နွားခြေရာ ရေအိုင်ငယ်ထဲက လူ ..
ကျွန်တော် ရွာထဲ မရောက်ဖြစ်တာ တော်တော်လေး ကိုကြာပါပြီ .. အလုပ်မအားတာနဲ့ မဝင်ဖြစ် .. ကွန်ပျူတာက ပျက် .. လူက ဧရိယာ ပြင်ပရောက်နေ.. အလုပ်က ရှုပ် .. မိုးက ရွာ .. အဲဒါ တွေ နဲ့ မဝင်ဖြစ်တာပါ .. ပြီးခဲ့တဲ့လ က ပွဲ အတွက်ကိုလည်း စိတ် မကောင်းပါဘူး .. နားလည် ပေးကြပါလို့လဲ တောင်းပန်အပ်ပါတယ် ။
ကျွန်တော်က အတွေးသမား ဆိုတော့ အချိန်ခဏ ရရင် တွေးနေတတ်ပါတယ် ။ ဆိုတော့ နီးစပ် တဲ့ နိုင်ငံရေး ၊ စီးပွါးရေး ၊ အထွေထွေ ပေါ့ဗျာ .. ကျွန်တော်က တစ်ခုသိရရင် အစ ရဲ့ အစ ကို လိုက်ချင်ပါတယ် .. ဒါပေသိ .. နောက်က လိုက်မယ့် သွင်းအားစုက မရှိတော့ ခရီး မရောက် ..
သိကြတဲ့ အတိုင်း မြန်မာ ဆိုတာက အစ ပဲ စ တာကများတယ်လေ ၊ အဆုံးက သိပ်မသေချေ တာ များတယ် ..
ကဲ စပြီ ဗျာ ..
ကျွန်တော်တို့တွေ အလိမ်ခံ နေကြရတယ် ၊ ကျွန်တော် ကားဝယ်စီးချင်တယ် ဒေါ်လာ တစ်သောင်းလား ဖြစ်တယ် ၊ မြန်မာငွေတွေ ပေးမယ် အစိုးရက ဒေါ်လာနဲ့ လဲပေးသလား ??? မြန်မာငွေဆိုတာ နိုင်ငံခြား မပြောနဲ့ နယ်စပ်တောင် အကျော်ခံတာ မဟုတ်ဘူး လေ ။ ပြီးတော့ မြန်မာကျပ်ငွေကို ဝါဇီ ကနေ ပုံနှိပ်လိုက်တယ် .. အဲဒါ နံပါတ် ဘယ်လောက် အထိ ရောက်သွားပြီ လဲ ??? စစ်သားဆိုရင် လည်း ကိုယ်ပိုင်နံပါတ် ရှိတယ် လေ ။ အဲဒီ အထဲမှာ တိုက်ပွဲကျတာ ၊ ပင်စင်ယူတာ ၊ ပြေးတာ ၊ ဘာညာ ၊ နှုတ်လိုက်ရင် လက်ရှိ တိုင်းပြည် ရဲ့ စစ်သား အင်အား ကို ရတယ် ။ ငွေစက္ကူက နံပါတ် ဘယ်လောက်ကို ရောက်နေပြီလဲ ??1000 တန် 5000 တန် 10000 တန် . . .
ပြီးတော့ သတင်းတစ်ခု ကြားမိတယ် .. လယ်ယာလုပ်ငန်း လုပ်ကိုင်တဲ့ တောင်သူတွေ ကို ငွေချေး ပေးမယ့် သတင်း .. နိုင်ငံခြားကနေ ဒေါ်လာတွေ ချေးပေးမယ် တဲ့ .. ဟုတ်ကဲ့ .. အစိုးရက ခင်ဗျား တို့ကို ဒေါ်လာ ပေးမယ် ထင်သလား .. မြန်မာ စက္ကူတွေပေးမှာလေ .. ရွှေဒေါ်လာကို သူက ကိုင်ထားမှာ .. ကျွန်တော်တို့က အဲဒါ ကို အဟုတ်ကြီး ထင်ပြီးတော့ ပျော်နေကြရတာ .. ကျွန်တော်တို့လဲ ဒေါ်လာ ကိုင်ချင်ပါတယ် .. လျှပ်စစ်မီး လင်းချင်ပါတယ် .. လမ်းကောင်းကောင်းမှာ ကားကောင်းကောင်းကို စီးချင်ပါတယ် ..ဖုန်းလိုင်းကောင်းကောင်း .. အင်တာနက်လိုင်းကောင်းကောင်း သုံးချင်ပါတယ် .. ခုတော့ မြန်မာပြည်မှာက လူတန်းစားက အရမ်းကွာဟ မှုဖြစ်နေတယ် ..
ထားတော့ .. နောက်တစ်ခုက–
ကျွန်တော်တို့မြို့မှာ ပြည်သူ့ဆေးရုံ ရှိတယ် .. ဆရာဝန်ကြီး အသစ်ရောက်လာတယ် သူက ခွဲစိတ်တာ နာမည် ကြီးတယ် တဲ့ .. ကျွန်တော် သိသလောက် ပြောမယ်နော် ..
ဆရာဝန်ဆိုတာ လူ့အသက်ကို ကယ်တင်ရမယ် .. လူနာဟာ ရန်သူဖြစ်လင့်ကစား အသက်ကို ကယ်တင်ရမယ် ..ခုတော့ဗျာ မွေးလူနာ တစ်ယောက်ကို ဆေးရုံ 10 ရက်တက်ခိုင်းလို့ တက်ခိုင်း ၊ ဆေးရုံမတက်လည်း ရမယ့် လူနာမျိုးကို တက်ခိုင်း လို့ တက်ခိုင်း ၊သူ့ထက်ဆိုးတာက မဖြတ်သင့်တာကို ဖြတ်လို့ဖြတ် ၊ ပြောရရင် – ကျွန်တော်တို့ဆီမှာက အရမ်းချမ်းသာတဲ့သူက နေမကောင်းဖြစ်ရင် ရန်ကုန်ကိုသွားတာ များတယ် .. ဆင်းရဲ တဲ့သူကျ တော့ ဒီလိုပဲ နီးစပ်ရာ အပ်ပုန်း နဲ့ ကုတယ် .. အလယ်အလပ်တန်း (ငွေကြေး အသင့်အတင့် ရှိတဲ့)သူလောက်ပဲ ရန်ကုန်လည်း မသွား ၊ အပ်ပုန်း နဲ့ လည်း မကု တော့ ဒီမှာ တင်ပြကြတာ များတယ် ..လူတစ်ယောက်ဟာ ကျန်းမာရေးမကောင်းတာနဲ့ ဝင်ငွေလျှော့သွားပါတယ်.. တစ်ရက်ထက်တစ်ရက် ပြီးတော့ ဆေးရုံမှာ လူနာစောင့်အတွက် လူလိုလာပါတယ်.. အဲဒါ မျိုးတွေကို စာနာသင့်ပါတယ်..
နောက်တစ်ခုက –
ကျွန်တော်တို့ဆီမှာ ဆိုင်ကယ်လိုင်စင် လုပ်ခိုင်းပါတယ် .. မလုပ်ရင်ဖမ်းမယ် ပေါ့လေ .. လုပ်ပြန်တော့ အများကြီးတောင်းတယ် .. ပြီးတော့ ဟိုသွားရ ဒီသွားရ စည်ပင် သွားရ အမြတ်ခွန် သွားရ ..ပြီးတော့လည်း ဘာမှ မဟုတ်ဘူး ..ကြားထဲသတိရလို့ေ ပြာဦးမယ် လယ်သမားတွေကို စိုက်ဘဏ်က ငွေထုတ်ချေးတယ် အဲဒါ ကို ဘာကြောင့် တစ်ဧက ကို ဘယ်လောက် ဆိုတာမျိုး ၊ မိခင် နှင့်ကလေး တို့ အမျိုး သမီး ရေးရာ တို့က ပါလာရတာတုန်း ???သည်းခံပါဗျာ ..အဲဒီလိုတွေသွားပြီးတော့ ပေးရ ကမ်းရ ..လိုင်စင်မဲ့ ဆိုင်ကယ် ဆိုရင် တရုတ်ပြည်ကနေ ဝင်လာတဲ့ 105မိုင်မှာတည်းက ဖမ်းပါလား ..ဒီကြမှ ဟိုလူလိုက်ပြဿနာ ရှာ ဒီလူပြဿနာ ရှာ နဲ့ .. ရေးတော့ ထားတယ် တိုင်ကြားနိုင်ပါသည် တဲ့ ဘယ်ကို တိုင်ရမှာလဲ တိုင်တော့ရော လာစစ်ပေး လို့လား အတူတူပဲ ဝေစားနေတာလေ ..
လူကြီးတစ်ယောက်ပြောဖူးတာ သတိရမိတယ် ပေါင်းစားတော့ အရိုးမစူးဘူး တဲ့
ကျွန်တော်ရေးတဲ့အထဲ အမှားပါရင် တောင်းပန်ပါတယ်နော်.. ဝေဖန်နိုင်ပါတယ် ..
ဆက်ပါဦးမည် ..
ချစ်ရင်ထူး



အပြုသဘောနဲ့ ရေးသားခြင်းဖြစ်ပြီး .. လူအများရင်ထဲက ဆန္ဒနှင့် မိမိ၏ အတွေး ပေါင်းစပ်ရေးသားခြင်းဖြစ်ပါသည် ။ အတွေးသမား ဆိုရင် ဖိတ်ခေါ်ပါတယ် ..
chityinhtoo374@gmail.com ပါ ..
Was this answer helpful?
LikeDislikeအင်း …ကျုပ်ကိုတော့မမျှော်နဲ့..
အဟိ..
Was this answer helpful?
LikeDislikeအော် .. ကိုကိုဂီ ကလည်း .. နိုင်ငံဂျား မှာနေတော့ ကျွန်တော်တို့ ခံစားနေရတာတွေကို ကော်ပီ ပဲ ဖီလင် လို့ရမှာပေါ့ .. တစ်ခေါက်လောက်ကြွခဲ့စမ်းပါ .. ကျူပ်နှစ်မ တို့ကို ဖိတ်ကြားချင်ပါတယ် ခင်ဗျာ ..
Was this answer helpful?
LikeDislikeမထင်ပါဝူးဗျာ..
ရှင်းပြတာ မပြည့်စုံလိုက်ဘူး..
မအားလို့ ပေါ့ပေါ့ပါးပါးပဲ မန့်ဖြစ်နေလို့ဗျ..
ဘဘဘလက်ပိုစ့်တောင် အတော်ကြီးကြာမှ ဂနေ့ မန့်ဖြစ်တာရယ်..
ခရီးလည်း ရှိနေသေးလို့ ..မမန့်ဖြစ်မှာစိုးလို့ ကြိုပြောသွားတာပါဗျာ..
ကော်ပီဖီလင် မထင်ပါဘူးဗျာ ..ဘာလို့လဲဆို ၂၀၀၀ပြည့်နှစ်ပတ်ချာလည်တုန်းက
ကျုပ် ..နေခဲ့ဖူးတဲ့နေရာတွေမို့ပါ. ..
Was this answer helpful?
LikeDislikeတော်သေးတာပေါ့ ….. ပေါ့ပေါ့ပါးပါး မန့်ထားလို့ ချစ်ရင်ထူးပို့စ်ထဲ …….. ချစ်ရင်ထူးရေ အမပို့စ် ထဲမှာတော့ သူကပျစ်ပျစ်နှစ်နှစ်မန့်ထားတယ်ဟေ့ …… အမဆို ဘယ်နေရာမှာ ဘယ်လိုမျက်နှာနဲ့ နေရမှန်းတောင်းမသိတော့ဘူး ……. ချက်တယ် ချက်တယ် တိတ်တိတ်ချက်တယ် ………
Was this answer helpful?
LikeDislikeမှန်ပါတယ် သူတို့က အရိုးမစူးအောင်ပေါင်းစားနေကြတာ ..
ဂွင်တခု ဝင်လာရင် ဟိုပို့ ဒီပို့ ဘော်လီဘော ပုတ်သလား မမေးနဲ့..
သူတို့က ဝိုင်းလုပ်ဝိုင်းစားတွေဗျ …
ပွက်ဆိပ် ခါဂျင်တွေလို ဝိုင်းဖဲ့ ဝိုင်းသမ ဆွမ်းကြီးလောင်းကြတော့တာပဲဗျို့…
နယ်မြို့တွေမှာ နေထိုင်ကြတဲ့ သူတွေ အသိကြရဆုံးပါ …။
Was this answer helpful?
LikeDislike၀ိုင်းဖဲ့ ၀ိုင်းသမ ဆွမ်းကြီးလောင်း ၀ိုင်းလုပ်ဝိုင်းစား ဆိုတာ အခွန်ရုံးက လူတွေပဲ..
Was this answer helpful?
LikeDislikeအနှစ်ကို မရှိဘူး :D
Was this answer helpful?
LikeDislikeအခုခေတ် တံငါကြီးတွေက
ငါးသေးငါးမွှားလေးတွေ ကိုမှ
ကွန်ပစ်ကြတာကလား
Was this answer helpful?
LikeDislikeအဲလို ဖစ်နေတယ် ဗျ ..
နယ်ဘက်က ပိုဆိုးတယ် ..
Was this answer helpful?
LikeDislikeအင်း နယ်က သုငယ်ချင်း passport လာလုပ်တော့ 17 လုပ်တာဘယ်လောက်ပေးရလဲမေးကြည့်တော့ 30000 ကျပ်ပေးရတယ်တဲ့ဗျား။ လွန်ခဲ့တဲ့ ၃-၄ လလောက်ကပါ။ (နယ်မြို့လေးတစ်မြို့ကပါ)
Was this answer helpful?
LikeDislikeဆိုင်ကယ် အစိတ်အပိုင်း တွေ ကို တစ စီ ခွဲ ပြီး ဆပ်ပြာခွက် ထဲ ထည့် လာ တော့ စစ်ဆေးရေး တွေ ဘယ်မြင်ပါ့ လဲ။
( ဆပ်ပြာခွက် = ကုန်သေတ္တာ )
BTW
ပေါင်းစားတာ အရိုးမစူးဘူး ဆိုလို့
IT လို ပြောမယ် ဆိုရင် Team Work ရဲ့ ရလဒ် ပေါ့။
ဟဲဟဲဟဲ ဟဲဟိုး ကို ပြေး ပြီ။
Was this answer helpful?
LikeDislikeပပျောက်အောင် လုပ်နေတယ်တော့ ပြောနေတာ ကြာပြီ။ အခုထိတော့ နေရာတိုင်းမှာ ရှိနေတုန်းပါပဲဗျာ။
Was this answer helpful?
LikeDislikeစိတ်ဆင်း ပလိပ် ဖို့ကောင်းလိုက်တာ ..
အဲဒါကြောင့်ထင်ပါ့ .. နာလည်း ပိုက်ပိုက်စုပြီး နိုင်ငံဂျား ကိုပဲ သွားနေတော့မယ် ..
ဒီမှာတော့ ဒီမိုကရေစီ ဆိုတာ ပေးလိုက်လဲ .. မျောက်အုန်းသီး ရသလို ဖြစ်နေမှာ မြင်ယောင်သေး .. ဟေးး ဟေးး ..
Was this answer helpful?
LikeDislikeဖြည်းဖြည်းပေါ့ဟယ် ……. ကောင်းအောင်လုပ်ပေးနေတာပဲ အချိန်ကာလ တစ်ခုတော့ စောင့်ပေးလိုက်ပါ … အရိုးစွဲအောင်ပျက်စီးနေတဲ့ လူ့အကျင့်စရိုက်တွေကို ပြင်ဖို့ဆိုတာ နည်းနည်းတော့အချိန်ပေးရတယ်လေ …. မိမိ မိသားစုမှာတောင် မကောင်းတာရှိရင် အချိန်ယူပြင်ဆင်ရသေးတာပဲ မတစ်ထောင်သားတွေဆိုတော့ လည်း ပိုအချိန်ယူပြင်ဆင်ရမှာပေါ့ ……. မောင်လေးချစ်ရင်ထူး(၂)ရေ …… အရာရာကို တစ်ရာနဲ့သာဖြေပါ ကွယ် ..
ချစ်မမ
Khaing Khaing
Was this answer helpful?
LikeDislikeလူတွေရဲ့ စိတ်ဓါတ်ကိုကပျက်စီးနေကြတာပါ။ အစိုးရ၀န်ထမ်းတွေကပိုဆိုးပေါ့။ (မဆိုးတဲ့သူလဲရှိကောင်း ရှိမှာပါ ဒါပေမယ့်လူနဲစုပါ) လွယ်ရမဲ့ဟာကို ခက်အောင်လုပ်ကြတယ်။ တစ်ခုခုလုပ်ရတော့မယ် ဆိုရင်ငါ့အိပ်ထဲဘယ်လောက်ရောက်မလဲဆိုတာစဉ်းစားပြီးလုပ်နေကြတယ်။ မြန်မြန်ပြင်သင့်နေပါပြီ
Was this answer helpful?
LikeDislikeငြိမ်းခါနီးမီးများပိုတောက်တတ်တယ်ကြားဘူးတာဘဲ….
ခေတ်ပြောင်းစပြုနေပါပြီလေ…
လူတွေပြောင်းဘို့ဘဲကျန်တော့တယ်…
အပြုသဘောဆောင်တဲ့ဆောင်းပါးကိုကြိုဆိုပါတယ်
ကိုထူးဆန်းနှစ်ရေ……
Was this answer helpful?
LikeDislikeကိုရင်မောင် ကလည်း ချစ်ရင်ထူးနှစ် လုပ်ပါဗျ ..
Was this answer helpful?
LikeDislikeကျုပ်လည်း Passport လဲဖို့ ပုံစံ ၁၇ သွားလုပ်တာ ၃ သောင်းကျပ်ပေးရပါတယ် ။ ၁ နှစ်လောက်တော့ရှိပြီ ။ သန့်ရှင်းတဲ့အစိုးရ ဆိုပြီး ခေတ်စားတဲ့အချိန်ပေါ့ ။ ပိုက်ဆံလည်းပေးရသေးတယ် နောက်ပြီး သူတို့ရုံး က ပုံစံ ၁၇ လုပ်ရတဲ့အတွက် ငွေကြေးတစ်စုံတစ်ရာ မပေးရပါဆိုတဲ့ ကွန်ပျူတာစာစီထားတဲ့စာရွက်မှာ လက်မှတ်ထိုးခဲ့ရပါတယ် ။ (နယ်မြို့မှာပါ) ဒီရွာထဲက CJ တစ်ယောက်ရဲ့မြို့ပါ ။
ကိုယ်တွေ့ပါ ။
Was this answer helpful?
LikeDislikeဒါနဲ့ .. ပိုက်ဆံ ကိစ္စကို ဘယ်သူမှ မသိဘူး ထင်တယ်နော် .. နောက်ဆုံးပိုက်ဆံက နံပါတ် ဘယ်လောက်လဲ သိချင်လို့ပါ ..
Was this answer helpful?
LikeDislikeကိုချစ်ရင်ထူးရေ..
(ကျွန်တော်တို့မြို့မှာ ပြည်သူ့ဆေးရုံ ရှိတယ် .. ဆရာဝန်ကြီး အသစ်ရောက်လာတယ်
သူက ခွဲစိတ်တာ နာမည် ကြီးတယ် တဲ့ .. ကျွန်တော် သိသလောက် ပြောမယ်နော် ..)
ဆိုတဲ့ ဇာတ်လမ်းမှာ အဲဒီဆရာဝန်ဘာတွေလုပ်တယ်လဲသေချာမရေးဘူး။
ငါမျက်စိလည်တယ်ဟဲ့။
Was this answer helpful?
LikeDislikeအပ်ပုန်းတွေက နယ်တွေဖက်မှာ အတော့်ကိုသောင်းကျန်းနေတာဗျာ။
ရွာတွေကလဲ ဆရာဝန်တွေထက် သူတို့ ကိုပိုလက်ခံနေတယ်ဗျာ။ကဲ—
ဘယ်လို လုပ်ကြမလဲ
Was this answer helpful?
LikeDislikeအနော်လည်း ရွာနဲ့
ဝေးနေတယ်ဗျာ….
Was this answer helpful?
LikeDislikeဘွတ်အဲ ဘွတ်အဲ.. နောင်အနှစ်ဆယ်အတွင်း စင်ကာပူခြသေ့ဂျီးကို အမှီလိုက်မည်၊ တရုတ်နဂါးဂျီးကို နောက်ကောက်ချမည်၊ အမေရိကန်သိမ်းငှက်ကို လှောင်ချိုင့်ထဲထည့်မည်။ ဘူးထွားထွားထွား…ပြောတယ်ကွာ ဒါ ငါ့လွတ်လပ်ခွင့်….။
Was this answer helpful?
LikeDislike