22
ပန်းခူးပြီးကြပြီလား
““ဝါဆို၊ဝါခေါင်ရေ ဖောင်ဖောင်”" ဆိုသလိုပင် မိုးကလဲအထူးကောင်းလှပေသည်။
သံတွဲမြို့ မြေနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေကြလေပြီ။မိုးတွင်းရောက်လာပါလျှင်
မြစ်ရေကြီးမှာကို အထူးစိုးရိမ်ကြရပါသည်။
ယနေ့ အတွက် အထူးထွေထွေထူးပြောစရာလိုမည်မထင်ပေ။Gregorian Calendar
အရ သြဂုတ်လ(၂)ရက်၊ဝါဆို လပြည့်နေ့ အခါသမပင်ဖြစ်ပါသည်။မြန်မာနိုင်ငံသား
ဗုဒ္ဓဘာသာဝင်တို့ အဖို့ ဝယ် ““သန္ဓေတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိကာ”ဆိုသည့်
အတိုင်း ဂေါတမဘုရားသည်
-ပဋိသန္ဓေယူတော်မူခြင်း
-တောထွက်ခြင်း
-ပဉ္စဝဂ္ဂီ(၅)ဦးအား ဓမ္မစကြာတရားဦး မြွက်ကြားခြင်း
-တိတ္တိတို့ အား တန်ခိုးပြာဋိကာ ပြတော်မူခြင်း. စသည်တိုကိုပြုမူခဲ့သောအခါသမယ
လဲဖြစ်သည်။
ဝါတွင်းကာလရောက်ပြီဆိုလျှင် ဆွမ်းလောင်းအသင်းများ တက်ကြွစွာ အလုပ်လုပ်
ကြပုံ၊ဝါဆို သင်္ကန်းဆပ်ကပ်လှူဒါန်းကြတာ ကိုနေရာအနှံအားရဖွယ် တွေ့ မြင်နေရပါ
တယ်။
ဝါဆိုလ၏ ထူးခြားချက်မှာ ယနေ့ ချိန်ခါတွင် ကျနော်တို့ မြို့ ပေါ်တွင်မကြားဖူးသော
ဝါဆိုပန်းခူးခြင်းဖြစ်ပါသည်။ရိုးရာဓလေ့ အဖြစ် မော်လမြိုင်ဖက်တို့ ၊ကျနော်တို့ မြို့ က
အတော့်သင့်သွားရသော ဂွမြို.့ နယ်အပိုင် ကျေးရွာတို့ တွင် အထူးစည်ကား ပျော်ရွှင်
ဖွယ်ဖြစ်သည်ကို အကိုmyanmarcitizen ကိုသက်သေထားပါ၏။
နှစ်စဉ် ဝါဆို လပြည့်ကျော် (၁)ရက်နေ့ တွင် ဝါဆိုပန်းခူးထွက်လေ့ရှိကြသည်။ရပ်ရွာ
အသီးသီး၊တောကြို၊အုံကြားပါမကျန် မိန်းမပျိုလေးများ၊ကာလသား လူပျိုသိုးများ
လပြည့်ကျော်(၁)ရက်တွင် အဖွဲ့ လိုက်စု၍ ရေတံခွန်းများ အသီးသီးရှိကြရာ တောစပ်၊
တောင်စပ်သို့ သွား၍ ရေချိုးကြ၊တောပန်း၊တောင်ပန်းလေးများ ခူးကြသည်။ဝါဆိုပန်း
များကို ဝါကပ်ရာတွင် လှူဒါန်းနိုင်ရန် သို့ မဟုတ် စေတီပုထိုးများတွင် ကပ်လှူရန်ဖြစ်စေ
ယူဆောင်လာကြပါသည်။နေရာ၊ဒေသအလိုက် ကွဲလွဲနိုင်သော်လည်း ဗုဒ္ဓဘာသာဝင်
တို့ အဖို့ တန်ဖိုးထား ထူးမြတ်သော လတစ်ခုပင်ဖြစ်ပါသည်။
P.S.
ယနေ့ လို နေ့ ထူးနေ့ မြတ်တွင် အများသူငါ ဥပုပ်သီတင်းသီလ ဆောက်တည်၍ အေး
ချမ်းစွာ နေထိုင်သူများရှိကြသလို၊လူငယ်ပီပီ အပျော်အပါးကို အသောက်အစားနဲ့ တွဲ
၍ လည်ပတ်နေသူများကို တွေ.့ နေရပါတယ်။သူတို့ ၏ပျော်ရွှင်မှုကို အပြစ်မမြင်ပါ
သော်လည်း တခဏတာ ပျော်ရွှင်မှုသာဖြစ်ပါစေ၊အမြဲတမ်း ခုလိုသာ သွားနေကြမယ်
ဆိုရင် ဖြင့် အနာဂတ်လူငယ်တွေနဲ့ တိုင်းပြည်အဖြစ်က မတွေးဝံ့စရာပါ။



ဝါဆိုပန်းခူးထွက်တဲ့ဓလေ့လေး မကြားဖူးပါဘူး အခုကြားဖူးတော့ ပျော်စရာကောင်းမယ်လို့ထင်ပါတယ်
ဝါဆိုပန်းတွေခူးပြီး ဘုရားကပ်တာ ကုသိုလ်တစ်မျိုးပဲလေ
” ယနေ့ လို နေ့ ထူးနေ့ မြတ်တွင် အများသူငါ ဥပုပ်သီတင်းသီလ ဆောက်တည်၍ အေး
ချမ်းစွာ နေထိုင်သူများရှိကြသလို၊လူငယ်ပီပီ အပျော်အပါးကို အသောက်အစားနဲ့ တွဲ
၍ လည်ပတ်နေသူများကို တွေ.့ နေရပါတယ်။”
လူတွေပျော်ပွဲစားထွက်ဖို့ အချိန်တွေအများကြီးရှိကြပါတယ်
အားလပ်ရက်တွေပေါ့ တရားနာ၊ဥပုပ်စောင့်ဖို့ကျ အချိန်မရှိဘူးလားမေးတော့ ရှိပါတယ်
ဒါပေမယ့် လူ့စိတ်ဆိုတာ ကောင်းတဲ့ဘက်ကိုပါဖို့ ခဲရင်းလို့ပါ
အခုလိုဝါဆိုလပြည့်နေ့ကိုတော့ တရားနာ၊ ဥပုပ်စောင့်တာ ကိုပိုသဘောကျပါတယ်
Was this answer helpful?
LikeDislike@mamanoyarရေ ဥပုပ်သီလယူသူတွေနဲ့ လဲစည်ကားပေမယ့် လူငယ်တွေတလွဲအသုံးချနေတာ
ကိုမြင်ရင်း အားငယ်မိလို့ ပါ။
@မမခိုင်ခိုင်ရေ-
@ကိုပေက မေးနေပြီနော့်။
@မမအိတုံရေ ပန်းခူးပြီး လိပ်ဥတူးတာတော့ ကျနော်လဲ စိတ်ဝင်စားသဗျာ။သို့ သော် လူငယ်တွေ
ပန်းခူးတာကိုအကြောင်းပြ အသောက်အစားဖက်လိုက်နေတာကို အားမရလို့ ပါ။
@မမအေးရေ မော်လမြိုင်က ပန်းခူးကြတာတွေကို သူငယ်ချင်းတွေပြောပြလို့ နည်းနည်းကြား
ဖူးထားရုံပါ။ဖြစ်နိုင်ရင် ပုံလေးတွေတင်ပေးစေလိုပါ၏။
@မအိရေ အလျော်ပေးရအောင်တော့ မလုပ်စေချင်ပါဗျာ။
Was this answer helpful?
LikeDislikeအရင်ကဆို မေမေကပြောဖူးတယ် ၀ါဆိုပန်းခူးထွက်ကြရင်းနဲ့ ချစ်ချစ်နောက်လိုက်ပြေးကြတဲ့လူတွေရှိတယ်တဲ့ … ၀ါဆိုလဟာ ပျော်စရာကောင်းတဲ့လတစ်လဖြစ်ပါတယ် … ဒီလတွေကစပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ၀ါတွင်းမှာ ဥပုဒ်သီလတွေကို အထူးသဖြင့်ဆောက်တည်ကြ ပါတယ် ……
Was this answer helpful?
LikeDislikeမခိုင်ကရော
ချစ်ချစ်နောက်ကို
ဘယ်လို လိုက်ခဲ့တာရဲဟင်… ဟီဟိ
ကိုသန်းထွတ်ဦးရေ သတိပေးပိုစ့်အတွက် ကျေးကျေးပါဗျာ
Was this answer helpful?
LikeDislikeဒီလိုပါပဲ ကပေရေ ကတိုက်ကရိုက် မှီရာဆွဲပြီးပြေးလိုက်တာပဲ …. နို့မဟုတ် သူများတွေက အပျိုကြီးဆိုပီး ၀ိုင်းနှိမ်မှာစိုးလို့ပါ ……. အိပ်မက်ထဲကအကြောင်းများ …. ;)
Was this answer helpful?
LikeDislikeဒီနေ့က ၀ါဆို ပန်းခူးထွက်တဲ့နေ့လို့ … မေ့နေရာက ၊ သူများပြောမှပဲ သတိရတော့တယ် ….. ။
ရုပ်ရှင်ထဲမှာတော့ တောက ပန်းခူးထွက်တဲ့ ဓလေ့လေးမြင်ခဲ့ဖူးတယ်…. ။ ၀ါဆိုပန်းခူးပြီး ဘုရားတင်ကြတယ် .. ပန်းခူးရင်း လိပ်ဥတူးတဲ့ ဇာတ်လမ်းလေးမျိုးပေါ့ … ဟီးဟီး :D
Was this answer helpful?
LikeDislikeအတိသဉ္စနာဂရရေ….
အန်တီတို့ မွန်ပြည်နယ်ဖက်မှာတော့..
အထူးသဖြင့်အန်တီနေထိုင်ခဲ့တဲ့မြို့ မှာ…
ဝါဆိုပန်းချိုး၊ပျော်ပွဲစားထွက်လေ့ရှိတာဒီနေ့ ပါဘဲ။
မိသားစုတွေအုပ်စုအလိုက်ပေါ့နော်။
ရေအားအဆင်းကောင်းတဲ့စမ်းချောင်းရှိတဲ့နေရာတွေမှာရေချိုးရေကူးကြပြီးတောပန်းတွေခူးကြတယ်။
ညနေခင်းပြန်လာတဲ့အခါဘုရားကျောင်းဇရပ်တွေဝင်ပြီး၊ကိုယ်တိုင်ချိုးပြီးခူးလာတဲ့ပန်းတွေဘုရားမှာ
ဝင်ပြီးကပ်လှူပူဇော်ကြတယ်။။
ဒီလို့ နေ့ မျိုးကဘ၀မှာပျော်ရွှင်ကြည်နှူးစရာကောင်းလှတဲ့နေ့ များအဖြစ်ရပ်တည်နေခဲ့တာ
အမှတ်ပြန်ရနေမိခဲ့ပါတယ်။။။
Was this answer helpful?
LikeDislikeဒီနေ့ ရုံးတက်နေရတော့
ဝါဆိုပန်းခူး ဆိုပြီး
အလှစိုက်ထားတဲ့
ပန်းတွေ ခူးလိုက်ရင်ဖြင့်
လျော်ရဘို့ သေချာနေပြီ…
Was this answer helpful?
LikeDislike၀ါဆိုပန်းခူးထွက်တဲ့ဓလေ့ကို ကြားသာကြားဖူးခဲ့ပေမဲ့ တစ်ခါမှ မကြုံဖူးခဲ့ဘူး ပျော်စရာကောင်းမှာ လို့တော့
ထင်ပါတယ်။
Was this answer helpful?
LikeDislikeရန်ကုန်ကအပျိုဒွေ ၀ါဆိုလပြည့် ပန်း”၀ယ်” ထွက်ရ အောင်ဟေ့…
Was this answer helpful?
LikeDislike@မေဖလားဝါးလေးရေ အားပေးဖတ်ရှုလို့ ကျောဇူးနော်။
@ကိုပင်လယ်ပျော်ရေ ပန်းခူးမှာလဲ။ပန်းမဝယ်ရပါဘူး။
ဟီးးးးးနောက်တာပါဗျာ။
@အကို၊အမများ အားလုံးကို ဤပို့ စ်သည် မနေ့ ကရေးထားပြီး
ယနေ့ မှတင်ရလို့ ဒိတ်မှားနေသည်ကို နားလည်ပေးပါဗျားးးး
Was this answer helpful?
LikeDislikeမွန်မွန်တို့ဘက်မှာတော့ ကွမ်းခြံကုန်းမြို့နယ်အပိုင်ဘက်က တောင်ပ်ါကျောင်းကို သွားကြတယ်။ တော်တော်များများသွားကြပေမယ့် မွန်မွန်ကတော့ အခုထိ တစ်ခါမှကို မရောက်ဖူးဘူး။ အတွဲတွေ၊ သူငယ်ချင်းအဖွဲ့လိုက်တွေသွားပြီး ၀ါဆိုပန်းခူးတယ်ပြောတာပဲ…
Was this answer helpful?
LikeDislikeအင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပေါ့
ငုံတို့ ကချင်ပြည်နယ်ဘက်မှာတော့ ၀ါဆိုပန်းခူးရုံပါပဲ
ရေတွေ ဘာတွေတော့မချိုးကြဘူး
ဝါဆိုပန်းဆိုတာသီးသန့်ရှိပါတယ် တောစပ်တွေမှာပေါက်တာပါ ဒီဝါဆိုလပဲပွင့်တာ
အပွင့်လေးက အဖြူနဲ့အ၀ါကြားထဲကအရောင်ပေါ့ (ဘာပန်းနဲ့ဆင်လည်းစဉ်းစားကြည့်တာ ရှာမတွေ့ဘူး)
ဝါဆိုလပြည့်နေ့လည်ကို မိန်းကလေးတွေချည်း ၀ါဆိုပန်းခူးထွက်ကြပြီးရင် ညနေမှ ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာ ဗုံနဲ့မောင်းနဲ့ သွားလှူရတာပါ ပျော်စရာတော့ အလွန်ကောင်းပါတယ် …
Was this answer helpful?
LikeDislikeကိုနာဂရေ ..
ဖတ်ရှုသွားပါတယ်ဗျာ ..
ဝါဆို ပန်းခူးထွက်ရတာ ..
တော်တော်တော့ ပျော်စရာ ကောင်းမယ်ဗျနော့ ..
Was this answer helpful?
LikeDislikeငယ်ငယ်တုန်းက ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတယ်။ အရမ်းပျော်ဖို့ကောင်းတယ်နော်။
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
တစ်ရက်လုံး ကိုးနတ်ရှင်ကဒုက္ခပေးနေတာနဲ့ ကိုယ့်ကို သက်သေထဲ့ထားတာခုမှတွေ့တယ်ဗျာ။ late reply ပေါ့
ဟုတ်တယ်ဗျို့။ ကြီးကြီးငယ်ငယ်အကုန်လုံး ပန်းလဲခူး ပျော်ပွဲစားသဘောမျိုးပေါ့ အိမ်ကနေချက်ပြုတ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ထွက်တော့တာပဲ။ အများဆုံးသွားကြတဲ့နေရာကတော့ နီးစပ်တဲ့ ပင်လယ်ကမ်းခြေပေါ့ဗျာ။ ဆော့လိုက်ကြ တစ်ယောက်နဲ့တစ်ယောက် ပင်လဲထဲ တစ်ယောက်ကို နှစ်ယောက် သုံးယောက်လောက်က တုတ်ပြီးပစ်ချလိုက်ကြ။ နောက်ပါလာတာလေး ၀ါးလိုက်ကြနဲ့တော်တော်ကိုပျော် ဖို့ကောင်းတယ်ဗျို့။ (ဒါကဂွဘက်ကအထာလေးပေါ့) ခုချိန်ဆို ငါ့ကောင်တွေ အူမြူးနေကြတော့မယ်။
မနှစ်တုန်းက ဒီလိုနေမတိုင်ခင် ၁၀ ရက်လောက်အလိုကနေ ရန်ကုန်ကိုပြန်လစ်လာခဲ့တယ်။ အမကတော့ တားပါသေးတယ် နင်ဝါဆိုလပြည့်နေ့အထိနေပါအုန်းတဲ့ ကိုယ်ကမှမနေနိုင်တာပြန်လာခဲ့ရတယ်။ ရေတံခွန်ကို သွားမယ်ဆိုပဲ သူပြောတာ ဘယ်နားကလဲတော့မသိ။ ကိုကအမြဲမနေတော့ အဲ့ရောက်ရင်သူတို့ကိုပဲအား ကိုးနေရတယ် အဲ့လို အဲ့လို
ဝါဆိုနဲ့အတူနားထောင်ဖြစ်တဲ့သီချင်းရှိတယ်ဗျကျွန်တော့မှာ။ “၀ါဆို” ရယ်သိပ်သတိရမိတယ် တကယ်ပဲကွယ် …ဆိုတာလေ။ ခုတောင် သတိရသွားပြန်ပြီိ နားထောင်လိုက်အုန်းမယ်ဗျို့…
Was this answer helpful?
LikeDislike@မွန်မွန်@နှင်းဆီငုံ@နတ်သမီး@အကိုတောင်ဖက်သားလေးရေ
ခုလိုဝင်ရောက်ပြီးဆွေးနွေးတဲ့ နွေးထွေးပြူငှာမှုအတွက်အထူး
ကျေးဇူးပါဗျာ။
Was this answer helpful?
LikeDislikeသားသားလည်း ပါဘူးနော် ..
သားဂို
ကျော်ခွတွားဒါလားဟင်င်င်လို့ .. :D :D
နောက်ဒါဘာ …
Was this answer helpful?
LikeDislikeမဟုတ်ပါ ဘူးဗျာ တကယ်မေ့၊အဲလေ မေ့ချင်ယောင်ဆောင် ရော မဟုတ်ရပါဘူးဗျာ။
ကိုကြီးအံအတွက် ပန်းခူးမယ့် ကောင်မလေးရှာပေးနေလို့ ပါဗျာ။ဟီးးးးးး
Was this answer helpful?
LikeDislikeပန်းခူး
ဆန်းဦး
ရှမ်းမူး
လှမ်းထူး
နမ်းဘူး
မန်းရူး
ဝမ်းတူး
ငန်းပြူး..။
Was this answer helpful?
LikeDislikeဦးကြောင်ကြီးရေ ဘယ်လို ငန်းပြီးပြူးသွားပါလိမ့်ဗျာ။ကဗျာလေးအတွက်
ကျေးဇူးပါခင်ညာ့။
Was this answer helpful?
LikeDislikeပန်းခူး
ဆန်းဦး
ရှမ်းမူး
လှမ်းထူး
နမ်းဘူး
မန်းရူး
ဝမ်းတူး
ငန်းပြူး..။
ဒီကဗျာလေးကိုကြိုက်လို့ ဘယ်လို ငန်းပြူး
တာလဲ မေးနေတာကို ဦးကြောင်မဖြေသေးဘူးနော့။
Was this answer helpful?
LikeDislike