ဘာရယ်ဟုတ်ပါဘူး ၊

 

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဝီစကီရွေးရာမှာ ဂျပန်ထုတ် ဝီစကီ ( ရာမာဇာကီ ၀ီစကီ ) က နံပါတ်တစ် ရသွားတယ်ဆိုတော့

 

စိတ်ထဲ ထူးခြားသလို ဖြစ်သွားလို့ပါ ၊

 

ကျနော်တို့က စကော့ဝီစကီကသာ အကောင်းဆုံးနေရာမှာ အမြဲရှိတယ် လို့ စွဲသိခဲ့ဘူးတာကိုး ၊

တစ်ကမ္ဘာလုံးက ၀ီစကီတွေရဲ့     အရသာ ၊ အရည်အသွေးစတာတွေကို အကောင်းဆုံးဖော်ပြသတ်မှတ်ပေးတဲ့

 

ဝီစကီ အညွှန်းအဖွဲ့  ( ဂျင်မူရေး – ၀ီစကီဘိုင်ဘယ်လ် ) က ရွေးပေးခဲ့တာလို့ ဆိုပါတယ် ၊

 

daily mail  မှာ ဖတ်ရတာပါ ၊

 

၁ နှစ်အတွင်း ဥရောပအကောင်းဆုံး ၀ီစကီကိုတော့ အင်္ဂလန်က  Chapter 14 Not Peated  က ရပါသတဲ့ ၊

အခု ဆုရတဲ့ ဂျပန် ရာမာဇာကီ ၀ီစကီကို ၁၉၂၃ နှစ်မှာ စတင် တည်ထောင်တဲ့ကုမ္ပဏီက ထုတ်တာဖြစ်ပြီး

 

ပေါ့ပါးသွက်လက်တဲ့ အရသာ၊ ထူးကဲတဲ့ အနံ့တို့နဲ့  အမှတ် ၁၀၀ မှာ  ၉၇ ဒသမ ၅ ရတယ်လို့ဆိုပါတယ် ၊

ပြီးခဲ့တဲ့ နှစ်တွေမှာ စကော့ဝီစကီတွေကို  ကမ္ဘာ့အကောင်းဆုံး ၀ီစကီလို့  ဂျင်မူရေးက သတ်မှတ်ခဲ့ဘူးပါတယ် ၊

 

၂၀၁၂ မှာ  Old Pulteney’s 21 year old  ၊ ၂၀၁၄ မှာ  Glenmorangie Ealanta ၀ီစကီတို့က ရခဲ့ပါသတဲ့ ၊

အခုတော့ မမျှော်လင့်တဲ့ နေရာကနေ အကောင်းဆုံး အရည်အသွေး ပေးစွမ်းနိုင်တဲ့ ၀ီစကီထွက်လာတာဟာ

 

စကော့ ၀ီစကီ လုပ်ငန်းတွေ အကျဘက်ကို ရောက်လာတာမျိုးများလားလို့ ထင်ကြေးပေးတာတွေလည်း ရှိလာခဲ့တယ်လို့ ဆိုပါတယ် ၊

၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ၀ီစကီဆုရခဲ့တဲ့  Yamazaki ၀ီစကီဟာ ပုလင်း ၁၈၀၀၀ ပဲထုတ်လုပ်ထားပြီး

 

ဗြိတိန်က အကောင်းဆုံး အရက်ဆိုင်တွေနဲ့ အရက်လက်ကားရောင်းတဲ့ဆိုင်တွေမှာ  ပေါင် ၁၀၀ နဲ့ ဝယ်ယူအားပေးနိုင်ပါသတဲ့ဗျာ ၊

ရွာထဲက ကိုကိုတို့ရေ  မြည်းတော့ အမြည်းချင်သားနော့ ၊

3

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..