မြန်မာ့သမိုင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တဲ့နေ့တစ်နေ့
မြန်မာသမိုင်းမှာ အဆိုးဆုံးသောအမည်းစက်တစ်ခု ဖြစ်တဲ့ ဖြစ်ရပ်ကတော့ ကနောင်မင်းသားကြီး လုပ်ကြံခံရတဲ့နေ့ပဲဖြစ်ပါတယ်။ နှစ်တွေ၊လတွေ ဘယ်လောက်ကြာကြာ သမိုင်းကတော့ ပျောက်ပျက်သွားမှာမဟုတ် ပါဘူး။ဒီတော့ သမိုင်းအကြောင်း သိဖို့ အခုလိုတင်ပြလိုက်ပါတယ်။
သြဂုတ်လ ၂ရက်နေ့ ကကနောင်မင်းသားကြီးလုပ်ကြံခံရတဲ့ ၁၄၆နှစ်ပြည့် ဖြစ်ပါတယ်..အဲဒီအထိမ်းအမှတ်ပွဲကိုတော့ မန်းမှာကျင်းပါမှာဖြစ်တယ်လို့ 
ကနောင်မင်းသားကြီးရဲ့ ဆွေတော်မျိုးတော်တစ်ဦးပြောပါတယ်။ “နိုင်ငံကိုတည်ထောင်တဲ့ လူတွေကိုတော့ နိုင်ငံသူနိုင်ငံသားအားလုံးကအမှတ်ရပြီးကျေးဇူးတင်နေတာကောင်းတာပေါ့ .
.လူသားတစ်ယောက်ဖြစ်ပေမယ့် သာမာန်လူတွေထက်စွန့် စားထူးကဲပြီးနိုင်ငံအတွက်ရှေ့ ရောက်အောင်ဘေးကျပ်နံကျပ်တွေကြားထဲကရုန်းကန်ခဲ့ ရတဲ့ လူတွေကိုတော့
့ကျေးဖူးတင်ထိုက်တာပေါ့ ..”.လို့ အမည်မဖော်လိုတဲ့ ဆွေတော်မျိုးတော်တစ်ဦးကပြောပါတယ်။
.ကနောင်မင်းသားကြီးကတော့ ၂.၈.၁၈၆၆မှာလုပ်ကြံခံခဲ့ ရတာဖြစ်ပါတယ်…



အမှတ်တရပေါ့ဗျာ
တိုင်းပြည်ကောင်းစားဖို့
ကြိုးစားအားထုတ်နေတုန်းမှာ
အတိုက်အခံ ဆွေမျိုးအရင်းတွေရဲ့
လုပ်ကြံခံလိုက်ရတဲ့
ကနောင်မင်းသားကြီးကို လေးစားပါတယ်
Was this answer helpful?
LikeDislikeဟုတ်ပါ့..ဟုတ်ပါ့….
မြန်မာပြည်မှာ ကနောင်မင်းသားကြီးသာ လုပ်ကြံမခံခဲ့ရဘူးဆိုရင်…
မြန်မာပြည်ဟာ..ဒီထက်မက တိုးတက်နေမှာ အမှန်ပါ…။
Was this answer helpful?
LikeDislikeအိမ်ရှေ့ ကိုယ်တော်ကြီးသာ လုပ်ကြံမခံရဘူးဆိုရင် မန္တလေးဟာ အာရှစက်မှုမြို့ တော်
ဖြစ်သွားခဲ့နိုင်ပါရဲ.့ ဗျာ။
Was this answer helpful?
LikeDislikeတိုင်းပြည်တိုးတက်အောင် ကောင်းအောင်လုပ်ကြတဲ့
ကနောင်မင်းသားကြီးတို့ ဗိုလ်ချုပ်တို့လုပ်ကြံခံလိုက်ရတာဟာ
တန်ဘိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုတွေပါ
တကယ်တော့ ဦးနှောက်နည်းတဲ့ အားဏာရူးတွေကြောင့်ဘဲ..
ခုချိန်ထိလဲ သင်ခန်းစာမယူတတ် အသိတရားနည်းတဲ့
ရူးကြောင်ကြောင် အကောင်တွေရှိနေတုန်းဘဲနော်…
အသိတရားလေးများရှိကြစေချင်ပါပြီ……
Was this answer helpful?
LikeDislikeဟုတ်ပါတယ်..ကိုရင်မောင်ရေ…မြန်မာသမိုင်းအစဉ်အဆက် ဒီလိုပါပဲဗျာ…အခုချိန်ထိလည်း ပညာတတ်ပုဂ္ဂိုလ်များကို နေရာမပေးသေးပါဘူး…..ဌာနဆိုင်ရာ အကြီးအကဲတွေ ဘယ်သူတွေလဲဆိုတာ ကြည့်ရင်တွေ့ နိုင်ပါတယ်……
Was this answer helpful?
LikeDislikeR Ga ရဲ့ ပို့ စ် ကြောင့် ကနောင်မင်းသားကြီးကို လေးစားစွာ အမှတ်ရဂုဏ်ပြုမိပါတယ်။
မြန်မာနိုင်ငံမှာ အင်ဂျင်နီယာပညာနဲ့ ပတ်သက်လာရင် နေရာမပေးရဲပါဘူး။
စက်မှုတိုးတက်ရမယ်ဆိုတာ လူကြားကောင်းအောင်ပြောတာ။
ကနေ့ ထိ “အင်ဂျင်နီယာကောင်စီ” ဆိုတာ မပေါ်သေးတာပဲကြည့်ပါ။
စက်မှုဇုန်က ကားတွေထုတ်လာတာ အောင်မြင်သင့်သလောက်အောင်မြင်လာပြီ။
အမှန်တကယ် ပြည်တွင်းက စက်မှုပညာရှင်တွေ ထုတ်တဲ့ကားကိုပဲပြောတာပါ။
အတွေ့ အကြုံ၊ အခက်အခဲ၊ အရင်းအနှီးတွေ အများကြီးရင်းလာပြီးမှ
မသမာတဲ့သူတစ်စုရဲ့ ပယောဂကြောင့် တရားမဝင်တာတွေလုပ်၊
နိုင်ငံတော်ကလည်းအရေးမယူတဲ့အပြင် တရားဝင်ဖြစ်အောင်လုပ်ပေးတော့
စက်မှုဇုန်မှာ ရိုး ရိုးသားသား အမှန်တကယ် လုပ်စားဖို့ ဆိုတာ မရှိတော့ဘူးလေ။
စက်မှုဇုန်က ပြည်တွင်းဖြစ်ကားတွေထုတ်တဲ့သူတွေကို အသေသတ်လိုက်တာပဲ။
“ကနောင်မင်းသားကြီးလုပ်ကြံခံရတဲ့ အထိမ်းအမှတ်နေ့ ” လုပ်သလို
စက်မှုဇုန်က ပြည်တွင်းဖြစ်ကားတွေထုတ်တဲ့
“စက်မှုပညာရှင်တွေ လုပ်ကြံခံရတဲ့ အထိမ်းအမှတ်နေ့ ” ပါလုပ်ရမယ်ထင်တယ်။
Was this answer helpful?
LikeDislikeကို အာဂ ရေ သမိုင်းကြောင်းဆိုလို့ဗျာ .. ဟို အရင်တုန်းက ကျွန်တော် တို့မှာ သမိုင်း ဆိုတာရှိတယ် ..
အဲဒါ ခုနောက်ပိုင်း သမိုင်း မရေးကြဘူးနော် .. နောက်နှစ် 100 လောက်ဆို ခုလက်ရှိ အခြေအနေ တွေကို နောင်လာနောက်သားတွေ ဘယ်လိုတွေ သိကြရမှာလဲ ဗျ နော် …
သမိုင်းရေးကြဖို့ ကောင်းပါတယ် ..
ချစ်ရင်ထူး ..
Was this answer helpful?
LikeDislikeအမှန်ပဲဗျာ
ကနောင်မင်းသားကြီးရဲ့ စွန်ဦးတီထွင်မှုတွေဟာ
အဲဒီအချိန်ကသာအောင်မြင်ခဲ့ပြီး
ဆောင်ရွက်နိုင်ခဲ့ရင်
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်နေခဲ့မှာ
အခုတော့ ဖွံ့ဖြိုးဆဲနိုင်ငံတဲ့။
Was this answer helpful?
LikeDislikeဒါကြောင့် မြို့မငြိမ်းက သီချင်းကြိုရေးပေးထားခဲ့တာလေ
(အဲ့ဒါတွေမတွေးကြနဲ့……….ရှေ့ဆက်ခါ စီမံကြံစို့လေ……………………..)ပါတဲ့
Was this answer helpful?
LikeDislikeကျွန်တော်သိသလောက်… အတိုအစလေးကတော့..
မြင်ကွန်း၊မြင်ခုံတိုင်ကလုပ်ကြံတာ… လွှတ်တော်ပင်မ၀င်ပေါက်လှေကားခုံခြေရင်း…သဲပြင်အောက်မှာဓါးလွတ်ဝှက်လို့… လွှတ်ကအဆင်းအရိုအသေကန်တော့ဟန်ဆောင်ခုတ်တာ.. လှည့်အရှောင်ဒခေါက်ခွက်ကိုဓါးနဲ့တွက်လို့.. လဲအကျမှာခုတ်တာလို့. .ဦးရွှေမောင်ကြီးမှတ်တမ်းထဲမှာ… မှတ်သားဖူးပါတယ်…
ဆိုတော့…
လွှတ်တော်တက်တာ.. ကနောင်မင်းသားကြီးတယောက်ထဲမို့လိုလား…
ဓါးကိုဘယ်သူဝှက်ပေးလဲ…. အခြားစစ်သေနာပတိ..ဗိုလ်မှုး၊ဗိုလ်ချုပ်တို့၊ အစောင့်တို့မရှိဘူးလား…
ဘုရင့်သားမို့လို့..မလုပ်ရဲကြပါ…((ဒီနေ့အထိဒါမျိုးတွေ..အဲဒီအတိုင်းရှိနေသေး.. အဘရဲ့ဘာဆိုရင်မထိရဲကြ))
မင်းတရားကြီးကတော့… ညီညီ၊ညီညီနဲ့..နှုတ်ဖျားကမချ… သို့သော် ဘ၀ရှင်မင်းတုန်းမင်းကိုပင်မေးရမလိုဖြစ်နေပါပြီ….
သမိုင်းထဲမှာတော့… အာဏာလုတယ်လို့ပဲဆိုထားတယ်…(အိမ်ရှေ့စံမို့လို့)
အဲဒီတုန်းကတည်းက… လွှတ်ထဲလက်နက်အဆောင်အယောင်မယူရပါ… တင်းကျပ်စွာတားမြစ်ပါသည်…
ဤဖြစ်ရပ်ကြောင့်.. .နှမျောစရာကောင်းလှပါသည်….
Was this answer helpful?
LikeDislikeမြန်မာပြည်.. ကျဆင်းခဲ့တာမှာ.. အဓိကအဖြစ်ကြီးတခုဖြစ်တဲ့.. ကနောင်မင်းသားကြီးရေမြုတ်ဗုံး..စမ်းသပ်ခွဲတာကို.. တားမြစ်စေဖြစ်လိုက်တဲ့.. အဖြစ်လေးလည်း..ထည့်ရေးသင့်သပေါ့..
ကနောင်မင်းလုပ်ကြံသူတွေအဖြစ်မှတ်တမ်းကျန်ရစ်တဲ့.. မြင်ကွန်း၊မြင်းခုံတိုင်အမျိုးတွေက… ပြင်သစ်အစောင့်အရှောက်နဲ့.. (အဲဒီတုန်းက) ပြင်သစ်ပိုင်တဲ့..ဗီယက်နမ်မှာအခြေချပြီး.. တချို့ဗီယက်နမ်လူမျိုးတွေနဲ့ပါအိမ်ထောင်ကျ..
နောက်..မြန်မာပြည်ပြန်..သထုံဖက်မှာအခြေချကြတယ်..
အဲဒီဇတ်လမ်းကြောင်းလည်း.. လိုက်သင့်တယ်…
Was this answer helpful?
LikeDislikeပြောမှပြောပါ့မလားလို့ ….သဂျီးရယ်..
ငယ်ငယ်က မြန်မာစာဆြာ ပြောဖူးတယ်…
ကျုပ်သာ (မင်းတုန်းမင်း)ဘုရင် ဆိုရင် အဲ့ ဘုန်းကြီး ပြောတာကို
မကြားချင်ယောင် ဆောင်လိုက်မယ်.. ။ အတင်းတိုးပြောလာရင်
စစ်ရေး မို့ ..ဘုန်းကြီးနဲ့ မဆိုင်လို့ … ၀င်မပြောပါနဲ့ ဘုရား လို့
လျောက်ပလိုက်မယ် လို့ ပြောဖူးတာလေး သွားသတိရတယ်…
တဆက်တည်းမှာ ..အင်္ဂလိကန် တွေ မန်းန္တလေး ကိုချီရင်
ရိုးမ ကိုတော့ ဖြတ် တက်မှာမဟုတ်.. ရေလမ်းကသာ လာဖို့
များတာမို့ …. ရေမြှုပ်မိုင်း စမ်းသပ်တဲ့ … ကနောင်မင်းသားကြီးရဲ့
အမြှော်အမြင် နဲ့ လုပ်ဆောင်ချက်တွေကို ကျောင်းသားတွေ သိအောင်
ထုတ်ဖော်ရှင်းလင်း ပြသွားခဲ့တာလည်း ပြန်လည် မှတ်မိသွားပါရဲ့ဗျာ …။
ဒါပေသိ ..တခုလေးဗျာ … ကနောင်မင်းသားကြီး ရှိရင်ရော ..
သူ့ကျွန်ဖြစ်မယ့် ဘေးက လွတ်မလား ဆိုတာလေး ..ဆွေးနွေးကြည့်ချင်တာပါ
ကျုပ်တော့ သိပ်မထင်ဘူး … မြန်မာပြည် ၃ပုံ၂ပုံက လည်း ကျပြီးနေပြီ
မန္တလေး ဆိုတာကလည်း မြို့ပြနိုင်ငံတော်လောက် ..တကဖက်က ကြေးစား စစ်တပ်
ပိုင်နေချိန်မှာ … စစ်ဖြစ်ပြီဟေ့ဆိုမှ ဓားသွေးပြီး အိုးစားဖက်လိုက်ရှာတဲ့ ဆွဲခန့် ပြည်သူ့စစ်
သာသာ မြန်မာဘုရင့် စစ်တပ် … ခေတ်မှီ တာ လက်နှက်ကွာတာကတော့ ဆိုဖွယ်ရာမရှိ…
သူတို့က သတ္တိ တို့ ဗျတ္တိတို့နဲ့ တိုက်တာမဟုတ်…. ငွေနဲ့တိုက်တာ …
အဖက်ဖက်က ခြားနားလွန်းနေတာများ ပြောပါတယ်…။
ကျန်သေးတယ်… မူးမတ်တွေကြည့်တော့လည်း … အင်္ဂလိကန် ကဗြစ်ရည်တိုက်မေးသမျှ
ဖြေတဲ့ မူး တွေနဲ့ … မိဖုရားအမျိုး ဘုရင့်ယောက်ဖ ဆွေတော်မျိုးတော်တွေ ၀ိုင်း မတ်
ပေးထားတဲ့ မတ် တွေနဲ့ ..ယူရုပ်ထရစ် တခါလောက်ထွက်လိုက်တာ စည်းမျဉ်းခံဘုရင်
စနစ် ပြောင်းချင်တဲ့လူနဲ့ … ကိုယ်အနေအစား ချောင်ဖို့ ..အာပေတူးကို ဘုရင်မြှောက်ချင်တဲ့
လူနဲ့… ဟူး…
စနစ်ကြောင့်မဟုတ် ..စနစ်ကြောင့်မဟုတ်..
(၀ိုင်းဆဲကြတော့မလားမသိ…)
Was this answer helpful?
LikeDislikeကျန်သေးတယ် .. အရက်ဆိုလို့…
တပင်ရွှေထီး တို့ နတ်ရှင်နောင် တို့က အရက်ကြောင့်သေတာရှို….
အရက်ကို မျိုးရိုးစဉ်ဆက် စည်းနဲ့ ကမ်းနဲ့ သောက်တတ်အောင်
အဲ့တုန်းတွေကတည်းက သင်ယူထားကြရမှာ …
အရက်ကို ရွံစရာ မုန်းစရာ ၀ိုင်း လုပ်ပစ်ရက်ကြဒယ် …ကတောက်…
ဂုဒေါ့ ဂုဒေါ့ …ဗေထိ ဆို ကွဲဘီ …
တော်သေးဘီ ..အရက်သွားသောက်တော့မည်…
(တာကယမ က စိမ့်စမ်းရည်နဲ့ ချက်တဲ့ နိဟွန်းရှု ခါလဂုချိ ပလပ်စ်ဖိုက် ၂လုံး ၀ယ်ထားတယ်…
ဂနေ့ ဖောက်အံ့…)
Was this answer helpful?
LikeDislikeအမျိုးသားပြတိုက် (ခုတော့ နေပြည်တော် ပြောင်းလောက်ရောပေါ့) က မင်းတုန်းမင်းနတ်ရွာစံစဉ်က စာချွန်လွာထဲက စာစုလေးသွားသတိရမိပါရဲ့။
ဘာတဲ့… “ရေမြေ့အရှင်၊ ဆန္ဒာန်ဆင်မင်းသခင်၊ ဆင်ဖြုများရှင်၊ လက်နက်စကြ်ာသခင်၊ ဘ၀ရှင်မင်းတြားကြီးဘုရား….” ဆိုတဲ့ ဂုဏ်ဒြပ် တကယ်တော့ ကနောင်ကိုယ်တော်ကြီးနဲ့က မှ တကယ် စပ်အပ်ပေသကိုးဗျာ…။
Was this answer helpful?
LikeDislikeဒါဆို ဒီပွဲကို သွားတက်မှာလား အာဂ..
တက်မယ်ဆို မှာလိုက်မလို့…
ကနောင်မင်းသားကြီးတီထွင်တဲ့ ရေမြှုပ်ဗုံးတွေ ဘယ်နေရာမှာ သိမ်းထားခဲ့လဲဆိုတာ သိချင်လို့ပါလို့နော်။
Was this answer helpful?
LikeDislikeကိုဂ
အဲဒီဆွေတော်မျိုးတော်ကိုမေးပေးပါဦး
အရင်လို ချဉ်ပေါင်သီးထောင်းလေးလဲ ပါသေးလားလို့ ဗျ
Was this answer helpful?
LikeDislike