Rage2014film

“ကိုယ်ပြုသမျှကံ

ပဲ့တင်သံ

ကိုယ့်ထံပြန်ရောက်လာလိမ့်မည်။”

– ကားနာမည်လေးက Tokarev(Rage) (The Past Never Stays Dead) တဲ့… ကျွန်တော်ကတော့ အရိပ်ဆိုးဆိုတာ ထပ်ချပ်မကွာ လို့ ဘာသာပြန်လိုက်ချင်ပါတယ်…

– (မှတ်ချက်။  ။ မောင်ဘလှိုင် မမြင်စေရ) :)

– မင်းသားက နီကိုးလတ်စ်ကေ့ခ်ျ ( ကျွန်တော် နှစ်သက်သော မင်းသားများထဲမှ တယောက်) … နာမည်က ပေါလ်တဲ့… လုပ်ငန်းရှင်တယောက်ပေါ့…

– မိန်းမ ငယ်ငယ်ချောချောလေး တယောက် လဲယူထားသေးတယ်….

– မိန်းမနဲ့ အသက်မတိမ်းမယိမ်း သမီးတယောက်ရှိသေးတယ်…. မြန်မာကားထဲမတော့ မိထွေးနဲ့ ကွိုင်တာနဲ့ တကားဖြစ်တယ်… ခုကတော့ မဖြစ်ဘူး…

– အဲဒီသမီးလေးမှာ ချစ်သူကာင်လေးလဲရှိတယ်… ဒါလဲ ပြသာနာမဟုတ်သေးဘူး…. အေးဆေးပဲခွင့်ပြုထားတယ်….

– တညပေါ့… ပေါလ်တို့ လင်မယားက ညစာစားပွဲသွား… သမီးဖြစ်သူနဲ့ သူ့ကောင်လေးရယ်… ကောင်လေး သူငယ်ချင်းရယ်… ကျန်ခဲ့ကြတယ်…

– အဲညမှာပဲ သူ့သမီး ပြန်ပေးဆွဲခံလိုက်ရတယ်….

– ရဲက ပြန်ပေးဆွဲရင် ဖုန်းဆက်လာလိမ့်မယ်တဲ့… စောင့်တယ်… ဖုန်းမလာဘူး…

– ပေါလ်က စောင့်နေရတာ ကြာတယ်… ရဲတွေထက် သူက ပိုမြန်တယ်ဆိုပြီး… သူ့ ရောင်းရင်း လက်တွဲဖော် ၂ ယောက်ကို ဆက်သွယ်ပြီး ရှာကြတယ်… သတင်းအစ အန တောင် မကြားရဘူး….

– ရက်နည်းနည်းကြာတော့ အလောင်းကို တောထဲမှာတွေ့တယ်… သေနတ်ပစ်ခံထားရတယ်… ကျည်ဆံက  ရုရှားမာဖီးယားဂိုဏ်းက ကြိုက်တဲ့ အန်းတိတ်သေနတ်ကျည်ဆံ ဖြစ်နေတယ်…

– သူ့ရောင်းရင်း ၂ ယောက်ဆိုတာ တချိန်က ဆိုးဖော်မိုက်ဖက်တွေ …. အရိပ်ဆိုးတခုကို အတူတူဖန်တီးခဲ့ကြဖူးတယ်လေ…. အဲဒါက ရုရှားမာဖီးယားဂိုဏ်းသားတွေကို သူတို့ လုပ်ကြံခဲ့ဖူးတယ်…

– ဒီတော့…. ဒီတော့…. လက်စားချေမယ်… သတင်းစုံစမ်းမယ်ဆိုပြီး လုပ်လိုက်ကြတာ….

– တကယ်တမ်း လူသတ်တရားခံက ?????….. ရင်နင့်စရာ ဇာတ်လမ်းလေးပါ…

– အရိပ်ဆိုးဆိုတာ ထပ်ချပ်မကွာ လို့ ကျွန်တော် နာမည်ပေးထားတာလေး နဲ့ လိုက်တယ်ဆိုတာ ကြည့်ပြီး သိပါလိမ့်မယ်…

– ဇာတ်သိမ်း မပြောဘူး ဆိုတာ… ကြည့်နေရင်း သို့လော.. သို့လော ဖီလင်လေးပေးချင်လို့ပါ… ကားပြီးမှ မပြောပြတဲ့ ဇာတ်သိမ်း ခံစားချက်ရမှာမို့ပါ….

 

Following the kidnapping and murder of his daughter (Aubrey Peeples), a reformed criminal (Nicolas Cage) returns to his old ways to exact vengeance.

 

ထွေလာလင့်  Rage

ဇာတ်လမ်း အပြည့်အစုံ Rage

 

စာကြွင်း။  ။ ကားလေးက တကယ်ကောင်းလို့ ကြည့်စေချင်လို့ အညွှန်းလေးတင်လိုက်တာပါ… လိုတာရှိရင် ခွင့်လွှတ်ပါ….

 

 

ရေမြေ့သနင်း

Yae Myae Tha Ninn

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 114 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...