၈-ပုဒ်မြောက် တောက်တယ်ကျင်း

အမြင့်မြတ်ဆုံးသော

ကောင်းမွန်မှုကား ရေနှင့်တူလှ၏ ။

အရာရာတိုင်း၏ကောင်းကျိုးကိုသာဆောင်လျှက်

လူအပေါင်းတို့ မထီမဲ့မြင်ပြုသော နေရာများသို့

မညည်းမငြူ သွား၏ ။

သို့ရာတွင်…သူသာလျှင် ကျင့်စဉ်တော်နှင့်

အနီးစပ်ဆုံး သဘာဝရှိချေမည် ။

 

အိမ်၏ကောင်းမွန်မှုသည် မြေ၌တည်သည် ။

စိတ်၏ကောင်းမွန်မှုသည်

နက်ရှိုင်းတည်ငြိမ်မှု၌တည်သည် ။

အချစ်၏ကောင်းမွန်မှုသည်

အကျွမ်းဝင်ခြင်း၌တည်သည် ။

စကား၏ကောင်းမွန်မှုသည်

မှန်ကန်သောသစ္စာတရား၌တည်သည် ။

အစိုးရခြင်း၏ကောင်းမွန်မှုသည်

တရားဥပဒေစိုးမိုးမှု၌တည်သည် ။

လုပ်ငန်း၏ကောင်းမွန်မှုသည်

ကျွမ်းကျင်ခြင်းစွမ်းရည်၌တည်သည် ။

ပြုမူချက်တစ်ရပ်၏ကောင်းမွန်မှုသည်

အချိန်အခါ ဆီလျှော်မှု၌တည်သည် ။

ထို့အတူပင် ကျင့်စဉ်တော်၏ ကောင်းမွန်မှုသည်

ပန်းတိုင်ဖြစ်သော ငြိမ်းချမ်းခြင်း၌တည်သည် ။

ကျင့်စဉ်တော်လမ်းအတိုင်းလိုက်သူသည်

မည်သည့်အခါမှ ပန်းတိုင်မှမသွေဖည်ချေ ။

( ဆရာသက်လုံ ၏ စေ့ထားသောတံခါးများစာအုပ်မှ)

 

ဒါလေးကတော့ ခုတလောပြန်ဖတ်ဖြစ်နေတဲ့ ဆရာသက်လုံရဲ့ စေ့ထားသောတံခါးများစာအုပ် ပထမတွဲထဲက

၈-ပုဒ်မြောက် စာစုလေးဖြစ်ပါတယ်။ ပြောရရင်တော့ တရုတ်လူမျိုးတို့၏ ရှေးဟောင်းကျမ်းကြီးတစ်ဆူဖြစ်သော

“တောက်တယ်ကျင်း” ခေါ် ဆောက်တည်ရေးကျင့်စဉ်တော် ကျမ်းကြီးထဲက တစ်ပိုဒ်ပေါ့….များသောအားဖြင့်

တောက်တယ်ကျင်းမှ စာပိုဒ်တော်တော်များများမှာ တင်စားမှုများ အလိန်အ၀ှက်များ ဖြင့်ရေးသားထားသဖြင့်

စာဖတ်သူအနေနှင့် ရုတ်တရက် အလွယ်တကူနားမလည်နိုင်ဖြစ်ရပါတယ်…သို့သော်..ကျုပ်အခုရေးပြခဲ့တဲ့

၈-ခုမြောက်စာပုဒ်ကတော့ ရိုးရိုးရှင်းရှင်းလေးရေးထားတာဖြစ်လို့ ဖတ်လိုက်တာနဲ့အလွယ်တကူဆိုလိုရင်းကို

သဘောပေါက်နိုင်ပါရဲ့ဗျာ။

ရွာသူားတို့တွေးဖို့ နှစ်သစ်လက်ဆောင်လေးပေါ့ ..

အဲ့ထဲကမှ..“ အစိုးရခြင်း၏ကောင်းမွန်မှုသည်

တရားဥပဒေစိုးမိုးမှု၌တည်သည် ။” ဆိုတဲ့ဟာလေးပိုသဘောတွေ့မိတယ်……

ဒီနေ့ခေတ်ကာလ ကျုပ်တို့ တိုင်းပြည်ကြီးမှာ တရားဥပဒေစိုးမိုးမှုရှိပါရဲ့လား….တရားမျှတမှုရော

ဘယ်အဆင့်ရောက်နေပါသလဲ…..အစိုးရတစ်ရပ်ကို ဒီပေတန်နဲ့တိုင်းတာကို ကျုပ်တော့သဘေကျတယ်ဗျာ

တရားဥပဒေစိုးမိုးမှုရှိ ဖို့ရာ နိုင်ငံ ဆင်းရဲတာ ချမ်းသာတာ နဲ့မဆိုင်ပါဘူး…လုပ်လို့ရပါတယ်…

လုပ်ချင်ဖို့ပဲလိုပါတယ်……အင်း..ကျုပ်လည်းတောက်တယ်ကျင်းဖတ်မိပြီးဘာတွေတွေးနေမိတယ်မသိပါဘူးဗျာ..

 

တကယ်တော့…ဒီကိုလာရင်းကိစ္စက..ဒီလိုပါဗျ…ကျုပ်တို့ မန်းဂဇက်ချစ်သူများ စာပေ၊ ကဗျာဆုပေးပွဲနဲ့ ရွာသူားများ တွေ့ဆုံပွဲကို

နောက်လာမဲ့တနင်္ဂနွေနေ့ (၁၁-၁-၂၀၁၅)နေ့မှာ ကျင်းပကြတော့မှာဆိုတော့

ဖတ်ရွေးအဖွဲ့ အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၄ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ နှစ်လအတွင်းရေးခဲ့ကြသမျှထဲက

အကြိုက်ဆုံးရွေးခဲ့ကြရာမှာတော့…အဓိကဆန်ခါတင်အဖြစ် (၉) ပုဒ်တိတိရွေးထုတ်မိာကပြန်ပါသဗျို့….

ပိတ်သပ်ကြီးလည်း ဖတ်ပြီးခန့်မှန်းကျိကြပါအုံးလေ…

de_EZRLPZwI

 

 

၁။အသဲ ကွဲပါစေ – ဘီ(လ်) နှင့် မီလင်ဒါ ဂိတ်(စ်) တို့၏ ၂၀၁၄ ခုနှစ် စတင်းဖို့(ဒ်) တက္က္ကသိုလ် ဘွဲ့နှင်း မိန့်ခွန်း – မြစပဲရိုး

http://mandalaygazette.com/206715

၂။ သူမနဲ့အိမ်မက် – La Yeik

http://mandalaygazette.com/208478

၃။ ဆားလေး တပွင့်နှစ်ပွင့် – padonmar

http://mandalaygazette.com/207846

၎။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (1) & (2) -မြစပဲရိုး

http://mandalaygazette.com/207616
http://mandalaygazette.com/207580

၅။ လက်ခံရခက်ခဲသော…………

Mr. MarGa

http://mandalaygazette.com/207540

၆။ အားကျမိတဲ့ အမေရိကန်တယောက်

padonmar

http://mandalaygazette.com/207186

၇။ အမှောင်ခေတ်မှာ ကြောင်ဖြစ်လာ Darkness

ဦးကြောင်ကြီး

http://mandalaygazette.com/208260

၈။ အပူပင်မဲ့စွာ စာသင်ခွင့်ရကြပါစေ

etone

http://mandalaygazette.com/208583

၉။ အွန်လိုင်းနှင့်ဆက်နွယ်သောမှုခင်းများ

ရာမည

http://mandalaygazette.com/208499

 

နှစ်သစ်အခါသမယမှာ ရွာသူရွာသားအားလုံးကျန်းမာချမ်းသာစွာနဲ့ ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ။

ခင်မင်ရင်းနှီးစွာဖြင့်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၅၊၁၊၂၀၁၅

 

 

 

 

 

 

 

 

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 93 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)