”ရာသီကြမ်းမှာမှ စိုက်ပျိုးလိုက်တဲ့ကဗျာ”
~~~~~~~~~~~~

မောနေကြပြီလား ?
ခရီးကြမ်းကြီး လှမ်းခဲ့ရတာ
ခပ်ပါးပါး ဘဝတွေတောင်
ထူလို့ . . . အမ်းလို့ . . .

ရေကြည်ရာ မြက်နုရာ. . .
အခု အဲဒီခေတ်ကြီးပျောက်လို့….
ရှာနေကြတုန်းပေါ့ ။

နောက်ဆုံးတော့လည်း. . . .
ကိုယ့် ကိုယ်တွေကို ရေလောင်း
ကိုယ့် ကိုယ်တွေကို ပေါင်းသင်လို့ . . .
နှုတ်သင့်တာ နှုတ် ဖြုတ်သင့်တာ ဖြုတ်ပြီး
ကိုယ့်ဘဝတွေကပဲ
ကိုယ့်ဘဝရဲ့ ရေကြည် မြက်နု….အခု ဖြစ်ရမယ်. . .ပေါ့။

ဒီသက်တမ်းမှာ . . .
လူဖြစ် ရှုံးရှုံး / မရှုံးရှုံး ။ ။

~~~~~~~~~~~~~~

အလင်းဆက်@သူရ
alinsett.art@gmail.com

၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၊ ၂၇
ည ၇ နာရီ၊ ၆ မိနစ်

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013