သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။

ပြောဖို့ ဖြေဖို့ ဖြည့်ဖို့  လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။

ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။

 

 

နှစ်သစ်ရဲ့ မှတ်တိုင်သစ်

၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။

မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ  မကြာမီ ကျင်းပပါတော့မည်…။

ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက်

လူချင်းလဲ  ပျော်ပျော်ပါးပါး  တွေ့ဆုံကြ   မိတ်ဖွဲ့ကြ  ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….

 

 

ဘယ်သူတွေ တွေ့ဆုံကြမှာလဲ

အားလုံး…

အားလုံး….

တက်ရောက်နိုင်သမျှ  မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…

 

 

နေ့ရက်အချိန်အခါ နေရာကတော့-

ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်ထဲက မျှော်စင်ကျွန်းသို့အ၀င်လမ်းထိပ်မှာရှိတဲ့

P3  ထိုင်းစတိုင် စားသောက်ဆိုင်မှာ

၂၀၁၃ ခုနှစ် ဇန္န၀ါရီလ ၂၀ရက်  တနင်္ဂနွေနေ့

နံနက်  ၉း၀၀ နာရီမှ  ၁၂း၀၀ နာရီအတွင်း

 

 

ဘယ်လိုအစီအစဉ်တွေရှိသလဲ

တက်ရောက်လာတဲ့ မန်ဘာတွေကို နွေးထွေးပျူငှာ လှိုက်လှဲစွာ ကြိုဆိုဧည့်ခံမယ်

မနက် ၉း၀၀ တိတိမှာ အခန်းအနား စ မယ်…..

၂၀၁၂ ဇူလိုင်လ မှ ဒီဇင်ဘာလအထိ မန်းဂဇက်ချစ်သူများ စာပေဆုရသူများကို

ဆုလက်ဆောင်တွေ ဂုဏ်ပြုချီးမြှင့်မယ်……

တက်ရောက်လာတဲ့ မန်ဘာများက အပြန်အလှန်မိတ်ဆက်စကား (တစ်မိနစ်လောက်စီ) ပြောကြမယ်……

ပြီးတော့ အမှု့ဆောင်အဖွဲ့က စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးမယ်…….

မန်းဂဇက်ရွာသူကြီး ဦးခိုင်က ကြိုတင်ပေးပို့ထားတဲ့ အိုင်တီဆိုင်ရာ ခေတ်မီ အသုံးအဆောင်ပစ္စည်းများနဲ့ ငွေသားကံစမ်းမဲတွေကို သူကြီးရဲ့အမှတ်တရလက်ဆောင်အဖြစ် မဲဖေါက် ပေးအပ်မယ်……

အဲဒီရှေ့နားမှာရပ်ထားတဲ့ –

၂၀၀၀ ပါဂျဲရိုး ဖါးပြုတ် တစ်စီးရယ်

၁၉၉၇ – လင်ခရူဇာပရာဒိုတစ်စီးရယ်

၂၀၀၃ – ကယ်ဒီးနားစက်ရုပ်တစ်စီးရယ်

၂၀၀၁ – တိုယိုတာ အာအေဗွီဖိုး တစ်စီးရယ်

အဲဒီကားတွေကတော့ မဲဖေါက်တဲ့အထဲပါမယ်မထင်ဘူး……

(အဲဒါသူများကားတွေ)

 

 

ဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် မန်ဘာတွေက ဘာလုပ်ဖို့လိုမလဲ…

ဟုတ်ကဲ့…

ဒီပိုစ့်မှာ တက်ရောက်မယ်ဆိုတဲ့အကြောင်း ကွန်မင့်လေးနဲ့ စာရင်းပေးပါခင်ဗျား….

ဒီလိုကြိုတင်စာရင်းယူရတာက အစားအသောက်တွေကို တက်ရောက်မယ့်လူဦးရေအတိုင်း ကြိုတင်မှာကြားရမှာမို့ပါ…။

စာရင်းပေးဖို့ နောက်ဆုံးရက်က  ၁၅.၁.၂၀၁၃ ည ဆယ့်တစ်နာရီ အထိဖြစ်ပါတယ်။

ကွန်မင့်နဲ့ စာရင်းပေးဖို့ အဆင်မပြေရင်လဲ အမှု့ဆောင်တစ်ဦးဖြစ်တဲ့ (ရွှေတိုက်စိုး 0973114322) ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး စာရင်းပေးနိုင်ပါတယ်…။

 

စာပေဆုရသူတွေကို ဂုဏ်ပြုချီးမြှင့်မယ့် အစီအစဉ်က-

၂၀၁၂ ဖူလိုင်လ မှ ဒီဇင်ဘာလအထိ ခြောက်လအတွင်း လစဉ် အကြိုက်ဆုံးစာပေဆုရသူတွေ ကိုယ်တိုင်တက်ရောက်ယူဖို့ဖြစ်ပါတယ်…။

ကိုယ်တိုင်တက်ရောက်မယူနိုင်ရင်လဲ အခြားတစ်ယောက်ကို ကိုယ်စားတက်ရောက်ယူစေနိုင်ပါတယ်။ ကိုယ်စားယူမယ်ဆိုရင်တော့ ကိုယ်စားယူမယ့်သူကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။

ကိုယ်တိုင်လဲမယူ ကိုယ်စားလှယ်လဲ မလွှတ်ဘူးဆိုရင်လဲ အဲဒီအကြောင်းလေးကို ဥက္ကဌမပဒုမ္မာထံသို့ဖြစ်စေ အမှု့ဆောင် (ရွှေတိုက်စိုး 0973114322) ထံသို့ဖြစ်စေ ၁၈.၁.၂၀၁၃ နောက်ဆုံးထားပြီး ကြိုတင်အကြောင်းကြားပေးပါခင်ဗျား…။ တချို့မန်ဘာတွေကို လူချင်းမသိတော့ ပုံမှားရိုက်သွားနိုင်လို့ပါခင်ဗျား…။

 

နိဂုံး

ရွာသူားတို့ရေ……..

ခင်ခင်မင်မင် ပျော်ပျော်ပါးပါး ဆုံကြရအောင်…..

ဆက်ဆက်လာကြနော်….။   ။

 

ခင်မင်စွာဖြင့်

ဦးဦးပါလေရာ

 

ကန်တော်ကြီး ၊ မင်္ဂလာဈေးထိပ်

ကန်တော်ကြီး မင်္ဂလာဈေးထိပ်က……

MG130109_0006

မျှော်စင်ကျွန်းကိုအ၀င် လမ်းခွဲထိပ်မှာ……

 

ပုံမတင်တတ်လို့  သည်းခံကြပါ အရပ်ကတို့….

 

 

ဦးဦးပါလေရာ

About ဦးဦးပါလေရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am