မနက်​ဖြန်​ဆိုရင်
အစဉ်​အလာမပျက်
ခရစ်​နှစ်​အသစ်​နဲ့ ​တွေ့ရ​တော့မယ်​ ။
အဲ့ဒိ​တော့
နှစ်​အသစ်​မှာ​ကော
မနှစ်​ကလိုပဲ
အစဉ်​အလာမပျက်​ ခရီးဆက်​ကြဦးမှာလား ?
နှစ်​တစ်​နှစ်​ကသာအသစ်
မင်းတို့ရဲ့ အ​တွေးအ​ခေါ် အယူအဆ​တွေက သစ်​မှမလာပဲ ။
အစဉ်​အလာ ဓေ​လ့ထုံးစံ ​တွေနဲ့ ယိုင်​နဲ့
ဘယ်​နှစ်​ကြိမ်​​မြောက်
ဘာပွဲလမ်းသဘင်​ ဆိုတာ​တွေပဲတပ်​မက်
မနှစ်​ကလိုပဲ ဒီနှစ်​တစ်​နှစ်​ကို ဖြုန်းတီးပစ်​လိုက်​ကြဦးမှာ …….
ဆို​တော့
နှစ်​​တွေဘယ်​​လောက်​ပဲ သစ်​သစ်
အယူအဆ ညစ်​​ထေး​ထေး
အ​တွေးအ​ခေါ် အ​ဟောင်းအမျင်း​တွေနဲ့ပဲ
မြေကြီးထဲ လက်​နဲ့ယက်​ဆင်း​နေကြဆဲ
ကဲ
အ​တွေးအ​ခေါ် အယူအဆ အ​ပြောင်းအလဲ
ဓ​လေ့ထုံးစံ အစဉ်​အလာရဲ့ လမ်းခွဲ
ဘယ်​သူအရဲစွန့်​ထွက်​ရဲသလဲ ?

နေ၀န်းနီ
၂၃း၃၃
၃၁ဒီဇင်​ဘာ ၂၀၁၄

naywoon ni

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010