တကယ်တော့လည်း အချစ်ဆိုတာ အိုကယာမ က ကြက်တောင်ပံ အစာသွပ်လိုပဲဗျ…

ဘာထည့်ထားမှန်းမသိ ဘယ်သူထည့်ထားမှန်းမသိ …

စားကောင်းတာ တခု နဲ့ပဲ ကျေနပ်ရတာပဲရယ်…

 

စိတ်တော့ အတော်လေပါတယ်လေ…

နင်က ငါ့ မွေးရာပါ အူကြောင်ကြောင် ဘာသာရပ်ရယ်

 

အဟတ်

နင်ငါ့နဲ့ သဘောမတူတဲ့ နင့် ညီမချော က ကလေးတယောက်တောင် ရသွားဘီ…

အဲ့ထိ … ကျုပ်ကို လှည့်ဖျားထားတုန်း.. ခုမှသိရဒယ်

တသက်လုံး ဆိုပါတော့…

 

ပြောပါတယ်… ကြက်တောင်ပံထဲ ဘာမှန်းမသိတာတွေ ထည့်ထားသလို ဆိုတာ…

ခုထိ အူလည်လည်နဲ့ ရယ်…

 

စာပြန်ဖတ်တိုင်းလည်း ခနခန သတိရပါရဲ့…

မသုံးဖြစ်တဲ့ ပညာရပ်တခု သင်ပေးဖူးတဲ့ ကျေးဇူးတော့ရှိရဲ့…

ငါလည်း နင့်ကို တခု ပြန်သင်ပေးဖူးတယ်..

 

ဒင်းလား …အင်း …

တခါတရံတော့လည်း စီးကရက် တောင်းသောက်လေရဲ့

တခါတခါတော့လည်း စီးကရက် မီးခိုးမွှန်လို့ သေမလို ဖြစ်ဖူးရဲ့

စိတ်ခင်းလက်သာရှိတဲ့အခါ ကိုယ်တိုင် ကားမောင်းပီး လိုက်ပို့ပေးပေမယ့်

စိတ်မကြည်တဲ့အခါ တခုတ်တရ ဖုန်းဆက်ပြီးတောင် သမသေးတာရယ်..

ပြောပါတယ် အူကြောင်ကြောင် ဆပ်ပဂျက်ပါဆို…

 

တခါတလေများ မူးမူးနဲ့ ရေးချင်ရာရေးသွားတာ ..လက်ဖ၀ါးတင်မက … လက်ဖျံတခုလုံး ပွထလို့…

အဲလို လုပ်ချင်ရာ လုပ်ပြီးရင် စပ်ဖြီးဖြီးနဲ့ ….

တကယ့် ကြက်တောင်ပံအစာသွပ်ပဲ…

တကယ်တော့ …ကျပ်မပြည့်တဲ့ ကလေး မို့ … မိဘတွေက အလိုလိုက်ထားသလိုမျိုးပါပဲ …

ဆိုးပေတွေချည်း…

 

အေးလေ… ငါတို့ မိဘတွေ က ငဒို့ကို အဲ့လို မှတ်ထားတာရယ်…

မထော်မနန်းတွေ … သူတို့ဟာ သူတို့တော့ ဖုန်းဆက် ရယ်ကြလေမလိမ့်ပေါ့…

နိုး သောက်ဂရုပါ…

ဟုတ်တယ်ဟုတ်….

ငါ့ကို အဲ့နာမည်ခေါ်တာ နင်တယောက်ပဲ ရှိတာရယ်….

 

 

P.S နင်မုန်းတဲ့ ကရင်မလေး နဲ့ နက်ဖြန်တွေ့မယ် … ဒချိ ဒချိ…

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011