ခေတ်တွေ စနစ်တွေအမျိုးမျိုးပြောင်းလဲလာလိုက်တာ …. ဒါတွေကို ကျွန်မသေရင်တောင် လိုက်လို့ မှီပါ့မလား ……. ကျွန်မငယ်ငယ်က သူများအိမ်မှာ အဖီလေးထိုးထားတဲ့နေရာမှာ ငှားနေရတယ် … ကိုယ်ပိုင်အိမ်နဲ့နေချင်တာ တပိုင်းကိုသေလို့ .. ကျောင်းတက်တော့ ရွှေတောင်ကြားထဲမှာ သူငယ်ချင်းတွေနေတဲ့ အိမ် သူတို့စီးတဲ့ကား အားလားလား ကိုယ်ကသိမ်ငယ်နေခဲ့ရတယ် …. သူများတွေက ကိုယ်ပိုင်ကားကို အက္ခရာမြင့်မြင့်တွေစီးနိုင်တယ် ကိုယ်ကတော့ လေးဘီးကားလေးပဲ စီးနိုင်တဲ့ဘ၀ လေးဘီးတောင် အဖေကတက္ကစီလုပ်တော့ ကိုယ်က ၁၀ ခါရံမှ တစ်ခါစီးရတဲ့ဘ၀လေးပါ … Sunny ကားလေးဝယ်နိုင်တော့လည်း ကိုယ်နေတဲ့လမ်းကပြင်တော့ ကားကိုအိမ်ရှေ့မှာ မထားပဲ လမ်းထိပ်မှာထားခဲ့တော့ ကိုယ့်မှာ ဘာကားပိုင်တယ်ဆိုတာလူမသိ မကြွားရပြန်ဘူး …….. ဘ၀ပေး ကုသိုလ်ကံကိုကဆိုးခဲ့တာလေ ……

ဒါနဲ့မျှော်လင့်စရာက တစ်ခုပဲကျန်တော့တယ် ချမ်းသာအောင် ကိုယ်ပိုင်ကား ကိုယ်ပိုင်အိမ်နဲ့ နေနိုင်အောင် ကိုယ်ကိုတိုင်ပဲ ကြိုးစားရတော့မယ်ဆိုတာကိုပေါ့ …… လောကမှာ လူတိုင်းလူတိုင်းဖြစ်ချင်တိုင်း ကြိုးစားတိုင်း ဖြစ်နေတယ်ဆိုရင် ဘယ်မှာတရားရှိမှာလဲ … ကျွန်မ ချမ်းသာဖို့ရာ သင်ထားတဲ့ပညာ လုပ်နေတဲ့အလုပ် ဘယ်လိုမှ ဘ၀တက်လမ်းမရှိခဲ့ဘူး … ကဲနောက်တစ်ခုက ကံ ကံကလည်း ကိုယ့်ဘ၀ကိုကောင်းအောင်လုပ်နိုင်တယ်လို့ ဘယ်သူကအာမခံပေးမလဲ ……. ချမ်းသာတဲ့ယောက်ျားကိုယူဖို့ဆိုတာ ကိုယ့်ရုပ်ကိုယ့်ရည် ကိုယ့်အရည်အချင်း ဘ၀ပေးကုသိုလ်ကံ ကရှိသေးတယ် …….. ကိုယ်ကချမ်းသာသူကိုရွေးယူပါရဲ့ ကိုယ့်လက်ထဲရောက်မှ ဆင်းရဲသွားရင်ကော ……….

လူတိုင်းလူတိုင်းက သူလည်းလူပဲ သူလုပ်သလိုငါလည်းလုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာ မှားတယ်လို့ ကျွန်မထင်ပါတယ် …….. လူတွေအားလုံးဟာ ကျွမ်းကျင်ရာလိမ္မာပါ … တစ်ခြားမပြောနဲ့ ဥပမာ လေးတစ်ခုပြောကြည့်မယ် …… ကျွန်မတို့ငယ်စဉ်ကျောင်းနေတုန်းက အတန်းထဲမှာ ကျောင်းသူကျောင်းသားတွေက လက်ရေးမျိုးစုံရှိကြပါတယ် …… သူ့လက်ရေးလေးကလှလိုက်တာ ငါလည်းသူ့လိုလိုက်ရေးကြည့်မယ် ဆိုပေမယ့် သူ့လက်ရေးကိုမှီချင်မှီမယ် ကျော်ချင်လည်းကျော်သွားမယ် …….. သူ့လက်ရေးနဲ့တော့ တူမှာမဟုတ်ဘူး သူ့အိုင်ဒီယာ ကိုယ့်အိုင်ဒီယာ သူ့မှတ်ဥာဏ် ကိုယ့်မှတ်ဥာဏ် သူ့မိဘဆွေမျိုး မျိုးရိုးဗီဇ မတူမှမတူဘဲကို ……..

ကျွန်မသူငယ်ချင်းတစ်ယောက်က ဒီဇိုင်းပညာမှာ ကျွန်မထက်ဥာဏ်သွားတယ် …. သူ့မှာအဲဒီအတွေးအခေါ်အတော်ကောင်းတယ် သူ့ကိုတုပြီး ကျွန်မလိုက်လုပ်တယ် ဒါပေမယ့် အဲဒီမှာ သူ့ရဲ့ဒီဇိုင်းအိုင်ဒီယာတွေကျွန်မခေါင်းထဲစွဲနေပြီး သူ့ထက်မသာခဲ့ပါဘူး …….

နောက်တစ်ခုအားနည်းချက်တစ်ခုကျွန်မမှာရှိတယ် စာသင်ချိန်မှာ ဆရာမက ရှင်းပြတဲ့စာတွေကို ကျွန်မအတန်းထဲမှာ သိပ်နားမလည်ဘူး ……. Chapter တစ်ခုသာ ပြီးဆုံးသွားမယ် ကျွန်မကိုပေး တဲ့အိမ်စာတွေကို သူများဆီကကူးချပြီး ဆရာမကိုပြခဲ့ရတဲ့အဖြစ် …… ဒါပေမယ့် ကျွန်မနားမလည် တာကို အနီးကပ်တစ်ယောက်ယောက်ကရှင်းပြရင် သူများတွေအခက်အခဲဖြစ်တဲ့ စာကိုတောင် ကျွန်မကျွမ်းကျင်စွာတွက်တတ်ခဲ့တယ် ……. ဒါကကျွန်မရဲ့ အားသာချက်ပါ ……. စာကျက်ရင် တစ်ပွဲထိုးမရသလို စာကို သေချာပိုင်နိုင်အောင်ကျက်ပြီးရင်လည်း စာလုံးတွေကိုတောင် မျက်လုံး ထဲမြင်ယောင်နေတာ ကျွန်မရဲ့အားသာချက် ……. လူတိုင်းလူတိုင်းမှာ အားသာချက် အားနည်းချက် ရှိသလို သူလုပ်သလို သူဖြစ်သလို ငါလည်းဖြစ်အောင်လုပ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခု လို့ကျွန်မမြင်မိတယ် ……….

သူတောင်ကြိုးစားလို့ဖြစ်တယ် ငါလည်းဖြစ်အောင်ကြိုးစားမယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မ သိလိုက်တဲ့ကိစ္စတစ်ချို့ရှိပါတယ် ကျွန်မ ရုပ်ရှင်မင်းသမီးဖြစ်ချင်တယ် အဆိုတော်ဖြစ်ချင်တယ် ….. ရုပ်ရှင်မင်းသမီးဖြစ်ဖို့က ရုပ်ရည်ကိုယ်လုံးကိုယ်ပေါက် Attraction အနုပညာဆန်း ဒါတွေက ဖန်တီးယူလို့မရဘူး ကြိုးစားလို့မရဘူး …… အဆိုတော်ဖြစ်ဖို့ ကိုယ်က key ၀င်အောင်ဆိုနိုင်သည်ပဲ ထားပါ ကိုယ့်သီချင်းကိုလူကြိုက်ဦးမှ … လူတစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်ခြင်းမတူတာ ကို အားလုံးသိကြမှာပါ …….. ခံစားချက်ချင်း အကြိုက်ချင်းတူရင် မိန်းတစ်ယောက်မှာ ယောက်ျားတွေ အများကြီးရသွားနိုင်သလို ယောက်ျားမရတဲ့ မိန်းမတွေလည်း ပုံအောနေမှာပါ ……..

သီချင်းဆိုဖို့အဆင်မပြေတဲ့သူကို သီချင်းဆိုတော်အောင်သင်ပေးလည်း တော်လာမှာမဟုတ်ပါဘူး … ဥပမာ – ပန်းဝတ်မှုံပိုင်ရှင်မမ သူကသီချင်းဆိုဝါသနာပါပုံရတယ် ဒါပေမယ့် စီရီးသာ (၂)ခွေ ထွက်သွားတာ အသံကတိုးတက်မှုမရှိခဲ့ဘူး …….  လူဆိုတာ ကိုယ့်အဆင့်အတန်း ကိုယ့်နေရာကိုယ်သိတာ အကောင်းဆုံးပါပဲ …… သီချင်းဆိုဝါသနာပါလို့ KTV မှာ အပျော်တမ်းသွားဆိုနေတဲ့သူကို မင်းဆိုတာ key မ၀င်ဘူး အသံကြောင်တယ် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုတာမဝေဖန်သင့်တဲ့စကားပါ ….. သူသီချင်းဆိုချင်တယ် ဒါကြောင့် လွတ်လွတ်လပ်လပ်ဆိုလို့ရတဲ့ နေရာမှာ ၀င်ဆိုတယ် ဒါကို ဝေဖန်နေရင် သူ့ရဲ့ဝါသနာက လွတ်လပ်စွာဖော်ထုတ်ရမယ့်နေရာမရှိတော့ဘူးလေ …… ဒါဆိုတစ်ခုပြောပါလိမ့်မယ် အိမ်မှာဆိုပေါ့ လို့ …… အိမ်မှာဆိုရင် ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်မယ်လေ ……. ကျွန်မကြုံဖူးတဲ့အဖြစ်လေးတစ်ခုပါ သီတင်းကျွတ်တန်ဆောင်တိုင် ဘုရားပွဲမှာ လူကြီးတွေက အပျော်တမ်း ဆိုလို့ရအောင် စင်ကလေးတွေနဲ့ တနိုင်တပိုင်တည်ဆောက်ပေးတယ် အဲဒီမှာ ကျွန်မလည်းဆိုမယ်ပေါ့ … ဆိုတဲ့သူတွေက Key ၀င်ချင်မှ ၀င်မယ် မ၀င်တဲ့လူတွေလည်းရှိတယ် … ဒါကို ဝေဖန်နေလို့မရဘူး ဒါက အပျော်တမ်းနေရာ ပြိုင်ပွဲမဟုတ်ဘူးလေ … ဒါကို သီချင်းကြောင်းနားလည်သူက ထိုလူတွေကြားမှာ သွားရောက်ဝေဖန်နေမယ်ဆို တစ်ခြားလူတွေက သူ့ရဲ့ဝေဖန်မှုကို ကြားပြီး အပျော်တမ်းကြည့်နေရာကနေ စဉ်းစားစရာတွေဖြစ်လာနိုင်တယ် …….. ထိုလူဝေဖန်တာကို ကျွန်မကြားပြီး စင်ပေါ်တက်ဆို မ၀ံ့မရဲဖြစ်ခဲ့ရတယ် ….. ကျွန်မတက်ဆိုရင် ကျွန်မကိုရော ထိုလူကသေချာပေါက်ဝေဖန်မှာပဲဆိုတဲ့အသိလေးပေါ့ …. ကိုယ်ကအဆိုတော် ဖြစ်ဖို့ ကံကဝေးတော့ ဘယ်ပြိုင်ပွဲမှတောင် ၀င်မပြိုင်ခဲ့ပါဘူး …. ဒါပေမယ့် ကိုယ်ပျော်စရာနေရာလေး ကိုယ့်ရဲ့အဆိုလေးကို အားပေးခံရမယ့် တန်ရာတန်ရာနေရာလေးမှာလည်း လွတ်လပ်စွာမဆိုရတော့ ကျွန်မလည်း ထိုနေရာနဲ့ဝေးရာကို ပြေးထွက်ခဲ့မိတော့တယ် ………

တကယ်တမ်းဝေဖန်ချင်တယ် ပြောချင်တယ်ဆို ရှိုးပွဲလိုနေရာတွေ သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ပါ ဒါမှလည်း အကဲဖြတ်သူရဲ့အဆင့်အတန်းကော ပြိုင်ပွဲဝင်သူတွေအတွက်ပါ ထိထိရောက်ရောက်အကျိုးရှိမှာပါ ……  ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်လုပ်ချင်တာကို လုပ်သင့်လုပ်ထိုက်တာနဲ့ယှဉ်ပြီး ကာလာဒေသအချိန်အခါအလျှောက် လုပ်ကိုင်နေထိုင်သွားတာ မိမိပတ်ဝန်းကျင်ကလူသားတွေကို စိတ်ချမ်းသာအောင်ထားသွားနိုင်မှာပါ ……

ကျွန်မကတော့ ဘ၀တစ်လျှောက် ဖြစ်ချင်တာတွေကို မဖြစ်ခဲ့ရတော့ ပျော်ရာမှာပဲပျော်သလိုနေတော့မယ် ……… ဒီနေရာမှာမပျော်တော့ဘူး ဒီနေရာမှာ ကိုယ့်အတွက်နေရာမရှိတော့ရင် တစ်ခြားနေရာသစ်ရှာပြီးပျော်တော့မယ် …….

ဘာရယ်တော့မဟုတ်ပါဘူး အားငယ်နေလို့ အားငယ်ခဲ့တဲ့ကိစ္စတွေကို စာစီတင်လိုက်တာပါ ……..

 

ခင်မင်လေးစားစွာဖြင့်

Khiang Khaing

Khaing Khaing

About Khaing Khaing

- - has written 36 post in this blog.