ငါ့တို့ရွာကို

မျက်စိလည်ပြီးပြန်ရောက်လာတဲ့အခါ

ငါ့တို့ရွာမှာ

ပုဂ္ဂိုလ်ရေးတွေပါတဲ့စာတွေတွေ့နေတယ်

ငါတို့ရွာမှာ

အကြောင်းမသိရင်

မဆက်စပ်မိရင်

မန့်ရမှာလက်တွန့်လောက်အောင်

ဖွင့်ချမှုခပ်ကြမ်းကြမ်းတွေတွေ့နေတယ်

ငါတို့ရွာမှာ

မျက်ချည်ပြတ်သွားရင်

ဝင်မန့်ရမှာကြောက်ရလောက်အောင်

အရှေ့အနောက်ဆက်စပ်မှုတွေတွေ့နေတယ်

ငါတို့ရွာမှာ

ငြင်းခုန်ခြင်း အနုပညာဆိုတာကို

အဓိပ္ပါယ်ရှာဖို့

လောလောဆယ်

ကျုပ်ရဲ့

မျက်စိပါဝါအားနည်းနေတယ်

ငါတို့ရွာမှာ

အချင်းချင်းခင်မင်မှုကြောင့်

ကွန်မန့်တွေမှာအားပါမှုတွေနည်းနေတယ်

ငါတို့ရွာမှာ

ငါတို့ရွာမှာ

ငါတို့ရွာမှာ

……………………………….

……………………………………

……………………………

 

ရွှေ ကြည်

About ရွှေ ကြည်

ရွှေ ကြည် has written 32 post in this Website..