စေရာ

အနမ်းလည်းခြွေ ပန်းလည်းဝေ
လွမ်းသူ့မျက်ရည် စွေပါသော်လည်း
မေ့မျက်နှာလေး နီသွေးကြွယ်မို့
မေ့မရသူက ကိုယ်ပါလေ ……..

အမုန်းလည်းမနိုင် အပြုံးနဲ့ပြိုင်
ကြည်နူးရိပ်ကလေး တစ်ခဏမို့
ကိုယ့်အနားက တိုးထွက်မသွားသူ . . . .

လေပြေလည်းလာ လလည်းသာချိန်
ချစ်ကဗျာသီရင်း ကိုယ်ချော့မြူ သည်
အိုး အေ အေ့ အို တေးကိုဆို
မေနံဘေးမှာ နားခိုရင်း
ထာဝရလမ်းလေး မြဲပါစေသား . . . . . .

ကာရံ ၇့ ၁့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..