ကျွန်တော် ဖေ့ဘုတ် သုံးပါတယ်
ကျွန်တော့်ဖေ့ဘုတ် အကောင့်မှာ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ရင်လတ်ရှင်နာဝပ်ထရာ လို့ အသံထွက်မယ်ဗျာ
သူ့ ကို like လုပ်ထားပါတယ်
သည်ကနေ့ တနင်္ဂနွေနေ့  ညပိုင်း ဖေ့ဘုတ်ဝင်ကြည့်တော့ ၊ သူမ ဒီနေ့ တင်ထားတဲ့ ဓါတ်ပုံတွေထဲမှာဗျာ
သူ့ နိုင်ငံက ပြည်သူတွေနဲ့  တစ်သားထဲသွားလာနေပုံ ၊ ဈေးထဲမှာလိုက်ကြည့်နေပုံများကို တွေ့ ရလို့  တော်တော်အံ့သြမိပါတယ် ။ ဓါတ်ပုံတွေထဲမှာ လုံခြုံရေးတွေ အရမ်းများတာကိုလဲ မတွေ့ ရပါဘူး ။ ဘော်ဒီဂတ်အနဲငယ်နဲ့ သွားနေတယ်လို့ ထင်မိပါတယ်
ပတ်ဝန်းကျင်မှာတော့ စနိုက်ပါတွေ ချထားမလားတော့ မပြောတတ်ဘူး
မနေ့ ကလဲ အမေရိကန်တွေကြားမှာ အိုဘားမားသွားနေတဲ့ပုံ တွေ့ ခဲ့ရပါသေးတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… သူတို့ နိုင်ငံရဲ့ ခေါင်းဆောင် ဟာ လူထုကြားထဲမှာ ဒီလို ဆိုတော့
ကျုပ်တို့ ဆီမှာလဲ ၊ လူထုကြားထဲကို ခေါင်းဆောင်များ လုံခြုံရေးနဲနဲ နဲ့ ၊ ရင်းနှီးစွာသွားလာမယ့်နေ့  ရောက်လာတော့မလားရယ်လို့  ရည်ရွယ်ပြီး တင်ပါတယ်
ပုံတွေကို ဖေ့ဘုတ်က ယူလာတာပါ

http://www.facebook.com/Y.Shinawatra?ref=stream

399207_495365157174611_222316609_n

230325_495368113840982_2000843601_n

155799_495365137174613_405056145_n

521405_495365190507941_1260592192_n

******* အားလုံးကို ကျေးဇူးတင်ပါတယ် *******

မောင် ပေ

About မောင် ပေ

မောင် ပေ has written 396 post in this Website..