အကို့အနေနဲ့ ဒီ Post  က အရေးပေါ်ရေးလိုက်တဲ့စာပါညီရေ……

အချိန်မရတာထက် .. ရှင်းရမှာကြောင့် .. နောက် Post တွေကို မမျှော် သေးဖို့ အောက်က ရေးလက်စ

Comments တွေကိုပဲ Copy ချပေးလိုက်ပါတယ်….. ဖတ်ကြည့်တော့ကွာ….

အလင်းဆက် အပါအ၀င်   …. အားလုံးပဲ နှုတ်ဆက်လိုက်ပါတယ်…
ခက်တာက ကျွန်တော်ပြောတဲ့အထဲမှာ .. ကျွန်တော့်အမြင်အမှန်လို့
မပြောခဲ့ဘူးနော်…
ကျွန်တော့်ခံစားချက်ကို ပဲ ပြောခဲ့တာ…
လေးလေးစားစား နဲ့ ကျွန်တော်မှားချင်လည်း မှားမယ်လို့ပြောခဲ့တယ်နော်…..
တစ်ခုပဲကျွန်တော်ပြောမယ်…
မှားကောင်းမှားနိုင်ပါတယ်လို့ ပြောခဲ့ပေမယ့် …
အတင်းကြီး ဒါမှမှန်တယ်ဆိုပြီးရန်လုပ်သံတွေပါလာသလိုပဲ…
ကျွန်တော်သက်သေပြတာပါ..
အားလုံးရင့်ကျက်ဖို့လိုပါတယ်..
ကျွန်တော်အပါအ၀င်ပေါ့…
နောက်ဆုံး… အလင်းဆက်လေးကိုပြောရေးရေးနေတဲ့ Post မှာတောင် ညှီတယ်တွေ
ခါးအောက်ပိုင်းစာတွေစသဖြင့်ရော…
နေရာမရတာတွေရော..စုံလာတယ်..
(၁) ကနေ (၃) အထိ ဒီလိုစာတွေကြည့်ပဲလားလို့ ဖတ်ပြီးကြပြီလား…. ဒီတစ်ခဏ အမြင်နဲ့ တုန့ပြန်ကြတာပါ…………..
အဲ့ဒါမရင့်ကျက်သေးတာပါ..
မှန်ပါတယ်.. ကျွန်တော်လည်း မရင့်ကျက်ပါဘူး…
သို့သော် .. မရိုင်းစိုင်းပါဘူး…
ဒီတော့ နှုတ်ဆက်ရင်းနဲ့ ရွာပြင်ပြန်ထွက်ပါတယ်….
အလင်းဆက်သို့ ဒီ Comments လေးကို ပေးပေးပါ..

ညီလေး အလင်းဆက်သို့  …………………

အကို့အနေနဲ့ အတတ်နိုင်ဆုံး Post တွေမှာ ရေးသားခဲ့ပြီးပေမယ့်
အမြင်မတူတာ ပြောမိတော့ ငါနဲ့မတူ ငါ့ရန်သူ ဘ၀ရောက်သွားတယ်..
ဒီတော့ ညီရေ … ရွာထဲမှာ ဒီမိုကရေစီတောင် မတည်ဆောက်နိုင်မှတော့
တစ်နိုင်ငံလုံးဆိုတော့လည်း ဝေးပါသေးရဲ့ကွာ…
ပြောချင်တာက …
အကိုဖန်တီးတဲ့ စာတွေက ရယ်စရာတွေ .. ပျော်စရာ.. ကလေးကဗျာ…ဆိုပေမယ့်
အချို့သော သူတွေကတော့ အမြင်မတူတာနဲ့တင်
ပုတ်ခတ်မယ် ….ဆဲမယ်… ကိုယ့်အဆင့်အတန်းနဲ့ မညီတဲ့ …
Comments တွေပေးလေ့ပေးထရှိကြတာကြောင့် စိတ်မကောင်းစွာပဲ ရွာအပြင်ခဏထွက်ပါမယ်…

ညီလေးရေ … Post တွေကို ခေတ္တရပ်နားထားမယ်ကွာ…
စိတ်တော့မကောင်းပါဘူး…..
လွတ်လပ်မှု့ဆိုတဲ့ အရာမှာ ကိုယ်မြင်ချင်တာကို မြင်ခွင့်ရှိပါတယ်…
အဲဒီ့အမြင်မှားချင်လည်းမှားမှာပေါ့…
အကိုရေးခဲ့သမျှတွေမှာ အကိုကြည့်မှန်ပါတယ်ပြောရင် အပြစ်တင်ပါ..
သို့သော် အမြင်မတူတာနဲ့တင် အကိုမှားတယ်မပြောနဲ့နော်….
သို့သော် .. မရဘူး ဒီအတိုင်းပဲ မြင်ဆိုရင် … အဲသူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်သွားပြီပေါ့….

သက်သေတစ်ခုအနေနဲ့ပြောမယ်ဆိုရင် အပြိုင်ပြောလို့မရဘူး…

ပြောရင် ဒီလိုပဲတုန့်ပြန်မယ်ဆိုတာကို သက်သေဆက်ထူလိုက်တာပါ….

တစ်ချိန်ချိန်မှာ အကိုလည်း အမြင်ပြောင်းလာရင်ပြောင်းလာနိုင်သေးတာပဲနော်…………

ဒါကို သူတို့လက်မခံဘူး…….ချက်ခြင်းပဲတုန့်ပြန်တယ်…………….
အကို ဒီစာရေးတာ …. ခါးအောက်ပိုင်းကမတတ်ဘူးဆိုတဲ့ .. အဆင့်မရှိတဲ့ Comments
တစ်ခုကြောင့် …. စိတ်မကောင်းစွာပဲ ရပ်နားထားလိုက်ပါတယ်…..
နောက်များမှ စိတ်ပါလာရင် .. ၀င်ဆက်ရေးတာပေါ့…
အဲပြောချင်တာက .. ညီ့ Email လေးနဲ့ Phone နံပတ်လေး Comments မှာရေးထားခဲ့ပါလို့
အကိုပို့ပေးရမယ့် စာလေးရှိနေလို့ပါ… ညီလေး ကဗျာရေးရင်လည်း ပို့ဖို့ပေါ့ကွာ……

 

အဓိကကတော့ လေးတင်ခန်း လေးကြိမ်းကြိမ်းတဲ့ ဇာတ်စာတစ်ခုကို အကိုရေးလက်စမတင်ဖြစ်တော့တာ

ပဲစိတ်မကောင်းဖြစ်မိပါတယ်လို့…….အမှန်ကတော့ ညီလေးရေ Post တွေက စုစုပေါင်း အပိုင်း(၁၂) အထိချိန်ထားတာပါ။

အခုတော့ ခဏတော့နားမယ်ညီရေ…..

Thanks ပါညီလေးရေ…………

ဖတ်ခဲ့ကြတဲ့

ဦးပါ …  ဦးဆာ ….ဇီဇီ….မှစပြီး အားလုံးကို ခင်မင်လျှက်ပါလို့…..

လေးစားစွာဖြင့်………………..

ရွှေညာသား(အထက်အညာမြေ)

ရွှေညာသား

About ရွှေညာသား

has written 10 post in this Website..