မြောက်လေအပြန်

ဟေမန်လို့ခေါ်

ကျနော်မျှော်နေသော်လည်း

ပေါ်ပဲမလာနိုင်

ဖြာယိုင်ကျလာတဲ့နေခြည်

လေသည်ရယ် စိမ့်လို့မအေး

ဟိုး အဝေးဝေးကနှင်း

ဘယ်အကြောင်းရင်းကြောင့်ပျောက်ကွယ်

ရောက်တယ်ရယ်မရှိ

ဖောက်လွဲသည်ကွယ့်ဖောက်ပြန်

ရောက်နေ၏ ဤကံ

မြောက်လေမပြန်မှတော့

လက်လျှော့ရ ငါ့မျှော်ခြင်း

ဖော်သင်းမဲ့ အထီးကျန်

ကီးမမှန်တဲ့ ဒီဘဝ

ဤမျှလေလား ဆောင်းဟေမန် ။

6 (2)

တောင်ပေါ်သား

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..