စွဲလမ်းမိတဲ့ ဝေဒနာ
စိတ်ထဲမှာ တစ်ခုခုခံစားမှု ဖြစ်လာတိုင်း ရွာထဲဝင်ပြီးရေးဖြစ်တဲ့ အကျင့်လေးရှိတာမို့ ဒီတစ်ခါလည်း စိတ်ထဲမှာ ပြင်းပြင်းပြပြဝေဒနာစွဲကပ်နေတာကြောင့် မျက်နှာပူပူနဲ့ပဲ ရွာထဲမှာ ရင်ဖွင့်ခဲ့ပါတယ် ။ ကျွန်မလက်တလောခံစားနေရတဲ့ ဝေဒနာက စွဲလမ်းမှုဝေဒနာပါ ။
ဒီလိုဝေဒနာမျိုး စိတ်ထဲ ပြင်းပြင်းပြပြခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့သြမိပါတယ် ။ စွဲလမ်းစိတ်နဲ့ ရူးချင်ချင်တောင်ဖြစ်နေမိတာ ပွင့်လင်းစွာနဲ့ ၀န်ခံပါတယ် ။
ပြောလျှင်တောင် ယုံကြမယ်မထင်ဘူး … ကျွန်မသူ့ကို တကြိမ်တစ်ခါမှ မမြင်ဖူးပဲနဲ့ အသံကြားရုံနဲ့ စွဲလမ်းမိပါတယ် ။ သူ့ကိုစွဲလမ်းတယ်လို့ ပြောရမှာထက် … သူ့အသံကို စွဲလမ်းမိတယ်လို့ ပြောလျှင်ပိုမှန်ပါလိမ့်မယ် ။ ကြားလိုက်တာနဲ့ ကျွန်မအတွက်တော့ …. လန်းဆန်းပျော်ရွှင်စိတ်ကို ဖြစ်စေနိုင်တဲ့ အသံမျိုးပါ ။
သူ့အသံကြားရလျှင်ပဲ ရင်ခုန်နှုန်းတွေမြန်သွားပြီး ပျော်လာသလိုလို တဆက်တည်းခံစားမိပြန်တယ် …. ။ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲစကားပြန်ပြောချင်စိတ်ဖြစ်မိပေမယ့် ….. အသိစိတ်က ပြန်ထိန်းချုပ်ခဲ့တာကြောင့် …. စကားပြန်မပြောဖြစ်ခဲ့ပါဘူး ။ စိတ်ထဲရှိတဲ့ အတိုင်းသာလုပ်ရလျှင် ၊ သူ့ကိုစကားပြောပြီး ကျွန်မသူ့ဆီက မျှော်လင့်နေတာကိုရယူမိမှာပါပဲ ။ သူ့ရဲ့ ရုပ်ရည် နဲ့ အသက်က ဘယ်လိုပဲဖြစ်ဖြစ် အဓိကမကျပါဘူး ။ လောလောဆယ်တွယ်ငြိမိနေတာ သူ့အသံကြောင့်ပါ ။
သူကလည်း အိမ်ရှေ့ကဖြတ်တိုင်း ၊ ကျွန်မကို အသံပေးသွားတတ်တော့ ၊ ကြားနေကြသူ့အသံ မကြားရလျှင်ပဲ ရင်ထဲဟာတာတာနဲ့ပေါ့ ။ ကျွန်မကလည်း အိမ်မှာ အချိန်ပြည့်မနေနိုင်တော့ သူ့အသံမကြားရတဲ့နေ့ဆို ၊ စိတ်ထဲတစ်ခုခုလိုနေသလိုပါပဲ ၊ ဘာမှလည်း မလုပ်ချင် ၊ ဘာမှလည်း စားချင်စိတ်မရှိပဲ …….. ပျော့ခွေပြီးသာ နေချင်ပါတော့တယ် ။ အိမ်ရှေ့ကဖြတ်တိုင်း အသံပေးသွားတာ ကျွန်မသူ့ကိုများ လှမ်းစကားပြောမလားလို့ မျှော်လင့်နေပုံတော့ရတယ် …. ။ သူ့အသံကြားရုံနဲ့ နားလည်ပါတယ် …. ကျွန်မလိုချင်တာကိုသာ ပြောလျှင် သူလည်းလိုသလောက်ပေးနိုင်မှာပါ ။
ကျွန်မကို ရူးတယ်ပဲပြောပြော ၊ ကြောင်တယ်ပဲ ပြောပြော ဒီနေ့တော့ သူ့အသံကြားရလျှင် အသိစိတ်တွေအားလုံးကိုခဏမေ့ပြီး ကျွန်မစိတ်ထဲရှိတဲ့အတိုင်း ၊ သူ့ကို စကားပြောလိုက်တော့မယ် ….. ။
%%%%%%%%%%%%%%
ရင်တွေကွဲထွက်တော့မတတ် နှလုံးတွေတဆတ်ဆတ်ခုန်နေတယ် ….. စိတ်လှုပ်ရှားလွန်းလို့ လက်ဖျား၊ ခြေဖျားလေးတွေတောင် အေးစက်ကုန်တဲ့ အထိပါပဲ …. ။ ဒီအချိန်ဆို သူလာတော့မယ် …….။
ဟော………. မျှော်လင့်ထားသလိုပဲ …… သူလာပါပြီ .. အဝေးကတည်းက သူ့အသံကြားရတယ် … တဖြည်းဖြည်း အိမ်နားရောက်တော့မှ … အချိန်ကိုက်ထွက်ပြီး အသံပေးပြီး လိုချင်တာ တောင်းလိုက်ပါတော့မယ် …
အိမ်ရှေ့က သူ့အသံကို ကျွန်မကြားပါပြီ ။ …. ပြတင်းပေါက်ကို ခြေဖျားထောက်ပြီး …. အားရ၀မ်းသာ အော်လိုက်မိပါတယ် …… ။
” ဗျို့…..ကုလား …. နွားနို့ တစ်ပိသာလောက်” :P :P :P :P :P
%%%%%%%%%%%%%%
(ဒီရက်ပိုင်း အဆီတက်စေမယ့် အစားသောက်တွေ ရှောင်ဖြစ်နေတာကြောင့် နွားနို့နဲ့ ကြက်ဥရောပြီး ပူတင်းလုပ်စားချင်စိတ်ကို …. ချုပ်ထိန်းထားရလို့ပါ …. ။ နွားနို့ပို့တဲ့ ကုလား အသံကြားတိုင်း …. အဆီတက်မယ် .. အဆီတက်မယ်ဆိုတဲ့ စိတ်နဲ့ ..စားချင်စိတ်ကို မြိုသိပ်လာရာက …. ဖြစ်လာတဲ့ အဖြစ်ပျက်ကို … ရွာသူားတွေ အပျင်းပြေရယ်မောရအောင် … ရေးမိသွားပါတယ် .. မှားတာချိယင် ၀ံဒါမိဘာ… ခွိခိ



ဟင်…feel တွေတတ်လာပြီးမှ ဘယ်လိုဖြစ်ဒွါးရတာလဲ…ရင်ထဲအီစိမ့်စိမ့်ကြီးဖြစ်ပြီးကျန်ခဲ့တယ်…..
Was this answer helpful?
LikeDislikeမအိတုံလေး ပူတင်းလုပ်စားတဲ့နေ့ ဧည့်သည်အဖြစ်လာလည်လို့ရလားဟင်။
Was this answer helpful?
LikeDislikeပင်လယ်ပျော်ရေ …. ရဟတ်စီးရတဲ့ ဖီလင်မျိုးလေး …စာဖတ်သူကို ဖြစ်စေချင်လို့ပါ …. ။
ဒီလိုပုံစံတူမျိုးလေး တစ်ခါရေးဖူးတယ် …. အဲ့တုန်းကလည်း ….. ပျော်စေချင်လို့ ရေးလိုက်တာပါပဲ …. ။
http://mandalaygazette.com/49627/society-lifestyle/aha-jokes အပျိုကြီးရဲ့ အရွယ်လွန်အချစ်… ဆိုတဲ့ ပို့စ်လေးပါ ….
ကိုခင်ခရေ …. အဟီး … ကျွေးတော့ကျွေးချင်ပါတယ် …. ။ ဒါပေမယ့် … မနက်ဆို …. ခြောက်နာရီခွဲ အိမ်ကထွက်ပြီး …ညဆို ဆယ်နာရီခွဲပတ်ဝန်းကျင်မှအိမ်ပြန်တတ်တာမို့ ….. ဧည့်သည်ဖိတ်ရင်တောင် .. အားနာနေ၇မယ့် အချိန်ဆိုတော့ … ဟီး …. ဓါတ်ပုံရိုက်ပြီး အီးမေးလ်ကကျွေးပါမယ်နော် …ဟိဟိ :P
Was this answer helpful?
LikeDislikeရွာဝင်စက မှတ်မှတ်ရရဖြစ်နေတဲ့ပိုစ့်လေးမို့ မှတ်မိတယ် ။ နောက်ရေခဲရေဘူးကို မရမကဖွင့်ရာကနေ အကိုနဲ့ အလွဲလေးဖြစ်သွားတဲ့ပိုစ့် နောက်တခုက စင်ဂဲမားသား အဲ့ဒီ ၃ ပုဒ်အကြိုက်ဆုံးပဲ ။
ရွာထဲရောက်ခါစက ဆူးတို့ တုန်တုန်တို့ စာလေးတွေ တော်တော်ဖတ်ရတယ်။ မှတ်မှတ်ရရပါပဲ။
Was this answer helpful?
LikeDislikeမမအိတုံရေ သွယ်ဝိုက်ပြီး ဟဿရသမြောက်အရေးအဖွဲ့ အတွက် ပထမဆုံးလက်မလေးထောင်သွား
ပါတယ်ဗျာ။အားရပါးရလဲ ရယ်မောသွားပါတယ် အမရေ။
Was this answer helpful?
LikeDislikeကိုသန်းထွဋ်ဦးရေ … ရယ်စေချင်လို့ ပျော်စေချင်လို့ ရေးတာ … ရယ်ရတယ်ဆိုလို့ … ၀မ်းသာပါတယ်နော် … ။
Was this answer helpful?
LikeDislikeအဲလာဆိုရင် ၀ယ်လိုက်မိတယ်ပေါ့…အဲဒီနေ့က…
Was this answer helpful?
LikeDislikeညလေးအိတုန်ရေ အဆီတက်တာများကွယ်… ဒေါက်တာကိုကို တစ်ယောက်လုံးရှိနေတဲ့ဟာပဲဟာ
နွားနို့ သောက်တာ ကိုယ်ခန္ဓာကို ဖွံ့ ဖြိုးကြီးထွားသန်မာစေလို့  အခု ကျောင်းတွေမှာ နွားနို့ တိုက်မယ့် အစီအစဉ်တွေ ဆွဲနေပြီဆိုလားဘဲ
ဆိုတော့ ညလေးအိတုန်လဲ ဆွဲသာဆွဲ
Was this answer helpful?
LikeDislikeအမလေး ဂျီးဒေါ်ရယ် …
ရင်တွေ တဒိန်းဒိန်းနဲ့ ဖတ်လိုက်ရတာ ..
နောက်ဆုံးတော့ ..
တခွီးခွီးနဲ့ပဲ ရယ်လိုက်ရတော့တယ် ..
တော်တော် နောက်တဲ့ ဂျီးဒေါ် ..
လူဇိုး … :D
Was this answer helpful?
LikeDislikeပြူတင်းပေါက်နားမှာခြေဖျားထောက်ပြီး အားရ၀မ်းသာအော်လိုက်တဲ့ပုံစံကို…
အရင်တုန်းက မင်းသမီးကြီးမမို့ (မို့မို့မြင့်အောင်) ဆပ်စလူးစိန်လုပ်တုန်းကစတိုင်…
မင်းသားအလာ… “ကိုကို” ဆိုပြီး အားရ၀မ်းသာလှမ်းအော်ပုံနှင့်မြင်ယောင်ကြည့်လိုက်ရာဝယ်…
ဒါရိုက်တာ
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeှမအိတို့ဆီမှာခုထိကုလားနွားနို့်ပို့တုန်းလားမန်းလေးမှာရွာတွေကမိန်းကလေးတွေလိုက်ပို့နေတာ
နွားနို့ပို့တဲ့ကုလားအတော်နဲသွားပြီ
Was this answer helpful?
LikeDislikeသူ့ရဲ့ ရုပ်ရည် နဲ့ အသက်က ဘယ်လိုပဲဖြစ်ဖြစ် အဓိကမကျပါဘူး ။ လောလောဆယ်တွယ်ငြိမိနေတာ သူ့အသံကြောင့်ပါ ။ ဆိုတော့ တော်တော် ကို စွဲလန်းနေပီ ပေါ့လေ တွေးလိုက်တာ ဟဲဟဲ- ပီးတော့ ဗျို့ကုလားတဲ့ ! ဟဲဟဲ- နောက်တာနော် !
Was this answer helpful?
LikeDislikeရသပို့စ်ပါဗျို့ ဘရာကြော် ပါပလာကြော်ပါ
ဒါကို အနက်ဖွင့်ရင် အောင့်အီးသည်းခံရာမှ မမျိုသိပ်နိုင်သော အရာအားဖွင့်ထွက်ခြင်း
သို့ဂလိုကြောင့်
ဖလန်း ဖလန်းထ ရသမြောက်ပါပေတယ် :mrgreen:
ဟိ ဟိ
အတည်ပြောမယ်ဗျ နောက်ထပ် လေး ငါး ကြောင်းလောက် အထိ tempo ထပ်တင်လိုက်ပီးမှ ဒိထက်နည်းနည်းကောင်းတဲ့ ဟာသ အချိုးလေးများ ရေးချလိုက်ရင်ဖြင့်
အဒေါ်အီးတုံးရေ ၅၀၀၀ဗျ ၅၀၀၀ ဟိဟိ ပွိုင့်လည်းပါတယ်နော် …..
ဃိန် ဂိန် ကိန်
Was this answer helpful?
LikeDislikeမီ……ညောင်…
အဲဒီအသံရော ဘယ်လိုခံစားရပါသလဲ ဒေါ်အီးဒုံး……။
နို့နွား
စို့ကျား
ဒို့များ
မြို့သား
ပျို့ပါး
ကိုယ့်အား
သို့လား
ညှို့ထား :grin:
Was this answer helpful?
LikeDislikeဟရေးးးးး ကန်းမလေးနော်
ဒီကုလားနွားနို့ ကအလွယ်မရဘူးနော
ပိုက်ဆံပေးလဲမရောင်းဘူး
ခင်မှရောင်းဒါ
ကြံကြံဖန်ဖန် စိတ်ကူးလေးကို သဘောကျနှစ်ချိုက်မိပါကြောင်း
နောက်နောင်လည်း ယခုကဲ့ သို့  မူကွဲလေးများ ဖန်တီးစေလိုပါကြောင်း
Was this answer helpful?
LikeDislikeမထိတ်သာ မလန့်သာရှိလိုက်တာ ဒေါ်အိတုံရယ်…
ပူတင်းကယ်ပေလို့သာပေါ့ ဒေါက်တာရယ်လို့ ဆိုရတော့မည်ပေါ့..:)
Was this answer helpful?
LikeDislikeတခုခုတော့ လှည့်ကွက်လေးလုပ်ပြီးရေးတော့မယ်လို့ မှန်းထားရဲ့သားနဲ့ကို
မထင်မှတ်တဲ့ဘက်က ဆွဲချသွားတယ်…
Was this answer helpful?
LikeDislikeမမအိတုန်နော် လူကိုလှည့်စားသွားတယ်
တွားးးးးးးးးးးး ခေါ်တော့ဝူးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeE Tone ရေ ။
နွားနို့ နဲ့ ကြက်ဥရောပြီး ပူတင်းလုပ်ပုံလေး ရေးပေးပါလားကွယ် ။
အဘ အရင်ကလုပ်ဖူးတယ် ၊ မေ့သွားလို့ ။
ပွချင်ရင် ပေါင်မုန့် ချေထည့် ။
အောက်ခြေမှာ ညိုချင်ရင် သကြားရည်ထည့် တာတော့ မှတ်မိတယ် ။
Was this answer helpful?
LikeDislikeဟင် …လူနောက်… တူများက တဂယ် မှတ်လို့.. မုအပြည့်နဲ ဖတ်နေတာ…
နောက်ဆုံဂျတော့…
:D
Was this answer helpful?
LikeDislikeဒေါ်အီးတုံးက စာအရေးကောင်းတယ်ဗျာ…
ဦးပါလေရာ ပြောသလိုကျုပ်လည်းစဖတ်ကတည်းကသိပါတယ်..
လှည့်တော့မယ်လို့…ဒါပေမဲ့ ..ရိုဟင်ဂျာနဲ့ အဆုံးသတ်မယ်တော့မထင်မိဘူး…
ကောင်းပါလေ့…ဖတ်လို့..
Was this answer helpful?
LikeDislikeလူနောက်ကြီး…. အပေါ်ပိုင်းလိုက် ဖတ်တုံးက ဖီလင်တွေတက်နေတာ.. ဗျုံးဆို…ပုတ်ချလိုက်တယ်။ ဟွန့်…..လူဆိုး..။
Was this answer helpful?
LikeDislikeကုလားလို့ မရေးနဲ့လေ…
တော်ကြာ ပြောကြအုံးမယ်..
ကုလားရောင်းတဲ့ နွားနို့ဆို မသောက်တော့ဘူး..
ငွေစင် ပုလဲ ကရောင်းတဲ့ ဗမာ နွားနို့ဘဲသောက်တော့တယ်…
Was this answer helpful?
LikeDislikeဇာတ်လမ်းအစကနေ စိတ်ဝင်တစားနဲ့ တက်လာလိုက်တဲ့ဖီလင်က နောက်ဆုံးကျမှ နင်သွားတာပဲ…..
အမလေး… နွားနို့သီးလိုက်တာ… ဖလူး ခွီး ……..
Was this answer helpful?
LikeDislikeစာဖတ်ပြီး နောက်ဆုံး ဘာဖြစ်မလဲလို့ တွေးရင်း အရသာ ရှိတာ ဖြစ်သွားတာကိုး။
ကိုပါ ရဲ့ ချဉ်ပေါင် ဟင်း ကို စွဲလမ်းမှု က လက်တွေ့မကျဘူး။
တုန်တုန် ရဲ့ ပူတင်း ကို စွဲလမ်းမှု က လက်တွေ့ကျတယ်။
လုပ်စားမယ်။ :-)
Was this answer helpful?
LikeDislikeဖတ်နေရင်းနဲ့ ဈေးသည်တစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် နွားနို့သည်လို့ မခန့်မှန်းလိုက်မိဘူး … :P
အရေးအသား ဆွဲဆောင်မှုရှိတယ် …
Was this answer helpful?
LikeDislikeအဟိ… အဟိ
Was this answer helpful?
LikeDislikeနောက်နေ့ကော အသံလာရာကို နားစွင့်နေတုံးဘဲလား ကောင်းမလေး။
Was this answer helpful?
LikeDislikeမအိတုံရေ အကြံပေးတာပါ( အကျန်မဟုတ်ပါ)
”ဗျို့…..ကုလား …. နွားနို့ တစ်ပိသာလောက်”
လို့မရေးနဲ့လေ၊ ကုလားကို ကုလားလို့မခေါ်ရဘူးတဲ့
Was this answer helpful?
LikeDislikeတစ်ပိသာကြီးများတောင်လား
မအိတုန်ရယ်….
အင်းလေ တစ်ပိသာဆိုပေမဲ့
ဝါးတားကို ဖယ်ထုတ်လိုက်ရင်
ခြောက်ဆယ်သားလောက်တော့ ရလောက်ရဲ့
နွားနို့ထဲ ငါးသလဲထိုး ပါမပါလည်း ကြည့်ဦးနော့….
အာဟိ…
Was this answer helpful?
LikeDislikevery very good အရမ်းကြိုက်တယ် စကတော့အချစ်ကြောင်းများဖွင့်ဟနေသလားမှတ်ရတယ် နောက်ကျတော့ရယ်နေရတယ် တကယ်ကောင်းတယ် ခုဖတ်နေတဲ့အချိန်ကတော်တော်လေးပျင်းနေတာ ခုဖတ်ပြီးရယ်လိုက်ရမှ ပဲအပျင်းပြေသွားတော့တယ် ကျေးဇူးပါမမအိရယ်။။
Was this answer helpful?
LikeDislikeအဟီးးးးးး မအိတုံ..တကယ်မှတ်ပီးးးဖတ်နေတာ..
နောက်ဆုံးတော့..ဟရေးးကမ်းးးမလေးးးနော်…
ကမ်းးးမလေးးးးးရယ်ရတာ….မောလိုက်တာ..ဟရေးးး
Was this answer helpful?
LikeDislike