quality-blocks1
ကဗျာတစ်ပုဒ် တွေ့လို့ တွေ့ညား
မဂ္ဂဇင်းထဲ လှန်လို့ ဖွေရှာ
တွေ့ရမှာက စကဒ်ပေါင်တို
ရင်မှာလည်ဟိုက် တကယ်မိတဲ့
မင်းသမီးချော ဗျူး သတင်းပင်။
နေရာမရွေး မျက်စိမှိတ်လို့
လက်ထောက်ကြည့်ပါ တွေ့မှာ ကြော်ညာ။
ဒါတင်မက နှုတ်ခမ်းနီတို့ သည်းသည်းလှုပ်စေ
စူပါမင်းသား ကိုရီးယားတို့
ဓါတ်ပုံဝေဆာ သတင်းစုံတာ။
ဤစာမျက်နှာ မည်သို့ ကျော်စေ
ဖတ်ဖတ်ကိုမော ရှာဖို့မလွယ်
အိုဘယ့် ကဗျာ ဘယ်ဆီမှာများ
ချောင်ခိုကပ်လို့ ပျောက်နေပြီလဲ?။

About Thit San Khant

Thit San Khant has written 8 post in this Website..

ကျွန်တော့်ကြောင့် သစ်ဆန်းခန့် ဆိုတဲ့ လူကြောင့် တစ်စုံတစ်ယောက် ပျော်သွားရတယ် ဆိုရင်ဖြင့်.... ကျွန်တော် ပြုံးနေမှာပါ ပီတိတွေနဲ့ အတူပေါ့...