ဒီ ခေါင်းစဉ် ကို “သူမ နဲ့ စက်ဝိုင်းများ” လို့ ပေးဖို့ကနေ နာမည် တတ်လိုက်တာက ဒီကိစ္စတွေ မဖတ်ချင် ရင် မဖတ်ဘဲ နေလို့ ရအောင်ပါ။မဟုတ်ရင် အချိန်ကုန် ခံ ဝင် နေရ မစိုး လို့။

ပြောရရင် ဒီရက် စိတ် ကို ဘယ်လိုအနေအထား မှာ ထားရမယ် မသိ။
ကိုယ်က သာ စိတ်မခိုင် သလို ဖြစ်နေပေါ့။
သူကတော့ သူ လုပ်နိုင်သမျှ တွေ ကို တတ်နိုင်သ၍ ခွန်အားအပြည့် နဲ့ လုပ် နေတော့တာ။
သူ့ တက်ကြွတဲ့ပုံရိပ် ကို ကြည့်၊ သူ့ရဲ့ ဇွဲမလျှော့ တဲ့ စကား တွေ ကြားပြီး အဲဒီ စက်ဝိုင်း တွေ ကို မြင်မြင် လာတာ နဲ့ ဒီ စာ ကို ရေးဖြစ်လိုက်ပါတယ်။

စက်ဝိုင်းတွေ အကြောင်းက အများကြီး မဟုတ်ပါဘူး။ ၂ခု ထဲပါ။
Stephen R. Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့ စာအုပ် ထဲ က စက်ဝိုင်း တွေ အကြောင်းပါ။
အဲဒီ စာအုပ် ထဲက အကြောင်းတွေက လူတစ်ယောက်ထဲ ရဲ့ ထင်မြင်ချက် မဟုတ်ပါဘူး။
.နှစ်ပေါင်း၂၀၀ လောက် အတွင်းမှာ ရှိနေတဲ့ အတွေးအခေါ်ပညာရှင် တွေရဲ့ အတွေးအမြင် တွေ ကို အသေအချာ လေ့လာပြီး သုံးသပ် ဆင့်ပွါး ရေးပြထားတာ။
လူ နဲ့ လူ ချင်း ဆက်ဆံရေး မှာ အောင်မြင်မှု ရဖို့ အတွက် ကြိုးစား ရာမှာ သိသင့်တဲ့ အကြောင်းတွေပေါ့။
အဓိက ခေါင်းဆောင်ကောင်း လုပ်ချင်သူများ ဖတ်သင့်တဲ့ လေ့လာပြီး ကျင့်သုံး သင့်တဲ့ အချက်တွေ လဲ အများကြီး ပါပါတယ်။

ဒီ စက်ဝိုင်း ပုံပြင် မစခင် အဲဒီ စာအုပ် ကို ရေးသူ ရဲ့ စကားဝိုင်း တစ်ချို့ အကြောင်း အရင်ပြောပြချင်ရဲ့။
သူက တက္ကသိုလ်ကျောင်းဆရာလဲ ဖြစ်ပါတယ်။
တစ်နေ့ သူ့ ကို ကျောင်းသားတစ်ယောက် က သူ့ရဲ့ တင်းနစ် အသင်း က ခရီး ထွက် မှာမို့ အတန်းမတက် နိုင်တာ ကို ခွင့်တောင်း ခဲ့ပါတယ်။
ဒီတော့ သူက အဲဒီ ကျောင်းသား ကို မေးလိုက်တယ်။
သူ – “မင်းသွားကို သွားရမှာလား၊ သွားဖို့ ကို မင်း ရွေးတာလား”
ကျောင်းသား – “သွားရမှာပါ”
သူ – “မင်းမသွားရင် ဘာဖြစ်မလဲ”
ကျောင်းသား – “သူတို့ ကျွန်တော့ ကို အသင်းက နေ ကန်ထုတ် လိမ့်မယ်”
သူ – “အဲဒီ အကြောင်း ရဲ့ ဖြစ်လာမဲ့ အကျိုး ကို မင်းကြိုက်လား”
ကျောင်းသား – “မကြိုက်ဘူး”
သူ – “သဘောက မင်း သွားဖို့ရွေးတာဟာ အသင်းမှတ် ဆက်ပြီး နေချင် တဲ့ အကျိုး ကို လိုချင်မို့ပေါ့။ ဒါဆို ငါ့ စာသင်ချိန် ကို မင်းပျက် ရင် ဘာဖြစ်မလဲ”
ကျောင်းသား – သင်ခန်းစာတွေ ပျက်မှာပါ။
သူ – မှန်တယ်။ ဒီတော့ မင်း အနေနဲ့ အကြောင်း တစ်ခု ကနေ ဖြစ်လာမဲ့ အကျိုးဆက် တွေ ကို ချိန်ဆပြီး ရွေးချယ်မှု ကို လုပ်ရမှာ။ ငါသာ မင်း ဆိုရင်လဲ တင်းနစ် ခရီး ကို ရွေးမှာပါ။
ဒါပေမဲ့ ဒါကို “ငါတော့ လုပ်မှ ဖြစ်မယ်” လို့ မပြောပါနဲ့။
ကျောင်းသား – ကျွန်တော် တင်းနစ် ခရီး ကို သွားဖို့ ရွေးပါတယ်။

နောက်တစ်ခု က သူဟောပြောတဲ့ ပွဲ တစ်ပွဲ မှာ လူတစ်ယောက် က သူ့ဆီလာပြီး စကားပြောတယ်။
ထိုလူ – စတီဗင် မင်းပြောတာ ကို တော့ကြိုက်ပါတယ်။ ဒါပေမဲ့ အခြေအနေ တွေက ကွဲတယ်။ ငါတို့ အိမ်ထောင်ရေး က စိုးရိမ်စရာ ဖြစ်လာပြီ။ ငါရော ငါ့မိန်းမရော နှစ်ယောက်လုံး အရင် လို တစ်ယောက်နဲ့ တစ်ယောက် မနွေးထွေးတော့ဘူး။ ငါ လဲ သူ့ ကို ချစ်မရတော့ ဘူး။ သူလဲ ငါ့ ကို မချစ်တော့ ဘူး။ ငါ ဘာလုပ်ရမလဲ။
သူ – အရင်လို နွေးထွေး တဲ့ ခံစားချက် တွေ မရှိတော့ ဘူးပေါ့ ဟုတ်လား။
လူ – အမှန်ဘဲ။ ကလေး သုံးယောက် အတွက်တော့ ငါတို့ အသေအချာ စဉ်းစားနေတယ်။ ဘာများ အကြံပြုနိုင်မလဲ။
သူ – မိန်းမ ကို ချစ် လိုက်ပါ။
ထိုလူ – ငါနာမလည်ဘူး။ ငါ သူ့ ကို ခံစား လို့ မရတော့ဘူးလေ။
သူ – ဒါဆို သူ့ကို ချစ်လိုက်ပါ။ ခံစားချက် မရှိဘူး ဆိုရင် ဒါဟာ ချစ်ဖို့ အကောင်းဆုံး အကြောင်းပြချက်ဘဲ။
ထိုလူ – ဒါပေမဲ့ မချစ်တော့ တာ ကို ဘယ်လို ချစ် လို့ ရဦးမှာလဲ။
သူ – ဒီမှာ ကိုယ့်လူ ချစ်တယ် ဆိုတာ ကြိယာ ပါ။ ဒါကြောင့် ချစ်ပါ။ အနစ်နာခံ လိုက်ပါ။ သူ့ကို နားထောင်ပေးလိုက်ပါ။ ကိုယ်ချင်းစာပေးပါ။ အသိအမှတ်ပြုပေးပါ။ စိတ်ဓာတ်အား နဲ့ ပံ့ပိုးလိုက်ပါ။

အဲဒီ စကားပြော နှစ်ခု ထဲမှာ ပထမ စကားပြောထဲက အသိပေးအချက်ကတော့ “တာဝန်ခံခြင်း/ တာဝန်ယူတတ်ခြင်း” ပါ။
သူများ (သို့) အကြောင်းတစ်ခု က လွှမ်းမိုး လို့ မဟုတ်ဘဲ ကိုယ့်ဆန္ဒ အရ လုပ်တတ်တာ၊ အကြောင်းအကျိုး ဆင်ခြင် ပြီး ကိုယ့်ဟာကို ရွေးတတ်တာ။

ဒုတိယ စကားပြောမှာ ပေးချင်တဲ့ အချက် က စိတ်ခံစားချက် ကို ရှေ့မထား ဘဲ စိတ်ခံစားချက် ရဲ့ လွှမ်းမိုးမှု မခံဘဲ လက်တွေ့ကျကျ လုပ်သင့်တာ လုပ်ပြီး အဲဒီ ခံစားချက် ကို ထိန်းကျောင်းနိုင်ဖို့ပါ။

သူများ (သို့) အကြောင်းအရာ (သို့) ခံစားချက် တွေ ရဲ့ လွှမ်းမိုး မှု မခံ ဘဲ ကိုယ့်ဟာကို တာဝန်ခံ လုပ်တတ်တာ ကို Proactive လို့ ခေါ်ပြီး

သူများ (သို့) အကြောင်းအရာ (သို့) ခံစားချက် တွေ ရဲ့ လွှမ်းမိုး မှု အောက်မှာ နေပြီး အခြေအနေကြည့် လုပ်နေတတ် တာကို Reactive လို့ ခေါ်ပါသတဲ့။

Proactive သမား များ က ကိုယ့်လုပ်စရာရှိတာ မိုးရွာရွာ နေပူပူ လုပ်ပါတယ်။ သူများ ပြောတဲ့ အတင်းအဖျင်း ကဲ့ရဲ့ အပုတ်ချ တာတွေ ပေါ်မှာ စိမ့်ဝင် မသွားပါဘူး။ ကိုယ့် ရဲ့ ကိုယ်ပိုင်အစွမ်းအစ နဲ့ လမ်းသစ်ဖောက်ပြီး တီထွင်မှု တွေ လုပ်တတ်ပါတယ်။ အခြေအနေ ကို အပြစ်မတင် ဘဲ ကိုယ့်တာဝန် ကို ကျေအောင် ယူတတ်/တာဝန်ခံတတ်ပါတယ်။ ကောင်းတဲ့ အလုပ် အများအတွက် အလုပ် ကို လုပ်လိုက်တာဟာ ကိုယ့်နာမည် အတွက်မဟုတ်ဘဲ နာမည် မပေါ်ရင်တောင် လုပ်ပေးတတ်သူပါ။

Reactive သမားများ က ရာသီဥတု ရဲ့ အပြောင်းအလဲ ပေါ်မှာ တည်မှီပြီး စိတ်ပြောင်းပါတယ်။ သူများ ဝေဖန် ကဲ့ရဲ့ခြင်းမှာ ခံစားလွယ်ပါတယ်။ တစ်စုံတစ်ယောက် ရဲ့ အပံ့အပိုး ကို မျှော်ပါတယ်။ အခြေအနေ ကို အပြစ်တင်ပြီး ကိုယ့်တာဝန် ကို နောက်ချန်ထားပါတယ်။ ဘာလုပ်လုပ် ကိုယ့်ကို သူများ  အချီးမွမ်း ခံဖို့ အတွက်သာ လုပ်ပါတယ်။

အခုပြောနေတဲ့ Proactive ဆိုတာ မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ လူများ ရဲ့ အကျင့်စရိုက် တွေထဲ က တစ်ချက်ပါဘဲ။ စာအုပ်ထဲ မှာတော့ 7 Habits ထဲ ကနံပါတ်(၁) ပေါ့။

အဲဒါကို စက်ဝိုင်းများ နဲ့  “ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၂)”   မှာ ဆက်မည်။

 

Habit 1

Iamge from – http://cbsd.org/Page/10185

မြစပဲရိုး

About မြစပဲရိုး

Khin Latt has written 240 post in this Website..