လူဖြစ်ခဲ့တာ

၁၈ နှစ် ကြာပြီးတဲ့နောက်

တောက်ပပ မျက်ဝန်းတစ်စုံနဲ့အတူ

လူကြီးလေးဖြစ်လာပေမယ့်

အဖေ့ရဲ့ အမြင်မှာ

သမီးဟာ ကလေးသာသာပေါ့ ၊

မလျှော့တမ်းကြိုးစားတဲ့ သမီး

၁၀ တန်း အောင်ပြီးချိန်မှာ

သမီး ဘာလုပ်မလဲဆိုတော့ မော်ဒယ်လ်ပေါ့တဲ့ ၊

သမီးရေ

အဲသလိုလောကတွေမှာ

အချောအလှတွေခမျာ

မောဟ ဒေါသ ပြောမရ

သောကတွေ အများသားမို့

လက်လျှော့လို့ အနောက်ကိုခွာ

ကိုယ်မကျွမ်းရာလမ်း

သမီး စမ်းမလျှောက်နဲ့

လမ်းပျောက်တဲ့ဘဝ

အကျိုးမလှနိုင်တာမို့

လမ်းကြောင်းပြောင်းစို့ သမီးရေ ။

 

11

Myo Thant

About Myo Thant

Myo Thant has written 122 post in this Website..