ကလေးတွေဆော့တာ မပြီးကြသေးပါလား။
မနေ့က ၀ါဆိုလပြည့်နေ့ ရုံးပိတ်တာနဲ့ ညနေခင်းအိမ်ရှေ့မှာထိုင်ရင်း ၀ယ်လာတဲ့ဂျာနယ်ဖတ်နေတုံး အိမ်ရှေ့လမ်းပေါ်မှာ ကလေးအုပ်စုတွေစော့ကစားနေကြတာကို ငေးကြည့်နေမိတယ်။ ကစားတဲ့ကလေးအုပ်စုကနှစ်စုလောက်ဖြစ်ပြီး သူတို့ကစားနေကြပုံမှာ -
အုပ်စုတစ်စုက -
အဖွဲ့လိုက် – အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ၊
တစ်ယောက်သမား – တိရိစ္ဆာန်ရုံသွားမလို့၊
အဖွဲ့ – ငါတို့လည်းလိုက်မယ်၊
တစ်ယောက် – မလိုက်နဲ့၊ ဟိုရောက်ရင် ကျားတွေ ဆင်တွေ ကိုက်လိမ့်မယ်၊
အဖွဲ့ – ကိုက် ကိုက် သေ သေ
တစ်ယောက် – ဒါဆိုငါ့ကို အရူးမကြီး မစာဥ လို့ မခေါ်နဲ့၊
အဖွဲ့ – ခေါ်မယ် ၊ အရူးမကြီး မစာဥ အရူးမကြီး မစာဥ
( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )
နောက် အုပ်စုတစ်စုက -
အဖွဲ့လိုက် – ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ၊
တစ်ယောက်ထဲ – ညောင်ကိုင်းမှာနေ၊
အဖွဲ့ – နင်ဘာသီးစား၊
တစ်ယောက် – ညောင်သီးစား၊
အဖွဲ့ – နင်ဘာရေသောက်၊
တစ်ယောက် – ညောင်ရေသောက်၊
အဖွဲ့ – နင်သေရင်ဘယ်သူ့ကိုခြောက်၊
တစ်ယောက် – နင်တို့အားလုံးခြောက်၊
( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )
ကျွန်တော်ဖတ်နေတဲ့ဂျာနယ်မှာ The Voice နှင့် Envoy ဂျာနယ်တို့အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း ဆိုပြီးသတင်းဆောင်းပါးလေးပါလို့ဖတ်ရပြီး၊ ဟိုတစ်နေ့က the best ရဲ့ The Voice နှင့် Envoy ဂျာနယ်နှစ်စောင် အပိတ်ခံရ ပိုစ့်လေးကိုဖတ်ခဲ့ရတော့ ကလေးတွေကစားတာနေတဲ့ ကစားပုံလေးနဲ့ ဒီလိုတော့ တွေးမိလိုက်တယ်၊ သတင်းလွတ်လပ်ခွင့်ပေးတယ် အခုမပေးဘူး နောက်တစ်ခါကြပေးပြန်တယ် သိပ်မကြာဘူး မပေးပြန်ဘူး၊ အင်း – ကလေးတွေ အရူးလုပ်တမ်းစော့သလိုမျိုးများ အပျင်းပြေစော့တာလား၊ ညောင်ပင်တစ္ဆော့ လိုခြောက်လှန့် တမ်းစော့နေတာလား တောင်ထင်မိပါရဲ့။ အဲဒီလိုအတွေးနယ်ချဲ့မလို့ဘဲ ရှိသေးတယ် အိမ်ရှေ့ကစော့နေတဲ့ကလေးတွေရဲ့ အသံက စိတ်ဝင်တစား နဲ့ အားပိုပါလားလို့လားတော့ မသိဘူး အသံတွေတောင်ပိုကျယ်လာသလိုဘဲ ကြားလိုက်ရတာက-
အဖွဲ့လိုက် – အရူးမကြီး မစာဥ ဘယ်သွားမလို့လဲ၊
တစ်ယောက်သမား – တိရိစ္ဆာန်ရုံသွားမလို့၊
အဖွဲ့ – ငါတို့လည်းလိုက်မယ်၊
တစ်ယောက် – မလိုက်နဲ့၊ ဟိုရောက်ရင် ကျားတွေ ဆင်တွေ ကိုက်လိမ့်မယ်၊
အဖွဲ့ – ကိုက် ကိုက် သေ သေ
တစ်ယောက် – ဒါဆိုငါ့ကို အရူးမကြီး မစာဥ လို့ မခေါ်နဲ့၊
အဖွဲ့ – ခေါ်မယ် ၊ အရူးမကြီး မစာဥ အရူးမကြီး မစာဥ
( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )
နောက် အုပ်စုတစ်စုက -
အဖွဲ့လိုက် – ညောင်ပင်တစ္ဆေ ဝေလေလေ နင်ဘယ်ကိုင်းမှာနေ၊
တစ်ယောက်ထဲ – ညောင်ကိုင်းမှာနေ၊
အဖွဲ့ – နင်ဘာသီးစား၊
တစ်ယောက် – ညောင်သီးစား၊
အဖွဲ့ – နင်ဘာရေသောက်၊
တစ်ယောက် – ညောင်ရေသောက်၊
အဖွဲ့ – နင်သေရင်ဘယ်သူ့ကိုခြောက်၊
တစ်ယောက် – နင်တို့အားလုံးခြောက်၊
( အော်ဆိုသူကဆို လိုက်သူကလိုက် ပတ်ပြေးသူကပြေး နဲ့ ကစားလေရဲ့ )
အင်း—– ကလေးတွေ ကလေးတွေ ဆော့တာ မပြီးကြသေးပါလားနော်။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။



တင်စားသွားတာ ကောင်းတယ်ဗျို့ ..
ကလေးတွေ ဆော့နေကြတာ မပြီးသေးဘူးလား … တဲ့ …. :D
_______
ကျနော်ကတော့ဖြင့် ညောင်ပင်တစ္ဆေကို ဖတ်မိပြီး
ငယ်စဉ်က ပျော်ပျော်ရွှင်ရွှင်နဲ့
ကစားခဲ့ဖူးတာကိုပဲ အမှတ်ရမိသွားပါကြောင်း ….
Was this answer helpful?
LikeDislikeဒါက လူကြီးတွေဆော့တာဆိုတော့
နည်းနည်းပိုကြာမှာပေါ့၊ မဟုတ်ဘူးလား
ကျွန်တော်မပြောဘူးနော်
Was this answer helpful?
LikeDislikeဒီကလေးတွေကတော့
ဆော့ ကစား လို့ကို ပြီးမထင်ပေါင်
ကိုခင်ခရေ…
Was this answer helpful?
LikeDislikeကိုခင်ခရေ …. ကလေးတွေဆော့နေတာဆိုလျှင်ပြီးချင်ပြီးမယ် … သူငယ်ပြန်နေတဲ့ လူတွေဆော့နေတာမို့ မပြီးသေးတာပါ … ဟိဟိ …. ။ :D
Was this answer helpful?
LikeDislikeဆော့ရတာပျော်စရာကြီးပဲကို … ပြီးနိုင်ပါဘူး … ။ ခ်ခ်
Was this answer helpful?
LikeDislikeအဆော့ရပ်တဲ့အခါမှ မီဒီယာဈေးခင်းကြမှာမို့ပါ။ သူတို့ဆော့နေတုံးသွားခင်းလို့ ဈေးဘမ်းမှောက်မှဖြင့်ကွယ်။
Was this answer helpful?
LikeDislikeပြီးရင်သူတို့ က ဘွာတေးခတ်လို့ ရသေးသပ။
Was this answer helpful?
LikeDislikeတဖြည်းဖြည်းနဲ့တော့ ကစားတာ ရပ်သွားမယ်လို့ မျှော်လင့်မိပါတယ် ကိုခင်ခရေ….
Was this answer helpful?
LikeDislikeလုပ်ကွက်တစ်ခုကို မှားပိတ်မိတယ်ဆိုပြီး
နောက်ထပ် လုပ်ကွက်တစ်ခုနဲ့ ချွေးသိမ့်တတ်တာကလား
Was this answer helpful?
LikeDislikeကလေးတွေဆော့တာက သိပ်မခံစားနိုင်တော့ရင် အော်ဟစ်ဆဲဆိုပြီး
တုတ်တစ်ချောင်းဆွဲပတ်ရမ်းလို့ရသေးတယ်…
လူကြီးတွေကစားကတာ ငြိမ်ငြိမ်လေးတောင်းပန်တာတောင်… ထောင်ထဲထည့်ပစ်ချင်သေးတာ…
Was this answer helpful?
LikeDislikeကိုခရေ ကော်ပီအင်ပေ့စ်ဖြစ်နေတယ် ပြင်လိုက်အုံးနော်
Was this answer helpful?
LikeDislikeဆော့တာလည်း ဆော့ကြပါဗျ။
မြန်မြန်ပြီးအောင် ဆော့ကြဗျ။
မပြီးဆုံးဒဏ် လူထုခံ။
မှတ်ရန် တစ္ဆေများ။
Was this answer helpful?
LikeDislikeဖတ်ရှု့အားပေးသူတွေရော၊ ကွန်မန့်ပေးကြသူအပေါင်းရော ကျေးဇူးတင်ပါတယ်။
ပါးစပ်နှင့်လက်တန်းအုပ်ချုပ်မှု့မှသည် စနစ်ဖြင့်အုပ်ချုပ်မှု့သို့ မျှော်လင့်နေကြပါသည် မြန်မာပြည်။
Was this answer helpful?
LikeDislikeငယ်ငယ်တုန်းကညောင်ပင်တစ္ဆေ ဆော့ခဲ့တာ ပြန်အမှတ်ရသွားတယ်
သူငယ်ချင်းတွေနဲ့ ကလေးဘဝကို ပြန်လွမ်းသတိရမိပါတယ်
Was this answer helpful?
LikeDislikeဟုတ်ဖူး..အချစ်စမ်းနေတာ။
Was this answer helpful?
LikeDislikeဒါကြောင့်ပြောတယ်။ ဥပဒေနှစ်ခုပဲ ကျင့်သုံးနေတယ်ဆိုတာ မသိကြလေရော့သလားကွယ်။
ဒီနှစ်ခုကတော့…
ခုတစ်မျိုး
တော်ကြာတစ်မျိုး ဆိုတဲ့ နည်းကိုပဲ ကျင့်သုံးနေတာဖြစ်ရမယ်။
ငယ်တုန်းကတော့ ကလေးစိတ်နဲ့ အကုန်ဆော့တာပဲ။ တစ်နေကုန်ဆော့နေရလည်း မမောဘူး။ အိမ်က ထမင်းစားဖို့ လှမ်းခေါ်လည်း ဆော့ကောင်းတုန်းပဲ။ ခုလည်း ဆော့ရမယ်ဆို ဆော့ချင်သေးတယ်။ :P
Was this answer helpful?
LikeDislikeကလေးတွေဆော့တာလည်း ပျော်စရာကြီးနေမယ်နော် ။။
Was this answer helpful?
LikeDislikeငေါက်မရတဲ့ ကလေးတွေ မင်းမနိုင်ရပ်ကွက် ကျနေတာပဲ ညဆယ့်နှစ်နာရီကျော်တာတောင် ဆော့လို့ မပြိးကြသေးဘူး…။ ဂွနဲ့ ထွက်ပစ်လိုက်ရ မကောင်းရှိရော့မယ်…။
အိမ်နားမှာလာဆော့နေတဲ့ ကလေးတွေနဲ့ ရောပြီး ………………..
Was this answer helpful?
LikeDislikeခိုင်မာတဲ့ မူမရှိဘူး
စစ်မှန်တဲ့ စေတနာပါတဲ့ အပြောင်းအလဲကို မလိုချင်ဘူး
လူပြောများလို့ ဖိအားများလာလို့ မဖြစ်မနေ ပြောင်းလဲပေးရဖို့
လိုအပ်လာလာလို့သာ ဖြည်းဖြည်း ဖြေလျော့ပေးတာ
အဲဒီအခါ….
ပြောဖို့ ငတ်နေသူတွေ ပြဖို့ ငတ်နေသူတွေ က
မိမိရရ ထောက်ပြတာ ဖော်ပြတာ ဖွင့်ပြတာမျိုး
ဖြစ်လာပြီဆို တီကို ဆားထိသလို တွန့်ခနဲ တွန့်ကနဲ့ပြန်ဖြစ်….
အာဏာဆိုတဲ့ အတ္တစက်လေး ပါသွားတော့မှာပါလား ဆိုတဲ့
လောကကလေး ပြန်တက်
ဒီတော့ ကလေးကစားသလို ဘွာတေးပြန်လုပ်…..
ဒီလိုနဲ့ ဂျာအေး သူ့အမေရိုက်နေတာပဲဗျ….
Was this answer helpful?
LikeDislike