ဘ၀သံသရာတံတားရဲ့ အထင်ကရ မှတ်တိုင်

ဘ၀သံသရာတံတားရဲ့ အထင်ကရ မှတ်တိုင်

ဘ၀သံသရာတံတား

ဘ၀သံသရာတံတား


ကျွန်မတို့ တည်းတဲ့ ဟဲဟိုးကနေ တောင်ကြီးဘက်အတက်မှာ တောင်ခြေက အေးသာယာမြို့သစ်ကို မရောက်ခင်လေးမှာ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး…။ ကျွန်မတို့ငယ်ငယ် ပထ၀ီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့…။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်…။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့… မြင်လိုက်ရတဲ့ မီးရထားလမ်း….။ အဲဒါ နာမည်ကြီး ဘ၀သံသရာကွေ့ပေါ့….။ ဘ၀သံသရာ တံတားလို့လည်း ခေါ်ပါတယ်။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး…. ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်….။
ဘ၀သံသရာ ရှည်လျား ထွေပြား တစ်သွားထဲ သွားရတာ....

ဘ၀သံသရာ ရှည်လျား ထွေပြား တစ်သွားထဲ သွားရတာ….

သံသရာလည်နေသမျှ အားလုံး တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံတွေ့ကြရမှာပါ...

သံသရာလည်နေသမျှ အားလုံး တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ဆုံတွေ့ကြရမှာပါ…

ဘ၀သံသရာ တံတားပေါ်မှ အဝေးသို့ ရှုမျှော်ခြင်း

ဘ၀သံသရာ တံတားပေါ်မှ အဝေးသို့ ရှုမျှော်ခြင်း

manawphyulay

About manawphyulay

manawphyu lay has written 929 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။