10
***ကြိုး***
***ကြိုး****
မမြင်နိုင် တဲ့ ကြိုးနဲ့  ….
ရိုးရိုးလေး ချည်ခဲ့မိ တာပါ
ငါ့ … မိုနာလီဇာ လေးရေ…၊
ပဉ္စလက် နှုတ်ခမ်းနှစ်လွှာပေါ်မှာ
လျှို့ ဝှက်ချက် ရှာချင်တဲ့ သူတော့မဟုတ်ရပါဘူး
လေးနက်မှု မှာ အိပ်မက်ကွန်ယက် ကို
ဆွဲဆန့် …. ဖြန့် ကျက် လိုက်မိတာလေ …၊
ဒီလို နဲ့ …..
ဂမ္ဘီရဆန်ဆန် အပြုံး ကို ခေါင်းအုံးလို့ 
အလိုလိုက် ခဲ့မိတဲ့ နှလုံသား
ခုတော့…..မိန်းကလေးရေ
သူ့ နေရာ သူ …. ပြန်ထားလို့  ..
မရတော့ဘူးးး…။။။



မမြင်ရတဲ့ကြိုးရဲ. ချည်နှောင်မှုက…….ပိုပြီးခိုင်မြဲနက်နဲကြောင်း
သက်သေပြလိုက်တဲ့ ကဗျာလေးပါနော်……
အားပေးသွားပါတယ်…….
လူတိုင်းလွန်ဆန်လို.မရနိုင်တဲ့….သံယောစဉ်ကြိုးလေးရဲ…..ချည်နှောင်ခြင်း
Was this answer helpful?
LikeDislikeအပြုံးကိုခေါင်းအုံးမိတော့လဲ… ခေါင်းနဲ့အုံးတားနဲ့ဆောင့်မိတာပေါ့နော်…. ဒီတော့လဲ နှလုံးသားက ရွှေ့သွား တာနေမှာပေါ့…
ရွှေသွားတော့လဲ….သူ့နေရာသူ ပြန်ရောက်ဖို့က ခဲယဉ်းမှာပါ….
အကြောလေးလွဲသွားရင်ကို နေရာမှန်အောင် အတော်အနာခံပြီးလုပ်ရတာ…. ဟီးးးးးးးးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeကြိုးထဲမှာတော့
အဲ့ဒီကြိုးက အဆိုးဆုံး …
အားပေးသွားပါတယ် မောင်ခင်မင်ရေ ..
ကဗျာလေးက အရမ်းကောင်းသဗျို့ ..
Was this answer helpful?
LikeDislikeပြဿနာပဲဆရာရေ့
ကြိုးဆိုတာ ရစ်ပတ်လွယ်တယ်ဆိုပေမယ့် ညှိရင်တော့ အင်…
Was this answer helpful?
LikeDislikeမိန်းခေးရယ်
နင့်ပခုံးနှစ်ဘက်ပေါ်က
ပိန်သေးသေး
ပလက်စတစ်ကြိုးလေးနှစ်ချောင်းကို
ငါ တစ်ကယ်မဖြုတ်ခဲ့ရပါလေ…။
အားပေးသွားပါတယ် ဆြာခင်ရေ
Was this answer helpful?
LikeDislikeဆရာခင်က
သမုဒယ ကြိုးလေး
ချည်နှောင် ရစ်ပတ်
ခံလိုက်ရတာကိုး…
ငြိမ်းချမ်းအေးမြပါစေဗျို့..
Was this answer helpful?
LikeDislikeနှလုံးသားကို သူ့နေရာသူပြန်ထားလို့မရရင်
လွှင့်ပစ်လိုက်တာလား
Was this answer helpful?
LikeDislikeအရှက်နဲ့သိက္ခာကို
ပခုံးနှစ်ဖက်မှာကြိုးတပ်
ခပ်တင်းတင်းချိတ်ဆက်လို့
နေ့ရက်တိုင်းကိုကျော်ဖြတ်
ခရီးဆက်ခဲ့ရတယ် ။
လူသာလဲချင်လဲမယ်
ပခုံးထက်ကကြိုး
နည်းနည်းမှမလွဲ
မမြဲလို့ မဖြစ်ဘူးပဲ …. ။
နွေမိုးဆောင်းကိုအံတု
ဘာကိုမှ မမှူတတ်လည်း
ဘော်လီကြိုးလေး မြဲဖို့
အရေးကြီးပါတယ် …. ခွိခွိ :P :P :P
(အားဖြည့်ပေးတာပါ …. အပျော်လေးနှောပြီးတော့ပေါ့ …. )
:D :D :D
Was this answer helpful?
LikeDislikeဒီကြိုးပဲဗျ ဖြတ်ရခက်တာ…
မမြင်ရတာလဲ ဒီကြိုးပဲ…
မြင်ရတာလဲ ဒီကြိုးပဲ…..(မြင်တော့ မမြင်ရဘူးပေါ့ကွယ် စကားအရပြောလိုက်တာ..ဟဲ)
သိမ်းထားရခက် ပြန်ထားရခက်နဲ့….
ရစ်ပတ်အောင် သူတမင်ဆွဲဆောင်တာလဲ မဟုတ်ဘူး…
အင်းးးးးးးးးပြန်ကြည့်လိုက်တော့…..
ငါကိုယ်တိုင်က ရိုးရိုးလေး ချည်ထားခဲ့မိတဲ့…
ကြိုးလေး တစ်ချောင်းဖြစ်နေတော့….
လေးနက်မှုတွေ ပါလာခဲ့တော့တာပေါ့နော်…
ဟိဟိ …ကဗျာက မိုက်တယ်ဗျ…
အားပေးသွားပြန်ပါတယ်….။
Was this answer helpful?
LikeDislikeကြိုးတဲ့……..
မကောင်းလည်း..ဒီကြိုး….
ကောင်းလည်း…ဒီကြိုး…..
ကြိုးမိန့်ကျထားသူအတွက်
ရက်စက်တဲ့..ကြိုး…….
တောင်တက်ခရီးလမ်းအတွက်
တမ်းတတတ်တဲ့…ဒီကြိုး….
အမျိုးမျိုးဆိုပေမယ့်…….
ကြိုးကတော့….ကြိုးပဲလေ…..
ဒါပေသည့်……
ရိုးသားမှုနဲ့….မရိုသားမှုကြားမှာ…
ကြိုးဟာ….
နာမည်ပျက်စရာ…ဖြစ်နေရတာတော့…အထင်းသား……..
(ကဗျာများနှင့် မွေ့လျော်သော ဆရာမောင်ခင်မင်…..အား..အလေးပြုပါ၏)
Was this answer helpful?
LikeDislike