ရိုက်ရန်လက်ခံထားသည်ကတာဝန်ကြီးသည်။နေပြည်တော်ကို သွားပြီး ခေတ်နှင့်အကိုက်ညီဆုံး သီချင်း ရိုက်ခဲ့ပါရန် ဒါရိုက်တာအစည်းအရုံးမှ မွန်းပိုအမ်ကို တာဝန်ပေးကြခြင်း ဖြစ်သည်။

စဉ်းစားသည်။အမြန်လမ်းမဘေးပဲ သွားပြီး ၀ိုင်းစု၏ လမ်းမကြီးရဲ့ဘေးသီချင်းပဲ ရိုက်ရမလား ဘာလား စသဖြင့်ပေါ့လေ။

နောက်ဆုံးတော့ အကြံရပြီး ဘယ်နှစ်ပွင့်တွေ ဘယ်နှစ်ပေါက်တွေနှင့် ချိန်းတိုင်းလွဲနေသည့် လွှတ်တော်သို့သွားပြီး မဒီတို့ စုံတွဲဆိုထားသည့် လွဲနေတဲ့ ဆုံမှတ်များ သီချင်းကို ရိုက်ပြီးပြန်လာခဲ့သည်။

မွန်းပိုအမ်၏ MTV ဟုန်းဟုန်းတောက် နာမည်ကြီးသွားပြီး အဆိုတော်တွေက VCDရိုက်ရန် အပ်ကြသည်။

အဲလက်စ်က ၄င်း၏ အချစ်သီချင်း အစဖြစ်သော မွန်းကြပ်တဲ့ နေ့ရက်များမှာ ငါ့ကိုယ်ငါပြန်သုံးသပ်ခဲ့ဟု ကောင်းမြတ်ဆိုထားသော Rapစာသားကို ပုံဖော်ပေးပါရန် အဲလက်စ်နှင့်ကောင်းမြတ်က ပြောလာသည်။

ထို့ကြောင့် ခေတ်နှင့် ကိုက်ညီသော
ဒိုင်နာလိုင်းကားပေါ်တွင် ကားစီးရင်း
မွန်းကြပ်ရင်း အသက်ရှူကြပ်ရင်း လွမ်းနေရှာသော model boyနှင့် ပုံဖော်မည် ပြု၏။

သို့သော် လိုင်းကားများ ပြိုင်မောင်းနေကြသဖြင့်
ရိုက်ကူးရေး model boy မှာ မွန်းကြပ်သည့်ပုံ
မပေါက်ဘဲ ခုန်ပြီးလူးနေလေရာ ကြံရာမရသည့်အဆုံး မလွမ်းနိုင်တော့သဖြင့် လွှမ်းပိုင်၏ ဒုံးဒုံးဒုံး ဒုံးပျံ
မင်းရှေ့မှာ မင်းရှေ့မှာ ခုန်ခုန်ပျံဟူသော ဒုံးပျံသီချင်းစာသားဖြင့်သာအစားထိုး ရိုက်ကူးလိုက်ရပြန်သည်။

လွှမ်းပိုင်ခိုက်သွားပြီး မွန်းပိုအမ် ပေါက်ပြန်လေသည်။

ယခုလည်း ကြည့် အဆိုတော်ကြီး
ပလေးဘွိုင်း သန်းနိုင်က အပ်ထားပြန်သည်။ ဖြည်းဖြည်းလေးနှင့် ငြိမ့်ငြိမ့်လေးသီချင်းကို ခေတ်နှင့်ညီအောင် ရိုက်ပေးပါတဲ့။

ရိုက်ကူးရန် သီချင်းနှင့် အံဝင်ခွင်ကျ ရှိလှသော ရန်ကုန်မြို့ပတ်ရထားပေါ်တက်လိုက်ရာ ရထားမှာ ဖြည်းလေးနှေးကွေးသော်လည်း မငြိမ့်ညောင်းဘဲ တုန်ခါနေလေသည်။

မွန်းပိုအမ်တို့ နပ်သည်။ ကြံရာမရသည့်အဆုံး ပလေးဘွိုင်းကြီး သီချင်းအစား အဆိုတော်
အားတီ၏ သီချင်းကိုသာစာသားအနည်းငယ်ပြောင်းပြီး မသာမယာပဲ တုန်ခါနေတာပဲ ဟု
ပြောင်းလဲသီဆိုကာ ရိုက်ကူးလိုက်ရလေသည်။

ထိုသီချင်းသည်လည်း ရောင်းမလောက်အောင် ပေါက်သွားလေရာ ယခုအခါ မွန်းပိုအမ်သည် အဆိုတော်တို့ လိုက်လံသီချင်းအပ်ချင်၍
မအားလပ်လွန်းသဖြင့် ထွက်ပြေးရှောင်ကာ ရွာထဲတွင် နာမည်ဝှက်ဖြင့်စာရေးနေသည်
ဟူသတတ်။အဟွတ် အဟွတ်စ်။ပြီးပါပြီ။

moonpoem

About moonpoem

has written 158 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)