တခါသားပေါ့ဗျာ… စက်ရုံတရုံမှာ လုပ်နေတဲ့ အင်ဂျင်နီယာတသိုက်ကို ဂငယ်စီနီယာကြီးက ကာလတိုသင်တန်းလာပေးဖို့

ရှိတော့… အဲ့ကန်ပနီမှာ ရှိတဲ့ တချိန်က အလုပ်တူတူလုပ်ခဲ့ဖူးသူ ကေအင်ယူအနွယ်ဝင် မဒီလေးက

ကျော့်ကို သတိတရနဲ့ ဖုန်းဆက်ပါတော့တယ်..

 

ညီမငေး ကိုယီးကို ဒဒိယ လို့လား ဟင်င်င်

ဟီး အလုပ်ကိစ္စပြောမို့

အော် အေးအေး ညယေး ပြော

အထက်ပါအကြောင်းအရာ ကို ပြောပါတော့တယ်…
အဲ့သည်မှာ စတွေ့တာပဲ … သူ့ဟာက ဂငယ်ကနေ ဘိရုမာ သက်သက်ဆို တော်သေး..

ဘိုလိုပါ ပြန်ပေးရမယ် တဲ့ …အင်ထှာပျက်ထှာ ဆိုလား .. (သူ့လေကျအတိုင်း ရေးပြတာညော်..)

သူက မြန်မာစာ ကို ယင်းဂလိသံ ၀ဲဝဲနဲ့ ပြောတတ်သလို ..ကျုပ်ကိုလည်း ဒင်းက

(မြန်မာစကားကို ဂျပန်လိုပြောနေတာလား စွပ်စွဲဖူးရဲ့ – အီကား စကားချပ်)

 

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

ဆိုတော့ အတော် ခေါင်းကျိမ်းရသဗျ.. J to E & M ဆိုတော့ဗျာ…

ပီးတော့ စကားလုံးတွေက သာမန် နေ့စဉ်သုံးတွေမဟုတ်

သူရို့ စက်မှုနယ်ပယ်ရဲ့ စက်ရုံလုပ်ငန်းသုံး တွေ ….

သေဟဲ့ နိန္ဒိယ … ဒင်းက တမြို့လုံး ထွမ်စလိတ်တာ လှည့်ပတ်ရှာပြီးမရမှ ကိုယ့်ဆီ ဖုန်းဆက်တာကိုး…

၃ဘာသာ သုံးရမယ့်အပြင် စက်မှုလုပ်ငန်း နဲ့လည်း တီးမိခေါက်မိရှိရမယ့် လူဖြစ်ဖို့လိုသေးသတဲ့ ….

စိတ်ညစ်တဲ့ယ့်

ထားပါလေ.. သူ့ မလေးလူမျိုး ဂျာ နဲ့ သွားတွေ့ စကားပြော လေပေးဖြောင့် ပြီးပြန်ခဲ့တယ်..

အောင်မယ်… ခန့်မယ် မခန့်ဘူး မပြောသေးဘူး … လေ့လာရအောင်ဆိုပီး စက်ပစ္စည်းဆိုင်ရာ သင်ကြားမှု

မန်နျူရယ် အထူကြီး (စာ-၈၀၀မျက်နှာခန့်) ပေးလိုက်ပါရောလား..

အဲ.. နောက်တခေါက်ထပ်ချိန်းပြီး ဂငယ်အထိ ဖုန်းခေါ်ပီး ဟိုက ဂျာ နဲ့ ဖုန်းတေ့ပေးပါတယ်…

အိုကေတယ် ခန့်တယ်ပေါ့ …အဲ့ မလေး က မေးလိုက်သေးတယ် မင်းဖတ်ပြီးပလားတဲ့

မိဂီပဲ ဘယ်ခံပါ့မလဲ ပြန်ဖြေလိုက်ပါတယ်..နင်ငါ့ကို ခန့်မခန့် ဘာမှ မပြောသေးတဲ့အတွက် တလုံးမှ မဖတ်ထားဘူး လို့..အာဟိ

 

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

အဲ့လိုနဲ့ အလုပ်ဝင် ဖြစ်ရော ဆိုပါတော့ ဗျာ … နေ့မကူးပါဘူး…. အင်ယာ တသိုက် ရယ် ကားသမားရယ်နဲ့ အဖွဲ့ကျ သွား

ညနေ အေးကြင် နဲ့ သွားချိန်းတွေ့ကြ လို့ ငယ်ပေါင်းတွေကို ဖြစ်လို့..

ဂငယ်နဲ့လည်း အဆင်ပြေ (အဲ့ ဂငယ် ငပွေးအကြောင်း နောက်မှ ဖောက်သယ်သပ်သပ်ချအုံးမယ်)

အလုပ်ကလည်း ထင်သလို အခက်အခဲမရှိ … အိုကေမှာ ပြနေတော့တာပဲ …..

အင်း… အဲ့မှာဖြစ်ချင်တော့… ထုတ်လုပ်မှုပိုင်းက အင်ယာ တွေက အထီးတွေချည်းခည..

စစ်ဆေးရေးပိုင်းမှာတော့ အင်မတန် ခြစ်စရာကောင်းတဲ့ သားတို့ အရွယ်ဝတ် …မဒီလေး တပါးရှိယဲ့ ….ခိ

အဲ့မဒီလေး က အားနေ ပြုံးပြနေတတ်တာပဲ …။ (နဂိုလည်း မျက်နှာချိုတဲ့ ချာတိတ်ပါ)

ဒါပေမယ့်ဗျာ နေရတာ သိပ် ကျောမလုံသလို ခံစားရတယ်… ။ မေးကျိလိုက်မိတော့မှ လားလား….

ဟို ဂန်ဂျာကီလားမင်းသား ရဲ့ ပိတ်သတ်ပါ လို့ တရုံးလုံးကို ၀န်ခံထားသူပါ တဲ့ …။ သေဘီဆြာပဲ …. အဲ့သတ္တ၀ါနဲ့ မဆိုစလောက်လေးတူတဲ့

ကိုယ့်အခွက် ကိုယ်ပဲ ဒါးနဲ့လှီးပစ်ရတော့မလားမသိ….။ ကျုပ်ကို ဂငယ်နဲ့ ဖုန်းလာပြောကတည်းက သတိထားမိသူရယ်ပါတဲ့ …တိန်

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –
ဂလိုနဲ့ တရက်ကျ စကားလက်ဆုံကျတော့ မေးကျိမိတယ်..

 

ညီမ နဲ့ ကျနော် အရင်ကဆုံဖူးသလား ဟင် လို့..

မဆုံဖူးဘူး ဒါပထမဆုံးလေ တဲ့…။

အဲ….ဟုတ်ပါပြီဗျာ ပေါ့.။

ဂလောက်ပါပဲဗျာ…. အဲ့လိုနဲ့ နောက်တပါတ် ကူးတော့ …

ပိုဆိုးလာသဗျ ။ ခနခန စကားလာလာပြော ပြုံးပြ …ပြုံးပြ… ဟို မက်ကန်းနစ်တွေ ကြား သူ့မတောက်တခေါက် ဂငယ်စာနဲ့ အတင်းလာလာပြော..

ဟဲ့ မဟုတ်သေးပါဘူး ဆိုပြီး စုံစမ်းကြည့်တော့မှ … လားလား…. အင်ယာ ထဲက ခပ်လောင်လောင်တကောင်ရယ်

ကျော့်ကို ဟိုသောက်ရူးရဲ့ ညီ ဖြစ်ပါတယ် တဲ့ …ဆေးထိုးတာ ဆေးထိုးတာ ပြီး ဆက်ပြောပါသေးတယ်…

အစ်ကိုကြီးက ရိပ်သာခို သွားတဲ့အတွက် မိသားစု ကို ပြန်ကြည့်ဖို့ ကျနော် အရှေ့ကျွန်းကနေ

အလုပ်ထွပ်ပြီး သည်ကို တခုတ်တရ ပြန်လာရပါတယ် တဲ့….စိတ်ပြေလက်ပျောက် ဒီအလုပ်ကို ခန၀င်လုပ်တာပါတဲ့..။

ဟိုမသာလေး ကျနေတဲ့ ရိပ်သာ နဲ့ ကျော့် မိဘ နေတဲ့မြို့ က လည်း တမြို့တည်း မို့ ထင်ချင်ဇျာယီးရယ်။..

သေဘီဆြာပဲ။ ဘယ့်နှယ့် ဂလောက် ပြုံးနေတာ … မတော် အစ်ကိုယီး ရိပ်သာခိုသွားပေမယ့်

ညီလေးဆီ ပစ္စည်းတွေ ကျန်ခဲ့သေးတယ် အောက်မေ့လို့ ၀ယ်ချင်ရှူချင် လို့ ပြုံးပြနေတာကြီးလား မသိ။

(အာ့မိုးက မော်ဒယ်၂ယောက်နဲ့ ဖြစ်ခဲ့ဖူးပြီးပီ ကျောချမ်းစရာပါဗျာ)

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

နောင်မှ ဒင်နာစားရင်း ရှင်းပြလိုက်ပါတယ် အကြောင်းစုံကို …။ ဟီးးးးးး။။

အဲ့လိုနဲ့ နောက်ပိုင်း ကျော် ဒတ်ဆြာ တဖက်မှာလည်း လုပ်နေမှန်းသိသွားကြတော့

ပုံတွေ တောင်းကြည့်သူကြည့်ကြ ရိုက်ချင်တယ် ပြောသူပြော နဲ့ တခြား ဒီပါ့မန့်က မဒီလေးတွေနဲ့ပါ ရင်းနှီးစ ပြုလာတယ်။

တခါသား ဒင်းလေးတို့ထဲက တယောက်က မင်းလမ်းမုန့်တီဝယ်လာလို့ ဘရိတ်တိုင်းမှာ ၀ိုင်းထိုင်စားကြရင်း ကျနော်က…

 

အိပ်ချင်လိုက်တာဗျာ…

 

လို့ ညည်းမိတယ် (တကယ်က ကျနော်က နောက်မလို့ပါ)

 

 

နှုတ်သွက်လျှာသွက်ရှိတဲ့ အလုပ်ဆက်ပေးသူ မဒီလေး က

 

အစ်ကို ညက အိပ်ရေးတွေ ပျက်လို့လား …

 

လို့မေးပါလေရော … ကျုပ်ကလည်း သူ့စကားဆုံးအောင်မစောင့်ဘဲ ..(ငါ့ဂွင်ဝင်ပဟဲ့ ဆိုပီး)

 

သင်ချာဝင့်ကျော် နဲ့

 

 

ဆိုတဲ့ စကားစပ်ကို ပြောချလိုက်တာ

 

တဖွဲ့လုံး တအုံးအုံးနဲ့ ရီကြပါရောလားဗျာ….

မျက်နှာနီသွားတဲ့ အဲ့ကရင်မလေး အဲ့မှာ ပြောချလိုက်တဲ့စကားက

 

စိတ်ညစ်တဲ့ယ့်

 

တဲ့ ခည…

အဲ့လို အဲ့လို..( ကျော့် စိတ်ညစ်တဲ့ယ့် စကားလုံးရဲ့ မူပိုင်ပါခီညော်)

(ပိတ်သတ်ယီး ဟိုလူ့ထင် ဒီလူ့ထင် ထင်မစိုးလို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ရတာပါခည- အီးးး- နာသား)

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

 

အဲ့လိုနဲ့ နောက်ရက်ကျတော့ အင်ယာ လီဒါ ဘီးကျဲ (အင်ယာချုပ်ခေါ်မပေါ့ဗျာ) နဲ့ ဂငယ်ဘီးကျဲ (ဆန်းဆဲ့) က ဆွေးနွေးဖို့ ဖြစ်လာပါရောဗျာ….
ဖြစ်ပုံက ဂလို..

စက်ရုံမှာက ထုတ်လုပ်မှု လုပ်နေတဲ့ စက်တွေကို ကျနော်တို့က သင်ယူနေရတာဆိုတော့

ထုတ်လုပ်မှု ရှိရင် ကျနော်တို့ စက် ကို ကိုင်လို့မရဘူးဆိုပါတော့ ပျက်ရင်သာ ပြင်ဖို့ ကိုင်နိုင်တာ ပုံမှန်ကတော့

အဲ့နေ့တွေမှာ သီအိုရီပဲ သင်ရတယ်။ အဲ.. ထုတ်လုပ်မှု မရှိတဲ့နေ့ ဆိုရင်တော့ ကြိုက်တဲ့အပိုင်းကို ကြိုက်သလို

တစစီ ဖြုတ်လို့ရသပေါ့ဗျာ…. ထားပါလေ။ သူတို့ ဆွေးနွေးမယ်ဆိုတာ နောက်တပါတ် ကို ထုတ်လုပ်မှုရှိမရှိဆိုတာနဲ့ ပါတ်သတ်ပြီးတော့

ဟုတ်တယ်လေ ဂငယ်က သူ့ သင်ကြားရေးမန်နျူရယ် ကသည်အပေါ်လိုက်ပြီး စကတ်ဂျူးလ် ဆွဲရတာကိုး…

သည်တော့ သူသိချင်တာပေါ့…သူတို့ကြားက ကွန်ဗာဇေးရှင်းကို ကျနော် ဘာသာပြန်ပေးလိုက်ပါတယ် (အတော်များများ)

နောက်ဆုံးတခွန်း လေးပဲ ကျနော် ဘာသာ မပြန်ခဲ့တာ မလိုလည်း မလိုအပ်လို့ပါဗျာ …။

ဂငယ်က ယင်းဂလိစာ ညံ့ပေမယ့် သည်လောက်တော့ သူနားလည်ပါတယ်။ ဟိုအင်ယာ ပြောခဲ့တဲ့စကားက ဘာတဲ့

next week … no production တဲ့…

ကျနော်က တဖက်လှည့်ပြီး အောက်ကျနေတဲ့ စပန်နာ ကို ကောက်ယူသိမ်းပေးနေပေမယ့် နားနဲ့တော့ ကြားလိုက်ပါတယ်ဗျာ သည်စကားလုံးကို…

no problem ပေါ့ … ပြီးတော့ အဲ့ အင်ယာ က လှည့်ထွက်သွားတယ် .. ကျနော်က ဂငယ်ကို ကဲ တခြား မရှိဘူးဆိုရင် ငါတို့ ဘရိတ်တိုင်းမ်ပေါ့

စိကလက် ထွက်သောက်ရအောင် ဆို အဖော်ငြိတယ်…

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

အဲ့သည်မှာပဲ ဟိုဂငယ်က စိတ်မသက်မသာတဲ့ မျက်နှာနဲ့ ကျော့်ကို

 

မင်းချံ တဲ့ … မင်းနဲ့ငါ ဆွေးနွေးရအောင်တဲ့…

အေးပြော ဘာတုန်း

ငါ မလေး ဂျာ ကောင်နဲ့ တွေ့ပြီး စကားပြောချင်တယ်ကွာ

ဘာဖစ်လို့တုန်း

အင်ယာချုပ် က ဘာပြသနာရှိလို့တုန်း မေးချင် သိချင်မိလို့ပါ

ဟမ်… သူဘာဖြစ်လို့တုန်း…

သူ့ကို ဖြုတ်တော့မယ် ပြောသကွ….

တိန်…. ဘယ်မှာပြောလို့တုန်း ….

ကျုပ်ကြားတာ next week … no production ပဲလေ….မဟုတ်ဖူးလား ..

 

 

 

တကယ်က အဲ့အခြေအနေမှာ ဂငယ်ကောင် ပျော်နေသင့်တာ သူစာသင်ဖို့အချိန်ရပြီလေ….မဟုတ်ဘူးလား…

အာ့နဲ့ဗျာ.. ကျနော်လည်း မနေသာဘဲ လမ်းလျောက်ထွက်သွားလို့ ခပ်ဝေးဝေးမရောက်သေးတဲ့ အင်ယာချုပ်ကို အော်ခေါ်ပါတယ်…

ကိုဘယ်သူ လာပါအုံးပေါ့….

သူလည်း အပြေးလေးတပိုင်းနဲ့ ရောက်လာပါတယ် (ဗိုက်ကလေး လုံးလုံး-လုံးလုံး)နဲ့
သူမရောက်သေးခင် လမ်းမှာတာ ဂငယ်က ကျော့်ကို ဂငယ်က

 

တွေ့လား သူ့ကျိရတာ စိတ်မသက်မသာတဲ့ မျက်နှာ နဲ့ တဲ့..

 

ကျနော်လည်း ရုတ်တရက် မတွေးတတ်ဘူး …ထားပါလေ.. အာ့နဲ့ သူရောက်လာခဲ့တယ် စက်ရုံရဲ့ ထုတ်လုပ်မှု စကတ်ဂျူးလ်လေးကိုင်လို့ပေါ့

ရောက်ရောက်ချင်းပဲ ကျနော် မေးမိတာက

 

အစ်ကို ကျနော် ဟိုဘက်လှည့်နေတုန်း …ခင်ဗျား စောစောက ဒီဂျပန်ကို နောက်ဆုံး ပြောခဲ့တဲ့ စကားတခွန်း ကဘာတုန်း

 

 

ဆိုတော့ ဘီးကျဲက အဲ့စကား ကို ပြန်ပြောပြပါတယ်။ စကတ်ဂျူးလ်စာရွက်လေး မျက်နှာရှေ့တည့်တည့် ကိုင်ထားပီး

 

next week … no production တဲ့ …… အဲ… ပြသနာက အဲ့မှာဗျို့ … စာရွက်ကို မျက်ခွက်ရှေ့ထားတယ်ညော်…

စာရွက် ရှေ့ကနေ သည်တပါတ်အဆုံးလိုင်း နားကနေပြီး လက်ညှိုးကို ဘယ်ဘက်ကနေညာဘက် လေထဲမှာ ကန့်လန့်ဖြတ်ဆွဲပြတယ်။။

သေဟဲ့ မိဂီ သေဟဲ့….။

 

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

 

ဖြစ်ပုံကဂလိုဗျာ စာရွက်က မျက်နှာရှေ့တည့်တည့်မှာ စာရွက် အလယ်ခေါင်လောက်မှာ ကျတာက next week

အဲ့သည့်နေရာက သူ့လည်ပင်း လောက် … no production ဆိုပြီး လက်ညှိုးကို အဲ့လို လေထဲ ကန့်လန့်ဖြတ်ဆွဲတော့

သူ့ကိုယ်သူလည်လှီးတယ် ဆိုတဲ့ပုံ မပေါက်သွားပေဘူးလား…။ (ဂျပန်ကောင် ရပ်နေတဲ့ဘက်ကကြည့်ရင်)

ဖြစ်ရမယ်…။

ဂျပန်မှာက လည်ပင်းရှေ့ကို လက်ချောင်းနဲ့ လည်လှီးသလို လုပ်ပြတဲ့ gesture ကို kubi လို့ ခေါ်တယ်

ခုဘိ ဆိုတဲ့ စာလုံး အဓိပါယ် ကလည်း လည်ပင်းပါပဲ … ဒါပေမယ့် လက်ချောင်းကန့်လန့်ဖြတ်ပြတာမို့

လည်လှီးတယ် ဆိုတဲ့ အနက်ကို ဆောင်ပါတယ်။ အလုပ်ခွင်တွေမှာ အလုပ်ထုပ်ခံရရင် ….

အတော် ဒုက္ခရောက်တာမို့ လည်လှီးခံရတယ် လို့ တင်စားကြတယ်လေ…

ခုဗျာ… အဲ့အင်ယာက ဟိုဂငယ်ရှေ့မှာ next week … no production ကို အဲ့ gesture နဲ့ လုပ်ပြလိုက်တော့

နောက်အပါတ် ထုတ်လုပ်မှု မရှိဘူး ငါအဖြုတ်ခံရလို့ ဆိုတဲ့ သဘော မဖြစ်သွားဘူးလား …။

အာ့တွေအနုလုံပတိလုံ နားလည်ပြီးနောက် ကျုပ်မှာ တခွီးခွီးနဲ့ရီ ..မျက်ရည်တွေ အဟွာတွေ ထွက်

(အဟွာ=ချွေး) ပီး ရှင်းပြတော့ သူတို့လည်း ရီလိုက်ကြတာဆိုတာ နောင် အားလုံးကို ရှင်းပြလိုက်တဲ့အခါ

အဲ့ရုံးမှာ ..အဲ့လာယီးက ပြောစမှတ်ကို ဖြစ်လို့…အဲ့လို အဲ့လို ။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

(အဲ့ အင်ယာချုပ် စိတ်မသက်မသာဖြစ်နေတာက အဲ့ကာလက သူက စက်အသစ်တလုံး ဆင်နေတာခည

သုံးနေတဲ့စက်လည်း ကြီးကြပ်ရ စက်အသစ်လည်း ဆင်ရ ဆိုတော့ သူတအားပင်ပန်းတဲ့ ကာလ …

ဒါကြောင့်မို့ ပင်ပန်းပီး မျက်နှာ ညှိုးနေတာ … ဂငယ်ကတော့ ဒါတွေဘယ်သိမလဲဗျာ… ကျနော်လည်း နောက်ပိုင်းမှ သိရတာပါ)

ကြုံမှ ကြုံတတ်ပလေဗျာ။

 

စိတ်ညစ်တဲ့ယ့်

 

(ဆက်ပါဦးမည်)

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011