မလေးရှားမှ မြန်မာ လူသတ်မှု
|1122- Hits|
ပြီးခဲ့သော စနေနေ့က မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Ipoh မြို့နယ်မှ Menglembu မြို့တွင် မြန်မာ အလုပ်သမား တစ်ယောက်က လုပ်ဖော်ကိုင်ဖက် မြန်မာ ၂ ဦးအား ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကြရာမှ ပုဆိန်ဖြင့် ခုတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
မနက် ၂း၁၅ ခန့်တွင် ဖြစ်ပွားသော လူသတ်မှုတွင် သေဆုံးသော အလုပ်သမား ၂ ဦးမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒါဏ်ရာများ ရရှိထားကြောင်း Perak မြို့နယ် စီအိုင်ဒီ အကြီးအကဲ Datuk Mohd Dzuraidi Ibrahim မှ ပြောကြားသည်။
လူသတ်သမားနှင့် အတူ ၄င်းတို့ နေထိုင်သော အိမ်တွင် သေဆုံးသူများနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက် များကို မတွေ့ရှိရဟု သိရသည်။
လူသတ်မှုဖြစ်ပြီး ၂ နာရီ အကြာတွင် ရဲက ဖမ်းမိသော လူသတ်သမားဟု သံသယရှိသူမှာ ဖိနပ်စက်ရုံတစ်ရုံမှ အလုပ်သမားဖြစ်ပြီး မလေးရှား၌ တရားမဝင် နေထိုင်နေခြင်း ဖြစ်သည်။
Related posts:
- မလေးရှား တရုတ်အေးဂျင့်နှင့်မြန်မာမိန်းကလေးစကားပြန် ပေါင်းပြီး ဒုက္ခပေးနေသည့် မြန်မာ မိန်းကလေး ၂၃ယောက်
- မန်မာ နိုင်ငံသား တစ်ဦး မလေးရှား တွင် သရုပ်ဆောင် တစ်ဦး၏ ကားဖြင့် တိုက်မိပြီး သေဆုံး
- မလေးရှားတွင် ဆိုင်ကယ်သေတ္တာ ထဲ၌ သေဆုံးနေသော မြန်မာတဦး၏ ခန္ဓာကိုယ် အပိုင်းအစ တွေ့
- မြန်မာ GSM ဖုန်းများ မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ တွင် အသုံးပြု နိုင်ရန် စီစဉ်နေ
- မလေးရှားကို မြန်မာ မိန်းကလေးတွေ အလုပ်လုပ်ဖို့မလာစေလို…..


သူများနိုင်ငံရောက်နေတာတောင်မြန်မာအချင်းချင်းတော်တော်ချစ်နေကြတယ်….။ဂုဏ်ယူစရာပါ…။
Was this answer helpful?
LikeDislikeအဲဒီမှာ ရှိနေတဲ့ မြန်မာတွေ ပြသနာ အရှာခံနေရအုန်းမယ် အလကားနေရင် အနိပ်ခံနေရတာ ခက်တော့ ခက်တယ် ငြိမ်ငြိမ်မနေကြဘူး
Was this answer helpful?
LikeDislike