ဒီ တခေါက် ပြန်တော့ အလုပ်က ဘော့(စ) ကပါ ရန်ကုန်ပရော့ဂျက် အတွက်လိုက်ချင်တယ်တဲ့။

ဟိုတယ် ကို စီစဉ်ပေးနိုင်ပေမဲ့….

သူရယ်၊

ကိုယ့် အစစ်စတန့်ကောင်လေး ရောရယ်က အစားအသောက် နည်းနည်း ချေးများတဲ့ထဲ ပါတာမို့ အတော် ခေါင်းခဲပါတယ်။

:b:

မြန်မာ စာလည်း မစားချင်တဲ့သူနဲ့ အစားရွေးတဲ့သူနဲ့၊ ဆိုင် အပြင်အဆင်က အစ ကြည့်တတ်တဲ့ သူတွေမို့ ကိုယ့် တိုင်းပြည်ထဲလည်း မျက်နှာမပျက်ချင်တာ ပါတာပေါ့။

:-?

ပထမရက်မှာ ဟိုတယ် သွားတွေ့ပြီး နေ့လည်စာကို ဘယ်မှာကျွေးရမယ်လို့ ခေါင်းခြောက်ပါပြီ။

အဲဒါနဲ့ စဉ်းစားရ အလွယ်ဆုံး နဲ့ ဟိုတယ်နဲ့ အနီးဆုံး ပန်းဘဲတန်း မြို့နယ် FMI (ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး ဘေး)၊ က Ya Kun Kaya Toast  ကိုပဲ ခေါ်သွားလိုက်တယ်လေ။ စလုံးက လာဖွင့်တဲ့ ဆိုင်မို့ ဒီ တစ်နပ်ကို နည်းနည်းမှ နားညည်းသက်သာသက်သာပေါ့နော့။

FMI ရဲ့ အောက်ဆုံး အထပ်မှာ ရှိပါတယ်။ ဝိုင်ဖိုင်ရောရ၊ အအေးခန်းထဲ ထိုင်ချင်လည်းရ၊ အပြင်မှာ စီးကရက်သောက်ရင်းထိုင်ချင်လည်း ရတဲ့ နေရာမို့ ထိုင်ရ အဆင်ပြေသလို အစားအသောက်ကလည်း စလုံး စတိုင် အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ ပေါင်မုန့်မီးကင် နဲ့ ကော်ဖီ လက်ဖက်ရည်ကောင်းကောင်း ရတာကြောင့် လွယ်လွယ်ကူကူ ဆုံးဖြတ်ပြီး စားလို့ရတဲ့ ဆိုင်လေးပါ။

ညစာတော့ ဟိုတယ်နဲ့ နီးတဲ့ ပန်းဆိုးတန်း ဆိပ်ကမ်းက JUNIOR DUCK RESTAURANT မှာပဲ ကျွေးဖြစ်တယ်။

ကိုယ်ကလည်း ကိုယ့် စိတ် အနာနဲ့ကိုယ်။ ပထမတစ်ခေါက် ကိုယ်မပါပဲ လာပြီး စလုံးပြန်ရောက်တော့ “ရန်ကုန်မှာ ဘဲကင် စားလို့ မကောင်းဘူး” ဆိုတဲ့ မှတ်ချက်ကို စိတ်ထဲမှာ မှတ်ထားမိတာ။

:p:

အဲဒါကြောင့် ဆိုင်ရောက်တော့ မပါမဖြစ် ဘဲကင်လေးရယ်၊ ကျန်တဲ့ ဟင်း သိုင်းသိုင်းဝိုင်းဝိုင်းမှာပေးလိုက်တော့ “ဒီ ဘဲကင်ကျ မဆိုးဘူး၊ စားလို့ ကောင်းတယ်” ဆိုတဲ့ အသံထွက်လာတယ်။ ကျေးဇူးပါ ရွှေဘဲ ရေ။ ဆိုင် အရတော့ တခြား ရွှေဘဲ ဆိုင်ခွဲတွေနဲ့ ယှဉ်ရင် ဒီ ဆိုင်အပြင်အဆင်က သိပ်မကောင်းလှဘူးး။

ဈေးနဲ့ အရသာအရ မဆိုးတဲ့ အပြင် ဝန်ဆောင်မှုလေးလည်း ကောင်းတာမို့ စိတ်အေးလက်အေး ခေါ်သွားလို့ ရတာကို ကျေးဇူးတင်ရပါသေးတယ်။

တခြား ရွှေဘဲဆိုင်တွေကတော့ လိပ်စာက အောက်ပါ အတိုင်းဖြစ်ပါတယ်။

တရုတ်ဟင်း အရသာရှိရှိစားချင်ရင်၊ နေရာထိုင်ခင်းသန့်တာ သွားချင်ရင် သိပ်စဉ်းစားစရာ မလိုလို့ သဘောကျပါတယ်။

(Credit to Black Chaw)

၁။ ရွှေဘဲ စားသောက်ဆိုင်

အမှတ်.၂၂၄၊ ကမ်းနားလမ်း၊ ရန်ကုန်။

ဖုန်း – 241234, 372603, 389764

၂။ JUNIOR DUCK RESTAURANT      

နန်းသီတာ အဆောက်အဦ အပေါ်ထပ်-အောက်ထပ်၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ရန်ကုန်မြို့။

ဖုန်း- 249421, 098614554 , 09421144660

၃။ ရွှေဘဲ (ရှစ်မိုင်) စားသောက်ဆိုင် GOLDEN DUCK (Junction – 8) Restaurant၊

ပြည်လမ်း (၈ မိုင် လမ်းဆုံ)၊ မြိုင်ဟေ၀န်ပန်းခြံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – 0986 17477 , 0973 355733 , 0973355755

၎။ GOLDEN DUCK (Kan Taw Min)    Restaurant

ဖုန်း – 240216, 09 7322 9233, 706488

၅။ GOLDEN DUCK (Sayarsan) Restaurant  

Tel – 0973163366, 73163377, 73163388

၆။ သင်အာ စားသောက်ဆိုင်

No. ၃၀၉, ကျုံးကြီးလမ်း, ဝါးတန်းလမ်းနဲ့ ၄လမ်းကြား, ရန်ကုန်မြို့။

Tel – 221854, 222660

 

နောက်ရက် နေ့လည်စာတော့ မဖြစ်မနေ မြန်မာစာကို ဇွတ်ကျွေးမယ်လို့ မောင်းတင်ထားပြီး မြန်မာဆိုင်ကို စဉ်းစားရပါတယ်။

အဲဒီနေ့ ညနေပဲ ပြန်တော့မှာဆိုတော့ မနက် သန်လျင်မှာ အစည်းအဝေးအပြီး လေဆိပ်ကို ကူးရင် ခေါ်သွားနိုင်မဲ့ နေရာကို ဟိုမေးဒီမေးလှမ်းမေးရတော့ ဝေဇယန္တာလမ်းပေါ်က ဂန္ဓမာ (Whole Sale) ဟိုးဆေး နားက ခိုင်ခိုင်ကျော် ကို ညွှန်းကြပါတယ်။

ကိုယ့် အနေနဲ့ဆို မြို့ထဲက လှည်းတန်း စံရိပ်ငြိမ် မှတ်တိုင်နား၊ အင်းစိန်လမ်းမပေါ်က ဓနုဖြူဒေါ်စောရီ  များ ကျွေးရမလား စဉ်းစားမိတာလေ။ ဒေါ်စောရီက အသားဟင်းကောင်းတယ်၊ ငပိထောင်းကောင်းတယ်။ ဒါပေမဲ့ နေရာထိုင်ခင်းနဲ့ ကားရပ်ဖို့ မပြေလည်လောက်ဘူးလို့လည်း စဉ်းစားမိတယ်။

ဒါနဲ့ပဲ ခိုင်ခိုင်ကျော် မှာ ကိုယ်လည်း မစားဖူးတာနဲ့ သွားမယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ကားရပ်ဖို့ နေရာ အဆင်ပြေတယ်။

ပြီးတော့ သပ်ရပ်တဲ့ နေရာထိုင်ခင်းနဲ့မို့ ပထမ အမြင်မှာတင် စိတ်အေးသွားရတယ်။ ဘာမှာချင်လဲ မေးတော့ စားကောင်းမဲ့ မြန်မာဟင်းတွေ ကိုယ့်ပဲ မှာခိုင်းတာနဲ့ ဟင်းစပ်တည့်အောင် ကြိုးစား မှာရတော့တာပေါ့။

 

ကြက်သား၊ ကုလားပဲ ဟင်းရယ်၊ ငါးဖယ်သုပ်ရယ်၊ အာလူးအကျွပ်ကြော်ရယ် ပုဇွန်ထုတ်ကြော်ရယ် (တစ်မျိုး ကို ၂ ပွဲစီ) မှာပြီး ငပိရည် တို့စရာ အစုံ နဲ့ မန်ကျည်းရွက်ချဉ်ရည် က ချထားပြီးသားဆိုတော့ ပြည့်စုံပြီ ယူဆပြီး စတင်စားသောက်ပါတယ်။

ဘေးနားမှာ ဘာလိုလဲ လာလာကြည့်တဲ့ ဝန်ဆောင်မှုလေးနဲ့ စိတ်ချမ်းသာသာစားရတာမို့ ကိုယ်သာမက သူတို့ ၂ ယောက်လုံးပါ ထမင်း ၃ ခါစီ ယူတဲ့ စံချိန်နဲ့ နေ့လည်စာလေးပေါ့။

စားပြီး အချိုတည်းဖို့ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲတို့ ပဲကြမ်းကြော်တို့ကလည်း အဆင်သင့်လေ။ ဒီဟင်းတွေနဲ့ ၂သောင်း ခွဲ လောက်ပဲ ကျတာမို့ ဈေးနဲ့ စိတ်ချမ်းသာမှုနဲ့ တန်တယ်လို့ပဲ ပြောပါရစေ။

စားပြီးတော့ ဘေးနားကပ်ရက်က Moon Bakery  မှာ ကော်ဖီတိုက်လိုက်သေးတယ်လေ။ အဆင်တပြေနေရာလေးမို့ နောက်တစ်ခေါက်လည်း သွားစားမယ်လို့ ကြံစည်ထားတယ်။

ရန်ကင်းက ဘောက်ထော် ကျောက်ကုန်း နားက သပြေရိပ် မှာ မြန်မာမုန့် မျိုးစုံ မနက်ခင်းပိုင်း ရတာမို့ စားချင်သူတွေ အတွက် ညွှန်းလိုက်ပါတယ်။

အမတ်မင်း ဝယ်ကျွေးတာ။ ငိငိ

အမတ်မင်း ဝယ်ကျွေးတာ။
ငိငိ

တောင်ဥက္ကလာ စာတိုက်လမ်းဆုံ ရဲစခန်းနားက Feel  မှာလည်း မြန်မာမုန့် မျိုးစုံနဲ့ မြန်မာ ထမင်း ဟင်း မျိုးစုံရနိုင်ကြောင်း လည်း စားရင်း သွားရင်း သိခဲ့ရရပါသေးတယ်။

Feel ရော သပြေရိပ်ရောက ဆိုင်ခွဲတွေ အများကြီးရှိပါတယ်တဲ့။ ဒါက ကိုယ် ရောက်တဲ့ ဆိုင် တွေကို ပြောပြတာပါ။

ဒါတွေက ရန်ကုန်က အစားအ သောက် ဇာတ်လမ်းတွေပေါ့။

 

ရန်ကုန်က အစားအသောက်က သူ့ရှေ့မှာ မို့ ဓာတ်ပုံမရိုက်ခဲ့ပါဘူးး

ဟီးဟီးး

:aa:

~~~~~~~~

မန်းလေးက အစားအသောက်ကိုတော့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းပါရစေ။

ဓာတ်ပုံတွေရော ပါမှာ မို့လို့ပါ။

:sar:

 

ဆိုင် – အိုင်ဘား

လိပ်စာ – ၆၅ လမ်း၊ ၂၆လမ်း နှင့် ၂၇ လမ်းကြား

ရရှိနိုင်တဲ့ အစားအစာ – အနောက်တိုင်း အစားအစာ၊ ယိုးဒယားအစားအစာ၊ မြန်မာ အစားအစာ

မန်းလေးမှာ ဖွင့်တာမကြာသေးပေမဲ့ နာမည်ရလာတဲ့ ဆိုင်တစ်ခုပါ။ ပိုင်ရှင်က ဂျေဂျေ ကဖေး ပိုင်ရှင်နဲ့ အတူတူပဲလို့ ကြားပါတယ်။ ကိုယ် ကြိုက်တာက ဆိုင်ရဲ့ အဆင်အပြင်ပါ။

အတွင်း ပြင်ဆင်မှုရော၊ အပြင်ပိုင်း ပြင်ဆင်မှုပါ တော်တော်လေး သပ်ရပ်ခန်းနားပါတယ်။

နေရာကျယ်ကျယ်မို့၊ အတွင်းမှာ ထိုင်ချင်လည်းရ၊ အပြင်မှာ လွတ်လွတ်လပ်လပ်ထိုင်ချင်လည်း ရတဲ့ ဆိုင်ပါ။ ကားပါကင် အတွက်ပါ အဆင်ပြေတာမို့ အချိန်တို အတွင်း လူကြိုက်များလာတာလည်း ပါမှာပါ။ အစားအသောက် အရသာ ကောင်းပြီး ဈေးကတော့ နည်းနည်းကြီးတဲ့ထဲ ပါပါတယ်။ နေရာထိုင်ခင်းက မိသားစု အတွက်လည်းသင့်တော်ပါတယ်။

ကန်စွန်းရွက်အစပ်ကြော်

ကန်စွန်းရွက်အစပ်ကြော်

ဆိတ်အကြောကို ခါးပတ်ချက်ချက်တာ ဆိုလားး အတော်စားလို့ကောင်းတယ်။

ဆိတ်အကြောကို ခါးပတ်ချက်ချက်တာ ဆိုလားး
အတော်စားလို့ကောင်းတယ်။

ကြက်သားစဥကြော်

ကြက်သားစဥကြော်

ဝက်နံရိုးကြော်

ဝက်နံရိုးကြော်

 ခေါက်ဆွဲကြော်


ခေါက်ဆွဲကြော်

 

ဆိုင် – Life Cafe

လိပ်စာ – ၂၉ လမ်း၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြား

ရရှိနိုင်တဲ့ အစားအစာ – အနောက်တိုင်း အစားအစာ၊ ယိုးဒယားအစားအစာ၊ မြန်မာ အစားအစာ

အိုင်ဘားလိုပဲ ဘာမှာမှာ ရတဲ့ ဆိုင်ပါ။ ကားပါကင်နေရာခက်ပေမဲ့ လူရှင်းတဲ့ အချိန် ကော်ဖီသောက်ချင် တစ်ခုခုစားချင်စိတ်ရှိရင် ဝင်ထိုင်လို့ အတော်သန့်ပြန့်တဲ့ ဆိုင်မို့ ညွှန်းပါရစေ။

ဈေးကလည်း အိုင်ဘားထက်သက်သာပါတယ်။ အရသာကောင်းတယ်။

 

ငါးခူမွကြော်သုတ် အတော်ကောင်းပါတယ်

ငါးခူမွကြော်သုတ်
အတော်ကောင်းပါတယ်

ပင်လယ်စာ တုံယမ်းဟင်းရည်

ပင်လယ်စာ တုံယမ်းဟင်းရည်

ကိုက်လန်ကြော်

ကိုက်လန်ကြော်

ကြက်သားအစုံကြော်

ကြက်သားအစုံကြော်

ဝက်စတူးပြန်ချက်။ စားလို့ အကောင်းဆုံးပါ။

ဝက်စတူးပြန်ချက်။
စားလို့ အကောင်းဆုံးပါ။

 

 

ဆိုင် – ဝိုင်ကေကေအို

လိပ်စာ – လမ်း ၃၀၊ ၆၄လမ်း နဲ့ ၆၅ လမ်း ကြား

ရရှိနိုင်သော အစားအသောက် – အကင်၊ဆာတေး၊ ကြေးအိုး၊ ဆီချက် နဲ့ ကော်ဖီ

ဟုတ်ပါတယ်။ ရန်ကုန်က ရန်ကင်းကြေးအိုးရဲ့ ဆိုင်ခွဲပါ။ ဖွင့်ထားတဲ့နေရက ခြံဝန်းကျယ်ထဲက ဘန်ဂလိုလေး တစ်ခုကို အပြင်အဆင် ကောင်းကောင်းလေးနဲ့ ဖွင့်ထားတာမို့ အေးဆေးထိုင်ချင်သူတွေ၊ ကားပါကင်စိတ်အေးချင်သူတွေ အတွက် ထိုင်လို့ ကောင်းတဲ့ နေရာလေးပါ။ သူငယ်ချင်း အုပ်စုတွေ တော်တော်များများထိုင်ကြပါတယ်။ အစားအသောက်လက်ရာ ကောင်းတဲ့ထဲပါသော်လည်း ဝန်ဆောင်မှု ရာခိုင်နှုန်းထပ်ပေါင်းထားတဲ့ ဈေးနှုန်းကြောင့်မို့ ကိုယ် ကတော့ ဈေးကြီးတယ် သို့သော် သွားပျော်တယ် လို့ သတ်မှတ်ပါတယ်။

ကြေးအိုးနဲ့ ဆာတေးစုံ

ကြေးအိုးနဲ့ ဆာတေးစုံ

 

ဆိုင် – ရွိုင်ရယ် မန္တလေး (Royal Mandalay)

လိပ်စာ – ၃၂ လမ်း၊ ၆၈ လမ်း နဲ့ ၆၉ လမ်းကြား

ရရှိနိုင်တဲ့ အစားအသောက် -အရှေ့တိုင်း၊ အနောက်တိုင်း အစားအသောက် မျိုးစုံ၊ အဖျော်ယမကာမျိုးစုံ

ဟိုတယ်လော်ဘီ ခန်းမကျယ်တစ်ခုလို အပြင်အဆင်နဲ့ ဧည့်ကြို ဝန်ထမ်းများ ရှိလို့ သက်တောင့်သက်သာထိုင်ချင်တဲ့ ဧည့်သည်မျိုးနဲ့ ကိုက်ညီပါတယ်။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်နဲ့ မို့ စိတ်အေးလက်အေး စကားပြောချင်ရင် ကော်ဖီသောက်ချင်ရင်လည်း ထိုင်နိုင်ပါတယ်။ ဟင်းအရသာကောင်းသော်လည်း ဟင်းတစ်ခွက်မှာ ပါဝင်နှုန်းပမာဏ မဆိုစလောက် နည်းပါတယ်။ ဈေးနည်းနည်းများပါတယ်။

 

ဒါက ဒီ တစ်ပုံပဲ ရှာတွေ့တော့တယ်။ ပုဇွန်ထုတ်ချက်ရယ် ကြက်ချဉ်စပ်ရယ် ကိုက်လန်ကြော်ရယ်။

ဒါက ဒီ တစ်ပုံပဲ ရှာတွေ့တော့တယ်။
ပုဇွန်ထုတ်ချက်ရယ်
ကြက်ချဉ်စပ်ရယ်
ကိုက်လန်ကြော်ရယ်။

 

ဆိုင် – ယမုံနာ

လိပ်စာ- လမ်း ၆၀၊ ၂၄ လမ်း နဲ့ ၂၅ လမ်းကြား

ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ တိုင်းရင်းသားရိုးရာဟင်း တစ်ချို့

ကိုယ် ဒီ တစ်ခေါက်ရောက်ဖြစ်တဲ့ထဲ အကြိုက်ဆုံး ဆိုင်ပါ။ စကောထမင်းတစ်ဝိုင်းမှာ ပါဝင်တဲ့ ဟင်းတွေက တစ်ရက်တစ်ရက် နည်းနည်းစီကွဲပြားသွားတာပါ။ ကိုယ်ရွေးလို့မရပါဘူးးး၊ ဆိုင်က သူ့ ပွဲနဲ့သူပြင်ပေးတာမျိုးပါ။ ဒါပေမဲ့ ဟင်းတိုင်း ဟင်းတိုင်း အရသာက အထူးကောင်းမွန်တာရယ် ဆန်/ထမင်းအနေအထား စိတ်ကြိုက်ကောင်းမွန်တာရယ်၊ တခြား အရသာရှိတဲ့ ရိုးရာဟင်းတွေ ရနိုင်တာရယ်၊ ရိုးရာ ဆန်တဲ့ ဆိုင်ရဲ့ အပြင်အဆင်ရယ်ကြောင့် သွားသင့်တဲ့ စားသင့်တဲ့ မန်းလေးက နေရာတစ်ခုပါ။ ဇကောထမင်းတစ်ဝိုင်းကို ၂၅၀၀၀ ကျပ် ရှိပါတယ်။ ကျန်တဲ့ သီးစုံဖျော်ရည်ကြိုက်ရာမှာလို့လည်း ရတာမို့ တစ်နပ်စာလောက်တော့ ကြိုးစားပြီး သွားစားသင့်တယ်လို့ ပြောပါရစေ။

http://mandalaygazette.com/210306

 

 

ဆိုင် – ကုက္ကိုကျွန်း

လိပ်စာ – မန်းလေး ကန်တော်ကြီး

ရရှိနိုင်တဲ့ အစားအသောက် – အရှေ့တိုင်း၊ အနောက်တိုင်း အစားအသောက် မျိုးစုံ၊ အဖျော်ယမကာမျိုးစုံ

စလုံးမလာခင်ကတည်းက ပွေးနေကြ၊ ထိုင်နေကျ ဆိုင်ပါ။

ကြိုက်တာက ဝိုင်းလေးတွေ တိုင်းကို ကန်စပ်မှာ ထားတာရယ်၊ အထဲမှာ မစားချင်ပဲ အပြင်မျက်ခင်းပြင်မှာ သာသာ ယာယာ စားလို့ ရတာရယ် ကြိုက်ပါတယ်။

လက်ရာကောင်းတဲ့ထဲ ပါပြီး နေရာထိုင်ခင်း သဘာဝကျတာမို့ ဒီထဲကို ပေါင်းဖြည့်ခဲ့ပါတယ်။

 

ဝက်သုံးထပ်သား ဂျုံကပ်ကြော်

ဝက်သုံးထပ်သား ဂျုံကပ်ကြော်

ငါးသံပုရာပေါင်း

ငါးသံပုရာပေါင်း

ငါးခေါင်း မျှစ်ချဉ် အရည်သောက်

ငါးခေါင်း မျှစ်ချဉ် အရည်သောက်

ပုဇွန်ထုတ် ပင်စိမ်းချက်

ပုဇွန်ထုတ် ပင်စိမ်းချက်

ကျောက်ပွင့်ဖြူသုတ်

ကျောက်ပွင့်ဖြူသုတ်

ကန်စွန်းပလိမ်းး

ကန်စွန်းပလိမ်းး

 

စစ်ကိုင်းဘက်သွားတုန်းကတော့ …..
စားနေကျ “သူဇာ စားသောက်ဆိုင်” မှာပဲ စားဖြစ်တယ်။
လိပ်စာက – စစ်ကိုင်း-ရွှေဘို-မုံရွာ လမ်းမကြီးဘေး၊ ရွာထောင်ရပ်၊ စစ်ကိုင်းမြို့ တဲ့။
ရနိုင်တဲ့ အစားအသောက်တွေက တရုတ်-မြန်မာ အစားအစာသီးသန့် တဲ့။
၂ တန်း လောက် စစ်ကိုင်းမှာ နေတုန်းကတည်းက တစ်မျိုးလုံးစားတာဆိုတော့ ဘယ်လောက်ကြာပြီတုန်း စဉ်းစားသာကြည့်တော့။
လက်ရာကလည်း ကျမသွားဘူးး ကောင်းတုန်းပဲ။

အကြိုက်ဆုံး ဟင်း ၂ ခွက်ပဲ ရိုက်လာတယ်။

ငါးချိုချဉ်

ငါးချိုချဉ်

 

ဝက်နားရွက်သုပ်

ဝက်နားရွက်သုပ်

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 330 post in this Website..

CJ # 129120