အေးချမ်းတည်ငြိမ်နေတဲ့
ကျွန်မတို့ရဲ့ဝန်းကျင်မှာ
ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ
ရောက်ရှိလာခဲ့တယ်နော်…
ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ်

သစ်ပင်ပန်းမန်တွေနဲ့
စည်ကားနေတဲ့
ကျွန်မတို့နေရာကို
လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။

နာဂစ်ဆိုတဲ့ လေမုန်တိုင်း
လေမုန်တိုင်းကို ဟန့်တားထားတဲ့
တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို
ရှင် ဆုတ်ဖြဲပစ်လိုက်တယ်
မယုံကြည်နိုင်ခဲ့ဘူး။

အခုတော့…
စည်းစနစ်ကျနမှုနံရံ
ပြိုလဲ့ခဲ့ရပြီ။

ကြောက်လန့်ဖို့ကောင်းတဲ့
အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ
ကျီးအတွေ အာလို့
မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ
ရှင် ဖန်တီးခဲ့တယ်။

ရှင့်ကြောင့်
အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ
ခုတော့…
အများသူငါ လေတိုက်မှာတောင်
ကြောက်နေကြတဲ့ဘ၀မျိုးရောက်အောင်
ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး
အခြားမရှိတော့ပြီပေါ့…

ဝန်းကျင်တကာမှာ
အပိုင်းပိုင်း အပြတ်ပြတ်နဲ့
သစ်ပင်တွေ ပြိုလဲနေပြီး
အိမ်တွေ ပျက်စီးနေတဲ့
မြင်ကွင်းမျိုးကို
ကျွန်မရှေ့မှာ
ဘောင်ခတ်ပစ်ချင်ပြီ

ခု…
အရာအားလုံးဟာ
အော့နှလုံးနာစရာဖြစ်ခဲ့ရပြီ
ဘာဆိုဘာမှမရှိတော့တဲ့
ကျွန်မတို့ရဲ့ အခြေအနေအပေါ်
‘ဒီလောက်အပျက်ကိန်းကြီး
ထပ်ဆိုက်ပြီးမှတော့
ဟောဒီ အပျက်အယွင်းကြီးတစ်ခုလုံးကို
ဘာတခမ်းတနား စကားလုံးတွေနဲ့
ရှင် ပြန်ဖာထေးလို့ ရနိုင်တော့မှာလဲ…

manawphyulay

About manawphyulay

manawphyu lay has written 697 post in this blog.

I like Design. I am writing blog. http://www.manawphyu.net

Related posts:

  1. အဆောက်အဦပျက်ကြားမှ စကားပြောခြင်း
  2. သင့် COMPUTER ရဲ့ စကားပြောသံလေးကြားချင်လား
  3. စင်ကာပူ ကားမှတ်တိုင်က ဖြစ်ရပ်လေးတစ်ခု – written by မောင်ဝံသ
  4. အကြံပေးခြင်း(သို့)မေတ္တာရပ်ခံခြင်း
  5. အင်တာနက်ကို E-mail ပို့ရုံ၊ Chat လုပ်ရုံပဲလို့သာ သင်ထင်နေသလား