ဖောက်ခွဲရေးသမားကြောင်ကြီး မသေပါ။ Pardon
ဖြောင်းခွပ်..ဘုံး အင့်..။ “အောင်မလေး ကြောက်ပါဘီဗျ ချမ်းသာပေးပါ ကျန်းမာရေးပါ။ မသိလို့ လုပ်မိပါတယ်။” “ဘာကြောက်ပါပြီလဲ၊ သရဲဂေါင်းလိုလို သူဒေါ်စင်လိုလိုနဲ့ အမှောင်ထဲမှာနေပြီး ဟိုဟာထောင်ပြရဲတဲ့အကောင် (လက်သီး) ဆက်တီးကွာ.. ဒီလိုကောင်မျိုး အရှင်မထားနဲ့၊ ဖြစ်သမျှ ငါတာဝန်ယူတယ်။ စစ်ထောက်လှမ်းရေး အယာရှိကြေးမုံဂျီး ဟိန်းဟောက်သံဖြစ်သည်။ ကြောင်ပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးအဖွဲ့ဝင် ကြောင်ကြီးအား မြို့တွင်းဖောက်ခွဲရေး ကြံစည်သည်ဆိုကာ နှိပ်စက်ညှင်းပန်းနေသည်။ အစာမကျွေး အနားမပေး သုံးရက်တိုင် ကြာမြင့်နေသော်လည်း ဝန်ခံချက် တစုံတရာ မရသေးပေ။ သို့သော် ဗိုလ်ကြေးမုံဂျီး စစ်ကြောရေးစခန်းသို့ ရောက်သွားသူတိုင်း ပြန်လမ်းမရှိရကား ဂေဇက်ရွာသဂျီး ဗလီဆရာ အဗ္ဗဒူလာဥခိုင်၊ ရာအိမ်မှူး ရွှေတိုက်စိုး၊ အရက်ပုန်းရောင်းသူ ကပုတို့မှာ လွန်စွာပျော်မြူး နေကြသည်။ ကြောင်ကြီးသည် သူတို့အတွက် ခလုပ်ကသင်း မဟုတ်ပါလော..။ :P
သဂျီးဥခိုင်မှ သူဥပုသ်ထွက်လျင် ကိုဘေးနွားတကောင် ကင်ပေးမည်၊ ကပုမှ ဖားပြုတ်အရက်တပုံး ဒါနပြုမည်။ ရွှေတိုက်စိုးမှ ရွာကာလသားများအား တာဝန်ယူ ဖိတ်ကြားပေးမည် စသဖြင့် အောင်သေအောင်သားစားရန် စိုင်းပြင်းနေကြသည်။ ထိုအချိန်၌ အမှန်တယားမြတ်နိုးသူ ကြောင်ကြီးခမျာ အမြီးပင် မထောင်နိုင်ရှာတော့ပေ။ (အခြားဟာဆို ပြောမနေနဲ့တော့)။ ရက်ပေါင်းများစွာ ကြာခဲ့လေပြီ၊ စစ်မေးသူများ ခြေကုန်လက်ပန်းကျနေပြီ၊ မေးခွန်းများသည်လည်း အပ်ကြောင်းထပ်နေပြီ၊ အခြေအနေကား စိုးလျဉ်းမျှ တိုးတက်မှု မရှိသေး၊ ကြောင်ကြီးမှ ခေါင်းမာစွာ ဘူးခံလျက် ရှိဆဲပင်။ ဗိုလ်ကြေးမုံဂျီးဒေါသ ထိန်းမနိုင်သိန်းမရ အဆုံးစွန်သို့ ရောက်ရှိသွားပြီ
“ဒီလောက်တောင် မာတဲ့ကြောင် မင်းကိုဖြတ်ပစ်မယ်။ ဝက်သားခုတ် ဓါးပြားဂျီးကိုင်လျက် စဉ်းနှီတုံးအား ဒုန်းကနဲထုရင်း အတံအလက်မှန်သမျှ အကုန်ဖြတ်မယ် လျှာပါမချန်ဘူး…။” :mad:
ကြောင်ကြီးအတွက် လွတ်မြောက်လမ်း မရှိနိုင်တော့၊ ကံစီမံရာ ခံရပေတော့မည်။ ကြေးမုံဂျီးပြုသမျှ နုရမည့်ဘဝ သေမထူး နေမထူးဖြစ်ပြီ။ ကြောက်လျင် ဘဝတွင် နှစ်ခါသေသည်၊ ထို့ကြောင့် ဟန်ကိုယ့်ဖို့ “ဟေ့.. ကြေးမုံဂျီး လည်မော့ပေးရမလား လည်စင်းပေးရမလား၊ သေမှာကြောက်ရင် တော်လှန်ရေး လုပ်ဘူးကွ။” “အေး.. ဖြတ်မှာ လည်ပင်း မဟုတ်ဘူး လဗြွတ် လဗြွတ်။ သောက်တုပ်ပလုပ်…သတ္တိခဲကြောင်ကြီး တုန်လှုပ်သွားသည်၊ မိုးစက်၊ ပုရှ်တို့နှင့် ရှင်ကွဲ ကွဲရတော့မည်။ ဧရာထွန်းဂလေးနှင့် သိကျွမ်းရသည်မှာ များမကြာလှသေး၊ ဦးကြောင်ကြီးအား အသဲနှလုံးမရှိသူဟု အထင်လွဲကြတော့မည်။ ပြန်လွတ်ခဲ့လျင် သူတို့ကို မည်သို့ရှင်းပြရမည်နည်း။ မဖြစ်ချေဘူး ကြေးမုံဂျီး ကြည့်ရတာ ဂျပန်ကင်ပေတိုင်ပုလိပ် ဝင်စားပုံရတယ်။ ဝန်ခံလိုက်မှ သက်သာမယ်။ ခွင့်လွှတ်ကြပါ ရဲဘော်တို့… ကြောင်ကြီးမှာ ရွေးစရာလမ်း မရှိတော့လို့ပါ။ ![]()
“ဟုတ်ပါတယ်၊ ကျနော့်မှာ လက်နက်ခဲယမ်းတွေ ရှိပါတယ်။ စာရေးကိရိယာဆိုင်က ဝယ်ထားတဲ့ ခဲတံချွန်ဓါး၊ ပေတံ၊ သရေကွင်းတထုပ် စာကြည့်စားပွဲ အံဆွဲထဲမှာ သိမ်းထားမိပါတယ်။” “လက်နက်တွေကတော့ ဟုတ်ပြီ၊ ခဲယမ်းမီးကျောက်တွေရောကွ” “ပြောပါ့မယ်ခင်ဗျာ..စားပွဲပေါ်မှာ ခဲဖျက်၊ ခဲတံ၊ ယမ်းမီးခြစ်၊ ဖယောင်းတိုင်တို့ တင်ထားပါတယ်။” “အဲဒါအကုန်လား၊ အခြား ဖောက်ခွဲရေးပစ္စည်းတွေ ရှိရအုံးမယ်။” “မလောက်သေးရင် အိမ်မှာရှိတဲ့ ဦးချိန်တီလျက်ဆားပုလင်း ရှာယူကြပါ၊ မတွေ့ရင် အိမ်နားက မာမူကြီးကုန်စုံဆိုင်မှာ မေးဝယ်လို့ ရတယ်။” “ဩော်…မင်းက တာလီဘန်တွေနဲ့ အဆက်အသွယ် ရှိတယ်ပေါ့၊ ရခိုင်အရေး ရီပို့တင်စရာရှိတာနဲ့ အတော်ပဲ၊ မင်းတော့ မိုးပေါ်က သိကြားမင်းဆင်းကယ်တောင် မလွတ်ဘူး။”
ဖြောင့်ချက်ရယူပြီးနောက် ကြောင်ကြီးအား အကြမ်းဖက်မှု၊ နိုင်ငံဒေါ်ပုန်ကန်မှု၊ ဖောက်ခွဲရေးလက်နက်ပိုင်ဆိုင်မှု၊ သတ်ဖြတ်ရန် ကြံစည်အားထုတ်မှု၊ နိုင်ငံဒေါ်အေးဂျမ်းသာယာရေးဖျက်ဆီးမှု၊ အကြမ်းဖက်လက်နက်ကိုင်များနှင့် ဆက်သွယ်မှု အမှုပေါင်း တရာ့တမှုတို့ဖြင့် စွဲချက်တင်လိုက်သည်။ မတရားမှုများကား ဤမျှနှင့် အဆုံးမသတ်၊ စီရင်ချက်ချမည့် တရားသူကြီးအဖွဲ့ကို အောင်နက်၊ မဲလုံး၊ ဂုတ်ကျားအမည်ရှိ တရားသူဂျီး သုံးဦးဖြင့်ဖွဲ့ထားပြီး ဆွဲချအစိုးရရှေ့နေကား ကြွက်နီဆိုသူဖြစ်သည်။ ငှက်ကြီး၊ ငှက်လေး၊ ရွှေကျီးနှင့် မောင်ခိုတို့ကား တရားရုံးတွင် ဘက်မလိုက်ဘဲ မှန်ရာထွက်ဆိုကြမည့် သက်သေများပေတည်း။ :cool:
တရားရုံးတွင် ကြောင်ကြီးဘက်မှ စေတနာဖြင့် ရှေ့နေလိုက်ပေးမည့်သူကား လေတပ်ဗိုလ်ချုပ်ကြီး (အငြိမ်းစား) အေးရှားမာစတာဖြစ်သည်။ သူက ကြောင်ကြီးနှင့် လူဂျင်းမသိသော်လည်း စိတ်ချင်းအလွန် ရင်းနှီးနေသဖြင့် ပိုက်ဆံမယူဘဲ အမှုလိုက်ပေးလေသည်။ ကြောင်ကြီး ဝန်သာဝန်ခံလိုက်၊ ငြင်းရင်ပိုဆိုးမယ်။ ရှေ့နေဂျီးမာစတာ ပေးသောအကြံဖြင့် တရားသူဂျီးမေးသမျှ အကုန်လုံး ခေါင်းညိမ့်ရတော့သည်။ ညူကလီးယားဗုံး ဖောက်ခွဲဖို့ ကြံစည်တယ်ဆိုတာ ဟုတ်သလား၊ ဟုတ်ပါတယ်။ တိုက်ချင်းပစ်ဒုံးပျံနဲ့ နယ်စပ်ကနေပစ်မယ် ဆိုတာရော….၊ မှန်ပါတယ်။ အာကာသလွန်းပျံယာဉ်နဲ့ တပ်ချုပ်ကြီးအိမ် အသေခံထိုးစိုက် ဖောက်ခွဲမယ်ဆိုတာ တကယ်လား၊ ဝန်ခံပါတယ်။ ![]()
ဤသို့ဖြင် စီရင်ချက်ချမည့်နေ့ ရောက်ရှိလာလေပြီ။ “အမိန့်ချမယ် အားလုံးနားထောင်၊ တရားခံကြောင်ကြီး (အဖဦးကျား၊ အမိဒေါ်ခြင်္သေ့) တွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရ၍ သေဒဏ်ချမှတ်သည်။ အယူခံဝင်လိုက တပတ်အတွင်း ရုံးဒေါ်သို့ တင်သွင်းစေ။” စေတနာရှင် ရှေ့နေဂျီး အာရှမာစတာကား အဆင်းဘီးတပ်လေပြီ၊
“အယူခံမဝင်နဲ့ ကြောင်ကြီး..အခုဟာက သေဒဏ်တခါပဲ ရှိသေးတယ်၊ အယူခံဝင်လို့ သောက်မြင်ကပ်ကပ်နဲ့ သေဒဏ်နှစ်ခါဆိုရင် လွတ်လမ်းမရှိတော့ဘူး။” ဒီလိုနှင့် အယူခံလည်း မဝင်ဖြစ်ခဲ့ပေ၊ ကြောင်ကြီးသေဒဏ် ကျခံရတော့မည်လော။ မဟုတ်ချေ..ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကောင်းမှုဖြင့် သံမဒဂျီးဆိုသူမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လေသည်။ ကြောင်ကြီးလက္ခဏာတွင် ဥပစ္ဆေဒကံဖြင့် သေရန်ကိန်းမပါရှိချေ။ :neutral:
ကြောင်ကြီးပြန်လွတ်ကြောင်း သိလိုက်ရသော သဂျီးအဗ္ဗဒူလာဥခိုင်ခမျာ အလန့်တကြား တံတွေးမျိုချမိသဖြင့် ဥပုသ်ပျက်သွားသည်။ ရာအိမ်မှူးရွေတိုက်စိုးကား စွမ်းအားရှင်အင်အား ထပ်တိုးရန် လူမိုက်ရှာဖွေရလေသည်။ အရက်ပုန်းဆိုင်ပိုင်ရှင် မိုက်ကယ်ပုကတော့ သိမ်းထားသော အရက်များကို လျော့ဈေးဖြင့် တွန်းရောင်းသည်။ သူတို့စိုးရိမ်သလို ဖြစ်မလာချေ။ ပြန်လွတ်လာချင်းချင်း မိတ်ဆွေဂျီး အေးရှားမာစတာ ကူညီမှုဖြင့် တရုတ်ပြည်ရှိ ကျီးမုံဂျေး ဘာဘီကျူးဆိုင်တွင် စာရိတ်ငြိမ်း လခကောင်း အလုပ်လုပ်ရန် ထွက်ခွာသွားသောကြောင့်ဖြစ်သည်။ ဦးကြောင်ကြီး သူဌေးဖြစ်မည်လော၊ သို့တည်းမဟုတ် …………………………………………ဆက်ရန်မျှော်။ :eek:




ဟုတ်ပ ကိုကြောင်ကြီးရေ ပို့စ်ကောင်းလေးပါလို့ ချီးကျူးရင်းနဲ့ ဒီလဟာ မွတ်ဆလင် ဘာသာဝင်တွေရဲ့ ဥပုသ်လလို့ သိရတယ်။ နေ့လည်ပိုင်းမှာ အစာမစား ရေမသောက်ပဲ ပျမ်းမျှ ည ၇နာရီ ၃၀ လောက်ကနေ မနက် ၅ နာရီခွဲလောက် အထိပဲအစာစားလို့ ရတယ်ပြောတယ်။ ကျနော်သိသလောက် ၁၈ရက်နေ့အထိ ဥပုသ်လဖြစ်ပြီး ဒီလ ၁၉ ရက်နေ့မှ ဥပုသ်ထွက်မှာလို့ သိရတယ်။
Was this answer helpful?
LikeDislikeဖေါက်ခွဲရေးသမားဖြစ်ကြောင်းဝန်ခံစေချင်ရင်
လုပ်ရမယ့်အလုပ်က တခုထဲရှိတယ်။
မြန်မြန်သေချင်လာအောင်လုပ်….
Was this answer helpful?
LikeDislikeတော်သေးတာပေါ့ 
ကျုပ်တို့  ဇတ်လိုက်ကြီးမသေသေးလို့ 
တောင့် ထား တောင့် ထား နောက်ပွဲတွေကျန်သေးတယ်
Was this answer helpful?
LikeDislikeဦးကြောင်ကြီး သေလို့မဖြစ်သေးဘူး
မသေပါစေနဲ့ ရွာထဲတစ္ဆေခြောက်မှာစိုးလို့ ဟဲဟဲ :P
Was this answer helpful?
LikeDislikeဥကြောင် မသေ ဘူး ဆိုတော့ မိုးဇက် တို့ ပုရှ် တို့ နဲ့ ပြန်တွေ့ နိုင်သေးတာပေါ့.. ဘာလို့ တရုတ်ပြည် ထွက်ပြေးတာလဲ.. အမှုဟောင်းတွေ ထပ်ပြီး အတိုင် ခံ ရမှာ စိုးလို့ လား။
Was this answer helpful?
LikeDislikeပြေးပါစေ …. ။ စီလုပ်က ကြောင်သားဆိုလွှတ်ကြိုက်တာ….။ :P :P
Was this answer helpful?
LikeDislikeကြားတာကတော့ ဘာဘီကျုးဆိုင်မှာ လုပ်ရင်းကိုင်ရင်း မတော်တဆ ကြောင်မွှေးတွေ မီးလောင်ကုန်တယ် ပြောတယ်။ :D
Was this answer helpful?
LikeDislikeကြောင်ကြီး လျှောင်ကီး
ထောင်တီး ညှောင်ညီး
အောင့်အီး ပြောင်ပြီး
ထွက်ပြေး တရုတ်မကလေးနဲ.
တရုတ်ပြည်ရောက် မှ ဖြုတ်ရောင်းခံရ အော် အခုတော့ သုံးသိန်းတန်ကြီး ပျောက်ဆုံး
ဦးကြောင်ကြီး လောက်စလုံးတောင် မရှိတော့ပါလား………….ခိခိခိ
Was this answer helpful?
LikeDislikeတရားခံကြောင်ကြီး (အဖဦးကျား၊ အမိဒေါ်ခြင်္သေ့) တဲ့လား .. ဒါကြောင့်ထင်တယ် .. လည်ဆံမွှေးက ငယ်ထိပ်တက်ပေါက်နေတာ … ခွိခွိ … ။ :P
Was this answer helpful?
LikeDislikeဒါနဲ့ သူကြီးကတကယ် မွတ်စ် ကြီးလား
ရှင်းပြပါအုံး
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဒီလိုရှိပါတယ်..သဂျီးမွတ်စ် ဟုတ်မဟုတ်ဆိုတ သူ့ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်ပါတယ်ခင်ဗျ၊ သူ့ဖာသာသူ ဟာဂျီဘွဲ့ခံခံ မခံခံ၊ ဥပုသ်စောင့်စောင့် မစောင့်စောင့်၊ တနေ့ငါးကြိမ် ဗလီတက်လို့ နဖူးမှာအမာရွတ်စွဲစွဲ မစွဲစွဲ၊ ဘာသာရေးကိုင်းရှိုင်းလို့ မုတ်ဆိတ်ဖားလားချချ မချချ၊ နွားပေါ်ပေါ် မပေါ်ပေါ်၊ ကြက်လှီးလှီး မလှီးလှီး ပတ်ဝန်းကျင်က ကျိုးသင့်ကြောင်းသင့် မကန့်ကွက်သ၍ ကြိုက်ရာလုပ်ခွင့်ရှိပါတယ်။ သဂျီးကဒေါ် သူနဲ့လက်ထပ်ပြီးနောက် သဂျီးတို့ဘာသာထဲပြောင်းသွား၊ အပြင်ထွက်ရင် ဘူကာလို့ခေါ်တဲ့ မျက်လုံးဖော်ရုံ ဝတ်ရုံဝတ်တာ၊ အိမ်တွင်းပုန်းနေတာလည်း သူတို့နဲ့ပဲဆိုင်ပါတယ်။ ကိုယ်စိုက်တဲ့အသီး ကိုယ်စားသုံးရမှာဖြစ်လို့ သဂျီးရဲ့ ကိုးကွယ်ယုံကြည်မှုအပေါ် ဘာရယ်လို မှတ်ချက်မပေးဝံ့ဂျောင်းပါခင်ဗျာ..။ :cool:
Was this answer helpful?
LikeDislikeဟီးးးဟားးး
နောက်တစ်ပိုင်းကြရင် တိုယိုတာကားကြီးကို စကီလေးတွေနဲ့ အတူ မောင်းတဲ့အခန်း ထည့်ရေးဖို့ မမေ့နဲ့ နော်
Was this answer helpful?
LikeDislikeကြေကြီးမသောင်….
ကြောင်ကြီးမသေ
ဖေါက်ခွဲမှု
မှောက်လဲမမှု
…………..
Was this answer helpful?
LikeDislikeတလုတ်ပြည်မှာ
ကြောင်ဖမ်းပြီး ရောင်းစားတဲ့ လူဒွေရှိပါလယ် ..
သူရို့က ကြောင်ကို
ဟိုဒင်းဟိုဟာ လုပ်ပစ်လေ့ရှိကြဒယ်ဆိုပဲ …
.. ငှဲ .. ငှဲ ..
:D
Was this answer helpful?
LikeDislikeကကြောင်ကြီး ရဲ့ အကြောင်းအရာ နဲ့ တော့ ဆက်စပ်မှု ရှိမရှိ မသိ။
လောလောလတ်လတ် ကြည့်လိုက်ရတဲ့ သတင်းလေး ကို ဝင်မျှချင်ပါတယ်။
ကိုယ့် ရင်သွေး သမီးလေးကို သတ်မှု နဲ့ မိဘနှစ်ပါး ကို ထောင်ဒါဏ် တစ်သက် စီရင်ချက်ချလိုက် တဲ့ သတင်းပါ။
တရားသူကြီးရဲ့ သူတို့ ကို ပြောလိုက်တဲ့ စကား။
The judge told them: “Your concern about being shamed in your community was greater than the love of your child.”
“ခင်ဗျားတို့ရဲ့ လူမှုအသိုင်းအဝိုင်း ထဲမှာ အရှက်ရတော့မယ် ဆိုတဲ့ အတွေးက ကိုယ့်ရင်သွေး ကို ချစ်တဲ့ စိတ် ထက် ပိုပြီး မြင့်မား နေတာဘဲ” တဲ့။
အနောက်တိုင်းမှာ ကြီးပြင်း ခဲ့တဲ့ အသက် ၁၇နှစ်သမီး က သူတို့ ရိုးရာ ဓလေ့ ထုံးတမ်းကို ဆန့်ကျင်လာတာ ရှက်စရာဖြစ်လာလို့ သတ်ခဲ့တာပါ။
သူတို့ရိုးရာဝတ်စုံ အမြဲ ဝတ်ဆင်ဖို့ နဲ့ မိဘသဘောတူသူနဲ့ သာ လက်ထပ်ဖို့ ကို ငြင်းဆန်ခဲ့တာ အပြစ်လား။
အခင်းဖြစ်ချိန်က ၂၀၀၃ စက်တင်ဘာလ ကထဲ ကပါ။
တစ်ညမှာ သမီး နဲ့ စကားအခြေအတင်ဖြစ်ပြီး အဖေ နဲ့ အမေ က ချုပ်ပြီး သူမ ပါးစပ်ထဲ ကို ပလပ်စတစ်အိတ် သွင်း ပြီး တစ်ခြား ကလေးတွေရှေ့မှာ သတ်ခဲ့တာ။
ပြီးမှ အလောင်းကို သွားပစ် တယ်။ သူတို့ သမီး ညဖက်ကြီး အိမ်ကထွက်သွား တယ် ဆိုပြီး ပြောခဲ့တယ်။
ကျောင်းက တစ်ပါတ်လောက် သတင်းမကြားဘဲ ပျောက်နေလို့ ရဲ က သိခဲ့တာ။
အလောင်း ကို ၆လ လောက်ကြာမှ တွေ့တယ်။
မိဘ တွေ ကို မသကာင်္ပေမဲ့ သက်သေမရှိ လို့ ဘာမှ လုပ်မရခဲ့တာ။
၂၀၁၀ ထဲ မှာမှ သမီးလတ် က တဆင့် ဖော်ကောင် လုပ်ပြီး အမှုပြန်ပေါ်ခဲ့တာ။
ကြည့်ရတာ သူတို့ အလှည့် ရောက် လာပြီ မို့ ထင်ရဲ့။
သူတို့ အနေနဲ့ ဒီ ယဉ်ကျေးမှု ကို ဒီအတိုင်း ဆက်သွား နေလို့ ကတော့ သူတို့ လူမှုအသိုင်းအဝိုင်း ကလွဲ လို့ ဘယ်သူ နဲ့မှ အဆင်ပြေမှာ မဟုတ်ပါ။
နောက်မျိုးဆက် တွေ ကို တံခါး အတင်း ပိတ်ပြီး ဇွတ် ဇာတ်သွင်း နေရင် အမြင်ကျယ်လာတဲ့ ကလေးတွေ မှာ အင်မတန် အန္တရာယ်ကြီး လာပါမယ်။
ဘယ်သူမှ ချုပ်ချယ်မှု နဲ့ မနေချင်ပါဘူး။
ဒီတော့ ဒီလူတွေ ဟာ ဒီမိုကရေစီနိုင်ငံတွေ မှာ ကိုယ်ကြိုက်သလို နေမယ်။
အခွင့်အရေး ယူမယ်။
ကိုယ့်ကလေးတွေကို ကျတော့ လွတ်လပ်ခွင့် မပေးဘူး။
အတော်ကို မတရားတာပါဘဲ။
ကိုယ့်သားသမီး ကို တောင် သတ်တဲ့ အထိ လူမှုအသိုင်းအဝိုင်း ရဲ့ လွှမ်းမိုးတာ ကို ခံနေရတဲ့သူတွေဟာ တစ်စိမ်းတွေ ကို ဆိုရင် ဘယ်လို သဘောထားမလဲ။
ဒီလို လူ့အခွင့်အရေး ကို ချိုးဖောက်နေ တဲ့ လူမှုအသိုင်းအဝိုင်း အတွက် လူ့အခွင့်အရေး ကို အော် ပေးနေသူတွေ ကိုယ့်ပါးစပ် ကို ကိုယ်ပိတ်ထား ဖို့ သင့်ပါပြီ။
မဟုတ်ရင် သူတို့ က မွေးဖွားလာမဲ့ ကလေး တွေ ကို သူတို့ ဆက်ပြီး လူ့အခွင့်အရေး တွေချိုးဖောက် နေမှာ မို့ပါဘဲ။
ဒီအတိုင် ဆက်အော် ပေးနေရင်တော့ အဲဒီ သူဟာလဲ သူကိုယ်တိုင် လူ့အခွင့်အရေး ကို ချိုးဖောက် နေသူပါဘဲ။
သူတို့ လူမှုအသိုင်းအဝိုင်း ရဲ့ ပညာရှင် စဉ်းစား ချင့်ချိန် နိုင်သူ များ လဲ တစ်ခုခု အတွက် ပြောင်းလဲ နိုင်ဖို့ ကြိုးစားဖို့ သင့်ပါပြီ။
မဟုတ်ရင် နောက်မျိုးဆက် တွေ အနာဂါတ် မှာ ကြားညပ် ကုန်ကြပါမယ်။
ဒါထက် အသတ်ခံရတဲ့ ကလေးမလေး က တကဲ့ ချောချောလေးပါ။
Shafilea Ahmed လို့ ခေါ်ပါတယ်။
သူ့ ကို သူ့သူငယ်ချင်း တွေ ကရော၊ ဆရာ/မ များပါ ချစ်ကြတယ်။
စိတ်ဓာတ် ကောင်းမွန်တယ် လို့ အင်တာဗျူး မှာ ပြောကြပါတယ်။
သတင်း ကို ဖတ်ချင်ရင် http://www.bbc.co.uk/news/uk-england-19068490
Was this answer helpful?
LikeDislikeတကယ်ပဲ..
မနေ့ကအဲဒီသတင်းတွေ့ကတဲက.. တင်မလားတွေးနေမိတာ….
အရီးလတ်ဦးသွားတယ်…
Was this answer helpful?
LikeDislikeယူအက်စ်မှာလည်း ဖြစ်ဖူးတယ်။ ပါလစ်စတိုင်းကနေ နိုင်ငံရေးခိုလှုံခွင့်နဲ့ ပြောင်းလာတဲ့ မိသားစုမှာဖြစ်တာ။ သမီးလုပ်သူက အမဲကောင်နဲ့ တွဲလို့ဆိုပြီး အဖေက အိမ်မှာသတ်ပစ်လိုက်တာ။ ပြီးတော့ အလောင်းဖျောက်ပြီး ရဲကို လူပျောက်တိုင်တယ်။ မိခင်လုပ်သူကပါ ရောလိမ်တော့ အမှုဖော်မရနိုင်ဘူးပေါ့။ ဖြစ်ချင်တော့ အဲဒီပုဂ္ဂိုလ်က အက်ဖ်ဘီအိုင် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ စောင့်ကြည့်စာရင်းမှာ ပါနေတယ်။ သေသွားတဲ့ ပီအယ်လ်အိုခေါင်းဆောင် ယာဆာအာရာဖတ်ရဲ့ လူယုံ၊ ငွေကြေးပံ့ပိုးပေးနေသူ ဖြစ်လို့ နောက်ယောင်ခံလိုက်နေတာ ကြာပြီ။ အခင်းမဖြစ်ခင်ထဲက သူ့အိမ်ခိုးဝင်ပြီး ထောက်လှမ်းရေးက အသံဖမ်းစက် ခိုးတပ်ထားတယ်။ လိုချင်တာက ပီအယ်လ်အိုနဲ့ ဆက်သွယ်မှုသတင်း ဒါပေမဲ့ ယုန်ထောင်ကြက်မိ ဖြစ်သွားတယ်။ လင်မယားနှစ်ယောက် အိမ်မှာ အပြန်အလှန် ပြောနေတာတွေကို စပ်ဆက်ပြီး အမှုဖော်ထုတ်နိုင်ခဲ့၊ သက်သေအခိုင်အလုံနဲ့ စွဲချက်တင်နိုင်ခဲ့တယ်။ မွတ်စလင်နိုင်ငံ အတော်များများမှာ honor killing ကျယ်ကျယ်ပြန့်ပြန့်သုံးတယ်။ သမီး၊ ညီမလုပ်သူလုပ်ရပ်ကြောင့် အထူးသဖြင့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ မိသားစုအရှက်ရစေတယ်လို့ သတ်မှတ်ရင် ဦးလေး၊ မောင်၊ အဖေတို့မှာ သတ်ပိုင်ခွင့်ရှိတယ်။ ပိုဆိုးတာ ကိုယ့်သားချင်းမိန်းခလေးကို အခြားလူက စော်ကားသွားရင် သူ့ရဲ့သွေးရင်းမိန်းခလေးကိုလည်း ပြန်စော်ကားပိုင်ခွင့်ပေးထားတယ်။ eyes for eyes ကိုဓဥပဒေက လာတယ်ထင်တာပဲ။ အစ္စလာမ်ရှီးယား ဥပဒေမှာလည်း ခွင့်ပြုထားတယ်နဲ့တူတယ်။ လူတွေကို အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားနေအောင် အုပ်ချုပ်ထားတာပေါ့ဗျာ။ ဘာသာရေး တယူသန် မွတ်စလင်နိုင်ငံတွေနဲ့ အစိုးရ လက်လှမ်းမမှီနိုင်တဲ့ တောနယ်ပိုင်း မွတ်စလင်ဒေသတွေမှာ အဖြစ်များတယ်။ ခေတ်အမြင်ရှိတဲ့ မွတ်စလင်တွေက မြို့ဂျီးပြဂျီးတွေမှာ နေတယ်။ အစွန်းရောက်တွေကို ဩဇာမလွှမ်းဘူး၊ လွှမ်းဖို့ကြိုးစားရင် အသတ်ခံရတယ်။ အမြဲတမ်း လုံခြုံရေးယေူပေးဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလိုနဲ့ပဲ မွတ်စလင်ကမ္ဘာမှာ ဘာသာရေးအစွန်းရောက်တွေ ကြီးစိုးနေတာ။
Was this answer helpful?
LikeDislikeဇာတ်ရှိန်ကတော့ ဟိုက်စပိဖြစ်လာဘီ
လက်နက် တွေရှိမရှိစစ်ဆေးတာ မိလ္လာကြုံးတဲ့ လက်အိပ်အနက်တွေတွေ့တယ်
ခဲယမ်းမီးကြောက် စစ်ဆေးတာ
အိမ်ရှေ့မှာ လမ်းခင်းဘို့ ဂဲ ပုံမိတယ်
မီးဖိုထဲက မီးမွှေးဘို့ ယမ်း မီးခြစ် ကို မီးခြစ်ကြောက်နဲ့ အတူလက်ပူးလက်ကြပ်မိတယ်
အဲ့သည်ကနေမှ
ရှေးရိုးစွဲဓလေ့တွေကြောင့် ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အကြောင်းကိုရောက်လာဘီ
မကြာမီ ဒုက္ခသစ္စာသိကြောင်းတရားတွေပါလာနိုင်တယ်
ကျုပ်တောင် မျိုးမစစ်လို့ဆိုပြီး အရမ်းကြိုက် သိပ်ခိုက် အသည်းစွဲ
ကောင်မလေးရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရပြီး အသည်းကွဲနေတာ
ဒီနေ့ထိဘာဘဲဗျာ
ဒဂယ်တော့ ကျုပ်က အသဲကွဲသမားပါ
Was this answer helpful?
LikeDislikeဝေ့ သူငယ်လေး နင်က မျိုး မစစ်ဘူးဝေ..
အသီးပါကွဲပကောလား..
လောကကြီးမှာ ကောင်မတွေပေါပါတယ်ဝေ့..
(မှတ်ချက် လေသံဝဲ၀ဲ နဲ့ ဖတ်ပါ)
Was this answer helpful?
LikeDislikeကိုကြောင်ကြီး ပြောတဲ့ သတင်းကို အရင်က ဖတ်ဘူးပါတယ် ။
အရီးလတ် ပြောသွားတာတွေကိုလည်း လက်ခံပါတယ် ။
( ဟီဟိ အရီးလတ် က အဘကိုများ ရွဲ့ပြောနေလား မသိဘူး )
အရီးလတ် ရေ အဘ ရေးခဲ့တဲ့
” စဉ်းစားကြစေလိုပါတယ် ( ၂၀ ) ( ဘာကြောင့် မုန်းနေကြသလဲ ) ”
ထဲက စာသားလေးပေါ့ ၊ ပြန် ကိုးကားလိုပါတယ် ။
” သြော် ၊ လောကကြီးမှာ ဒီမိုကရေစီ ၊
လူ့အခွင့်အရေး ၊ တရားမျှတမှု နှင့် မထိုက်တန်တဲ့ ၊
လူမျိုး ၊ ဘာသာ များ ရှိနေသလား ပေါ့လေ ”
အဲလိုလေး ၊ အဘ ညည်းတွားခဲ့မိပါတယ် ။
ခွင့်လွှတ်ပါ အရီးလတ် ရေ ။
အဘ ဒီထက် ပိုပြီး မရေး ရက် ၊ မရေး ချင် လို့ပါ ။
တကယ်က အဘ ရင်ထဲမှာလည်း ၊
အရီးလတ် တို့နှင့် တစ်သဘောထဲ ခံစားနေရတာပါ ။
Was this answer helpful?
LikeDislikeကျွန်မ က ပြောရင် တည့်တည့် ဘဲ လာပြောမှာပါ အဘရယ်။ စိတ်မပူပါနဲ့။ ;-)
အခုဟာက စိတ်ထဲမှာ မကောင်းလို့ သတင်းပေး သက်သက်ပါ။
Was this answer helpful?
LikeDislikeတော်..ပါသေးရဲ့ တော်….
Was this answer helpful?
LikeDislikeကိုကြောင်ကြီးပြောလိုက်မှ သူကြီးက ဘွဲ့ အသစ်နဲ့ ဥပါခိုင်ပါလေရောလား
ဗျာ။
Was this answer helpful?
LikeDislikeကိုကြောင်ကြီးရေ
အခုမှ သတိရလို့ မေးချင်တာလေး ရှိတယ်ဗျာ။ ဟိုရက်ပိုင်းက ကိုကြောင်ကြီး အရိယာသစ္စာ ခရီးသည်ဆိုလား မဂ္ဂသစ္စာခရီးသည်ဆိုလား အဲဒီ ကိလေသာကင်းပြီးသား ပုဂ္ဂိုလ်ထူးကြီးတွေကို မေးခွန်းတခုမေးတယ် ထင်တယ်။ ကိုကြောင်ကြီး ကွန်မန့်အရသိရတာပါ။ သူတို့ကလည်း အချိုမှုန့်ပမာတွေ ငရုတ်သီးမှုန့်ပမာ ဥပမာတွေနဲ့ ပြန်ဖြေတယ်ထင်တယ်။ အဲဒါ ကိုကြောင်ကြီးက မေးခွန်းနဲ့ အဖြေလွဲနေတယ်လို့ ပြောသွားတယ်။
အဲဒါ ဘာမေးခွန်းလဲဗျ။ ကျနော် တကယ်သိချင်လို့ပါ။ ဘာလို့လဲဆိုတော့ ကိုကြောင်ကြီးမေးတာကို ကျနော် မဖတ်လိုက်ရလို့ပါ။ အဲဒါ ပြန်ပြောလို့ ရနိုင်မလား။ ဒါက ကျနော်တကယ် သိချင်လို့ပါ။ ကိုကြောင်ကြီး အဆင်မပြေရင် ပြန်မဖြေလည်း ရပါတယ်။ ဒါက question shoot တာမဟုတ်ပါဘူး။
Was this answer helpful?
LikeDislikeကြောင်မှားနေတယ်နဲ့ တူဒယ်ဗျ။ လောကမှ အမြီးပေါက်တိုင်း နှုတ်ခမ်းမွှေးရှိတိုင်း နားရွက်ထောင်တိုင်း ကြောင်ကြီးပါလို့ တပ်အပ်ပြောလို့ ရဘူးလေ…. ကြောင်ကြီး အဲဒီသစ်ဆားရှဉ်တွေကို မျက်ကွယ်ပြုထားတာ ကြာပေါ့…
Was this answer helpful?
LikeDislikeဦးကြောင်ရဲ့ ရှာရာပိုဗာလေး အိုလံပစ်ဖိုင်နယ်မှာ ဆရီနာလက်ချက်နဲ့တမှတ်တောင်အနိုင်နီုင်ယူ လိုက်ရတယ်..သနားလိုက်တာနော်..သူတို့ပွဲကြည့်ဖို့အားခဲထားတာ..စိတ်ကုန်လို့လိုင်းပြောင်းလိုက်တယ်..
Was this answer helpful?
LikeDislikeအင်း ကျနော်ပဲ အမှတ်မှားသလား မသိဘူး။ ဒါပေမယ့် မမှားနိုင်ဘူးလို့ထင်တယ်။ ဟိုရက်ပိုင်းက ဆိုပေမယ့် သိပ်တော့ မကြာသေးပါဘူး။ ကိုကြောင်ကြီး ပြောတာ မှတ်မိသလိုပဲ။ ဘာတဲ့။ ဒီမေးခွန်းကို သူကြီးကို မေးနေတာလည်း သုံးလေးရက် ရှိပြီ။ အားလုံး ယောင်ဝါးဝါးပဲ ဆိုတာလဲ ပါတယ်။ အဖြေကြီးက အင်ကြီး မယူဘူးလို့ ပြန်ပြောတာတောင် မှတ်မိသလိုပဲ။ ကြောင်တွေ အများကြီး ရှိပေမယ့် ပြောဟန် ရေးဟန်တော်တော် ကွာပါတယ်။ ကျနော်က အဲဒီသစ္စာရှင် ခရီးသည်တွေကို ကိုကြောင်ကြီးမေးခွန်းများ မေးသလားလို့ပါ။
Was this answer helpful?
LikeDislikeဟူး…..
သတင်းတော့ သဲ့သဲ့ကြားတယ်
တော်သေးတာပေါ့ အူးကြောင် မသေဘူးဆိုတော့
၂၀၁၂ နှစ်ကုန်ပိုင်းက စပြီး အူးကြောင်ရေးချင်တဲ့ စာပေအမျိုးအစားအတွက် ဆုပေးမည်ဖြစ်ပါကြောင်း
၂၀၁၃ နှစ်ကုန်တွင် အူးကြောင်အား တသက်တာxxxစာပေဆုရှင် အဖြစ်ချီးမြှင့်မှာ ဖြစ်ပါကြောင်း……..
ဆုအား အမေဒီးကားတွင် ပေးအပ်မှာ ဖြစ်ပြီး သဂျီးမှ ဒေါ်လာတသိန်ချီးမြင့်မည်ဟု သတင်းသဲ့သဲ့ရကြောင်း
ဒါနဲ့ ဇဂါးမစပ် ဒေါက်တာချက်ကြီးက အူးကြောင်များလားလို့
Was this answer helpful?
LikeDislikeအူးကြောင်တို့က
ဥပစ္ဆေဒကံနဲ့ သေရန်ကိန်းမပါဘူး
မိုးဇက်ကလေး တို့ ပုခ်ျကလေးတို့ကိုလည်း
သံယောဇဉ်ဖြတ်ပြီး
စစ်ကြောရေးက အပြတ်အတောက်မရှိရှိ
ပကတိ အရှင်ရှင်လတ်လတ်ထွက်လာပြီးခါမှ
တြုတ်ပြည်သွား ဇိမ်ခံရတယ်လို့ဗျာ….
ဇာတ်အူသွားတယ် အူးလေးရယ်….
Was this answer helpful?
LikeDislikeဥပစ္ဆေဒကံ မပါလို့ မသေရပေမဲ့ မိုးဇက်ကလေး ပုရှ်လေး တို့နဲ့ ဘာလို့ တလုပ်ပြည် ထွက်လဲ ဆိုတာ စောစောကမှ သတင်းတခု ရလိုက်တယ်။
ကြေးမုံဂျီး လက်ချက်မိပြီး အစွန်းတွေ ဖြတ်ခံရလို့ တလုပ်ပြည် ထွက်သွားတာပါတဲ့ကွယ်..
ဇတ်အူ တာတော့ ဇတ်အူတာပေါ့.. မကြာခင် ယားဒယိုး ကို တိတ်တဆိတ် ကူးသွားမယ် ဆိုတဲ့ အကြောင်း ပုပုတို့ အမျိုးတွေ နဲ့ ချိတ်ပြီးပြီ ဆိုလား သတင်းရထားတယ်။
ကိုဘေး နွား တွေ အဲဒီမှာ ဈေးပေါတယ် ဆိုလို့ ဂေဇက်ရွာသဂျီး ဗလီဆရာ အဗ္ဗဒူလာဥခိုင် ကို ဆက်သပြီး အတွင်းသတင်းတွေ ဖောက်ရောင်းမယ်လို့ ကြားထားတယ်။
Was this answer helpful?
LikeDislikeကြောင်ကြီး ဇာတ်တူသားမစားနဲ့နော့
Was this answer helpful?
LikeDislikeကိုဖက်တို့တော့ဗျာ..
ရေးးတတ်ပါ့…ဆက်ပါဦးးးး နောက်တစ်ပုဒ်
မျှော်နေတယ်ဗျို့….။
Was this answer helpful?
LikeDislikeအမ်… မှားနေပြီထင်တယ်
အဲဒါ ကိုကြောင်ဝတုတ်မဟုတ်ဘူး
ကြောင်ကုန်းကုန်းဘဝက လက်မတင်လေးလွတ်သွားပြီး
တရုတ်တွေ BBQ လုပ်စားလို့ ဘဝတစ်ပါးပြောင်းသွားတဲ့ အူးကြောင်
အူးကြောင်ရေ .. အမျှ ..(၃)
Was this answer helpful?
LikeDislikeဟုတ်ကဲ့လားကွယ်
အဖြစ်ဆိုးလှပါ့
နော်တို့ရဲ့ ဥကျောင်……
Was this answer helpful?
LikeDislikeဟုတ်ပါ့တော်…
Was this answer helpful?
LikeDislike