ဝါဆိုထမင်း
ဒီလို ၀ါဆိုလပြည့်နေ့ရောက်ပြီဆိုမှဖြင့်
ကျုပ်ရဲ့ရောဂါတခုက
ဝါဆိုထမင်းလေးစားချင်တာ၊ ၀ါဆိုထမင်းလေးကို တမ်းတမ်းတတနဲ့ကို လွမ်းမိတာပါ…..
ဝါဆိုထမင်းဆိုတာကတော့ ကျုပ်ရဲ့ဇာတိမြို့ငယ်လေးမှာ ၀ါဆိုလပြည့်နေ့တိုင်း စတုဒိသာအဖြစ် ဘုန်းကြီးကျောင်းတွေမှာ လှူတဲ့ကျွေးတဲ့ ထမင်းဆိုပါတော့…။
အဲလိုစာတစောင်ပေတဖွဲ့-ဖွဲ့ပြီးလွမ်းရလောက်အောင် ဘယ်လောက်ကောင်းကောင်း ဘယ်လိုခမ်းခမ်းနားနားကျွေးတဲ့ အလှူမျိုးပါလိမ့်လို့တော့ မထင်လိုက်လေနဲ့-
ဝါဆိုထမင်းဆိုတာ အခြေခံအားဖြင့် ပန်းကန်ထဲ ထမင်းထည့်၊ ချဉ်ပေါင်ဟင်းရည်ကိုဆမ်းပြီး၊ မျှင်ငပိထောင်းတဖဲ့လောက် ပန်းကန်ပေါ်တင်ပေးလိုက်တဲ့ ထမင်းပွဲမျိုးပါဗျာ…
တချို့ကျောင်းတွေမှာတော့ အလှူရှင်က တတ်နိုင်လို့ဖြစ်ဖြစ် နာမည်လေးမသိမသာလိုချင်လို့ဖြစ်ဖြစ် ဓညင်းသီးပြုတ်တို့စရာလေးတော့ ထည့်ပေးတတ်ပါတယ်။ အဲဒါ ဌာန်ကုန်ပါပဲ…။ နောက်ထပ်ဘာဟင်း ဘာဟင်းချို ဘာအဖက်အစွက် ဘာအချိုပွဲ ဘာဖျော်ရည်မှ မပါတော့ပါဘူး..။
စားရတဲ့ပုံကိုရောပြောပြရဦးမလား…
ဘုန်းကြီးကျောင်းထဲ ဖိနပ်ချွတ်ဝင်၊ အဲဒီဖိနပ်ကို မပျောက်အောင် ခါးကြားထိုး၊ (နောက်ပိုင်းတော့ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ပါတယ်၊ မဆောင်ရင်ကျိန်းသေပျောက်ပါတယ်)၊ ထမင်းကျွေးတဲ့ဆွမ်းစားဆောင်/ဓမ္မာရုံ/တနေရာရာကိုသွားပြီး စားပွဲရှည်တွေမှာငုတ်တုတ်ထိုင်ပြီးနေရာယူ၊ ဟင်းရည်ဆမ်းငပိထောင်းပုံပြီးသားပန်းကန် ကိုယ့်ရှေ့လာချတာကို ဇွန်းနဲ့ခပ်ပြီး တရှုးရှုးတရှဲရှဲနဲ့ စားရတာပါ။ မ၀သေးရင် နောက်တပန်းကန် ထပ်တောင်းပေါ့…။ ဘာကြောင့်ငုတ်တုတ်ထိုင်ရတာလဲဆိုတော့ မိုးတွင်းကြီး ဖိနပ်ချွတ်ပြီး ကျောင်းပေါ်တက်ကြမှတော့ ကျောင်းကြမ်းပြင်တခုလုံး ရွံ့တွေရေတွေနဲ့ ဗွက်ထကုန်တာကိုး….။
အဲဒီထမင်းမျိုး အဲဒီလောက်ဘရုတ်သုတ်ခနဲ့ ညစ်တီးညစ်ပတ်စားရမှာများ ဘယ်သူတွေလာစားမှာလဲ လို့ မမေးချင်ကြဘူးလား..။
အောင်မယ်လေး… အယုတ်အလတ်အမြတ်မရွေး ဆင်းရဲချမ်းသာမရွေး ကုလား၊တရုတ်၊ဗမာ၊ကရင်၊ရှမ်း၊မွန် မရွေး တမြို့လုံးလာစားကြပါတယ်ခင်ဗျာ..။ အများစုက အိမ်လုံးကျွတ်ပါ။ ၀ါဆိုလပြည့်ဆိုတာ ကျုပ်တို့မြို့ရဲ့ မီးခိုးတိတ်နေ့ပါ…။ မြို့ပေါ်ကျောင်း ခုနှစ်ကျောင်းလောက်ကို ဟိုကျောင်းပြေးစား၊ သည်ကျောင်းပြေးစားနဲ့……. တနေ့ခင်းလုံး စက်ဘီးဆိုင်ကယ်တွေတအုန်းအုန်း ရုတ်ရုတ်သဲသဲနဲ့ကို ပွဲတော်ကြီးဖြစ်နေတာပါ။ ဆိုက်ကားသမားတွေဆို ဟိုကျောင်းပို့ပေးလိုက်- သူပါဝင်စားလိုက်၊ သည်ကျောင်းပို့ပေးလိုက်- သူပါဝင်စားလိုက်နဲ့ ကျောင်းချင်းဆက်နေတာပါ။
အင်မတန်ပျော်စရာကောင်းလွန်းလို့ ပျော်တာကပဲဟင်းတမယ်ဖြစ်သွားပြီး စားလို့ဝင်လိုက်တာမှ တပန်းကန်တပန်းကန်ကို ရှောကနဲရှောကနဲ…ပါ။ ဒါပေမယ့် ကျောင်းဆက်မယ့်လူတွေက ကိုယ့်ဘာသာဘရိတ်အုပ်ကြပါတယ်။ ဘယ့်နှယ်ဗျာ- လေးကျောင်းဆက်ရင် အနဲဆုံးတော့ လေးပန်းကန်စားရမှာမဟုတ်လား…။ ဒါကြောင့် တကျောင်းတကျောင်း ဆန်တော့အများကြီးမကုန်လှပါဘူး။ အကြမ်းအားဖြင့် လေးတင်းက ဆယ့်နှစ်တင်းကြားလောက်ပါပဲ။ (နို့ဆီတဗူးကိုလေးငါးပန်းကန်လောက်ရတာနော်)။ ဘယ်ကျောင်းမှ ပိုတယ်လို့ ကျုပ်တသက်တခါမှမကြားရပါဘူး။ ထမင်းကုန်တဲ့အချိန်မှာသာ ကုန်ပြီဟေ့…….. လို့ အော်ရင်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါးရပ်လိုက်ရတာပါ။ စားမယ့်လူကတော့ ဘယ်တော့မှ ကုန်ရိုးမရှိပါဘူး။ နေ့ခင်းသုံးနာရီလောက်က စကျွေးတာမှာ ညနေငါးနာရီဝန်းကျင်လောက်မှာ ဘုန်းကြီးကျောင်းတကျောင်းကျောင်းထဲ ကုန်ပြီဟေ့……. လို့ ၀ိုင်းအော်ကြတဲ့အသံကြီးကြားလိုက်ရပြီဆိုရင်ဖြင့် တသဲသဲ တဖွဲဖွဲ လာနေကြတဲ့ ကျောင်းပေါက်ဝက၊ ကျောင်းရှေ့က၊ ကျောင်းနားက၊ မလှမ်းမကမ်းက လူအုပ်ကြီးတွေ စက်ဘီးဆိုင်ကယ်တွေအားလုံး ရပ်လိုက်ကြပြီး ရယ်ရယ်မောမော စစ..နောက်နောက်နဲ့ အိမ်ပြန်ကြရပါတော့တယ်။
ဆောရီးပါစာဖတ်သူတို့ခင်ဗျား.. အရေးကြီးကိစ္စပေါ်လာလို့ ဒီရေးပြီးသလောက်လေးတင်နှင့်ပါရစေ..)



ပါဆယ်ကော ထုတ်လို့ ရလားဟင်
ကျော်တော့ အလှူတွေ လိုက်ဆွဲသာ ဆွဲနေတာ….
ဘာဟင်း ဘာထမင်းမှန်းမသိဘူး..
ဗိုက်ဖောင်းပြီး ပါဆယ် တစ်ထုတ်လောက်ရရင် အဆင်ပြေတယ်လို့ မှတ်တာပါပဲဗျာ..
Was this answer helpful?
LikeDislikeရတယ်ဟဲ့… :P
ကျုပ်တို့မိသားစုလှူတုန်းက ဒန်ဂျိုင့်လေးတွေနဲ့လာယူလို့ ထည့်ပေးလိုက်ရသေးတယ်။ အဲဒါ ညစာတဲ့…. :D
Was this answer helpful?
LikeDislikeစားလက်စလိုက်ပွဲတောင်းခါမှ ကုန်သွားသလိုဘဲ
ဒုတိယပိုင်း ဆက်ရေးပါဦးဗျို့ 
မစားရလဲ အညှော်ခံ မလို့ 
Was this answer helpful?
LikeDislikeအေးဗျာ .. ကိုဆာမိရယ်
ကျုပ်မှာ ကမန်းကတမ်း ကွန်ပျူတာပိတ်ပြေးရပြီး
အခုမှဆက်ရေးဘို့ကျတော့ ဘယ်နားကပြန်စရမှန်းတောင်မသိတော့ဘူ… :D
Was this answer helpful?
LikeDislikeမျှင်ငါးပိထောင်း ချင်ပေါင်ဟင်းရည်လေး နဲ့ ထမင်းပူပူနွေးနွေးလေးကို စားချင်လာမိပါတယ် ဦးပါ ခင်ဗျား!
Was this answer helpful?
LikeDislikeအား…. အဲဒါအရမ်းကောင်းတယ်….
မိုးအေးအေးမှာ ငပိထောင်းစပ်စပ်၊ ထမင်းပူပူ၊ ဟင်းပူပူလေး
ချဉ်ပေါင်ဟင်းထဲမျှစ်ထည့်ချက်တော့ အဲဒါကလဲ တော်တော်လိုက်တာ…
Was this answer helpful?
LikeDislikeဦးပါရေ သင်္ကြန်ထမင်းပဲ သိခဲ့တာ ၀ါဆို ထမင်းကို မနွှဲခဲ့ဖူးဘူး။ ငယ်ငယ်ကတော့ ဒီလို လပြည့်ဆို ဘုန်းကြီးကျောင်းကို လူကြီးတွေနဲ့ မုန့်လိုက်စားခဲ့တာတော့ မှတ်မိတယ်။
Was this answer helpful?
LikeDislikepooch ရေ
ဦးပါသိသလောက်တော့ ၀ါဆိုထမင်းရယ်လို့ကျွေးတာ ဦးပါတို့နယ် ကွက်ကွက်ကလေးပဲရှိတယ်။
အဲဒီအကြောင်း နောက်တပိုင်းမှာ ရေးထားတယ်။
ဝါဆိုလပြည့် ဆိုတော့ ဒီနေ့တော့ စိတ်အေးလက်အေးအားလောက်ပါပြီထင်ပြီးရေးမိတာ
အခုတော့ အပိုင်းပိုင်းတွေဖြစ်ကုန်ရော… :P
Was this answer helpful?
LikeDislikeမန်းလေးကကျောင်းတွေကတော့ ထမင်းမကျွေးဘူးဗျ။
ကြာဇံဟင်း ကျွေးတာများတယ်။
နောက် ညဂျင်းသုတ်နဲ့ပဲလှော်ကြော်သုတ်ပါတယ်။
မယ်ပု
နက်ဖြန်ငါသွားစားမှာလိုက်စားအုံးမလားအေ့
Was this answer helpful?
LikeDislikeမန္တလေးကျောင်းတွေတချို့မှာ ၀ါဆိုပန်းကပ်ဆိုပြီး လုပ်တယ်ထင်မိတယ်ကိုပေါက်ရေ..။
တကယ်တော့ မန္တလေးကျောင်းတွေက ဧည့်သည်လာရင် အမြဲတမ်း ကျွေးနေကျ။
နေ့ကြီးရက်ကြီးတွေလဲ အကြောင်းပြပြီးကျွေးနေကျဗျ..နော..။
Was this answer helpful?
LikeDislikeဦးပါဗျ
ကျနော်လည်း တချိန်က တမိုးတွင်းလုံး ရေ၀င်နေတဲ့ ထမင်းဗျက်စိမှာ(ချဉ်ပေါင်းဟင်းတော့ မပါ) ငပိအစိမ်းလေး တစ်ဂလော်နဲ့ နေ့ည
၂ပါးသွားခဲ့ရတာ ပြန်တွေးရင်း ဒါလဲဘဲ ၀ါဆိုထမင်းပါလားရယ်လို့ မှတ်ထင်ယူဆ တွေးမြင်လွမ်းသမိပါကြောင်း….
Was this answer helpful?
LikeDislikeကိုရဲစည်ရေ
ဦးပါလဲ တစ်ခါတစ်ရံ မိုးတော်တော်အေးတဲ့နေ့မျိုးဆို ရခိုင်ထမင်းဟင်း ပူပူစပ်စပ်လေးရှာစားပြီး အလွမ်းဖြေပါတယ်…. :P
Was this answer helpful?
LikeDislikeကြားတော့ကြားဖူးပါရဲ့..မစားဖူးခဲ့ပါ
ဦးပါရေးပြတော့မှ သွားရေယိုသွားသဗျာ..
ဗိုက်တောင်ဆာလာတယ်..
Was this answer helpful?
LikeDislikeနောက်တပိုင်းတင်ရဦးမယ် …
ဆက်အားပေးဦး ကိုမိုက်…. :D
Was this answer helpful?
LikeDislikeမြို့ ကြီးများတွင်တော့ ထိုသို့ ကျွေးလေ့မရှိသောကြောင့် မစားဖူးပါ…အိမ်တွင်စားလို့ ရသော်လည်း ထိုကဲ့သို့ အပျော်မျိုးမရနိုင်ပါ….
Was this answer helpful?
LikeDislikeကျုပ်လဲ သုံးပုံနှစ်ပုံကို မြို့ကြီးမှာနေလာတာပါ…
မြို့ကြီးတွေကအလှူအတန်းတွေမှာ သေသေချာချာပျော်စရာကောင်းတာ မတွေ့ရသလောက်ပါပဲဗျာ…။
မနက်ဖန်လဲ ဆွေကျောင်းမျိုးကျောင်းကို ၀ါဆိုသင်္ကန်းကပ်ပွဲ သွားရဦးမယ်…။
ပျော်ဘို့နေနေသာသာ စိတ်ထဲတောင်ခပ်လေးလေး…..
Was this answer helpful?
LikeDislikeမန်းတလေးမှာကြတော့
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ဗျ
နက်ဖန်ခါ ကြ ကျွန်တော်လဲ တစ်ကျောင်းကျောင်းတော့ သွားဆွဲလိုက်ဦးမယ်ဗျာ
အပေါ်မှာ ကိုပေါက် ပြောသလိုပါဘဲ
ကြာဇံဟင်း ၊ မုန့် ဟင်းခါး ၊ လဘက်သုပ် ၊ ထိုးမုန့် လမုန့်  ရေနွေးကြမ်း ကိတ်မုန့် ငှက်ပျောသီး
ကျောင်းက ကျက်သရေခန်းရှိသမျှ အကုန်ချကျွေးတာဗျ
Was this answer helpful?
LikeDislikeဟုတ်တယ်ကိုပေ
မန္တလေးကျောင်းတွေက ၀ါဆိုသင်္ကန်းကပ် ၀ါဆိုပန်းကပ်ကို လပြည့်ကျော်တရက်နေ့လုပ်ကြတာ သတိထားမိတယ်။ အဲဒါတမျိုးကောင်းတယ်။ ဥပုသ်သည်တွေ သီလပေးရတာတွေနဲ့ မရှုပ်တော့ဘူးပေါ့…။
Was this answer helpful?
LikeDislikeဦးပါ စာ ဖတ်ပြီးတော့
ကျနော့်တို့ ရွာက သင်္ကြန်ပွဲမှာ
ဘုန်းကြီးကျောင်းသုံးကျောင်း ပတ်ပြီး စားခဲ့တာကို သတိရသွားသဗျာ ..
တော်တော်တော့ ပျော်စရာ ကောင်းတယ် ….
Was this answer helpful?
LikeDislikeလုပ်လို့ရတာရှိသေးတယ် နော…
သင်္ကြန်မှာ ဂေဇက်မိသားစု အုန်းလက်မဏ္ဍပ်ထိုးပြီး
စတုဒိသာကျွေး၊ ရေပက်၊ သီချင်းဆိုရရင်…. :D
Was this answer helpful?
LikeDislikeပျော်တာကပဲ ဟင်းတစ်မယ် ဆိုတာနဲ့တင် စားချင်စိတ်ပေါက်လာပြီ။ [:))]
ကိုဆာမိရဲ့ ရွှေကျင်မီးမျှောပွဲမှာတုန်းကလည်း အဲလိုဆန်ဆန် ထမင်းထုပ်ဝေတဲ့ ဓလေ့လေး ဖတ်လိုက်မိသေးတယ်။
ပျော်စရာကြီး။
ကြုံကြွားလေး ကြွားရဦးမယ်။
ကျမတို့ မြို့မှာတော့ နိဗ္ဗာန်ဈေး ဆိုပြီး ကျွေးတဲ့ဓလေ့ရှိတယ်။
ကဆုန်လပြည့်နေ့မှာ လုပ်တာ။
ဟိုတုန်းကဆိုရင် တမြို့လုံး အိမ်တွေက အလှူလို (မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း စသဖြင့်) ခင်းကျင်းပြင်ဆင်ထားပြီး ကြုံတဲ့လူက ၀င်စားသွားတာပဲ။
စားဖို့လည်း ခေါ်စရာမလိုသလို စားတဲ့လူကလည်း အားနာစရာ ရှက်စရာမလိုတာလည်း ပျော်စရာပဲ။
နောက်ပိုင်းတိုးတက်လာတော့ [:(] နိဗ္ဗာန်ဈေးကို ကလေးတွေလောက်တာ စားကြတော့တယ်။
ကျွေးတဲ့နည်းကလည်း ပြောင်းသွားပြီ။
သကြားလုံးလို၊ မုန့်ထုပ်လိုမျိုးတွေကို အိမ်အပေါ်ကနေ ကြဲချ အောက်ကနေ ၀ိုင်းလုကြပေါ့။
အဲဒီနောက်တော့ လုယက်တာတွေ မဖြစ်အောင် ကလေးတွေကို မီးသတ်ဌာနမှာ စုခိုင်းတယ်။
ပြီးတော့မှဆွမ်းခံသလို အစဉ်လိုက်တန်းလျှောက်ပြီး တမြို့လုံးကို လှည့်ပြီး အလှူခံတယ်။
အဲဒီနေ့ဆိုရင် တခြားမြို့ရွာရောက်နေတဲ့သူတွေတောင် ပြန်လာပြီး လှူကြတာ ပျော်စရာကြီး။
ဒါပေမယ့် (မမဲ့ချင်လို့) …..
ဟိုးးးးးးးးးတုန်းကလို အိမ်ပေါင်းစုံက မုန့်မျိုးစုံ ပြင်ဆင်ကျွေးတာမျိုးတွေတော့ မရနိုင်တော့ဘူး။ [:(]
Was this answer helpful?
LikeDislikeကျုပ်လဲ ရန်ကုန်ရောက်တော့ စတုဒိသာကျွေးတယ်ကြားရင် စားရမလားဆိုပြီး သွားသွားမျှော်တတ်တယ်။
ဘယ်သူမှ ခေါ်မကျွေးတော့ သူများစားတာကြည့်ပြီး ပြန်ရတာပေါ့….
မမ တို့မြို့လို ခေါ်ကျွေးစရာမလို ၊ ကြိုက်တဲ့သူဝင်စား ဆိုရင် ရေလည်မိုက်တယ်…။
Was this answer helpful?
LikeDislikeပျော်စရာကြီးပါလားဗျို့ အဲဒါဘယ်မြို့မှာလဲ ပြောပြပါဦး….
ရွာအလူ ၁ခုတော့ကြူံဖူးတယ်…စားမဲ့သူတွေအားလုံး ကလေးလူကြီး တန်းစီရတယ် ကိုယ့်ပန်းကန် ကိုယ်ယူလာ..ထမင်းထည့်ပေးတယ် ပဲဟင်းဆမ်းပေးတယ် ဒါဘဲ …ဘုန်းကြီးကျောင်းထဲက အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလိုသာသွားစားကြပေတော့…ထိုင်ခုံမရှိ စားပွဲမရှိ…
အချိုရည်ကတော့ တိုင်ကီ(ပေပါခွံ) ထဲမှာ ရေခဲတုံးနဲ့ အပြည့်ဖျော်ထားတာ လှော်တက်နဲ့ မွှေနေတယ်..
ပြီးတော့ ကိုယ့်ဟာကိုယ်ယူလာတဲ့ ခွက်ထဲ ကြိုက်သလောက်ထည့်ပေးတယ်..
ပတ်ဝန်းကျင်က ရှိသမျှရွာတွေပါ လာအားပေးတာ ထည့်ပေးလို့တောင် နှိင်တောင်မနှိင်ဘူးတဲ့ဗျ….အထူးဧည့်သည်(ကျုပ်တို့ပေါ့ဗျာ) တွေကတော့ ကျောင်းပေါ်တက် ဟင်းနဲ့စားရတယ်….
သူ့အရပ်နဲ့ သူ့ဇတ်ပေါ့လေ…
Was this answer helpful?
LikeDislikeဒီနေ့တင်လိုက်တဲ့ ၀ါဆိုထမင်း(အဆက်) ကိုသာ ဖတ်ကြည့်တော့ ကိုရင်ရေ… :D
မြန်မာနိုင်ငံတ၀ှမ်းက စတုဒိသာအလှူလေးတွေက သူ့စတိုင်နဲ့သှူဗျ….
ကိုယ့်ကိုယ်ကိုမို့ပြောတာမဟုတ်ဘူး….။ ဒီလူမျိုးက တော်တော်ချစ်စရာကောင်းတာ..:D
Was this answer helpful?
LikeDislike၀ါဆိုထမင်းဆိုပြီး မကြားဖူးဘူးရယ် ခုဦးဦးပါလေရာ ရဲ့ ပိုစ်ဖတ်ပြီးမှ ၀ါဆိုထမင်းဆိုတာသိတော့တယ်
ရေးထားတာဖတ်ပြီး ချဉ်ပေါင်ဟင်းနဲ့ မျှင်ငါးပိထောင်းနဲ့ ချက်ချင်းစားချင်လာပြီ…။
Was this answer helpful?
LikeDislikeတကယ်တော့ ချဉ်ပေါင်ရယ်၊ မျှစ်ရယ်၊ မျှင်ငပိရယ်ဆိုတာ တော်တော်အနံ့ပြင်းတာ….
ဒါပေမယ့် မျှစ်နဲ့ရောပြီးချက်ထားတဲ့ချဉ်ပေါင်ဟင်းလေးနဲ့ ငပိထောင်းနဲ့က တော်တော်လိုက်ဖက်ပြန်ရော….
Was this answer helpful?
LikeDislikeမှတ်မှတ်ရရ ထိန်ငူတာကျိုးလို့ နေတဲ့အိမ် ရေမြုပ်တော့
ကလေးတွေက အဝေးမှာ သွားနေရတယ်
ဆွေမျိုးတွေ စုနေတဲ့ အုပ်လိုက်ကြီးနဲ့ ရက်ကြာလာတော့ ဂဏန်းဟင်းရေကျဲလေးပဲ စားရတာတောင်
အလုအယက်နဲ့ ထမင်းက မလောက်မင ဖြစ်ရတယ်
တစ်ခါတစ်ခါ ဟင်းကောင်းတွေ ရှေ့ချပြီ ထမင်းစားချင်စိတ် ပျောက်ချိန် အဲဒီတုန်းက စားခဲ့ရတာလေး တမ်းတမိတယ်
ဦးပါစာဖတ်ရင်းနဲ့ မြင်ယောင်လာပြီး ဗိုက်တောင်ဆာလာတယ်
ဒုတိယပိုင်းကျ ၀ါဆိုထမင်းစားရင် ၀ါဆိုမိုးဦး နဲ့ တူတဲ့ကောင်မလေးကို ပိုးပန်းခဲ့ပုံလေးလဲ တိုးတိုးတိတ်တိတ် ပြောပြဦးနော
Was this answer helpful?
LikeDislikeရူး…….. တိုးတိုး……
အဲ့ဒါက တော့ဆေးပေါ့လိပ် … ကိုနိုရဲ့……
:D :D
Was this answer helpful?
LikeDislikeဦးပါရေ့
အဲဂလိုစားချင်ထှာဗျာ
ကြုံရင် တစ်ရက်လောက်ချက်ကျွေးပါလား ဟင်…
……..
ထမင်းကပူ ဟင်းက ပူ ရှူရှူသာ ရှမ်းဂရုတ်ကယ်နှင့်လေး…..
……
Was this answer helpful?
LikeDislikeကိုယ့်ဘာသာချက်ရင်တော့ မကောင်းမှာသေချာတယ်… :D
ချဉ်ပေါင်ဟင်းနဲ့ငပိထောင်းကို မိတ်ဆက်နေတာက
ကျုပ်မှာ အကြံနဲ့… ကိုကမ်းရဲ့…..
အဲဒါလဲ တော့ဆေးပေါ့လိပ်ပဲ… :D
Was this answer helpful?
LikeDislikeဝါဆိုထမင်း ဆိုတာ အခုမှသာ ကြားဖူးပါကြောင်း။
ကျွန်မ လဲ အများသူငါ ကဲ့ သို့ စားချင်စိတ် တဖွားဖွား ပေါ်မိပါကြောင်း။
စားချင်တာ ကို စားချင် တာ အဖြစ် နဲ့ သာ ထားခဲ့ရပါကြောင်း။
လက်တွေ့အကောင်အထည် ဖော်ရန်
ချဉ်ပေါင်လဲ မရှိပါ။
ငပိလဲ မရှိပါ။ :P
Was this answer helpful?
LikeDislikeမရှိတာ ကံကောင်းတယ် မခင်လတ်ရဲ့…
အင်္ဂလန်မှာ ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းစားပြီး လူကြားထဲသွားလို့ကတော့…. :D :D
Was this answer helpful?
LikeDislikeကျွန်တော်လဲ အရီးလတ်ကိုပါပဲ…
ဝါဆိုထမင်းဆိုတာကို အခုမှကြားဖူးတာပါ…
သို့ပေမယ့် ရွာအလှူတစ်ခုမှာ ဦးဦးပါလေရာပြောသလိုမျိုး မီးခိုးတိပ်အလှူပေးတာမျိုးကြုံဖူး
သည်မို့ ၇၅% ခန့် ပုံဖော်ကြည့်မိကြောင်း
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeအဲဒီဓလေ့ကို ရန်ကုန်ပြောင်းနေတဲ့ ကျုပ်ဇာတိမြို့သူတဦးက ရန်ကုန်မှာအစပျိုးကြည့်နေတယ်ကြားတယ်။ သုံးနှစ်ရှိပြီတဲ့..။
ခက်တာက ဟိုတခြား ဒီတခြားဖြစ်နေတဲ့ ကိုယ့်မြို့သားတွေကို စုံအောင်လဲဖိတ်လို့မရ ဖိတ်သလောက်လဲ မလာနိုင်ဘူး ဖြစ်နေတယ်..။
Was this answer helpful?
LikeDislikeဝါဆို
သာအို
ငါလို
ကြာခို၊
ဏှာယို
ပြာသို
ဆာပို
ပရာဒို..။
Was this answer helpful?
LikeDislikeအောက်ဆုံး စာကြောင်းကိုတော့ တော်တော်ကြိုက်တယ်…
ခက်တာက ကားဖိုးတတ်နိုင်ရင်တောင် ဆီဖိုးက မတတ်နိုင်ပြန်ဘူး…. :P
Was this answer helpful?
LikeDislike၀ါဆိုထမ်ငးဆိုတာတစ်ခါမ မကြားဖူးဘူး
အခုမှဗဟုသုတအဖြစ်သိလိုက်ရတယ်။
၁၉၈၄ ခုနှစ်လောက်က ကရင်ပြည်နယ်၊ ဖားအံမြို့မှာ
သင်္ကြန်ထမင်းစားခဲ့ဖူးတယ်။ မှတ်မှတ်ရရပါပဲ။
အဲဒီနောက်ပိုင်း ကြားလဲမကြား(စားလဲမစား)ရတော့ပါ။
ဲမြန်မာရိုးရာ သင်္ကြန်ထမင်းကိုအရမ်းလွမ်းမိပါသည်။
သင်္ကြန်ထမင်းအကြောင်းသိသူများရှိက ပို့စ်တင်ပေးပါရန်
တောင်းပန်ပါသည်။
Was this answer helpful?
LikeDislikeသင်္ကြန်ထမင်း က ဒေသအလိုက် နဲနဲလေးစီ ကွဲပြားတာကြားဖူးတယ်။
ကျုပ်လဲ သင်္ကြန်ထမင်းအကြောင်း သိချင်ပါတယ်ဗျို့….
Was this answer helpful?
LikeDislikeလေးလေးပါရေ Rose ဖြင့် ထမင်းစားခါနီး ဖတ်မိလို့ သွားရည်ကျမိပါကြောင်း။ မြို့ကြီးမှာတော့ ဒီလိုဓလေ့တွေ မရှိတော့ သိပ်မသိဘူးရယ်။ ၀ါဆိုပန်းခူးထွက်တယ် ပဲကြားဖူးတာ နယ်တွေမှာလေ။ ထမင်းတော့ မကြားဖူးဘူး။ အခုလိုသိရတဲ့ အတွက် နောင်များလျှင် ၀ါဆိုလပြည့်နေဆို ၀ါဆိုထမင်းလိုက်စားအုံးမှ။ နေ့ဆွမ်းချက် သက်သာအောင်လို့။ ဆွမ်း ချက်ရတဲ့ အလုပ်လဲသက်သာ ဟီးဟီး။ ၀ိစိကိစ္စ ကိုယ့်ကိစ္စတွက်ချက် ရတာ တကယ်များတာလား။ :P :P အိုင်ဒီယာ တစ်ခု တိုးသွားပါကြောင်း ကျေးဇူးတင်တယ်လေးလေး ရေ။
Was this answer helpful?
LikeDislikeရိုစ့် ရေ..
မြို့ကြီးတွေမှာတော့ ၀ါဆိုလပြည့်နေ့ဆို ဘုရားသွား၊ ဘုန်းကြီးကျောင်းသွား လောက်ပဲ ရှိတယ်။ ဘယ်မှာမှလဲ ဘာမှသိပ်မကျွေးဘူး။ လပြည့်ကျော်တရက်မှပဲ ၀ါဆိုသင်္ကန်းကပ်နဲ့ရောပြီး အကျွေးအမွေးရှိတာများတယ်။ ဒီမနက်ကတော့ ဦးလေးလဲ ဘုန်းကြီးကျောင်းမှာ သွားတီးလိုက်သေးတယ်…။
Was this answer helpful?
LikeDislikeဦးဦးရေ စားချင်စိတ်တောင်ပေါက်လာပြီ
လေးကျောင်းလောက်ပြေးစားလိုက်မယ်ဆိုရင်
တစ်ကျောင်းကစားပြီးတာလျှော့သွားလိုက်
နောက်တစ်ကျောင်းဝင်စားးးး
ဟားးးးးးးး ပျော်စရာကြီးနော်
Was this answer helpful?
LikeDislikeအဲဒါ စားတုန်းက သိပ်များတယ်တောင်မထင်ဘူး…
အိမ်ပြန်လမ်းကျမှ မရှူနိုင်မကယ်နိုင်နဲ့ စက်ဘီးမနင်းနိုင်တော့လို့ အသိအိမ်ဝင်နားရတာနဲ့…. :D
Was this answer helpful?
LikeDislikeဖိတ်တော့ စားပြီဗျာ။အားမနာတော့ပု
Was this answer helpful?
LikeDislikeစားဗျာ… အားမနာနဲ့… :D
Was this answer helpful?
LikeDislikeရေးထားတာကို ဖတ်ရတာနဲ့တင် ပျော်စရာကြီးပဲ ဦးဦးရေ … ။
ဝါဆိုထမင်းဆိုတာ အခုမှသာ ကြားဖူးတာပါ … အရင်ကကြာဖူးတာ ၀ါဆို လပြည့်နေ့ ၊ ၀ါဆိုပန်း ၊ ၀ါဆိုပန်းခူး ၊ ၀ါဆိုဖယောင်းတိုင်နဲ့ …… ၀ါဆိုမိုးဦးပါ .. ဟီး :D
ဟန်ဆောင်မှုတွေမပါတဲ့ ရွာဓလေ့ အငွေ့သက်လေးတွေကို တစ်ခါတစ်လေ အရမ်းတမ်းတမိတယ် … ဒါပေမယ့် .. ပြန်စရာ ရွာကမရှိဘူးလေ … ။
Was this answer helpful?
LikeDislikeအိတုန်ရေ
နယ်ဆိုတာကတော့ ဒေသအလျှောက် ပျော်စရာလေးတွေဖန်တီးပြီး ပျော်ကြတာပါပဲ…။
အဲဒါတွေကတော့ နယ်ရဲ့ကောင်းကွက်ပေါ့နော…။
ဒါပေမယ့် အဖက်ဖက်ကတွက်ရင်တော့ နယ်မှာထက် မြို့ပေါ်မှာက ပိုကောင်းပါတယ်။
Was this answer helpful?
LikeDislikeဦးပါရေ.
စားချင်စိတ်တောင် ပေါက်လာပြီ
ဝါဆို ထမင်းဆိုတာလဲ အခုမှပဲကြားဘူးပါတယ်
အရင်တုံးက သာမညရောက်ရင် စားခဲ့ရတဲ့ သတ်သက်လွတ် ထမင်းနဲ့ ဟင်းရည် ပူပူလေးတောင်
ပြန်ပြီးသတိရလာတယ်
Was this answer helpful?
LikeDislikeမနိုရေ-
သာမညကလဲ တော်တော်ပျော်စရာကောင်းတယ်…။
ဆရာတော်ကြီးမရှိတဲ့နောက်ပိုင်းတော့ ထပ်မရောက်တော့ဘူး..။
အခုတော့ အရင်လို မဟုတ်တော့ဘူးထင်တာပဲ…။
Was this answer helpful?
LikeDislike၀ါဆိုထမင်းတဲ့…ခုမှသိတာပါ…ဦးပါရေးပြမှ စားချင်စိတ်တွေတဖွားဖွားပေါ်လာတယ်…။
ပျော်စရာကြီးနော်….ငပိထောင်းလေးကစပ်စပ်၊ ချဉ်ပေါင်ဟင်းလေးက ခံတွင်းရှင်း … ဟီး
ပြောရင်းနဲ့ကိုသရေကျလာပြီ….ရှလွတ်
ဒါနဲ့စကားမစပ် ဦးပါတို့နယ်က ဘယ်ကလဲဟင် ????
Was this answer helpful?
LikeDislike၀ါဆိုထမင်းကလဲ မိုးအေးအေးနဲ့မှ ပိုလိုက်တာ ဖြောင်းဖြောင်းရဲ့…
ဦးလေးတို့နယ်မှာတော့ အရင်တုန်းကဆို ၀ါဆိုလပြည့်နေ့တ၀ိုက်မှာ မိုးများပြီးချမ်းစိမ့်နေတာပဲ…။
အခုတော့ ရာသီဥတုတွေလဲ အရင်လိုမဟုတ်တော့ပါဘူး…၊
ဦးလေးရဲ့နယ်က ပဲခူးတိုင်း စစ်တောင်းမြစ်အနီးမှာ….
မြို့နာမည်ကိုတော့ ကြွေးရှင်တွေလိုက်လာမှာစိုးလို့ ချန်ထားလိုက်တယ်နော်…. :D :D
Was this answer helpful?
LikeDislikeဦးပါ
ဦးပါရဲ့ဝါဆိုထမင်းကိုပုံဖော်ကြည့်ပြီးသွားရေတောင်ကျလာတယ်
ပုမတို့နယ်အအဖိုးအဖွားတွေဆီသွားရင်လဲအမ၀မ်းကွဲတွေနဲ့လှေစီးပြီးဝါဆိုပန်းခူးထွက်တယ်
မိုးကလဲရွာ၊လှေကိုလဲစနောက်ပြီးမှောက်အောင်လုပ်အပျော်လေးတွေအိမ်ပြန်
အိမ်ရောက်တော့ပဲကုလားဟင်းသီးစုံနဲ့ငါးခြောက်ထောင်းကြော်စားရတာအရမ်းစားလို့ကောင်းတာ
ပုမတို့နယ်မှာထမင်းကိုငှက်ပျောဖက်ခင်းကျွေးတာ၊ကလေးဘ၀ကရွံစရာလို့လဲမတွေးမိဘူး
ခုတော့ဒီလိုလဲမသွားနိုင်တော့ပါဘူးလေ၊အမှတ်တရလေးတွေပေါ့
Was this answer helpful?
LikeDislikepu ma ရေ-
ထမင်းကို ငှက်ပျောဖက်ခင်းကျွေးတာ ရွံစရာလဲ မဟုတ်ပါဘူး…။
အိန္ဒိယမှာဆို ဟိန္ဒူတွေ ငှက်ပျောဖက်နဲ့ စားနေကျပါ…။
ဦးပါတော့ ငှက်ပျောဖက်ပေါ်ထမင်းပုံဟင်းပုံပြီး၊ ပဲကုလားဟင်းလေးဆမ်း၊ ငရုတ်သီးကြော်လေးကိုက်စားရတာကို အလွန်နှစ်သက်ပါတယ်…။
ရန်ကုန်မှာလဲ အရင်တုန်းက ချစ်တီးဆိုင်တခုမှာ အဲသလိုကျွေးပါတယ်။
နောက်ပိုင်းကျမှ ဖက်ဖိုး မတတ်နိုင်တော့လို့ ပန်းကန်နဲ့ ဖြစ်သွားတာ…။
သစ်ရွက်တွေရဲ့သဘောက သူ့နဂိုကိုက သန့်ရှင်းလို့လွယ်ပါတယ်…။
တော်ရုံပိုးမွှားမကပ်/မခိုအောင်းနိုင်အောင် တည်ဆောက်ထားပါတယ်။
လူ့ အရေပြားလိုပေါ့…။
စကားစပ်လို့ပြောရရင် ငှက်ပျောဖက်က ဗီယက်နမ်လို ထိုင်းလိုနိုင်ငံမျိုးမှာ export လုပ်ပြီး ပိုက်ဆံရှာတာပါ။ အစားအသောက်ထည့်စားဖို့ပါ။
ဦးလေးတို့နိုင်ငံမှာ အဖိုးတန်မှန်းမသိလို့ မသုံးရင်လဲ ဒီအတိုင်းစွန့်ပစ်မယ့်အစား ပြည်ပပို့နိုင်ရင်ကောင်းမှာ…။
Was this answer helpful?
LikeDislikeဗိုက်ဆာနေတုန်း ဖတ်မိတာ ပိုဗိုက်ဆာသွားတယ် …
ကျွန်မတို့ နယ်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ စတုဒီသာအလှူတွေ အများကြီးလုပ်လေ့ရှိတယ် … ဘယ်လောက်ပဲချက်ချက် ဘယ်တော့မှမလောက်အောင်ကို အားပေးလေ့ရှိကြလို့ အားရစရာကောင်းတဲ့ အလှူတွေပါပဲ … အိုးကြီးချက်နဲ့ အိမ်မှာချက်တာက အရသာကွာတယ် … ကျွန်မကတော့ စတုဒီသာတွေမှာ ကျွေးလေ့ရှိတဲ့ ဘဲသားဆန်ပြုတ်ကို အရမ်းကြိုက်တယ် …
Was this answer helpful?
LikeDislike