2014 လည်ပြန်

နှစ်တနှစ်တော့ ကုန်ခဲ့ပြန်ပြီ။

365 ရက် မနားတမ်း ဖြတ်သန်းခဲ့ရတဲ့ ဒီ တနှစ်ကို လည်ပြန်ကြည့်မိပါတယ်။( ခြင်္သေ့လည်ပြန်တော့ ဟုတ်မယ်မထင်၊သမင်လည်ပြန်လောက်ပဲ ဖြစ်မယ်ထင်ပါရဲ့)

ဒီနှစ်ကတော့ လမ်းများများလျှောက်ပြီး ခလုပ်များများ တိုက်တဲ့ နှစ်၊

ခေါင်းပေါ်မှာ ရေအိုး ၅လုံးလောက် တပြိုင်တည်း ရွက်မိတဲ့နှစ်လို့ ပြောရမလိုပါပဲ။

လမ်းလျှောက်လို့ ခရီးရောက်တာ လူမြင်ပေမယ့် ခလုပ်တိုက်မိလို့ ကွဲတဲ့ ခြေမကိုတော့ အနားကလူတွေပဲ သိမှာပါ။

ထားဝယ်သူတွေ ရေအိုး ၁၀လုံးလောက်ကို လှလှပပ ရွက်ပြီး စက်ဘီးတောင် စီးပြတာကို အားကျပြီး မြစ်ဝကျွန်းပေါ်သူက ရေအိုး ၅လုံးရွက်ပြချင်တာ ၃လုံးလောက် အထပ်မှာတင် ဟပ်ထိုးဟပ်ထိုးဖြစ်လို့။

ကိုယ့်ကိုယ်ကိုယ် သစ်ပင်တပင်လို့ နှိုင်းရရင် ဒီနှစ်တော့ တောင်ကိုင်း၊မြောက်ကိုင်း၊ရှေ့ကိုင်း၊နောက်ကိုင်း အကုန် ရောယှက်အကန့်တွေ ရောသွားတဲ့ နှစ်လို့လည်း ပြောရပါမယ်။ ပွတ်လို့ တိုက်လို့ မီးပွင့်တာကြောင့် ရေလောင်းရတဲ့ အခါလည်းရှိတာပေါ့။

စိတ်ချမ်းသာအောင် ဒီနှစ်ထဲ လုပ်ဖြစ်တဲ့ ကောင်းမှုလေးတွေ အရင် စဉ်းစားလိုက်ပါမယ်။ပြီးမှ ကိုယ်ညံ့တာတွေ တွေးပါမယ်။

(၁)ဒီနှစ်ထဲမှာ အနှစ်သက်ဆုံး အဖြစ်ကတော့ မိသားစုထဲမှာ အားကိုးရဆုံး အကိုကြီးကို ရက်ရှည်တရားအားထုတ်ဖို့ ပါရမီဖြည့်ပေးနိုင်တာပါပဲ။သူဘယ်လောက်ထိရမယ်ဆိုတာတော့ သူ့ပေါ်ပဲတည်ပါတယ်။ လေးအိမ်စုဆရာတော် အရှင်ဝိစိတ္တရဲ့ ဆိုရိုးကတော့ ` ကံကောင်းသူတွေက တရားအားထုတ်ခွင့်ရတယ်။ ကံမကောင်းသူတွေက တရားအားထုတ်ခွင့်နဲ့ လွဲချော်တယ်။ကံဆိုးသူတွေက တရားအားထုတ်ဖို့ အခွင့်အရေးကို ရှောင်ကြတယ်။´

အကို့ကို ကံကောင်းအောင် ကလျာဏမိတ္တအဖြစ် ကူညီပေးနိုင်တဲ့အတွက် ကိုယ်ကံမကောင်းသေးပေမယ့် ၀မ်းသာပီတိဖြစ်ရပါတယ်။

(၂)နောက်ပြီး ဆရာလုပ်လွန်းတဲ့ ကိုယ့်အပေါ် အမြင်စိမ်းနေတဲ့ ချစ်တူမလေးကလည်း ရက်(၇၀)တရားအားထုတ်ပြီးသွားတဲ့အခါ ကိုယ်နဲ့ တရားဆွေးနွေးဖက် ဓမ္မမိတ်ဆွေဖြစ်သွားလို့ သူ့ရဲ့ ချစ်ခင်မှုပြန်ရလာတာလည်း စိတ်ချမ်းမြေ့စရာ တခုပါပဲ။

(၃)၀ိနည်းတော်ကို လေးစားလိုက်နာတဲ့ ပဏ္ဍိတာရာမဆရာတော်ကြီးလို သံဃာမျိုးကို ဖူးမြင်ခွင့် ရတဲ့အတွက် သံဃံသရဏံ ဂစ္ဆာမိ ကို နားလည်ခဲ့ပါတယ်။

(ဆရာတော်ကြီးကတော့ ကိုယ့်ကို ဂျီးထူတဲ့ ဆပ်ပြာသည်တဲ့)

(၄)ကိုယ့်ဇာတိမြို့လေးကနေ ဝေးကွာနေတဲ့ ဆရာ/ဆရာမတွေ ၊ကျောင်းသားဟောင်းတွေ ပြန်လည်ဆုံစည်းတဲ့ပွဲလေး ဖြစ်မြောက်အောင် အများနဲ့ဝိုင်းပြီး တတပ်တအား ပံ့ပိုးပေးခွင့်ရခဲ့တာကြောင့် သူတို့တွေ ပျော်နေကြတဲ့ ပုံတွေ ကြည့်မိတိုင်း ကိုယ်လည်း ကြည်နူးဝမ်းသာရပါတယ်။

(၅)ဒီလိုပဲ အချိန်မီပြီးဖို့၊အရည်အသွေး မညံ့ဖို့ ဇာတိတူမောင်နှမတွေ လက်တွဲပြီး ပြိုင်တူတွန်းခဲ့ကြတဲ့ အရွေ့လေးက ရွှေခယ်ရတနာမဂ္ဂဇင်း ဆိုပြီး မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဘယ်သူတွေ ဘယ်လို မြင်မြင် ကိုယ့်မြို့ ကိုယ့်ကျောင်းသားတွေရဲ့ ရင်ထဲမှာပဲ ရွှေခယ်ရတနာ တံဆိပ် ခပ်နှိပ်ထားမယ်ဆိုရင်တောင် ကျေနပ်ပါပြီ။

(၆)ဒီနှစ်ထဲမှာ မမဒေါက်တာ ဒေါ်ခင်နွယ်ဝင်းရဲ့ ကျန်းမာရေး ဟောပြောပွဲတွေကို ကောက်နှုတ်ချက်ရေးပြီး ကူညီပေးဖြစ်ခဲ့တယ်။ ဟောပြောပွဲအခွေ ကြည့်သူတွေအတွက် အထောက်အကူလေး နည်းနည်းပါးပါးတော့ ဖြစ်မယ်ထင်ပါတယ်။ ငန်ပြီးသား မဟာသမုဒ္ဒရာကြီးထဲကို ဆားလေးနည်းနည်း ထပ်ထည့်ပေးသလိုပေါ့။

(၆)ဒီနှစ်တွင်းမှာပဲ စာမေးပွဲ ၃ခုကို လောဘတကြီး မနိုင်မနင်းဖြေပစ်လိုက်မိတယ်။စာမေးပွဲအောင်လို့လည်း ဘာမှတော့ ထူးမသွားပါဘူး။ဒါပေမယ့် စာဆိုရင် သိပြီးတာထက် ပိုပိုသိချင်တဲ့ လောဘကြောင့် ဟိုစာလည်းဖတ်ချင် ဒီစာလည်းဖတ်ချင်။သူများတွေ တနှစ်တည်း စာမေးပွဲတွေ အများကြီးဖြေနိုင်တာကို အားကျပြီး ကိုယ်လည်း ဒီလောက်တော့ နိုင်မယ်ထင်မိ၊တကယ်ဖြေတော့မှ အလုပ်ကလည်း ပစ်ထားတယ် အပြောမခံချင်တာကြောင့် အလုပ်တဖက် စာမေးပွဲတဖက်နဲ့ ကုသလောဓမ္မော အကုသလဿ ဓမ္မဿ ဖြစ်ခဲ့တဲ့ ရက်တွေလည်းရှိပါ့။ဒါကြောင့် ရလာဘ်က ချက်ခြင်းအကျိုးပေးပြီး ၂ခါမှားနဲ့ ဂုဏ်ထူးပြုတ်ဖြစ်တာပေါ့။

အစပိုင်းမှာ ကုက္ကုစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တွေတင်နေမိရာက ယောဆရာတော်ကြီးက တိပိဋကစာမေးပွဲမှာ စာ ၃ခါထောက်ခံရလို့ ကျပြီဆိုတာတောင် စာတွေဆက်ပူဇော်နေတဲ့အကြောင်း ဖတ်ရမှ ရှက်နောင်တရမိပါတယ်။

(၇)နှစ်ကုန်ခါနီးမှာတော့ ဈေးသည်ကြီးဆန်နီ လုပ်ပြီး ကိုယ့်မြို့က ထွက်ကုန်တွေ Online ပေါ် တကြော်ကြော်အော်ရောင်းခဲ့ပါတယ်။အို..ဘယ်သူဘာပြောပြော ကိုယ့်ပရိသတ်ကြီးနဲ့ ကိုယ်တော့ အပေးအယူတွေ တဲ့လို့ ပျော်နေမိတာပါပဲ။

(၈)အကိုကြီးတွေ အမကြီးတွေကပြောကြတယ်။ ကျမတို့ အမျိုးရွယ်တူ တသိုက် က ပိုက်ဆံရှာတဲ့ အလုပ်ဆို မဖြစ်ထွန်းကြဘူး။ ပိုက်ပိုက်မရတဲ့ လူမှုရေးအလုပ်ဆို ထမင်းမေ့ဟင်းမေ့တဲ့။

ဟုတ်လည်းဟုတ်ပါတယ်။ စီးပွားရေးမှာတော့ ကိုယ်ဟာ အညံ့ဆုံးပါပဲ။လူလူချင်း တေ့တေ့ဆိုင်ဆိုင် ဈေးစကားပြောရ၊အပေးအယူလုပ်ရပြီဆိုရင် ကိုယ်လိုချင်တာ ဖြစ်အောင် ဘယ်တော့မှ မပြောနိုင်ပဲ လျှော့ခဲ့ရလို့ ပြီးတော့မှ ငါညံ့လိုက်တာလို့ ခဏခဏဖြစ်ရပါတယ်။ဒီတသက်တော့ အောင်မြင်တဲ့ စီးပွားရေးသမားကြီး ဘယ်တော့မှ ဖြစ်မှာ မဟုတ်တော့ပါဘူး။အသက်ပဲ ဗထက်ချိုက်နေပြီလေ။

(၉)ကိုယ်ညံ့တာကတော့ ဒီနှစ်ထဲ Car accident ၂ခါဖြစ်တာမှာ သိသာတာပါပဲ။ ကိုယ်ကတော့ ဘယ်တိုက်ပါ့မလဲ။ဒီလောက် တုန်ချိချိမောင်းနေတာ။ ကိုယ့်ကို သူများက လာတိုက်သွားတာတောင်မှ Reflex က ငါမှားသွားတာ ထင်တယ်ပဲ တွေးမိတယ်။ သူများဖက်ကို အရင်ကြည့် ဘာများဖြစ်သွားသေးလဲမေး၊ကိုယ့်ဖက်က ဒဏ်ရာကို ခပ်လျှမ်းလျှမ်းကြည့်၊အလျော်အစားတွေ ပြောရမှာ၊လူတွေ ၀ိုင်းကြည့်မှာစိုးလို့ ရှက်ပြီး ကားပေါ်မြန်မြန်ပြန်တက် အဲဒီနေရာကနေ မြန်မြန်ထွက်။

တခါဖြစ်လည်း ဒီတိုင်း၊နောက်တခါဖြစ်လည်း ဒီတိုင်းဆိုတော့ ကားမောင်းရတာတောင် သွေးလန့်လာပါတယ်။မောင်းပေးမယ့်သူကလည်း မရှိတော့ ဘုရား နားညည်းတာပေါ့။

(၁၀) ဒီနှစ်ကို Year of Apology လို့လည်း ပြောချင်ပါတယ်။ဒီနှစ်ထဲ ဘယ်အကြောင်းအရာပဲ လုပ်လိုက်လုပ်လိုက် အမှားအယွင်းမကင်းနိုင်လွန်းလို့ တောင်းပန်စကားချည်းပဲ ပြောနေရလို့ ဖြစ်ပါတယ်။

ဒီနှစ် ရေးမိသမျှကလည်း နှစ်စကတည်းက ဂေါက်စီးရီးဆွဲလိုက်မိတာဆိုတော့ 2014 ဒီနှစ်ကတော့ ဂေါက်နှစ်ပါပဲ။ဂေါက်မိသမျှ ပတ်သက်သူမိတ်ဆွေအပေါင်းကို တောင်းပန်ရင်း 2014 ကန့်လန့်ကာချ လိုက်ပါတယ်။

2014တနှစ်တွင်း ဂေါက်မိသမျှ ဂေါက်စာရင်းလေးပြုစုလိုက်ပါတယ်။
(1) 2014 New Year Present -`အသက်ရှည်ကျန်းမာချင်လျှင်၊စားသောက်နေမှုဘ၀ကိုပြင်´

– padonmar

Posted by padonmar on Jan 1, 2014 in Editor’s Choice, Health & Fitness, My Dear Diary

http://mandalaygazette.com/191625
(2) 2013 Review ၂၀၁၃ အတိတ်ခြေရာကောက်

– padonmar

Posted by padonmar on Jan 2, 2014 in Creative Writing, My Dear Diary

http://mandalaygazette.com/191635
(3) ဂေါက်တယ်လို့မှတ်မှာလား(၂)-လမ်းပေါ်ကအမှိုက် ကိုယ်နဲ့ဆိုင်မဆိုင်?

– padonmar

Posted by padonmar on Jan 10, 2014 in Creative Writing, Critic, My Dear Diary

http://mandalaygazette.com/192115
(4) ဂေါက်တယ်လို့မှတ်မှာလား(၃)-ဂေါက်မိသူပါရှင်

– padonmar

Posted by padonmar on Jan 11, 2014 in Creative Writing, Critic, My Dear Diary

http://mandalaygazette.com/192226
(5) ဂေါက်တယ်လို့မှတ်မှာလား(၄)-ဂေါက်တဲ့ဖက်မှာ အော်ပီကျယ်ရှိတယ်

– padonmar

Posted by padonmar on Jan 12, 2014 in Creative Writing, Environment

http://mandalaygazette.com/192258

 

(6) ဗုဒ္ဓသာသနာ မြန်မာ့မြေမှ မထွက်ခွာဖို့

– padonmar

Posted by padonmar on Jan 29, 2014 in News

http://mandalaygazette.com/192956
(7) တော်ဝင်စင်တာရှေ့ စာအုပ်ရောင်းပွဲ

– padonmar

Posted by padonmar on Feb 1, 2014 in Creative Writing, News

http://mandalaygazette.com/193106
(8) ရွာသူားများအတွက် လက်ဆောင်-သက်ရှည်ကျန်းမာချင်လျှင်၊မြန်မာ့လူနေမှုဘ၀ကိုပြင်

– padonmar

Posted by padonmar on Feb 18, 2014 in Editor’s Choice, Health & Fitness, My Dear Diary

http://mandalaygazette.com/193900
(9) ခင်ကြီးပေါက်

– padonmar

Posted by padonmar on Feb 18, 2014 in Aha! Jokes, Satire |

http://mandalaygazette.com/193921
(10) အလောင်းအစားThe Bet-မြမဉ္ဇူ

– padonmar

Posted by padonmar on Mar 10, 2014 in Creative Writing, Literature/Books, Short Story, Think Different |

http://mandalaygazette.com/194722
(11) အလောင်းအစား The Bet-မြမဉ္ဇူ ဘယ်လိုရေးခဲ့တယ်

– padonmar

Posted by padonmar on Mar 18, 2014 in Arts & Humanities, Literature/Books

http://mandalaygazette.com/195160
(12) မွေးရပ်မြေမှ ပန်းကလေးများဆီသို့

– padonmar

Posted by padonmar on Mar 23, 2014 in Creative Writing, Education, My Dear Diary

http://mandalaygazette.com/195339
(13) ပန်းကလေးများပွင့်တော့မည် 2014

– padonmar

Posted by padonmar on Mar 31, 2014 in Creative Writing, Short Story

http://mandalaygazette.com/195579
(14) ဂေါက်တယ်လို့မှတ်မှာလား(၅)-သင်္ကြန်ပိတ်ရက်ရှည်/အလကားပေးမလား

– padonmar

Posted by padonmar on Apr 14, 2014 in Creative Writing, Critic, Think Different | 47 comments

http://mandalaygazette.com/196058
(15) အဖူးအငုံလေးတွေက ၀င့်ဝင့်ကြွားကြွား

– padonmar

Posted by padonmar on Apr 15, 2014 in Creative Writing, My Dear Diary | 15 comments

http://mandalaygazette.com/196062
(16) ၁၃၇၆ နှစ်သစ်တွက် လက်ဆောင်-ဆင်ခြင်တတ်က အကျိုးရ

– padonmar

Posted by padonmar on Apr 17, 2014 in My Dear Diary | 12 comments

http://mandalaygazette.com/196163
(17) တခါတုန်းက သင်္ကြန်မှာ

– padonmar

Posted by padonmar on Apr 18, 2014 in Creative Writing, My Dear Diary | 22 comments

http://mandalaygazette.com/196243
(18) ရွှေဖိနပ်ကြီး ရှပ်တိုက်စီးနေသူများ

– padonmar

Posted by padonmar on Apr 26, 2014 in Creative Writing, Critic | 32 comments

http://mandalaygazette.com/196638
(19) ကြွေးကြော်နေရုံမျှနဲ့ မလုံလောက်နိုင်ပေ

– padonmar

Posted by padonmar on May 11, 2014 in Creative Writing, Critic | 29 comments

http://mandalaygazette.com/197425
(20) မဟာလူသားဗုဒ္ဓ(သာသနာနှစ် ၂၅၅၈ပြည့်ဗုဒ္ဓနေ့ လက်ဆောင်)

– padonmar

Posted by padonmar on May 13, 2014 in History | 22 comments

http://mandalaygazette.com/197521
(21) `ညှော်မယ်ဗျို့ ´

– padonmar

Posted by padonmar on May 24, 2014 in Creative Writing | 38 comments

http://mandalaygazette.com/197863
(22) ဆီးချိုရောဂါအန္တရာယ် ဉာဏ်ယှဉ်၍ ကာကွယ်မယ် (ဒေါက်တာဒေါ်ခင်နွယ်ဝင်း)

– padonmar

Posted by padonmar on Jun 1, 2014 in Health & Fitness | 27 comments

 

http://mandalaygazette.com/198185

 
(23) ခလုပ်တိုက်ရင် ရှေ့တလှမ်းပိုရောက်ပါစေ ကလေးတို့ရေ

– padonmar

Posted by padonmar on Jun 9, 2014 in Creative Writing, My Dear Diary | 20 comments

http://mandalaygazette.com/198569

 
(24) နည်းနည်းလေးမက လွဲနေတယ်

– padonmar

Posted by padonmar on Jun 11, 2014 in Critic | 22 comments

ပဒုမ္မာရဲ့ ပုံပမာ

http://mandalaygazette.com/198681

 
(25) ပျက်အစဉ် ပြင်လျှင်ရ (Yangon Drainage)

– padonmar

Posted by padonmar on Jun 13, 2014 in Creative Writing | 27 comments

http://mandalaygazette.com/198817

 
(26) အသက်တချောင်းထွက်ဖို့ဆိုတာ လွယ်ပါသလား

– padonmar

Posted by padonmar on Sep 14, 2014 in Creative Writing | 26 comments

http://mandalaygazette.com/204142

 
(27) “သားဦးအရူး”

– padonmar

Posted by padonmar on Sep 27, 2014 in Creative Writing, My Dear Diary | 21 comments

http://mandalaygazette.com/204914

 
(28) ဘာသာမတူ..လူမျိုးကွဲလည်းချစ်တာ..(၁)

– padonmar

Posted by padonmar on Oct 6, 2014 in Creative Writing, My Dear Diary | 14 comments

http://mandalaygazette.com/205386

 
(29) ဒီပါဝလီ၊မလိုင်လုံးနဲ့ ချက်ခြင်းပေးတဲ့ အကျိုး

– padonmar

Posted by padonmar on Oct 20, 2014 in Creative Writing, My Dear Diary | 28 comments

http://mandalaygazette.com/206108

 
(30) ဘာသာမတူ လူမျိုးကွဲလည်းချစ်တာ…(၂)

– padonmar

Posted by padonmar on Oct 25, 2014 in Creative Writing, My Dear Diary | 17 comments

http://mandalaygazette.com/206237

 
(31) လက်တဆုံးနှိုက်တယ်တဲ့လား…..

– padonmar

Posted by padonmar on Oct 25, 2014 in Creative Writing, Critic, My Dear Diary | 21 comments

http://mandalaygazette.com/206333

 
(32) ဆရာကြီး ဦးအောင်သင်းသို့ မမီလိုက်တဲ့ လွမ်းစာ

– padonmar

Posted by padonmar on Oct 27, 2014 in Creative Writing, Literature/Books, My Dear Diary | 8 comments

http://mandalaygazette.com/206415

 
(33) ကျမနဲ့ကာမတဏှာ၊၀ါးခယ်မ မဟာစည်သာသနာ့ရိပ်သာ

– padonmar

Posted by padonmar on Oct 31, 2014 in Creative Writing, Literature/Books, My Dear Diary | 21 comments

http://mandalaygazette.com/206611

 
(34) My Line of Thought,My Point of View စာမြည်း

– padonmar

Posted by padonmar on Nov 5, 2014 in Creative Writing, Literature/Books, My Dear Diary | 15 comments

http://mandalaygazette.com/206797
(35) အားကျမိတဲ့ အမေရိကန်တယောက်

– padonmar

Posted by padonmar on Nov 17, 2014 in Creative Writing, Cultures, My Dear Diary | 44 comments

http://mandalaygazette.com/207186
(36) ပညတ်တွေ အတင်မှားကြရင်ဖြင့်

– padonmar

Posted by padonmar on Nov 20, 2014 in Creative Writing, Critic, My Dear Diary | 42 comments

http://mandalaygazette.com/207233

 
(37) ဆားလေး တပွင့်နှစ်ပွင့်

– padonmar

Posted by padonmar on Dec 6, 2014 in Creative Writing, My Dear Diary | 34 comments

http://mandalaygazette.com/207846

 
(38) မနက်ခင်းလမ်းလျှောက်ရင်း မင်းလောင်းမျှော်

– padonmar

Posted by padonmar on Dec 6, 2014 in Creative Writing, My Dear Diary | 16 comments

http://mandalaygazette.com/207848
(39) ၀ါးခယ်မ အလွမ်းပြေ Little Wakema

– padonmar

Posted by padonmar on Dec 18, 2014 in Classifieds, Personal Ad., Creative Writing | 21 comments

http://mandalaygazette.com/208180
(40) နယ်အပိုင်စား

– padonmar

Posted by padonmar on Dec 21, 2014 in Creative Writing | 11 comments

http://mandalaygazette.com/208354
(41) ‘နေရောင်ခံယူ ၊ အူကိုစောင့်ရှောက် ၊ အသက်ဉာဏ်စောင့်′

– padonmar

Posted by padonmar on Dec 21, 2014 in Creative Writing, Health & Fitness | 10 comments

http://mandalaygazette.com/208358

 
(42) Dr.ဒေါ်ခင်နွယ်ဝင်း၏ Facebook ပေါ်မှ ရှင်းလင်းဟောပြောချက်များ

– padonmar

Posted by padonmar on Dec 22, 2014 in Health & Fitness | 2 comments

http://mandalaygazette.com/208361
(43) Dr.ဒေါ်ခင်နွယ်ဝင်း၏ကျန်းမာရေးဟောပြောပွဲ အမေးအဖြေများမှ သတိပြုဖွယ်

– padonmar

Posted by padonmar on Dec 22, 2014 in Health & Fitness | 7 comments

http://mandalaygazette.com/208363

 

 

 

padonmar

About padonmar

has written 219 post in this Website..

THAKHIN CJ #12112010 (5/2/16)