိ ငါ့လာကြည့်မနေနဲ့ မင်းဘာသာပြောရင်ပြော ပြီးရင် ကိုပေ့ အကြောင်းမင်းသိလိမ့်မယ်
ပေစိ – ပြောလိုက်ပါ့မယ်ကွာ ကိုပေသနားပါတယ် ပုံလေးတွေသွားပြန်ကြည့်လိုက် အောက်ဆုံး ကစရေတွက်လိုက် ဒုတိယမြောက်ပုံ သုံးယောက်ထိုင်အချိုပွဲဆွဲနေတာတွေ့လား ဒီဘက်ကတစ်ယောက် ကရွှေကြည်ပဲကွ ကျန်တာတော့ မင်း စဉ်းစားကြည့်
ကိုပေ – ပထမအားတက်သွားသည်။ ဒုတိယသွားကြည့်သည်။ တတိယမျက်နှာမကောင်း
စတုတ္ထ သူတို့သုံးဦးပုံနှင့်တန်းကပ်လျက်မှ ပုံကဲ့သို့ဖြစ်သွားလေတော့သတည်း။ ညွှတ် ညွှတ် ညွှတ်
Was this answer helpful?
LikeDislikeကိုအလင်းဆက် ဂျွန်စောကအခုဆိုအသက်တော်တော်ကြီးလောက်ပြီနော။
ကိုဖိုးထောင် တကယ်အဲလိုမယ်သီလရှင်လေးဝတ်နိုင်တယ်ဆိုဘယ်လောက်အေးချမ်းလိုက်မလဲနော်
အခုတော့…။
Was this answer helpful?
LikeDislikeစနွင်းမကင်းရေ၊၊၊ အဲ မှားလို့ ရွှေကြည်ရေ၊၊၊ လေပြေတွေအလာမှာ ဖွေရှာကာ အဖြေရှာရရင်ဖြင့်၊ ဤမြေကမ္စ္ကာမှာ လိုနေရှာတာက မေတ္တာတရားဘဲ မဟုတ်ပေဘူးလား ရွှေကြည်ရဲ့၊၊၊ မေတ္တာတရားတွေနဲ့ ချစ်သတာပွားမှသာလျှင် အချစ် ကမ္တာမြေကြီးက လစ်ဟာနေတဲ့ ဆင်းရဲခြင်း ဒုက္ဂတရားတွေ ကို တထောင့်တနေရာက ကွက်လပ်ဖြည့် ပရဟိတမည်ပေမယ်မဟုတလား ရွှေကြည်က စေတနာတွေစီပေးမှတော့ စာအလီလီ ဘာမထီဇာနည်ဖွားစိတ်ဓါတ်တွေရှိကြသမို့ သာဓု သာဓု သာဓုလို့ခေါကြရတော့မယ် လူအပေါင်းတို့ရေ ရွှေကြည်ရတနာကို လေပြေအလာမှာ စိန်စီတဲ့ချယ်ကာလီနဲ့ တယဝတိန်သာအထက်နန်းဆီသို့ အားလုံးသောက်ရန်းသာပို့လိုက်ကြပါစို့ဗျား။။။
Was this answer helpful?
LikeDislikeအဟိ ဇာတ်ခေါင်းကွဲလာတာထင်တယ်။ နောက်တာနော်။
Was this answer helpful?
LikeDislikeကိုယ်တိုင်မပါဝင်နိုင်ခဲ့ပေမယ့် အခုလိုပုံလေးတွေကြည့်ပြီး
သာဓုခေါ်ပါတယ်နော်
တကယ့်ကို ကြည်နူးမိပါတယ်
Was this answer helpful?
LikeDislikeအောင်သူဦးရေ နင်ပြောတာနဲ့ငါတော့ပွဲထဲကဇာတ်တော်ကြီးကိုမြင်ယောင်မိသွားတယ်။
မမနိုရာရေ ၀မ်းသာပါတယ်နော်သာဓုခေါ်လို့လေ။ ကြည်နူးမှုတွေပေးလိုက်နိုင်လို့ကျေနပ်မိပါရဲ့။
Was this answer helpful?
LikeDislike