ဒီလို နှုတ်ခမ်းလေးကိုက်

စူပြလိုက်ရုံနဲ့

ရှိတဲ့ နှလုံးသားက တုန်ခါ

ယုံပါလို့ ဟစ်ကြွေးရင်း

အချစ်တေးသီချင်းတွေကြား

ပျော်ပါးလို့ နေဘူးသပေါ့ ၊

အခုတော့ သမုကျော့ရေ

ပျော့ခွေလို့ ယိုင်နွမ်း

မခိုင်ပန်းကိုမှ လှမ်းမိသူ

အလွမ်း၏ အပူကြား

သူယူသွားတဲ့ ငါ့နှလုံးသား

အပြုံးများကွယ်ပျောက်

အမုန်းတရားအောက်မှာ

ဆယ်သက်တာ ၊

1 (2)

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..