အလွမ်းမိုးလေးတိတ်တခိုးမို့ မေ့အနမ်းလေးပွင့်ကြွေလို့ပေါ့
အအေးပိုတဲ့ဆောင်းတစ်ညမှာ မေ့မျက်နှာလေးဝင်းပနေတယ်
ဂစ်တာအိုအဖော်ပြုလို့ တိုးတိတ်စွာ ရင်တွေခုန်ဆဲပါ
ညမွှေးပန်းလေးမသိဘူးနော် . . . .

ဆီးနှင်းများဝေနေပြီမေ လမင်းလေးတစ်ဝဲလည်လည်နဲ့
ရှက်သွေးဖြာလို့နေမယ် အလင်းမဲ့ကဗျာတစ်ပုဒ်မေ့အတွက်
ဖန်ဆင်းရင်း ကြယ်တွေပုန်းခိုနေတာ ညမွှေးပန်းလေး
မသိပြန်ဘူးမေ . . . . .

ချစ်ခြင်းသံဇဉ်တွေ ကခုန်လို့နေတယ်
နွေအလည်ခရီးသွားတုန်းမို့ ဆောင်းတို့ပျော်မြူးနေဆဲမှာ
မေနဲ့ကိုယ်လေ ခရောင်းလမ်းဖြစ်လည်း ပျော်မဆုံးဘူးပေါ့
ဆုံဆည်းခွင့်လေး တစ်ခဏမို့
မြူနှင်းလည်းဝေ နှင်းလည်းကြွေပြီ
ဂစ်တာအိုနဲ့ ကိုယ်ချော့သိပ်ရင်း
မေ့အလွမ်းများ ငြိမ်းပါစေသတည်း

ကာရံ ၁၆့ ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..