မာနလှိုင်းလေး ငြိမ်းပါစေသား

ဝေခွဲမရ ကြွေကွဲညများ
လမင်းလည်းမသာ ကြယ်လည်းမလာ
ညမွှေးပန်းများ ဆွံအခဲ့ည
မျက်ရည်စက်များ ခါးသက်လှပြီ . . .

ကံကြမ္မာရိုင်း တိုးကပ်ရင်းမို့
တို့ဘဝတွေ အဆုံးသပ်ရင်း
ရင်တွင်းမိုးတို့ တိုးခက်နေပြီ . . .

ကမ်းနံဘေးနား လှိုင်းကြမ်းများဝေ
အဝေးကအိမ် ယိုင်လုလုဘဝ
ငါတို့ဘယ်များ ခိုနားရမည်
သင်တို့ သင်တို့ သိပါစလေ
လောဘရမ္မက် ကြီးလှပေစွ . . .

အလှည့်ဆိုတာ ကြုံကောင်းပါမူ
ခံစားပြည်သူ မျက်ရည်မြစ်ချောင်း
ဆုံးသည့်တစ်နေ့ သင်တို့ သင်တို့
အနိုင်ယူမြဲ နေပါလေစ . . .

ကာရံ ၂၄့ ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..