ထာဝရ

မြစ်ကြီးတစ်စင်း စီးမျောနေတယ် ကမ်းကပ်ဖို့လမ်းမမြင်ပေမယ့်
မာနကိုရွက်လွင့်လို့ ခွန်အားကိုလှော်တက်သဖွယ် ကူးခက်ဆဲ

ထက်ကောင်းကင်အုံစိုင်းတုန်းမို့ မာယာလှိုင်းများ ဂယက်ထနေပြီ
အားကြီးတဲ့မိုးစက်များက ရင်ထဲသို့ တိုးခက်နေကြပြီပေါ့

အကြင်နာလက်များနဲ့ဖယ်ရှားပေးမယ့် သံယောဇဉ်လေး
အဝေး အဝေးမှာ အတွေးခက်ခက်မို့ အတားဆီးမဲ့နေတုန်းလား

လမ်းပျောက်နေခဲ့ပြီလေ အလွမ်းတွေကျောက်ချဖို့ကြိုးစားတုန်း
အနမ်းလေပြေတိုက်ခက်လာပြီပေါ့

မင်းနဲ့သာတစ်ကမ္ဘာဆိုရင် ထာဝရခရီးလမ်း ကြမ်းပါစေကွာ
ဆက်တိုးလို့လှော်လိုက်မယ် အနားကထွက်မသွားပါနဲ့နော်

ကာရံ၇့  ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..