ဒီ​နေ့
နှစ်​​ရောင်​စပ်​ပုံပြင်​တစ်​ပုဒ်​ရဲ့
အသဲကွဲအ​ရောင်​ကို
တစိမ့်​စိမ့်​ပြန်​​သောက်​မိတဲ့​နေ့
အတိတ်​ဟာ
မလွတ်​မလပ်​ ​တောလား​တွေကိုငြီးညူရင်း
အချစ်​ကို
ဘ၀ထဲ ထည့်​​ဖျော်​ဖူးခဲ့
ကိုယ်​အပူချိန်​က ၁၀၈ မထိတထိ
စိတ်​လိုလက်​ရ
ပြန်​လွမ်းမိတယ်
အမှန်​က
ငါ့အချစ်​ကို
အသံ​တွေလို ​လေထဲမှာတင်​​ပြောပြီး
ပျောက်​ကွယ်​သွားတာမျိုး မဖြစ်​ချင်​ပါဘူး။
တကယ်​ကို့
လွတ်​လွတ်​လပ်​လပ်​ ချစ်​ချင်​မိတယ်​ ညီမ​လေး။
ကိုစစ်

ko six

About ko six

ko six has written 66 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014