ကို ပညာတတ်ခြင်း မတတ်ခြင်းနဲ့ တိုင်းတာစစ်ဆေး
ကြည့်လို့ မရပါဘူး။
  တနေ့ ကျနော့် ဆေးခန်းကို ဘေးအိမ်က အင်းသား
လူမျိုး အဖွားတစ်ယောက် ဟင်းချိုင့်လေးဆွဲ
ရင်းရောက်လာပါတယ် ။ သူလာတဲ့အချိန်က
ကျနော်တို့ နေ့ လည်စာ စားနေတဲ့အချိန်ပါ ။
သူ့ ရဲ့ အင်းသားသံဝဲ တဲ့စကားသံနဲ့ 
“ဆရာ တို့ ထမင်းဆားနေတာနဲ့အတော်ပဲ
အဖွား ဟင်းလာပို့ ပေးတာ ”  ဆိုပြီး ချိုင့်ကို
ဖွင့်နေပါတော့တယ် ။
ကျနော် က “အဖွားကလည်းဒုက္ခရှာလို ဗျာ
ဒီမှာ ဝိုင်းဖွဲ့ စားနေကြတာ ဟင်းတွေအများကြီး
ပဲဟာ ” ဆိုတော့
အပြုံးမပျက်တဲ့စကားသံနဲ့ ”့ အဖွားကကျွေးချင်
လို့ ပါ ဆရာ ရယ် ဟို ဆရာ့အတွက်တော့
သက်သက်လွတ်ပဲထောင်းခဲ့ပါတယ် ပဲပုတ်နဲ့ 
လေ ” 
သြော် ကျနော်သက်သက်လွတ်စားတာကို
သိနေပါလား ဒါနဲ့ မေးလိုက်မိတယ်
” ဟုတ်ပါပြီ အဖွားက ဘာတွေထောင်းလာ
တာလဲ ” 
   ” ခါချဉ်ပါ ဆရာ ဥတွေရောပါတယ်
မနက်ကဈေးမှာလတ်လတ်ဆက်ဆက်တွေ့ 
တာနဲ့ ဆရာတို့ အတွက်ပါပိုဝယ်ခဲ့တာ ။်
  အဖွားပြန်ဖြေလိုက်တဲ့ စကားကိုလည်း
ကြားရော ကျနော်တို့ တဖွဲ့ လုံး ငိုရမလို ရယ်
ရမလိုနဲ့ ဘာပြန်ပြောရမှန်းလည်းမသိတော့ဘူး
   စိတ်ထဲကတော့ ” ဖြစ်မှဖြစ်ရလေ အဖွားရယ်
ခါချဉ်တွေကိုသက်သက်လွတ်ထောင်းရတယ်လို့ 
ခက်တော့ခက်နေပြီ ”
   သူ့ စေတနာကိုစော်ကားရာကျမှာစိုးလို့ 
အားနာနာနဲ့ ပဲ လက်ခံလိုက်ပါတယ်  ။
Sine Sant
About Sine Sant
Sine Sant has written 23 post in this Website..
မှန်လိုလူ