တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ
တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ
စာရေးသော သတင်းစာ ဆရာ၊ စာရေးဆရာ တို့၏ရေးသားမူများတွင် တရားစီရင်နေဆဲ အမူများပါဝင်တတ်ပါသည်။ထိုအခါတရားရုံးကို မထီမဲ့မြင်ပြုရာရောက်သော စကားရပ်များပါဝင်တတ်ရာ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည့် အမူများ ဥပဒေပုဒ်မနှင့် ညှိစွန်းတတ်ပါသည်။
တရားရုံးများ တွင် အမူစစ်ကြားနာလျှက်ရှိသော အမူများနှင့်ပတ်သက်၍ ဝေဖန်ဆုံးဖြတ်ရန် တာဝန်မှာ တရားရုံးများအပေါ်၌သာတာဝန်ရှိသည်။တချို့က အမူကိုကြိုတင် ဝေဖန် စကားဦးသန်း၍ပြောတတ်ကြသည်။ ဒီပုဒ်မက ဘယ်လို ဒီအမူ
ကတော့ ဘာမှ ဖြစ်မယ့်အမူ မဟုတ်ပါဘူး။ဒီအမူမှာ ဒီကောင်ထောင်ကျနိုင်တယ် ဒီပုဒ်မနဲ့စွဲတာအမူမမြောက်နိုင်ဘူး.စသည်ဖြင့်ပြောတတ်ဝေဖန်တတ်သည်။ဒီထက်တဆင့်တက်၍အများသိစေရန် စာဖြင့် ရေးသား တတ်ကြရာ တရားရုံး၏ စီရင်ချက် မချမီရေးသားပြောဆိုခြင်းသည် တရားရုံး ကိုမထီမဲ့မြင်ပြုရာရောက်စေပါသည်။
သတင်းသမား ၀ါနုသူလေးများက FIR ကူးပြီး စွပ်စွဲခံရသူကို တရားခံဟူ၍ရေးတတ်သည်။ရဲ၏ပထမ သတင်းပေး တိုင်တန်းချက်သည် တရားရုံး၏စီရင်ချက်မဖြစ်သေး၍ စွပ် စွဲခံရသူပင်ဖြစ်ပါသည်။တရားခံမဖြစ် သေးပါ။
မကြာသေးခင်ကာလတစ်ခု၌ ပုဒ်မ-၅၀၀နှင့်ဦးတိုက်လျှောက်မှုတစ်ခုကိုတရားသူ ကြီး ကကျင့်ထုံး-၂၀၂နှင့်စစ်ဆေးရန် ရဲစခန်းကိုချပေးသည်။ ရဲစခန်းကစစ်ဆေးခဲ့သည်။ တရားရုံးကစစ်ခိုင်းသော ကျင့်ထုံး-၂၀၂တွင် တစ်ဖက်စစ်ဆေးခံရမည့်သူကို တရားခံဟု ရေးသားထားသည်ကို အံ့သြဘွယ်ရာတွေ့ရဖူးသည်။
အသိတစ်ယောက်က ပန်းတနော်မြို့နယ်တရားရုံးတွင် ပုဒ်မ-၈(၃)ဖြင့်တရားစွဲဆို ခံထားရသည်ကို ထိုအမှုနှင့်ပတ်သက်သော ရှေ့နေက လက်ဖက်ရည်ဆိုင်စကားဝိုင်း တွင် ဒီအမှုက ဒဏ်ငွေနဲ့ပြီးမှာပါ ဟုပြော သံကြားရ၏။ တရားရုံးကစီရင်ချက်မချမီ ကြို တင်ပြောဆိုခြင်းသည်ပင်လျင် တရားရုံးကိုမထီမဲ့မြင်ပြုရာ ရောက်သည်။ ထိုအမှုကိုတစ် ကယ်တမ်းစီရင်ချက်ချသည့်အခါ ထောင်(၅)လကျသည်ဟုကြားသိရသည်။
“ တရားရုံးတော်၏ ဂုဏ်ကျက်သရေကို ထိပါးသော(သို့မဟုတ်)တရားဖြောင့်မှန် ရေးလမ်းစဉ်ကို နှောင့်ယှက်နိုင်သောအရေးအသား၊အပြောအဆိုအားလုံးရုံးတော်ကိုမထီ မဲ့မြင်ပြုခြင်းများဖြစ်သည်။“
စစ်ဆေးဆဲအမှုနှင့်ပတ်သက်၍ တရားစီရင်ရေးလမ်းကြောင်းကို အနှောက် အယှက်ဖြစ်စေရန် လည်း ကောင်း၊ အများပြည်သူများက အမှုသည်များအပေါ်အထင် အမြင်လွဲမှားစေရန်လည်းကောင်း ဂျာနယ် သတင်း စာတို့၌ရေးသားခြင်းသည် တရားရုံး အားမထီမဲ့မြင်ရာရောက်သည်။
ပုဒ်မ-၅၀၀ အမှုတစ်ခုကို တရားရုံးကကျင့်ထုံး-၂၀၂အရ ရဲစခန်းကိုစစ်ဆေးစေခဲ့ သည်။ ထို့နောက် တရား သူကြီးက ပြစ်မှုမြောက်၍ အမှုကိုရုံးတော်၌လက်ခံလိုက်ပြီး ရုံး ချိန်ရက်နှစ်ဖက်စလုံးသို့ပေးလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက်ကိုမစစ်ရသေး၊မောင်ဖြူ ကတရားလို မောင်မဲ၊မောင်ပြာက စွပ်စွဲခံရသူဖြစ်သည်။ ရုံးချိန်းနေ့သို့ရောက်သောအခါ တရားလို မောင်ဖြူကရုံးရှေ့သို့ရောက်လာသော်လည်း စွပ်စွဲခံရသူများက မလာရောက် ဘဲခွင့်တင်သည်။ မောင်မဲကခရီးသွားသည်ဟုခွင့်တင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခရီးသွား သည်မှာမှန်ကန်ကြောင်းထောက်ခံသည်။ မောင်ဝါကခရီးလွန်ကြောင်းထောက် ခံစာနှင့်မောင်ပြာက မည်သည့် ထောက်ခံစာမှမပါဘဲ နေမကောင်းပါဟုခွင့်တင်သည်။
စွပ်စွဲခံရသူတို့သည် ကျင့်ထုံး-၂၀၂အရ ရဲစခန်း၌စစ်ဆေးခံရပြီးသူများဖြစ်ကြ သည်။ ၄င်းအပြင်အမှုကို မြို့နယ်တရားရုံးက ဥပဒေပုဒ်မ-၅၀၀ နှင့်လက်ခံထားပြီးဖြစ်၍ ရုံးချိန်းရက်လည်းရပြီးဖြစ်သည်။ ရုံးတော်က ခေါ်ယူသည့်ရက်မှ မောင်မဲက ခရီးသွား သည်ဟူသောခွင့်စာနှင့်ခွင့်တင်သည်။ အမှန်ခရီးမသွား သူ၏ဈေးဆိုင် ၌ဈေးထိုင်ရောင်း နေသည်ကို တရားလိုနှင့်အခြားသူများလည်းမြင်သည်။ ဤသည်ကား တရားဖြောင့်မတ် ရေး ကိုသွယ်ဝိုက်သောနည်းဖြင့် နှောက်ယှက်ခြင်း၊အမိန့်ဆင့်စာဝရမ်းတို့ကို အတည်ပြု ရာ၌နှောင့်ယှက်ခြင်း တစ်မျိုးဖြစ်သည်ဟု ထင်ပါသည်။ မိမိသည်ခရီးမသွားဘဲ တစ်ဖက် လှည့်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခရီးသွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ ရေးခိုင်းခြင်းသည်လည်း မရိုးဖြောင့်သောလိမ်လည်မှု ဖြစ် ပါသည်။ မောင်မဲ၏လုပ်ရပ် သည် တရားရုံးတော်နှင့်တရားသူကြီးကို အထင်အမြင်သေးသိမ်စေနိုင်သော လုပ်ရပ် ဖြစ်ပါသည်။ ၄င်းတို့၏လုပ်ရပ်သည် တရားရုံးကိုမထီမဲ့မြင်ပြုရာရောက်သောလုပ်ရပ် ဖြစ်ပါသည်။ တရားရုံးကိုမထီမဲ့မြင်ပြုမှုကို အရေးယူပေးပါရန် အပြင်လူတစ်ဦးကလည်း တရားရုံးသို့လျှောက်ထား နိုင်ပါ သည်။
စာရေးဆရာများ တရားအမှုများရေးသားရာ၌ နှစ်ဖက်သော သက်သေစစ်ချက် ကြားနာ၍ ဆုံးဖြတ် ချက်မပေးမီ တရားခံအပြစ်ရှိကြောင်း သို့မဟုတ် တရားခံအပြစ်မရှိ ကြောင်း ကြိုတင်ထောက်ပြ ရေးသား ခြင်း များသည် တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်ပါသည်။
သတင်းထောက်တစ်ဦးသည် တရားရုံး၌ ဥပဒေပုဒ်မ-၃၅၃ အရစွဲဆိုထားသော အမှုတစ်ခုကို စစ်ဆေး နေစဉ်အတွင်း ရေးသားရန် အင်တာဗျူး လုပ်၍ ဂျာနယ် တစ်စောင်၌ထည့်ရန်ကြိုးစားခဲ့ဖူးပါသည်။ ကျွန်တော် က တရားရုံးတွင်စီရင်နေဆဲအမှုကို ရေးခွင့်မရှိပါဟု ပြောဆိုသတိပေးခဲ့ရဖူးသည်။
တရားရုံး၏ ဂုဏ်ကျက်သရေကို ထိခိုက်စေသော ၊ တရားရုံးအပေါ်တွင် အထင် အမြင်မှားယွင်းသေး သိမ်စေနိုင်သော အရေးအသားမျိုးကို ရှောင်ကြဉ် ၍ ဥပဒေပုဒ်မ-၃ နှင့်လွတ်ကင်းနိုင်ကြစေရန် စေတနာနှင့် ရေးသားတင်ပြလိုက်ရပါသည်။



ဗဟုသုတရပါတယ်
Was this answer helpful?
LikeDislikeWas this answer helpful?
LikeDislikeဆောရီးဗျာ၊ သူငယ်ချင်းတစ်ယောက် လက်သရမ်းသွားတာ
Was this answer helpful?
LikeDislikeဆြာထက်ရေ
ပေါက်ဖော် ဖရဲသီးခိုးစားခြင်းဆိုတဲ့ အကြောင်းကို
နောက်ဆုံး စီရင်ချက်ချပြီးမှ
ဘာဆက်ဖြစ်သလဲဆိုတာ
ရေးတင်ရမယ် ဆိုတဲ့သဘောပေါ့နော
Was this answer helpful?
LikeDislikeနားမလည်ဘူး
Was this answer helpful?
LikeDislikeဗဟုသုတ ရဖွယ်ရာ… ပိုစ့်ပင် ဖြစ်ပေတော့သတည်း..။
Was this answer helpful?
LikeDislikeဖတ်ရှုပြီး ရသမျှ ဗဟုသုတတော့ ယူသွားပါတယ်။
အမှုတစ်ခုဖြစ်နေချိန်မှာ ကြိုတင်ပြီး ဝေဘန်တာ…ခန့်မှန်းတာ… ပြောဆိုတာတွေဟာ တရားရုံးကိုမထီမဲ့မြင် ပြုရာရောက်တယ်လို့ သိသွားရပါတယ်ခင်ဗျာ……
Was this answer helpful?
LikeDislikeဗဟုသုတရလို့ကျေးဇူးတင်ပါတယ် ဆရာထက်ရေ။ တရားရုံးနဲ့ပတ်သက်ပြီးသိချင်တာလေးတွေမေးချင်လို့ ပိုစ်တခု တင်မလားလို့။ ပိုစ့်တင်တော့ပြန်ရှာဖတ်ရတာလွယ်တယ်။ ကွန်မန့်ရေးပြီးရင်ပြန်ရှာဖတ်ရတာတော်တော်ခက်လို့ပါ။
Was this answer helpful?
LikeDislikeရေးပါဆရာ
ဆရာနေးချားကြီး ကိုတောင် သတိရနေတာပါ
ပျောက်ချက်သားကောင်းနေလို့ပါ
Was this answer helpful?
LikeDislikeဆရာထက် ခင်ဗျာ ..
ဗဟုသုတ အဖြစ် ဖတ်ရှုသွားပါတယ် ခင်ဗျာ ..
နောက်အခါ ကိုယ်တိုင် ကြုံလာခဲ့ရတဲ့အခါမျိုးမှာ
ဆင်ခြင်နိုင်တာပေါ့ ခင်ဗျာ …
ကျေးဇူးပါ ခင်ဗျာ ..
Was this answer helpful?
LikeDislikeခုလို ဖတ်ရှု့ အားပေးကြတာကိုပဲ ကျေးဇူးပါဗျာ
ကျွန်တော်ကလည်း မြင်တာတွေ့တာလေးတွေရေးလိုက်တာပါ
Was this answer helpful?
LikeDislikeကြိုက်တယ်ဗျာ ……. တရားသူကြီးများ ဖြောင့်မတ်မှန်ကန်စွာဖြင့် စီရင်ချက်များချနိုင်ကြပါစေ….
Was this answer helpful?
LikeDislikeတရားရုံးရှေ့တွင် တံတွေးထွေးခြင်း၊ ရုံးထဲတွင် အီးပေါက်ခြင်း၊ တရားသူဂျီး အမှုလိုက်စာရေးအား ငွေထိုးပြီးနောက် ကွယ်ရာသွားပုပ်လေလွင့် ပြောခြင်းများသည် ရုံးဒေါ်အား ပို၍မထီမဲ့မြင် ပြုရာရောက်ပေသည်။ :eek:
Was this answer helpful?
LikeDislikeမသိလို့မေးချင်ပါတယ်ရှင့်။(တရားရုံးတွင်စီရင်နေဆဲအမှုကို ရေးခွင့်မရှိပါဟု ပြောဆိုသတိပေးခဲ့ရဖူးသည်။) ဆရာထက်ဝေးက ဥပဒေအရာရှိလား၊ ဒါမှမဟုတ်သတင်းသမားတွေရဲ့ ပြောရေးဆိုခွင့်ရှိသူလားသိပါရစေ။(သတင်းထောက်တစ်ဦးသည် တရားရုံး၌ ဥပဒေပုဒ်မ-၃၅၃ အရစွဲဆိုထားသော အမှုတစ်ခုကို စစ်ဆေး နေစဉ်အတွင်း ရေးသားရန် အင်တာဗျူး လုပ်၍ ဂျာနယ် တစ်စောင်၌ထည့်ရန်ကြိုးစားခဲ့ဖူးပါသည်) အဲဒါဘူလေးလဲ…… ဘူလေးလဲ။ ကျမတို့တောရွာမှာအ
ရင်ကမှုခင်း သတင်းထောက်တယောက်ရှိခဲ့ဖူးတယ်။ ရဲထက်တောင်သူ့ကိုကြောက်ရသေးတယ်။
အခုတော့လဲသူက အမြင်မှန်ရသွားလား မသိပါဘူး။ကောင်းရာကောင်ကျိုးလုပ်နေတယ်လို့တော့
ကြားပါတယ်၊ ဘယ်အချိန်သူ့အကျင့်ပေါ်မလဲတော့မသိဘူး။ ဥပဒေအကြောင်နားလည်နေတာကိုယ်
တိုင်စာအုပ်ဖတ်လို့လား၊ ကိုတွေ့အဖြစ်အပျက်ကြောင့်လား။ဆက်ရေးပေးပါအုံး
Was this answer helpful?
LikeDislikeကျွန်တော်က ဥပဒေ အရာရှိ မဟုတ်ပါဘူး
သို့သော် ကိုယ်နဲ့ ဘ၀တူ စာပေသမားတွေ တရားစွဲခံရမှာ စိုးလို့ ပြောမိတာပါ
ပြောရေး ဆိုခွင့် ရှိသူလည်းမဟုတ်ပါဘူး
ကျွန်တော်က စာပေ၀ါသနာကြီးသူ တစ်ယောက် ဖြစ်သလို စာပေအပေါ် သံယောဇဉ်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဥပဒေ အကြောင်းကတော့ ရှေ့နေလောက် တတ်တယ်လို့ပဲ ကြွားပြောရတော့မှာပဲ
ညီမလေး စာတွေကို သေချာ ဖတ်ကြည့်ရင် လူတစ်ယောက်ရဲ့ အရည် အချင်းနဲ့ စိတ်ကို
မြင်သာနိုင်ပါတယ်။
စောစောက ပြောတော့ မူခင်း သတင်းထောက် တစ်ယောက်ကို ရဲထက်ကြောက်ရတယ်ပြောတယ်နော်
မူခင်း သတင်း ထောက်ဆိုတာ ကြောက်စရာမလိုပါဘူး သူက မူခင်းကျဆင်းပညာပေး သတင်း ထုတ်ပြန်ရေး လုပ်နေသူမို့ လေးစား သင့်ပါတယ်။ ဒီထဲမှာ စုန်းပြူလည်း၇ှိနိုင်ပါရဲ့
သေချာအောင် သတင်းထောက်ဆိုတာ ဆိုတဲ့ ဆောင်းပါးလေး ဂေဇက်မှာ ပြန်ဖတ်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျား
Was this answer helpful?
LikeDislikeတရားရေး ဝန်ထမ်းများကို ပြန်လည်၍ ဥပဒေရေးရာ ပြန်
ဖတ်စေချင်မိ၏။
Was this answer helpful?
LikeDislikeဆရာသန်းထွဋ်ဦးခင်ဗျား
တကယ်ပြောရရင် ခင်ဗျား ပြောတာ အမှန်ပဲဗျ
ဒီလို လိမ်လို့ လည်းရတယ် ဘာမှ မဖြစ်ဘူး
ဖြစ်ပုံတွေကတော့ ဗျာ…………………
Was this answer helpful?
LikeDislikeယူအက်စ်..ကိုလိုရာဒိုမှာ. လူတယောက်က..ရုပ်ရှင်ရုံထဲဝင်.. လူ၁၂ယောက်သေပြီး.. ၅၀လောက်ဒဏ်ရာရအောင်.. သေနတ်နဲ့ပစ်သွားတယ်..
ပြန်အထွက်… ကားပါ့ကင်မှာ..သူ့ကို.. လက်နက်တွေနဲ့.. လက်ပူးလက်ကြပ်မိပါတယ်..
တရားရုံးကို…. မနက်ဖြန်မှာထုတ်.. တရားစွဲမယ်ပြောနေကြတာပါပဲ..
ဆိုတော့…
တရားရုံးက မဆုံးဖြတ်သေးသမျှ.. သူဟာ.. တရားခံမဟုတ်သေးကြောင်း.. တရားခံလို့.. မီဒီယာတွေက.. မေ၇းရကြောင်း…။ Shooting suspect လို့ရေးကြကြောင်း…
တရားခံလို့ရေးလိုက်ရင်. တရားရုံးကို.. မထီမဲ့မြင်လုပ်ရာဖြစ်ကြောင်း…
မြန်မာပြည်.. အနောက်ဖက်ကမ်းခြေအေ၇းအခင်းမှာ.. တချို့မီဒီယာတွေ ပုံနှိပ်စာတွေမှာ.. သုံးစွဲခဲ့တဲ့.. အရေးအသားများကို.. ပြန်စိစစ်ကြည့်ကြစေလိုကြောင်း..
=
Shooting suspect’s gun range membership rejected
CBS News – 39 minutes ago
(AP) AURORA, Colo. – Shooting suspect James Holmes applied to join a Colorado gun range last month but never became a member because of his behavior and a “bizarre” message on his voice mail greeting, the range’s owner said Sunday
Was this answer helpful?
LikeDislikeမနက်က အဲ့သတင်းဖတ်လိုက်ရတယ် …. ။ ဒီလူငယ် စိတ္တဇ လူသတ်သမားပဲ ….. ။
Was this answer helpful?
LikeDislikeအာ…ဒီလိုဆိုတော့လည်းတစ်မျိုးကြီးပါလား။ဒါဆိုတ၇ား၇ုံးမှာမှမျက်စိပါတာပေါ့ မှူခင်းဖြစ်တဲ့ဘေးနားကလူတွေကမျက်စိမပါဘူးပေါ့။ မြန်မာပြည်အနောက်ဖက်ကမ်းခြေအေ၇းခင်းမှာ ဒီလောက် လူတွေသတ်ဖြတ်၊မြို့လုံးကျွတ်မီး၇ှို့တာ တစ်တိုင်းပြည်လုံးကိုယ်တွေမြင်တွေ့နာတာကို “တ၇ားခံ”လို့ခေါ်လို့မ၇ဘူးပေါ့နော်…………..”Suspect” သံသယ၇ှိတယ်လို့ပဲဖော်ပြ၇တာပေါ့နော်
ပာုတ်လား……………………
Was this answer helpful?
LikeDislikeAN;သဂျီးက မန်းလိုက်ရင် ထိတာပဲ ၊ နားမလည်လို့ ဖတ်ပဲဖတ်နေတာ မန်းဖို့ကတော့အဝေးကြီး (တကယ်) (U)htet way in MDG လို့ရေးရင်ရှယ်ဖို့လုံလောက်လား ဦးလေး..
Was this answer helpful?
LikeDislikeဆရာထက်ရေ တရားရုံးကိုလေ … မထီမဲ့မြင်ပြုတာ …. တရားဥပဒေတွေ ၊ ပုဒ်မတွေကို နားလည် ယဉ်ပါးနေသူ အများစုပါပဲ ။
တရားရုံးနဲ့ ပတ်သတ်မှုမရှိ ၊ knowledge မရှိတဲ့ သာမန်လူတစ်ယောက်အတွက်တော့ ၊ ထိပါးစော်ကားတဲ့ အရေးသားမျိုး ရေးချင်လျှင်တောင် ဘယ်ကစရေးရမှန်း မသိလို့ပါပဲ … ။ (ဥပမာပြောတာနော် …. တရားရုံးကို ထိပါးစော်ကားတဲ့ အရေးသားရေးဖို့ ကြံစည်နေတာ မဟုတ်ရပါဘူး .. ဂယ်ဘာ .. ဂယ်ဘာ :P )
ဆရာထက်ရေ .. နောက်တစ်ခုကလေ … စာရေးသူတွေ ဂျာနယ်လစ်တွေ ဘက်ကလည်း တရားရုံး၏ ဂုဏ်ကျက်သရေကို ထိခိုက်စေသော ၊ တရားရုံးအပေါ်တွင် အထင် အမြင်မှားယွင်းသေး သိမ်စေနိုင်သော အရေးအသားမျိုးကို ရှောင်ကြဉ် ပြီး ရေးသင့်သလို … တရားရုံးကလည်း … အရိုသေပျက်စေမယ့် ခြစား လာဘ်စားမှုမျိုးမပါတဲ့ စီရင်ချက်မျိုးချပေးပြီး … အကြည်ညိုခံသင့်တာမျိုးပါ ။
အကြောင်းကြောင့်အကျိုး … အကျိုးကြောင့် အကြောင်း … ဆက်စပ်နေတာကို ဆိုလိုခြင်းပါ … ။ :D
Was this answer helpful?
LikeDislikeအလို!!!!!!!!!!!!!!!!!!!!!!!!
အပေါ်ဂ ဘွားဒေါ်ဂျီးနဲ့ ကျုပ်က
ဘယ့်နှယ့်ကြောင့် အာဘော်တူသွားရသဒုံး
Was this answer helpful?
LikeDislikeရည်ညွှန်းတာကတော့ မှု့ခင်းအကြောင်းအရာတစ်ခုမှာ ဘောင်အတွင်းကနေ
ဝေဖန်ပိုင်းခြားလုပ်ဆောင်ဘို့ ဥပဒေတွေကို ပြောပြတယ်လို့ မှတ်ယူမိပါတယ်
သိုင်းကယူးဘာဗျာ
ဒါပေသိ ဘယ်သူနဲ့မှမတူအောင်ပြောရအုန်းမယ့်တာဝန်ကလည်း ရှိလာဗျန်ရော
( ဒါဂ ကိုယ့်ဖာသာ တာဝန်ရှိသလိုလို ဘာလိုလို ရာဒူးတပ်တာ :D )
တရားရုံးထဲကိုရောက်သွားပါပြီတဲ့ အနှီးအဲ့သည်တရားရုံးထဲမှာ တရားသူကြီးဆိုတဲ့သတ္တဝါက
အကောင်အကြီးဆုံးဆိုတဲ့သဘောတော့ဆောင်ပေမပေါ့
ဒါ့ကြောင့်လည်း သူလာရင်အကုန်လုံးမတ်တပ်ထပြီး အလေးပြုရတယ်ခေါ်မလား
ဘာလို့ခေါ်ရမဒုံး
ဆိုခဲ့ပြီးသလို မှု့ခင်းအကြောင်းရာတစ်ခုမှာ တရားသူကြီးမဟုတ်တဲ့ ရှေ့နေတွေ နောက်နေတွေ
စာနယ်ဇင်းတွေ သဒင်းသမားတွေက ဖေါ်ပြပြီးပါအတိုင်းလိုက်နာကြတာကတော့ ဟုတ်ပါပြီ
အနှီး အကောင်ကြီးကြီးအမြီးရှည်ရှည်နဲ့ တရားသူကြီးဆိုတဲ့ သတ္တဝါက
မှု့ခင်းအပေါ်မှာ အကြံဖန်လုပ်ထားရင် သူ့ကို ( တရားသူကြီးကို ) ဘယ်လိုများ
ခြေမှုံးလို့ရနိုင်မလဲဆိုတဲ့ သဘောလေးလည်း ရေးသားပေးစေလိုပါတယ်ခင်ဗျ
မဟုတ်လို့ကတော့ တရားသူကြီးမဟုတ်တဲ့သူတွေက တရားရေးမှာ ပေါက်ကရမလုပ်ရဘူး
ဟိုလိုဖြစ်လိမ့်မယ် ဒီလိုဖြစ်လိမ့်မယ် လို့ဆိုထားပြီး
တရားသူကြီးကိုကြတော့ ကွက်ချန်ထားတဲ့သဘောလေး ရှိနေသလိုဖြစ်နေလို့ပါခင်ဗျား
Was this answer helpful?
LikeDislikeအပေါ်ဂ အကြောင်းကို ကျုပ်က အပေါ်က အဖွားကြီးထက်အရင်ပြောတာ
ကျုပ်လေရှည်နေလို့ သူ့နောက်ရောက်သွားတာ
ခရက်ဒစ်မပေးနိုင်ဘူး
Was this answer helpful?
LikeDislikeရ၀ူး … ရ၀ူး … … အဘပုနော် ……. လူဂျီး ဖြစ်ပြီး …. လူလည်မကျနဲ့ …
ခရက်ဒစ်လည်းပေး ၊ ခရက်ဒစ်ကဒ်လည်းပေး…….. ခရက်၇ှာလေးလည်းပေး …ဂလုဂလု
Was this answer helpful?
LikeDislikeအနှီး အကောင်ကြီးကြီးအမြီးရှည်ရှည်နဲ့ တရားသူကြီးဆိုတဲ့ သတ္တဝါက
မှု့ခင်းအပေါ်မှာ အကြံဖန်လုပ်ထားရင် သူ့ကို ( တရားသူကြီးကို ) ဘယ်လိုများ
ခြေမှုံးလို့ရနိုင်မလဲဆိုတဲ့ သဘောလေးလည်း ရေးသားပေးစေလိုပါတယ်ခင်ဗ
ဒီခောတ်ကတော့ သိပ်ကိုရေးလို့ ရတာပေါ့ဆရာ မိုက်ကယ်ဂျော်နီအောင်ပုခင်ဗျား
မမှန်မကန် လုပ်ရင် လည်း တိတိကျကျလေး အချက်အလက်ယူပြီး ရေးရမှာပေါ့။ ကျွန်တော်ကတော့
ပထမဆုံး ၀င်တွေ့လိုက်တယ် ပြောပြတယ် မရရင် အများ သိအောင် ဂျာနယ်မှာ အုပ်တာပဲ ဗျ။
အခုဆို ရေးနည်း ပဲ အဓိက ကျတယ် လို့ ဆိုချင်ပါတယ် ။ကျွန်တော် ထက်ဆရာက ကျွမ်းပါတယ်
မကြာခင် ဒီလိုမျိုး ဆောင်းပါး မျိုးရေးမိမလားပဲ။
အားပေးကြတာ ကျေးဇူးပါ
Was this answer helpful?
LikeDislike