စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်လာတော့ အပြင်မှာ စားဖြစ်ရင် ဂျီးများလာတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တစ်ခါတစ်ရံ အားလပ်ရင်တော့ ကိုယ်တိုင်လုပ်စားချင်တာလေး လုပ်စားဖြစ်တယ်ပေါ့။  အလုပ်ကတစ်ဖက် နားရက်ကလေးလည်း အေးဆေးနားချင်ကြ သေးတယ်မဟုတ်လား။ ဒီလိုနဲ့ ပိတ်ရက်မှာ လွယ်လင့်တကူး အရမ်းလည်းမပင်ပန်းတဲ့အရာလုပ်စားဖို့ ကြံရွယ်လိုက်တယ်။ အချဉ်ရည်ကောင်းကောင်းနဲ့ အကြော်စုံလုပ်စားမယ်ပေါ့။ ဒီလိုနဲ့ မေမေ့ကို မုန့်နှစ်အတွက် ဆန်စိမ်ပေးထားပါလို့ မှာခဲ့ရတယ်။

 

လူဆယ်ယောက် ၊ ဆယ်ကျော် ၀န်းကျင်စာ ဆန်လေးလုံးဆို ရပါပြီ။

ဆန်စိမ်ရမယ်အထဲမှာ မတ်ပဲ ငါးကျပ်သား

ကုလားပဲ ၂ကျပ်ခွဲသား

ကောက်ညင်းလက်တစ်ဆုပ် ထည့်ပြီး ညဘက်ကတည်းက စိမ်ထားလိုက်ပါ။ စိမ်ထားလည်းလွယ်ပါတယ်။ နေ့လည်ဘက်စားမှာဖြစ်တဲ့အတွက် နံနက်ကတည်းက စိမ်ထားတဲ့ဆန်ကို သွားကြိတ်ထားရပါမယ်။ မကြိတ်ခင်မှာ ထမင်းလက်ဆစ်ဆုပ်ထည့်သွားလိုက်ပါ။ ထမင်းဟာ မုန့်ကိုရွစေပါတယ်။ (ထိုအကြောင်းအား ကီးမား ခေါက်မုန့်လုပ်နည်းတုန်းက ပြောပြီးဖြစ်)

 

ကြိတ်ထားတဲ့မုန့်နှစ်ကို ဆော်ဒါ စတီးလ်စွန်းအသေးလေးတစ်စွန်းလောက်ကိုရေဖျော်ပြီး ဟင်းခတ်မှုန့် အနည်းငယ်နဲ့ ဆားအတော်သင့်လောက်ထည့်ပြီး မွှေပြီး ခဏနှပ်ထားပေးပါ။ ကြော်တဲ့ မုန့်နှစ်ဟာ မကျဲပါစေနဲ့ ပြီးရင် ပဲငံပြာရည် သုံးစက်လောက် ထည့်မွှေပေးပါ။ မုန့် အရောင်လှအောင်ပါ။

 

မုန့်နှစ်ဟာ ကြိတ်လာတဲ့အတိုင်း ခပ်ပျစ်ပျစ်သာ ကောင်းပါတယ်။ ရေမရောပါနဲ့။

ဘူးသီးကြော်မယ်ဆိုရင်တော့ ကျွန်တော်ဟာ ဘူးသီးကို အချောင်းသေးသေးလေးတွေ လှီးထားပါတယ်။

ပြောင်းဖူးကိုတော့ ချွေထားပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပါ။

ပုစွန်ကြော်စားမယ်ဆိုရင်တော့ အရမ်းမကြီးပဲ ဘော့ချိတ်ပုစွန်လောက်ဆိုရင် စားကောင်းပါတယ်။

အားလူးကြော်ကိုတော့ ကျွန်တော်က ပြုတ်ပြီးထောင်းထားကိုမကြိုက်ပါဘူး အ၀ိုင်းလေးတွေလှီးပြီးကြော်တာကြိုက်ပါတယ်။

ပုစွန်ခွက်ကြော်ကတော့ ပဲပင်ပေါက်ရယ် ပုစွန်ထုပ်ရယ်လိုပါတယ်။

နောက်တစ်ခုစားကောင်းတာ တို့ဖူးကြောက်ပါ။ တို့ဖူးကို စတုန်ရန်းပုံစံလေးတွေ လှီးပြီးကြော်တာ စားအကောင်းဆုံးပါ။

 

ဘူးသီးကြော်ကို အချောင်းသေးသေးလေးတွေလှီးပြီး မုန့်နှစ်နဲ့ကြော်တာဟာ မော်လမြိုင်ဘက်ကအတိုင်းပါ။ မုန့်နှစ်ဟာ ခပ်ပျစ်ပျစ်ဖြစ်တဲ့အတွက် အများကြီး စိမ်စရာမလိုပါဘူး ဘူးသီးချောင်းလေးတွေပေါ်မှာ မုန့်နှစ်ခပ်ပါးပါးတင်ရုံတင်ပဲ ဆီပူထဲထည့်လိုက်တာနဲ့ အဆင်ပြေပါတယ်။

 

ပြောင်းဖူးချွေပြီးသားကိုတော့ ခွက်တစ်ခွက်ထဲထည့် မုန့်နှစ်အနေတော့ထည့်ပြီး ပန်းကန်ပြားအသေးတစ်ခွက်ထဲမှာ အပြန့်လိုက်စီးပြီး ဆီပူထဲထည့်ရုံပါ။ ပုစွန်ကြော်လည်း ဒီအတိုင်းပါပဲ။ အာလူကြော်ကောင်ပေါ့ အားလူးအ၀ိုင်းလေးဝိုင်းလောက်ဆို အနေတော်ပါပဲ။ တို့ဖူးကြော်လည်း တူတူပါပဲ။318574_4702846701555_1202705002_n

 

တစ်မျိုးထူးခြားတာက ပုစွန်ခွက်ကြော်ပါ ပဲပင်ပေါက်ကို ခပ်လုံးလုံး မုန့်နှစ်ခပ်ပါးပါးတင်ရုံနဲ့ ပဲပင်ပေါက်ခပ်လုံးလုံးပေါက်မှာ ပုစွန်ထုပ်တစ်ကောင်သာတင်ပြီး ဆီပူထဲထည့်ရပါတယ်။ ပဲပင်ပေါက်ကို ကျွတ်နေအောင် ကြော်ရတဲ့အတွက် အနည်းငယ် အချိန်ကြာပါတယ်။

945342_10200605738698343_1397914025_n

 

အကြော်မှာ အဓိက အရေးပါတာ ၂မျိုးတည်းပါ။

၁။ မုန့်နှစ်ဖြစ်ပြီး

၂။ အချဉ်ရည်ဖြစ်ပါတယ်။

မုန့်နှစ်ကတော့ အထက်ပါ ပြောထားတဲ့အတိုင်းပါပဲ။ မတ်ပဲဟာ စိမ့်စေပါတယ်။ ကုလားပဲဟာ အချို အငံနဲ့ အစိမ့်ဘက်ကို သွားပါတယ်။ ကောက်ညင်းကတော့ အေးသွားတာတောင် ပျော့်မသွားပဲ ကျွတ်နေစေပါတယ်။ ထမင်းကြမ်းကတော့ မုန့်ကို ရွစေပါတယ်။

အချဉ်ရည်စပ်ရာမှာ ကျွန်တော်ကတော့ ငရုတ်ဆီ နဲ့ မန်ကျည်သီးကိုသုံးပါတယ်။ မန်ကျည်သီးဖျော်ပြီးသားရယ် ငရုတ်ဆီအနီရောင်ရယ်ကို အချိုးကျကျ ရောပါတယ်။ ပြီးရင် နံနံပင်ကို ပါးပါးလှီးထားပါတယ်။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကိုလည်း အချိုးကျကျရောပြီး မညက်တညက်ထောင်းပြီး ငရုတ်ဆီနဲ့ မန်ကျည်းရည်ရောထားတဲ့အထဲကို

10402828_10204348738831007_2070891943769352045_n

နံနံပင်ကော၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာကိုပါ ရောမွှေးပါတယ်။ ပြီးရင်တော့ ဆားအတော်အသင့်ရယ် ငံပြာရည်အတော်အသင့်ရယ် ဟင်းခတ်မှုန့်အနည်းငယ်ရယ်ထည့်ပါတယ်။ အချဉ်ရည်ဟာ ငံပြာရည်မပါရင် ဘယ်တော့မှ စားမကောင်းပါဘူး။ အားလုံးပြီးသား အချဉ်ရည်ကို စားရင် ဗိုက်မနာအောင် ပွက်တဲ့အထိ မီးဖိုပေါ်မှာတည်ပေးပါ။ ပွက်လာရင် မွှေးလာပါလိမ့်မယ်။ ပြီးသွားရင် အကြော်စုံနဲ့ စားကောင်းလွန်းတဲ့ အချဉ်ရည်ကို ရပါပြီ။

 

ကဲ………အားလုပ်ရက်လေးမှာ မြန်မာအကြော်စုံလေး လုပ်စားကြရအောင်ဗျာ။

 

#အောင်မိုးသူ

564667_4702836181292_742316200_n

 

 

အောင် မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 203 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။