” မင်းတို့ခေတ်ရောက်ရင် “

 

မီးထိန်ထိန်လင်း သူများနိုင်ငံ

သာယာသန့်ရှင်း အိမ်နီးချင်း

အဆင့်တန်းရယ် ခေတ်မှီလှတယ်

လူနေမှုအဆင့် အဆင့်မြင့်ထည်

ညညလာတဲ့ ဇာတ်လမ်းတွဲဝယ်၊

 

ငါတို့တွေသည် ဘယ်သောခါမှ

ထိုသာယာလှတဲ့ လူဘောင်ဘဝ

နေခွင့်ရမယ် မျှော်ရင်းမောတယ်

အရွယ်တွေက ရပ်နေမရတော့

ဇရာအိုဟောင်း သက်တွေကြီးပေါ့၊

 

ဟိုတုန်းခါက ကျုပ်အဖိုးစကား

ဆက်ကာသယ်လို့ ထပ်ခါမှာမလို့

ငါတို့ခေတ်တော့ တိုးတက်ပြည်မြန်မာ

မမြင်သာဘူး ငါ့မြေးတို့ရယ်

မင်းတို့ခေတ်တော့ မြင်ရကောင်းပါရဲ့ကွယ်။

 

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 454 post in this Website..