သမီးလေးစားသူများ
ဒီမြန်မာနိုင်ငံကပေါ့နော်သမီးလေးစားတဲ့သူတွေကို မှတ်ထားတာလေး၇ှိတယ် သူဒို့ကိုဒီနေ၇ာကနေပြီး လေးစားမှုနဲ့ ၈ါ၇ဝပြုပါတယ်၇ှင်
ဒါဂတော့ ညလေးတို့ တိုင်းပြည်၇ဲ့ ခေါင်းဆောင်ကောင်း အနှစ်တစ်သောင်းမှာတယောက်ပေါ်ဘို့မလွယ်ပါ
ဒါဂတော့ တိုင်းပြည်နဲ့လူမျိုးအတွက် မိသားစုနဲ့ကိုယ်ပိုင်လွပ်လပ်ခွင့်တွေဆုံး၇ှုံးခံပြီး တာဝန်ထမ်းဆောင်နေတဲ့ ကျက်သေ၇အပေါင်းနဲ့ပြည့်စုံတဲ့အမေ
ယုံကြည်ချက်တစ်ခုအတွက် ခိုင်မြဲတဲ့စိတ်ဓတ် ပြတ်သားတဲ့ဆုံးဖြတ်ချက် နဲ့အ၇ာ၇ာစွန့်လွှတ်စွန့်စားဝံ့သူ နုညံ့တဲ့နှလုံးသားပိုင်၇ှင်ဦးမင်းကိုနိုင်
ဒါကတော့သမီးတို့၇ွာသူ၇ွာသားတွေကိုအမြဲတန်းချိုပေါ့ကျလဖက်၇ည်လေးတိုက် ပြီးကူညီတတ်သူအေ၇းအသားကောင်းသူကျောင်းဒကာကြီးပါ
မှတ်ချက်။ ။ကာယကံရှင်မှ သူ၏ ဓာတ်ပုံအား ခွင့်ပြချက်မရပဲ မတင်ပေးပါရန် အီးမေးလ်ပို့  တောင်းဆိုလာသဖြင့် ဖျက်ထားလိုက်ပါသည် ။
ရွာသူ၊သားများ၏ ဓာတ်ပုံများ တင်လိုပါက ခွင့်ပြု၊ မပြု အရင်မေးပြီးမှသာ တင်ပေးကြပါနော ။
ဘဘဦးပေါက်ပုံကဂျာနယ်ကနေစကန်ဖတ်တာမကောင်းလို့မတင်လိုက်၇ဘူး
ဘဘဦးပေါက် ဘဘဦးဖေါ ဘဘပါလေရာ ဘဘဦးပေ စတဲ့လေးစားတဲ့လူတွေလည်း၇ှိပါသေးတယ် ဒါ့ပုံမ၇ှိလို့မတင်၇တာ ညလေးကိုခွင့်လွှတ်ပါနော်
၇ွာသားအားလုံးကိုခင်တဲ့
ချယ်ရီ
မေ့လို့သမီးမိတ်ဆက်ပါ၇စေ သမီးနာမယ်ချယ်၇ီပါ မိုးကုတ်သူပါ ၇န်ကုန်မှုာ သင်တန်းတွေတက်၇င်း ဘဝတက်လမ်း၇ှာဖွေနေသူပါ
အားလုံးကို ညလေးလေးစားပါတယ်



ချယ်ရီဂလေးကို ဦးကြောင်ခြစ်မိတော့မယ်…အရှေ့နည်းနည်း တိုးပေးပါလား..။ :cool:
Was this answer helpful?
LikeDislikeလုံးဝရှေ့မတိုးလိုက်ပါနဲ့ ချယ်လေးရယ်
အူးကြောင်ကို အထူးရှောင်ရမယ်ကွဲ့
သူ့ဂျစ်တာကို ပြောပါတယ်
ကျန်တာအားလုံးအေးဆေး
Was this answer helpful?
LikeDislikeသမီးရဲ့ လေးစားမှုကို မခံယူဝံ့ပါဘူးကွယ် ။
အပြင်မှာ မတွေ့ဘူးလို့ လေးစားနေတာပါ သမီးရယ် ။
အပြင်မှာ အဘက တကယ့် သင်္ဘောသား လူဆိုး လူကြမ်းကြီးကွယ့် ။
အခု Avatar ထဲကပုံက သမီးရဲ့တကယ့် ဓါတ်ပုံလား ။
ချောလိုက်တဲ့ သမီးလေး ။
Was this answer helpful?
LikeDislikeForeign Resident ကလည်း avatar ပုံက မေသက်ခိုင်ပုံပါ
မှောင်မဲနေတဲ့ သဇင်ကျတော့ သိတယ်
ဟဲ ဟဲ ဟဲ
Was this answer helpful?
LikeDislikeသိဘူးလေကွယ် ၊ အဘ တို့က အသက်ကြီးပြီကွယ် ။
ခုခေတ် မင်းသမီးတွေကို ( သဇင့်လို ) အရမ်း နာမည်ကျော်မှပဲ သိတော့တယ် ။
Was this answer helpful?
LikeDislikeဟဲ့ဟဲ့ ဖြဲမ သဇင်က မှောင်နေတာ ညည်းဘယ်လိုတိလဲ အာဟိ :grin:
Was this answer helpful?
LikeDislikeဘဲဥမရဲ့ သဇင်က အားလုံးမမှောင်ဘူး တစ်ခန်းထဲဘဲမှောင်တာ
ကင်မရာကြီးထောင်ရိုက်ထားတာ သိရဲ့သားနဲ့
Was this answer helpful?
LikeDislikeတော်တော်သွက်တဲ့ဘဘကြီးတွေ၊ နှူးဘာဂိုဏ်းတောင် နောက်ကောက်ကျသွားပြီ။
Was this answer helpful?
LikeDislikeဒါ့ပုံမ၇ှိလို့မတင်၇တာ ညလေးကိုခွင့်လွှတ်ပါနော်
၇ွာသားအားလုံးကိုခင်တဲ့
ချယ်ရီ
မေ့လို့သမီးမိတ်ဆက်ပါ၇စေ သမီးနာမယ်ချယ်၇ီပါ မိုးကုတ်သူဆိုတော့ ညလေးဆိုတာ ရွာထဲမှာရှိပြီသားလူလား
ညလေးတွေရော ချယ်ရီရော ဘာတွေလဲတော့
ကြည့်ရတာ ရွာသူအဟောင်းလား ပုံက ရခိုင်အလှူတုန်းကထင်တယ်
Was this answer helpful?
LikeDislikeစာလုံးပေါင်းကိုခွဲရေးရင်ကောင်းမယ်
သမီး လေးစားသူမျာလို့
မဟုတ်ရင် သမီးလေး စားလိုက်တဲ့သူတွေဖြစ်နေတယ်
Was this answer helpful?
LikeDislikeစာလုံးပေါင်းကိုခွဲရေးရင်ကောင်းမယ်
သမီး လေးစားသူများလို့
မဟုတ်ရင် သမီးလေး စားလိုက်တဲ့သူတွေဖြစ်နေတယ်
Was this answer helpful?
LikeDislikeဂျယ်ယီ နာမီလေး တိလို့ ဂျစ်ချင်သည် ♪♪♪
ရတနာမြေ မိုးကုတ်သူလေးကို ရွာသား များက အဟမ်း
ကြိုဆိုလျက်ပါ ။
Was this answer helpful?
LikeDislikeဖြဲရယ်……..ညလေးအစစ်လာပါပြီ….ဒီကညီမလေးနာမည်က…ချယ်ရီ တဲ့နော်….
ရောကုန်မယ်……
မိုးကုတ်သူလေးရယ်…..ကြိုဆိုပါတယ်နော်….
Was this answer helpful?
LikeDislikeမူပိုင်ခွင့်တော့ လုပ်သင့်ဘီနော် ညလေး…
Was this answer helpful?
LikeDislikeသူတို့ကျတော့လည်းကြိုဆိုလိုက်ကြတာ သောင်းသောင်းဖြဖြပဲနော် သူကြီးကလည်း သထာတယ် ၅၀၀၀ တန်းပေးတာပဲ ဘာပဲပြောပြော ချယ်ရီလေးကိုတော့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ် ရွာရဲ့ဥပဒေသတွေ ကိုတော့ သီးသန့် ကိုဖိုးထောင်သင်ပေးပါ့မယ် ဘဘဦးပေ လို့မခေါ်နဲ့ သိပ်မကြီးသေးပါဘူး သူက ကိုကြီး တို့ထက် ၈ နှစ်လောက်ပဲကြီးတာ ရှိလှမှ ၃၄၊၃၅ နှစ်ပေါ့ ကိုကြီးကတော့အခု ၂၆ နှစ်ထဲမှာ လိုတာရှိရင်ပြော နော် ဒီရွာမှာ ကိုကြီးက အားလုံးပိုင်တယ်
Was this answer helpful?
LikeDislikeကိုဖောရေ
ကျနော်အကြောင်းမသိသေးလို့ချယ်ရီလေးက လေးစားပါဒယ်လုပ်နေတာ
လူချင်းတွေ့လိုကတော့ နောင်တရသွားမယ်။
ကြာကြာပေါင်းရင် ကိုပေါက်ချဉ်မှန်းသိသွားမှာပါနော်။
မိုးကုတ်သူချယ်ရီလေးရေ ညလေး လို့တော့မသုံးနဲ့။
ဒီစာလုံးကိုမူပိုင်ရှိတယ်။
အဲတော့ ညမကြီးတကြီး ညပိစိကွေး ညလတ် ညပေါက်စနု ညပူးတူးတူးလေး ကြိုက်တာရွေး
ညလေးတော့ မသုံးနဲ့
ချယ်ရီလေးရိုက်ချက်ကတော့ မိုက်မှမိုက်။
တစ်ယောက်က ကင်မရာနဲ့ချိန်တယ်.။
တစ်ယောက်က လုံချည်ဖြန့်ဝတ်နေတယ်
မတော်လို့များ ကင်မရာချော်သွားရင် တွေးရဲပေါင်အေ…………………….
Was this answer helpful?
LikeDislikeခပ်တည်တည်နဲ့ဖွန်ကြောင်နေတာ ပြောချင်တာမေ့သွားတယ် ချယ်ရီလေး ဒီပုံဘယ်ကမလာတာလည်း ဒါရခိုင်အလှူပုံပဲ ဓါတ်ပုံဆရာကို ဓါတ်ပုံပြန်ရိုက်ထားတယ် ချယ်ရီလေး လေးစားတာအဲဒီကျောင်းဒကာကြီးလားဗျ
Was this answer helpful?
LikeDislikeမတူတဲ့အတွေးနဲ့မန့်ရရင်ဖြင့် ….
ကိုချောပုံ ကို မြင်ရလို့ …
သတိရမိပါကြောင်း ….
ပြောချင်ပါတယ်…ဗျို့…
Was this answer helpful?
LikeDislikeအရီးလဲ ကဘချောကို သတိရ နေပါတယ် မောင်ဂီရေ။
ကန်တီး မှာ လေများ ခဲ့ကြပုံများ။
သမီး လေးစားသလို အရီးလဲ သူ့ တို့ အားလုံးကို လေးစားပါတယ်။ :-)
Was this answer helpful?
LikeDislikeဘဘဦးပေတဲ့ အာဟိ
အောင်မလေးဟဲ့ကပေရဲ့ ဖြစ်ရလေ
Was this answer helpful?
LikeDislikeကပေတောင် “ဘ” ဖြစ်သွားဘီ
ဟိဟိ
Was this answer helpful?
LikeDislikeလေးစားထိုက်သူကို လေးစားခြင်းသည် မင်္ဂလာ တစ်ပါးပင် ဖြစ်၏.။
အကြင် လေးစားနေသူ၊ လေးစားထိုက်သူတို့ အားလည်း အကျွန်ုပ်မှ တန်ဖန်ပြည် လေးစားအပ်ပါ၏.။
အကျွန်ုပ်သည် လေးစားထိုက်သူလဲ မဟုတ်၊ လေးစားနေသူလဲ မဟုတ်၊ ကြားနေ ဖြစ်လတံ့သော သုံး နှစ်ပိုင်းတစ်ပိုင်း စားသူပင် ဖြစ်ပါ၏.။
ဟုတ်ကဲ့
ပြန်လည် မျှဝေခွင့်ပြုပါနော်။
ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeကျုပ်တို့ တံခါးမှုးကြီးက သူများရိုက်ပြမှ ဒီလိုဒီလိုခန့်ချောကြီးမှန်း သတိထားမိတော့တယ် … :D
ဘောစိတွေနေတဲ့မြေကလာတာဆိုတော့..
အလှူခံစရာတယောက်တိုးလာတာ .. အဲလေယောင်လို့.. ရွာသူတယောက်တိုးလာတာ
ကြိုဆိုပါတယ် တူမလေးရယ်…. :P
Was this answer helpful?
LikeDislikeတံခါးမူးကြီးကို ခုမှ မြင်ဖူးတယ်ဗျာ
တံခါးမူးကြီးဆိုတာ ကျွန်ုပ် နီးနီးကို ခန့် ပြီး ခြော တာပဲ
Was this answer helpful?
LikeDislikeမိုးကုတ်သူလေးရေ …
ကြိုဆိုပါတယ်နော့ ..
ဒါနဲ့ မိုးကုတ်သူလေးဂို တွေ့ဘူးပါဒယ် ..
ရုပ်ရှင်ထဲမှာ .. :D
Was this answer helpful?
LikeDislikeအော်…….. သူတို့တွေ သိပ်ပျော်နေကြပါလား ………… :D
Was this answer helpful?
LikeDislikeအစတုန်းက သမီးလေးစားသူများခေါင်းစဉ်ကို
ရုတ်တရုက်ဖတ်လိုက်တော့ သမီးလေး စားသူများလို့ထင်နေတာ
ဟီဟီ ဘယ်သူတွေစားတာလဲလို့ဝင်ကြည့်မိတာပါ
စိတ်မဆိုးရဘူးနော်
အဟတ် အတ်
Was this answer helpful?
LikeDislikeတူ့ဟာတူ စားချင်တာစာမှာပေါ့ ဖျဲမ ရဲ့ ….။ နင်တော်တော် စပ်စပ်စုစုနိုင်တာပဲ…။ ပီးဒေါ့ ငါ့ကိုများ မီးမရသွားပြီလားလေးဘာလေးနဲ့ နင်တော့တွေ့ဦးမယ်…။ ဟင်းးးးး :P
Was this answer helpful?
LikeDislikeဟုတ်သားဘဲဖရဲမရဲ့
ကိုနေက မိန်းမမယူဘူးတဲ့
ညည်းလိုဘဲယောက်ျားယူမှာဟဲ့
Was this answer helpful?
LikeDislikeညီမလေး ချယ်ရီရေ ကြိုဆိုပါ၏။တတ်အားသရွေ့ စာများကြိုးစားရေးပါနော့။
Was this answer helpful?
LikeDislikeသမီးချယ်ရီက လေးစားတဲ့သူတွေပြောပြလို့ ကျွန်တော်လည်းလေးစားတဲ့သူ တစ်ယောက်ကိုပြောပြပါရစေ၊
သူက တကမ္ဘာလုံးက ကလေး၊လူကြီး လူငယ်၊လူရွယ်တွေနဲ့ အဖိုး၊အဖွားစတဲ့ အရွယ်မရွေး အကုန်လုံး သူကို ကြိုက်ကြတယ်၊ အဲဒီလောက်ကို ကျော်ကြားတဲ့အတွက် လေးစားတာပါ။
သူကတော့ Mr.Bean ပါဘဲ။
Was this answer helpful?
LikeDislikeရွာထဲမှာက ညလေးတစ်ယောက်က ရှိပြီးသားဆိုတော့ …. ညလေးလို့ မိတ်ဆက်တာနဲ့  … ဇဝေဇ၀ါတောင်ဖြစ်သွားတယ် … ။
နာမည်တူနေပေမယ့် … အရင်တယောက်ကတော့ ညလေးက ညလေးပဲ … ။ ဒီညလေးကတော့ … ချယ်ရီလို့ပဲ ခွဲမှတ်ထားရတော့မယ် … ။
Was this answer helpful?
LikeDislikeCherry..ရေလေးစားပါတယ်…
လာကြည့်သွားတယ်နော်…။
Was this answer helpful?
LikeDislikeချယ်ရီလေး စားမယ် အဲ့ဟုတ်သေးပါဘူး
ချယ်ရီ လေးစားနေမယ် ဟုတ်တယ် အဲ့လို
Was this answer helpful?
LikeDislike