အလှမ်းကျယ်ရင် အလယ်လပ်သတဲ့ . . .
ကိုယ်ဟာ
အလှမ်းလည်းမကျယ်သလို အစွမ်းလဲမရှိသူ
မပြည့်စုံချင်းတွေနဲ့ပြည့်နေလို့လားမသိ
တပ်မက်မှုတွေ က ခြောက်ခမ်းလာတယ်
ပေးပါ
စဉ်းစားတတ်တဲ့လက်တစုံ ကျွန်တော်ကိုပေးပါ
စိတ်ကူးတွေနဲ့ အသိဥာဏ်တွေဟာ တဖြည်းဖြည်း ဝေးသွားသလိုပဲ
ခပ်ခါးခါးအတ္တတစ်ခွက်ကို ကော်ဖီနဲ့အတူမျောချလိုက်တယ်
ပူနွေးစွာစီးဝင်သွားတဲ့ အာခေါင်မှာခါးသက်လို့
ကိုယ်ပျိုးခဲ့တာအဆိပ်ပင်ဖြစ်ရင်တောင်
အရွယ်ရောက်အောင်ပြုစုလိုက်မယ်
Sometime
တစုံတခုကိုတောင့်တမိပေမယ့်
တစုံတခုက ဘာမှန်းရေရေရာရာမသိ
တွေးမိတယ်
စိတ်အစဉ်ဟာ ပုံမှန်ဟုတ်၏မဟုတ်၏
အလှမ်းကျဉ်းရင် အလယ်မဟာဘူးတဲ့
မွေးတယ်
သတ္တိတွေမွေးတယ် ဘ၀အတွက်အနာဂါတ်တခု
ကိုယ်လျှောက်နေတဲ့လမ်း ဟာ မှန်လားမှားလား မသိသေး
ဘ၀လှေကိုလှော်နေချိန် တက်ကျိုးရင် လက်နဲ့လှော်လိုက်မယ်
ပြပါ
ကျွန်တော့ကိုလမ်းမှန်တခု ပြပေးပါ
တိုက်ပွဲဝင်ဖို့လက်နက်တစုံ ထုတ်ပေးပါ
Please
ကျွန်တော်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတွေထပ်မတွေ့ပါရစေနဲ့။

အတွေးလေး (ပြင်ဦးလွင်)

အတွေးလေး

About အတွေးလေး

athwe lay has written 11 post in this Website..

ကျွန်တော် စတုတ္ထနှစ် ဥပဒေမေဂျာ တက်ရန်စီစဉ်နေတယ်။စာတွေရေးမယ် ဖတ်မယ်။ဒါပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အချိန်သိပ်မပေးနိုင်သေးတာကြောင့်ရေးအားရောဖတ်အားပါနည်းနေသေးပါတယ်။