ကျုပ်​စိတ်​ထဲမရှင်းလို့ပါဗျာ တကယ်

 

တခြားမဟုတ်​ဘူး

တီဗီ​အောက်​စက်​ စတာ​တွေရဲ့ ရီမုတ်​ကွန်​ထရိုး ကိစ္စ​လေ

 

အရင်​က ဘယ်​လျပ်​စစ်​ပစ္စည်းရဲ့ ရီမုတ်​ကွန်​ထရိုးမဆို AA ဘက်​ထရီ နှစ်​လုံးနဲ့ သွားခဲ့ကြတာမဟုတ်​လား

ခေတ်​​ပြောင်းသွားတာ ၂၀၀၈​နှောင်းပိုင်းထင့်

AA အစား ပိုငယ်​တဲ့ AAA ဘက်​ထွီ​တွေ အစားဝင်​လာကြတယ်​​လေ

 

မိဂီတို့က အဲ့ကတည်းက ဇာတိပြတာ

စကားဂျို စစ်​ဂ​နေချာတီဗီကြီးဝယ်​လာပီး ဘက်​ထွီရှာမရလို့​လေ ရီမုတ်​အတွက်

အဲ့တုန်းက ရပ်​ကွက်​ထဲကဆိုင်​​တေမှာ AAAဘက်​ထွီ မတင်​ဘူးရယ်​ အနည်းဆုံး ဇီးသီးမတ်​​လောက်​​ပြေးမှ ၀ယ်​ရတာရယ်​ အဲ့တုန်းက ဇီးသီးမတ်​လည်း ခုလိုမ​ပေါ​သေး

အိမ်​မှာမကြာခန ဆဲခံထိ​သောအ​ကြောင်းရာဆိုပါ​တော့

 

 

ထားပါ​တော့ဗျာ က​နေ့​ခေတ်​မှာ​တော့ ရီမုတ်​​တွေအားလုံးလိုလိုရဲ့ ဘက်​ထွီ က AAA ဖြစ်​သွားရြသလို

ရပ်​ကွက်​ထဲက ကုန်​စုံဆိုင်​မှာလည်း အလွယ်​တကူ ၀ယ်​လို့ရ​နေပါပြီ

 

ကျ​နော်​သိချင်​တာက ​အေနှစ်​လုံးက​နေ ​အေသုံးလုံး revolution ဘာ​ကြောင့်​ဖြစ်​သလဲဆိုတာရယ်

ဘာပို​ကောင်း ဘာပိုအကျိုးများဆိုတာရယ်​ကိုပါ

 

နည်းပညာ​လောကမှာ သည်​လိုတဆစ်​ချိုး​ပြောင်းလဲမှုမျိုး​တွေ ရှိ​​ပေမယ့်​ သည်​တခုက​တော့ ကျ​နော့်​ ​လေ့လာလိုက်​စားမှုအ၀န်းအ၀ိုင်းနဲ့ကွာခြားလွန်းသမို့

တတ်​သိသူ​တွေ ​ဖြေ​ပေး​ပြော​ပေး​စေလိုတာပါဗျ

မေးပါရဇီခီညာ

 

 

Ps တဆက်​တည်းမှာ ငယ်​ငယ်​တုန်းက အရုပ်​ကား​တွေထဲထည့်​​ဆော့ရတဲ့ ​လေး​ထောင့်​ဘက်​ထရီတုံး​တွေ ဘယ်​​ပျောက်​ကုန်​သလဲ ဆိုတာလည်းသိချင်​မိပါတယ်

 

ဘက်​ထရီများရဲ့ရာဇ၀င်​​ပေါ့ဗျာ သိချင်​လို့ပါ

 

တော်​​သေးဘီ

ခင်​တဲ့

ဂီ

 

ムラカミ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011