နှောင်းအတိတ် ဆောင်း

အလွမ်းရဲ့ဒဏ် အေးခဲလှပါပြီ
ဆောင်းလရာသီမို့ အချမ်းပိုစေသလား
နှင်းဖွဲဖွဲညမို့ အနမ်းတို့ခြွေနေသးတယ်
မေရယ် ရင်ထဲခိုက်ခိုက်တုန်းဆဲမို့
ဆောင်းတို့ခြေရာ ဖျောက်နေရော့သလား

အတိတ်ပန်းချီကားမှာ မြူ နှင်းများဝေကြပြီ
သူတို့မြေမခခင်လေးမှာ နှလုံးသားစိုစွတ်သယောင်
လျှောက်မြဲလမ်းတို့ အထီးကျန်ဆန်
အကျည်းတန်ပတ်ဝန်းကျင်မှာ နှင်းများဖွဲဖွဲပါ

ကော်ဖီခါးခါးတစ်ခွက် ဘဝမောဟတွေကို
ဖြေသိမ့်ရင်း အနွေးဓာတ်ကို ဖန်ဆင်းခဲ့ပါပြီ
ရာသီခွင် တစ်ပတ်လည်ပြီမို့ ဆောင်းလေးအဝေးမပြေးခင်လေးမှာ
မေရယ် အပြေးသာလာခဲ့ပါနော်

ကာရံ ၂၄့ ၁၂့ ၂၀၁၄

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..