မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ သတင်းအစီအစဉ်ကနေ… အခုတပတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့….

  • ”ရန်ကုန်မြို့တော် ရေရှည် တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ” ပြုလုပ်မယ့် သတင်း ၊

  • အမေရိက ပြည်ထောင်စု ၊ ဒေသတချို့မှာ ရာသီဥတု ဆိုးဝါးခြင်းကို အခွင့်ကောင်းယူပြီး လိမ်လည်နေသူတွေရဲ့ သတင်းနဲ့ သတိပေးချက်များ …

  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်လေ့လာခဲ့တဲ့ US နိုင်ငံခြားရေးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်များ…

  • မြန်မာ သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့ကြတဲ့ သတင်း…

  • ဓမ္မစေတီခေါင်းလောင်းကြီးကို အိပ်မက်အရရှာဖွေမယ်ဆိုတဲ့ ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း   ဦးကျော်ဝင်းကို အစိုးရက တူးဖော်ခွင့်ပြုလိုက်တဲ့ သတင်း…

  • တရုတ်နိုင်ငံသို့ တရားမဝင် ခိုးပို့မယ့် တောရိုင်းတိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများနဲ့ အခြား တရားမ၀င် သစ်တောထွက် ပစ္စည်းများ ဖမ်းဆီးရမိတဲ့ သတင်း…

  • မြန်မာ နိုင်ငံသားတွေ ဥာဏ်ပညာ အမြော်အမြင် မြင့်မားဖို့ လိုအပ်တယ်’လို့ ပြောဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်များ…နဲ့

  • ရန်ကုန်မြို့ရဲ့ ရင်လေးစရာ မြို့ပြဆိုင်ရာ ပြဿနာများနဲ့…မန္တလေးမြို့မှာ ဖြစ်ပွါးနေတဲ့ ယာဉ်မတော်တဆမှု အရှိန်မြင့်တက်မှုသတင်းများ…

  • မြန်မာ့သစ်များ တင်သွင်းခွင့်ပြုတဲ့ လိုင်စင်ကို အမေရိက အစိုးရက ခွင့်ပြုပေးလိုက်တဲ့ သတင်း…

  • အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုက္ခသည်များနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူတွေ အများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ UNHCR ရဲ့ အစီရင်ခံစာသတင်း

  • ဖလော်ရီဒါပြည်နယ်၊ ဖလော်ရီဒါအပြည်ပြည်ဆိုင်ရာတက္ကသိုလ် ပွဲခန်းမမှာကျင်းပမယ့်                ၆၃ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲသတင်းနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာရဲ့ သတင်းအချက်အလက်များ… အပါအဝင်….

  • တစ်ပတ်အတွင်း ထူးခြား သိမှတ်ဖွယ်ရာ သတင်းအဖြာဖြာကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၄။

၂၀၁၄ ခုနှစ်အတွင်းမှာ World Monuments Watch ရဲ့ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းခံခဲ့ရပြီ့းဖြစ်တဲ့ ”ရန်ကုန်မြို့တော် ရေရှည် တည်တံ့ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် ” ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ World Monuments Fund နဲ့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရောမမြို့တော်ဝန်ဟောင်း Francesco Rutell အပါအ၀င် နိုင်ငံတကာမှ လူပုဂ္ဂိုလ်                            ၈၅၀ ကျော်တက်ရောက်မယ့် အဆိုပါ ဖိုရမ်ကို ရန်ကုန်မြို့မှာ ဇန်န၀ါ ရီ  ၁၅ ရက်ကနေ စတင်ပြီး သုံးရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ထိုဖိုရမ်အတွင်း ရန်ကုန်မြို့ရဲ့ သမိုင်းဝင်ရှုခင်းများနဲ့ ယခု လတ်တလော နိုင်ငံရေး၊                            စီးပွားရေးအပြောင်းအလဲတွေရဲ့ အကျိုးသက်ရောက်မှုများကို ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော်နေ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာများအတွက်လည်း                        လက်တွေ့ကျတဲ့ အဖြေတွေကို ဖိုရမ်မှ ရှာဖွေပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

အဆိုပါ ဖိုရမ်ကို ကမ္ဘာတစ်ဝန်းမှ အမွေအနှစ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊  နိုင်ငံ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊                                                                    ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊                                                                         ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များ၊   နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊                                ပြည်တွင်းရှိ လူမှုအခြေပြု ၊ ပညာရှင် အဖွဲ့အစည်းများ၊                                          အင်န်ဂျီအိုအဖွဲ့အစည်းများနဲ့… နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်တဲ့ ဥရောပ သမဂ္ဂ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ် သတင်းမီဒီယာသမားများ စုစုပေါင်း ၅၀ ခန့် တက်ရောက်ဆွေးနွေးကြမယ်လို့ သတင်းရရှိပါတယ်။

၁၆

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၃ ။

အာတိတ်ဝင်ရိုးစွန်း အအေးလှိုင်းဒဏ်ကို အလူးအလှိမ့် ခံစားနေရတဲ့ အမေရိက ပြည်ထောင်စု အနောက်အလယ်ပိုင်းနဲ့ အရှေ့ဘက်ပိုင်းဒေသတချို့မှာ ရာသီဥတု ဆိုးဝါးခြင်းကို အခွင့်ကောင်းယူပြီး လိမ်လည်သူများ တိုးပွါးနေကြောင်း သက်ဆိုင်ရာ အမေရိက ရဲဌာနများက သတိပေးချက် ထုတ်ပြန်နေပါတယ်။

ဆိုးရွားနေတဲ့ အအေးဒဏ်ကို ခံစားနေရတဲ့ဒေသရှိ လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကို တယ်လီဖုန်းဆက်ပြီး လိမ်လည်မှုတွေ တိုးတက်ဖြစ်ပွားလာကြောင်း သတင်းတွေမှာလည်း ဖော်ပြနေကြပါတယ်။

မသမာသူတွေဟာ  ရေခဲမှတ်အောက်ရောက်တဲ့အထိ အေးစက်နေချိန်မှာ                                                         လျှပ်စစ်ဓာတ်အားနဲ့ ဟိတာ အနွေးပေးစက် မရှိလျှင် ကြောက်လန့်နေရတဲ့                              အခြေအနေကို အခွင့်ကောင်းယူပြီး လျှပ်စစ်ဓာတ်အားကုမ္ပဏီမှ ဝန်ထမ်းများ အယောင်ဆောင်ကာ  တယ်လီဖုန်းဆက်ပြီး လျှပ်စစ် မီတာဘီလ် ကြွေးကျန်ရှိနေကြောင်း ပြောကြားကြပါတယ်။

အဲဒီနောက် လျှပ်စစ်မီတာခ ကျန်ငွေကို (Green Dot) ငွေကြိုတင်ပေးကဒ်နဲ့ ပေးသွင်းဖို့ ညွှန်ကြားပြီး ချက်ချင်း ပေးသွင်းခြင်းမရှိလျှင် လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ပစ်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်လိမ်လည်ကြတာ ဖြစ်ပါတယ်။

အမေရိကနေ ပြည်သူများ အနေနဲ့ အဲဒီလို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပစ်မယ်ဆိုတဲ့ ဖုန်းဆက်ပြောကြားမှုမျိုနဲ့ ကြုံရတဲ့အခါ မိမိတို့ရဲ့ သက်ဆိုင်ရာ လျှပ်စစ်ကုမ္ပဏီကို ချက်ချင်းဆက်သွယ် စုံစမ်းသင့်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်ရပါတယ်။

၁၅

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၄ ။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ US နိုင်ငံခြားရေးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး                                  Tom Malinowski ဦးဆောင်တဲ့အဖွဲ့ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်ကို ရောက်ရှိချိန်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တချို့နဲ့ တွေ့ဆုံခဲ့ပြီး လူမှုရေးအဖွဲ့အစည်းများ ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနဲ့ တိုင်းရင်းသားခေါင်းဆောင်များကို တွေ့ဆုံခဲ့တဲ့အပြင် စစ်ဘေးရှောင်ဒုက္ခသည် စခန်းတွေဆီကိုလည်း သွားရောက်လေ့လာခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ လူ့အခွင့်အရေး အခြေအနေများ အပါအဝင် ကချင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေကို မေးမြန်းခဲ့ပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများ … စစ်ဘေး ဒုက္ခသည်ကိစ္စများနဲ့ မူးယစ်ဆေးဝါးကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် လယ်မြေသိမ်းဆည်းမှု ပြဿနာများနဲ့ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးများ ၊ သတင်းသမားများ ဖမ်းဆီးသတ်ဖြတ် ခံရမှုတွေကိုလည်း နေပြည်တော်ရှိ အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိကြောင်း သိရပါတယ်။

US လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ဦးဆောင်တဲ့အဖွဲ့ဟာ လူထုခေါင်းဆောင် NLD ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံသွားဖို့ရှိနေကြောင်း သတင်းရရှိပါတယ်။

၁၄

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၃ ။

ဇန်နဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ၊ နိုင်ငံတော်သမ္မတအိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များဟာ မနက် ၉ နာရီကနေ ညနေ ၄ နာရီလောက်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါနိုင်ငံရေး ဆွေးနွေးပွဲကို ဒုသမ္မတနှစ်ဦး၊                                                   လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင်

ထိပ်သီး ပါတီကြီး သုံးခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့…                                                                     တိုင်းရင်းသား ကိုယ်စားလှယ်များ… ၊

တိုင်းရင်းသား ရေးရာဝန်ကြီးများ … စုစုပေါင်း ၄၈ ယောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ…

ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စ၊         ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေးကိစ္စနဲ့  လွတ်လပ် တရားမျှတသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ  အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအပါအဝင် ….

ကျန်ရှိနေသေးတဲ့ ကြားကာလမှာ နိုင်ငံတည်ငြိမ်ရေး ကိစ္စများကို အဓိကထားပြီး ဆွေးနွေးခဲ့ကြကြောင်း သိရရှိပါတယ်။

ထူးခြားချက်ကတော့ ဒီဆွေးနွေးပွဲမှာ NLD ပါတီဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါဝင်ဆွေးနွေးတာမျိုး မရှိဘဲ ပါတီရဲ့ ဗဟိုအလုပ်မှုဆောင်တွေတင်ပြထားတဲ့ အကြံပြုချက်တွေကိုပဲ ဖတ်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က…                                                     ”ဒီလို တွေ့ဆုံမှုကို ဘယ်လိုအခြေခံမူတွေနဲ့ ဖိတ်ခေါ် ပြုလုပ်သလဲဆိုတာကို နားမလည်ဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလို အစည်းအဝေးကျင်းပတာဟာ တောင်းဆိုထားတဲ့ ထိပ်သီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးကို ရှောင်လွှဲဖို့အတွက်တော့ မဖြစ်သင့်ဘူးလို့လည်း                                    အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောဆိုသွားကြောင်း သတင်းရရှိပါတယ်။

၁၃

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၂ ။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက အကျဉ်းကျနေတဲ့ တပ်မတော်သားဟောင်းများ ၊ စာနယ်ဇင်းသမားများအပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၂ဦးအတွက်   ထောက်ပံ့ လှူဒါန်းငွေ ကျပ်သိန်း ၅၀ ကျော်ကို မိသားစုဝင်တွေထံ ပေးအပ်လှူဒါန်းလိုက်ပါတယ်။

ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြီး NLD ပါတီ ၊ နာယက ဦးတင်ဦးလည်း တက်ရောက်ခဲ့ပါတယ်။

တိုင်းပြည် ဒီမိုကရေစီရဖို့အရေး ကြိုးစားရရင်း ဘဝပျက်ခဲ့ကြရသူတွေရဲ့ မိသားစုဝင်တွေကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက စိတ်ဓာတ်ခွန်အားတွေပေးနေတဲ့အပြင် အတိုင်းအတာတစ်ခုထိ ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့တဲ့အတွက် အသိအမှတ်ပြုကြောင်း NLD နာယက ဦးတင်ဦးက ပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဖောင်ဒေးရှင်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ စာနယ်ဇင်းသမားများနဲ့ နိုင်ငံရေးအကျဉ်းသားများ… စုစုပေါင်း ၆၀၀ ခန့်ကို ထောက်ပံ့ငွေ ကျပ် သိန်းတစ်ထောင်ကျော် ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၁၇

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၂ ။

မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ရှိ ဂိုဒေါင်တစ်ခု အတွင်းမှာ တရုတ်နိုင်ငံသို့ တရားမဝင် ခိုးပို့မယ့် တောရိုင်းတိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းများနဲ့ အခြား တရားမ၀င် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီရရှိခဲ့တာတွေကတော့ ဆင်စွယ်များ ၊ ကျားသစ်နဲ့ ကျားသားရေများ ၊                                 သင်းခွေချပ် အကြေးခွံများနဲ့ တောရိုင်း တိရစ္ဆာန် သည်းခြေများ၊ တောင်ဆိတ်နဲ့ ဆတ်ချိုများအပြင် အခြား တိရစ္ဆာန်မျိုးစုံရဲ့ အစွယ် ၂၆ ခုကို ရဲ နဲ့ သစ်တောဝန်ထမ်းများက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက် (၅၃) နှစ်အရွယ် အိမ်ရှင်အမျိုးသားကို ရဲတပ်ဖွဲ့နဲ့ သစ်တော အရာရှိက အမှုဖွင့်ထားပြီး မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

တောရိုင်းတိရစ္ဆာန် ပစ္စည်းတွေကို မူဆယ်မြို့ကတစ်ဆင့် တရုတ်နိုင်ငံထဲ တရားမ၀င်တင်ပို့တဲ့ ဈေးကွက်ဟာ ကျယ်ပြန့်စွာ ဖြစ်ထွန်းနေကြောင်း သတင်းရရှိပါတယ်။

 

၁၂

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၀ ။

ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်           ၄ နှစ်ပြည့် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က…                     ”နိုင်ငံတစ်ခု ဖွံ့ဖြိုးမှုနိမ့်ကျပြီး ဆင်းရဲမွဲတေနေတဲ့ အကြောင်းတရားဟာ                                         ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျခြင်းသာမက အတွေးအခေါ်ပိုင်းဆိုင်ရာ အားနည်းခြင်းလည်း ပါဝင်တာကြောင့် နိုင်ငံသူ ၊ နိုင်ငံသားတွေ ဥာဏ်ပညာအမြော်အမြင် မြင့်မားဖို့ လိုအပ်တယ်”လို့ ပြောဆိုလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ”ပညာအဆင့်အတန်း မမြင့်ဘဲနဲ့ ဆင်းရဲမွဲတေမှု ပပျောက်အောင် မလုပ်နိုင်ပါဘူး ။ ပြည်သူတွေကို လွတ်လွတ်လပ်လပ် တွေးတောပိုင်ခွင့်မပေးဘဲနဲ့ ဒီနိုင်ငံအဆင့်မြင့်အောင်လုပ်မယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး ”လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လူငယ်တွေအနေနဲ့ ပညာတတ်မြောက်လာရင်လည်း အဲဒီပညာကို အများအကျိုးအတွက် အသုံးပြုဖို့ လေးလေးနက်နက် စဉ်းစားစေချင်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လေးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနဲ့ ဂီတရန်ပုံငွေပွဲ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ပညာရေးကွန်ရက်ဟာ ပညာဒါနကျောင်း ၂၀၀ ကျော် ရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း နှစ်သောင်းကျော်ကို ပညာသင်ကြားပေးနေတဲ့ ပညာရေးကွန်ရက် ဖြစ်ပါတယ်။

ပညာရေးဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ တိုင်းရင်းသားတွေနေထိုင်ရာ ပြည်နယ်တွေအထိ ပညာရေးကဏ္ဍတွေအတွက် လှူဒါန်းနေကြောင်း သိရှိရပါတယ်။

 

၁၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၀ ။

မြန်မာနိုင်ငံ၊ ဗိသုကာပညာရှင်များအသင်း၊ ရန်ကုန် သမိုင်းဝင် အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နဲ့ တခြားအဖွဲ့များပူးပေါင်းပြီး၊ ရန်ကုန်မြို့ရဲ့ ရင်လေးစရာ မြို့ပြဆိုင်ရာ ပြဿနာတွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးဖို့အရေး သမ္မတ ဦးသိန်းစိန်ဆီကို သတိပေးတိုင်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အခုအချိန်မှာသာ ရန်ကုန်မြို့မှာ လက်ရှိရင်ဆိုင်နေရတဲ့ မြို့ပြဆိုင်ရာ ပြဿနာတွေကို စနစ်တကျ ဖြေရှင်း မပေးနိုင်ဘူးဆိုရင် နောက်လာမယ့် နှစ် ၅၀ မှာတော့ ဖြေရှင်းဖို့ခက်ခဲတဲ့ ပြဿနာကြီးများနဲ့ ရင်ဆိုင် ကြုံတွေ့ရမှာ ဖြစ်ကြောင်း ပညာရှင်အဖွဲ့တွေက သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ မြို့ပြစီမံကိန်းဆိုင်ရာ ဥပဒေတွေ မည်မည်ရရ မရှိတဲ့အပြင် အဆောက်အအုံအရည်အသွေး စီစစ်တဲ့ လက်ရှိ စည်းမျဉ်းတွေကလည်း ခေတ်နောက်ကျနေတာကြောင့် စနစ်မကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှိနေကြောင်း၊  ရန်ကုန်မြို့တော် အနေနဲ့ လူဦးရေ ထူထပ်လာတဲ့အခြေအနေကို ကိုင်တွယ်နိုင်ခြင်းလည်း မရှိသလို၊ ယာဉ်ကြောပိတ်ဆို့မှုများ ၊ ကားရပ်နားစရာ နေရာမရှိတဲ့ပြဿနာများ ၊  မြို့တွင်းရေမြောင်း ၊ ရေလျှံမှုများ… စတာတွေဟာ ရန်ကုန်မြို့နေ လူထုတွေအနေနဲ့                နေ့စဉ် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေဖြစ်လာကြောင်း အဆိုပါ စာမှာ ဖေါ်ပြထားပါတယ်။

ရှေ့ဆက်ပြီး ဆောက်လုပ်ရေး စီမံကိန်းတွေကို ထိန်းချုပ်ဖို့အတွက် မြို့ပြ စီမံခန့်ခွဲရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး၊ စည်းမျဉ်း ဥပဒေတွေရေးဆွဲကာ စနစ်တကျ ဖြေရှင်းပေးဖို့ သမ္မတထံကို ပေးစာပို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

၁၀

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၁၀ ။

၂၀၁၄ ခုနှစ်အတွင်း မန္တလေးမြို့မှာ ယာဉ်မတော်တဆ တိုက်ခိုက်မှုများကြောင့် လူပေါင်း (၁၇၀) ကျော်သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

၂၀၁၄ ဇန်န၀ါရီကနေ ၊ ဒီဇင်ဘာလ အထိ မန္တလေးခရိုင်ရှိ မြို့နယ်(၇)ခုအတွင်း ယာဉ်တိုက်မှုပေါင်း ၄၀၉ မှုဖြစ်ပွားခဲ့တာကြောင့် လူ (၁၇၁) ဦး သေဆုံးပြီး (၄၃၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

ယာဉ်တိုက်မှုများ၊ လူသေဆုံး ထိခိုက်မှုများရဲ့ ( ၇၅ ) ရာခိုင်နှုန်းဟာ ဆိုင်ကယ် မဆင်မခြင် မောင်းနှင်မှုများကြောင့် ဖြစ်ပြီး စည်းကမ်းပျက်ဆိုင်ကယ် ပေါင်း (၅၀၀၀၀) ကျော်ကိုလည်း အရေးယူခဲ့ရတယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ ဆိုင်ကယ်မောင်းနှင်သူများရဲ့ စည်းကမ်းပျက်ယွင်းမှုတွေဟာ ယခင်နှစ်တွေထပ် ပိုမို ဆိုးဝါး များပြားလာကြောင်း ယာဉ်မတော်တဆမှု မှတ်တမ်း စာရင်းဇယားအရ သိရှိရပါတယ်။

၉

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၉ ။

မြန်မာပြည်တွင်းက အပတ်စဉ်ထုတ်ဂျာနယ် ဖြစ်တဲ့ The Trade Times ဂျာနယ်မှာ “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ဥက္ကဌနေရာ အတွက်သာ ကြိုးစားမယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အချက်ဟာ မှန်ကန်မှုမရှိကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည် ငြင်းချက်ထုတ် ကြေညာလိုက်ပါတယ်။

The Trade Times ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းဟာ မှန်ကန်ခြင်း မရှိသလို NLD ပါတီရဲ့ သဘောထားနဲ့ ရပ်တည်ချက်လည်း မဟုတ်တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ပြီး ပြန်လည် ငြင်းဆန်ရတာဖြစ်ကြောင်း NLD အဖွဲ့က ဆိုပါတယ်။

၈

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၉ ။

” ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပါဝင်နေတဲ့ မြန်မာ့သစ်များ” တင်သွင်းခွင့်ပြုတဲ့ တစ်နှစ်သက်တမ်းရှိ လိုင်စင်ကို အမေရိက အစိုးရက ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။

အမေရိက နိုင်ငံအတွင်းကို မြန်မာသစ်များ ပြန်လည်တင်သွင်းခွင့်ပြုပြီးနောက် တစ်နှစ်အတွင်းမှာ သစ်တန်ချိန် (၃၀၀) ခန့်တင်ပို့ပေးဖို့ အမှာစာ ရရှိခဲ့ကြောင်း မြန်မာ့သစ်လုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ပေးလိုက်ပါတယ်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းမှာ ကွန်တိန်နာတစ်လုံးလျှင် သစ်တန်ချိန် ၁၂ တန်ပါဝင်တဲ့ ကွန်တိန်နာ ၂၅ လုံးတင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့သစ်များပြည်ပဈေးကွက်ကို တင်ပို့ရာမှာ အခြားနိုင်ငံများထက် အမေရိကန်နိုင်ငံက ဈေးကောင်းပေးတဲ့အပြင် သစ်ထောက်ခံချက်တွေ မလိုပေမယ့် US က ပြဋ္ဌာန်း ထားတဲ့ Lacey Act ဥပဒေအရ ကိုက်ညီရမယ်လို့ သိရပါတယ်။

US မှာ ပြ ဋ္ဌာန်းထားတဲ့ Lacey Act ဥပဒေဆိုတာကတော့                                                       အမေရိကကို တင်သွင်းလာမယ့် သစ်တွေဟာ တရားဥပဒေနဲ့ ကိုက်ညီတဲ့ သစ်ဖြစ်ခြင်း ၊                သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှု ရှိစွာ ထုတ်လုပ်ထားသော သစ် ဖြစ်ခြင်း ၊                    လူ့အခွင့်အရေးလေး စားလိုက်နာပြီး လာဘ်ပေး/လာဘ်ယူမှုကင်းခြင်း ၊                                           စီးပွားရေးအရ တာဝန်ယူမှုရှိသော သစ်များဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

US က ခွင့်ပြုလိုက်တဲ့ အဆိုပါ သစ်တင်သွင်းခွင့် တစ်နှစ်သက်တမ်းဟာ US အစိုးရအနေနဲ့ အမြဲတမ်းအတွက် ခွင့်ပြုလိုက်ခြင်း မဟုတ်ဘဲ ယာယီစောင့်ကြည့်မယ့် သဘောသာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သစ်အချောထည်နဲ့ ခွဲသားလုပ်ငန်းအနေနဲ့                                 သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိပြီး ကွန်တိန်နာနဲ့ ပြည်ပတင်ပို့နိုင်တဲ့ လုပ်ငန်းရှင်ကတော့               ၁၅ ဦးခန့်သာရှိကြောင်း သတင်းရရှိပါတယ်။

၅

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်မိကြောင်း                                 ဗြိတိန်ပြည်သူတွေဆီက ပေးပို့ကြတဲ့ စာများ၊ အီးမေးလ်များ အများအပြား လက်ခံရရှိပြီးနောက်မှာ ဗြိတိန်အစိုးရက ကြေညာချက် နှစ်စောင် ထုတ်ပြန်ပြီး ရှင်းလင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ဗြိတိန်အနေနဲ့ ပိုမိုအားပေး ကူညီသွားမယ့်အပြင် လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာအောင်လည်း တွန်းအားပေးသွားမယ်လို့ ဗြိတိန်အစိုးရ ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီး Hugo Swire က ပြောဆိုလိုက်တာပါ။

အဆိုပါ ကြေညာချက် နှစ်စောင်ထဲမှာ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ အခုနောက်ပိုင်းမှာ ရပ်ဆိုင်းနေတဲ့ ကိစ္စများနဲ့                                                                မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့ကိစ္စများအကြောင်း ပါဝင်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့တခြားပုဂ္ဂိုလ်တွေရဲ့ သံသယတွေကိုလည်း နားလည်မိကြောင်း၊ စိုးရိမ်စရာတွေ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုံမှန်တိုင်ပင်ဆွေးနွေးနေပြီး             ကဏ္ဍ အတော်များများမှာ အတူဆောင်ရွက်နေကြောင်း၊                                                                   ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ့အပြောင်းအလဲတွေကို အသိအမှတ်ပြုရမှာဖြစ်ပေမယ့်               သွားရမယ့် ဒီမိုကရေစီ ခရီးဟာ ဝေးနေသေးတယ်လို့ ယူဆမိကြောင်းတွေ ပါဝင် ရေးသားထားပါတယ်။

ဗြိတိန်အနေနဲ့ မြန်မာ့အပြောင်းအလဲတွေအတွက် လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီတွေ ပေးခဲ့တဲ့အပြင် လူအား၊ ငွေအား၊ အသိပညာအားတွေနဲ့ ဆက်လက်ကူညီပေးနေမှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၆

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာသန်လျင်ရေနံချက် စက်ရုံဆိပ်ကမ်းအနီးမှာ အိပ်မက်အရရှာဖွေဖို့အတွက် ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း                 ဦးကျော်ဝင်းဆိုသူကို အစိုးရက တူးဖော်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိပါတယ်။

ယခုတစ်ခေါက်ဓမ္မစေတီခေါင်းလောင်းကြီးရှာဖွေးမှုဟာ မူလ ဦးစံလင်း ရှာဖွေခဲ့တဲ့ မြစ်သုံးခွဆိုင် နေရာမှာ ရှာဖွေမှာ မဟုတ်ဘဲ ၎င်းရဲ့ အိပ်မက်အရ နေရာပြောင်း ရှာဖွေမှာ ဖြစ်ကြောင်း သိရပါတယ်။

ခေါင်းလောင်းကြီးကို ထပ်မံပြီး ဦးဆောင် ရှာဖွေမယ့် ဦးကျော်ဝင်းက                                               သန်လျင်ရှိ ၊ ကျိုက်ခေါက်ဘုရားကို သွားချိန်မှာ ၀တ်ဖြူစင်ကြယ်နဲ့အဘိုးအို တစ်ဦးကိုက ဦးကျော်ဝင်းကို ”ကြောက်တဲ့ သူတွေဆယ်ရင် ကျောက်ခဲဖြစ်သွားမယ်။ မကြောက်တဲ့သူတွေ ဆယ်မှ ပေါ်မှာ…” လို့ ပြောလိုက်ကြောင်း ၊                                                                                         အဲဒီလို ပြောလိုက်တဲ့ အဘိုးအိုဟာ ဓာတ်ပုံတွေမှာသာ တွေ့ဖူးထားတဲ့ ၀ိဇ္ဇာအဘသံဖြစ်နေကြောင်း သိလိုက်ရပြီးနောက်မှာ…ခေါင်းလောင်းကြီးကို တူးဖော်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေဖို့အတွက် ရေအောက်တိုင်းတာရေး စက်တွေလည်းဝယ်ပြီးပြီလို့ သိရှိရပါတယ်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်ရရှိထားသူတွေကတော့ ဇေကမ္ဘာ  ဦးခင်ရွှေနဲ့အဖွဲ့၊ ဦးစံလင်းနဲ့ … ယခု တူးဖော်ဦးမယ့် ဦးကျော်ဝင်းတို့ဖြစ်ကြောင်း သတင်းရရှိပါတယ်။

၎

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

ဆိုးရွားတဲ့ စစ်ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံပြီးရင်                                 ဒုက္ခသည်များနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူတွေ အများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်ကြောင်း                                                                          UNHCR ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သိရပါတယ်။

အာရှဒေသတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့ ပြဿနာ အထင်အရှားရှိနေဆဲ နိုင်ငံတွေထဲမှာ ပါကစ္စတန်နဲ့ မြန်မာ ပါဝင်ကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သိန်းကျော် အရေအတွက် ရှိနပြီး                       တိုင်းပြည်ရဲ့ ပြည်ပမှာရှိတဲ့ ဒုက္ခသည်အရေအတွက်ကတော့ ၄ သိန်း ၇ သောင်းကျော် ရှိနေကြောင်း သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်ကနေ ထိုင်း၊ မလေးရှား စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ အရေအတွက် တိုးလာတာကိုတွေ့နေရကြောင်း၊                                    အဆိုပါ ဒုက္ခသည်တွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အကြမ်းဖက်ပဋိပက္ခများ ၊                          ညှဉ်းပန်းနှိပ်စက်ခံရမှုများကနေ လွတ်မြောက်ဖို့ ထွက်ပြေးနေရသူတွေ ဖြစ်တယ်လို့ UNHCR ပြောခွင့်ပုဂ္ဂိုလ် Mr. Edwards က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ဘက်မှာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း US အခြေစိုက် ကချင် Alliance ၊ ဥက္ကဌ Gum Sen ကလည်း ပြောဆိုလိုက်ပါတယ်။

” လက်ရှိအချိန်မှာ UNHCR အနေနဲ့ အသိအမှတ်ပြု လက်ခံကူညီနေရတဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၊ ဒုက္ခသည်များနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူ စုစုပေါင်း ၄၆ သန်းလောက် ရှိနေတယ်”လို့ UNHCR ပြောခွင့်ပုဂ္ဂိုလ် Mr. Edwards က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း သတင်းရရှိပါတယ်။

၃

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

ဇန်နဝါရီလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့ရှိ သရော်စာတွေရေးတဲ့ အပတ်စဉ်ထုတ်                  Charlie Hebdo မဂ္ဂဇင်းတိုက်ကို မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူ သေနတ်သမားတွေက ၀င်ရောက်စီးနင်းပြီး လူအများအပြားကို ပစ်ခတ်သတ်ဖြတ်တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ လူ ၁၂ ဦး သေဆုံးခဲ့တဲ့ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သေနတ်သမား (၃) ယောက် ကို ပြင်သစ်ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

အကြမ်းဖက်သမား သုံးယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said Kouachi ၊                           ညီဖြစ်သူ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ Cherif နဲ့ ၊                                                                အသက် ၁၈ နှစ်အရွယ် Hamyd Mourad တို့ဖြစ်ကြောင်း သိရရှိရပါတယ်။

ဝင်ရောက်တိုက်ခိုက်ခံရတဲ့ Charlie Hebdo မဂ္ဂဇင်းဟာ အပတ်စဉ်ထုတ် သရော်စာစောင်ဖြစ်ပြီး မူဆလင် အစွန်းရောက်ဝါဒီတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်ပြောင်ကာတွန်းတွေ ထည့်သွင်းဖော်ပြလေ့ရှိပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ တိုက်ခိုက်သူ သေနတ်သမားတွေဟာ မဂ္ဂဇင်းတိုက်အတွင်းမှာ                          အစည်းအဝေး ပြုလုပ်နေစဉ် အဆောက်အဦးအတွင်းကို ၀င်ရောက်လာပြီး                                       ”ဘုရားသခင်ဟာ ကြီးမြတ်တယ် ” ဆိုတဲ့ အာရပ်ဘာသာစကားကို ကြွေးကြော်ကာ ပစ်ခတ်သတ်ဖြတ် ခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး US သမ္မတ ဘရက်ခ် အိုဘားမား အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်တွေက ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုကြပြီး ဒီတိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

အမေရိက နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း                                           လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ တင်ပြ ရေးသားခွင့်ဆိုတာဟာ စံထားရမယ့် အရာတွေဖြစ်တယ်” လို့ ပြောဆိုလိုက်ပါတယ်။

၂

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

Brincidofovir လို့ ခေါ်တဲ့ အီဘိုလာ ဗိုင်းရပ်စ်ကာကွယ်ဆေးတမျိုးကို အီဘိုလာရောဂါရှင်များရဲ့      ဆန္ဒအရ လိုက်ဘေးရီးယားနိုင်ငံရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ဌာနမှာ                       စတင် စမ်းသပ်အသုံးပြုနေပြီလို့ သိရပါတယ်။

ယင်းဆေးဝါးနဲ့ ကုသမှုခံယူရန် သဘောမတူသူများကိုတော့ ပုံမှန်အတိုင်းပဲ ဆက်လက်                   ကုသ ပေးနေမှာ ဖြစ်ပါတယ်။

Brincidofovir ဆေးကို ဓာတ်ခွဲခန်းတွေအတွင်းမှာ အီဘိုလာဗိုင်းရပ်စ်ပါရှိတဲ့ ဆဲလ်များနဲ့ စမ်းသပ်ခဲ့ရာ… ထိရောက်မှုများ ရှိတာကြောင့် ရွေးချယ်ရခြင်းဖြစ်ပြီး  ဆေးပြားအဖြစ် တိုက်ကျွေးနိုင်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောပါတယ်။

ယင်းဆေးဝါးစမ်းသပ်အသုံးပြုမှုကို ဦးဆောင်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကနဦးရလဒ်တွေဟာ လာမယ့် လ အနည်းငယ်အတွင်း ထွက်ပေါ်မယ်လို့ မျှော်လင့်ထားပါတယ်။

ကမ္ဘာမှာ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး                   .သေဆုံးသူ အများစုဟာ အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့နေတဲ့ ဂီနီ၊ ဆီယာရာလီယွန်နဲ့ လိုက်ဘေးရီးယားနိုင်ငံတို့မှ ဖြစ်ကြောင်း သိရပါတယ်။

၁

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၈ ။

ကမ္ဘာတ၀ှမ်း၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးရသူ အများဆုံးနိုင်ငံတွေထဲမှာ                      မြန်မာနိုင်ငံက တတိယနေရာမှာ ရှိနေတယ်လို့ သတ်မှတ်ခံထားရပေမယ့်   မြေမြှုပ်မိုင်းရှင်းလင်းတွေကို စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသေးချိန်မှာပဲ ပြည်နယ်နှင့် တိုင်းတချို့မှာ စီးပွားရေးလုပ်ငန်း ကာကွယ်မှု အနေနဲ့ ငါးကန်များ၊ စိုက်ခင်းများမှာ လက်လုပ်မြေမြှုပ်မိုင်းတွေ မြှုပ်နှံ အသုံးပြုနေကြောင်း  မြန်မာနိုင်ငံ မြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စိုက်ခင်းများ၊ ငါးကန်များအတွင်း လက်လုပ်မြေမြှုပ်မိုင်းအသုံးပြုနေတဲ့ ဒေသများအနက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးရှိ ကျေးရွာများမှာ အများစုဖြစ်နေတယ်လို့ သိရပါတယ်။

၂၀၁၄ က စတင်ပြီး ပိုမိုအသုံးများလာတဲ့ လက်လုပ်မြေမြှုပ်မိုင်းတွေကို                                       အသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ မွေးမြူ၊စိုက်ပျိုးထားတဲ့ ငါးများ ခိုးဖမ်းခြင်း၊                                     သီးနှံခိုး ရိတ်ခြင်းများကို ကာကွယ်ဖို့ လွဲမှားစွာအသုံးပြုခြင်း ဖြစ်ပါတယ်။                         လက်လုပ်မြေမြှုပ်မိုင်းတွေကို ငါး ကန်ပေါင်များ၊ စိုက်ပျိုးထားတဲ့ ကန်သင်းရိုးများမှာ ထောင်ထားခြင်းအားဖြင့် ခိုးယူမှုရန်ကို ကာကွယ်ကြခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ လက်လုပ်မြေမြှုပ်မိုင်းတစ်လုံးဟာ တန်ကြေး ဘတ်ငါးရာသာ ဈေးရှိပြီး နယ်စပ်မှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။                                                         လက်လုပ်မြေမြှုပ်မိုင်းများဟာ စီးကရက်ဘူးခွံအရွယ်သာရှိပြီး                                                 အတွင်းမှာ ကျောက်စရစ်ခဲများ၊ သံတိုသံစများနဲ့ တီအမ်တီယမ်းပျော့တို့ ထည့်သွင်း ဖောက်ခွဲခြင်း ဖြစ်ပါတယ်။                                                                                     အဆိုပါ မိုင်းထိသူဟာ သေဆုံးခြင်းထက် ခြေထောက်များဖြတ်ပစ်ရတဲ့ ဒုက္ခိတမျိုး အဖြစ်များပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုများကို ၁၉၉၉ မှ စတင် စာရင်းကောက်ရာ ၂၀၁၂ ထိ သေဆုံးသူ ၃၁၉ ဦး၊ ဒဏ်ရာရသူ ၂,၈၁၉ ဦးရှိတယ်လို့

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများစောင့်ကြည့်လေ့လာရေး အစီရင်ခံစာမှာ ဖော်ပြထားကြောင်း သတင်းရရှိပါတယ်။

b

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၇ ။

ဇန်နဝါရီလ ၇ ရက်နေ့က ၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ၊မှော်မောင်းကုန်းကျေးရွာနားမှာ ကျောက်စိမ်းကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံ ပြိုကျခဲ့တာကြောင့်  ရေမဆေးကျောက် ရှာသူတွေနဲ့ ဈေးရောင်းသူတွေ … စုစုပေါင်း အယောက်၂၀ လောက် ပျောက်ဆုံးသွားပါတယ်။

ပြိုကျတဲ့မြေစာပုံဟာ ရတနာဆင်သီရိ၊ ဝေမိသားစုနဲ့ ယူနတီ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ ၃ ခုက စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံဖြစ်ကြောင်း သိရှိရပါတယ်။

အဲဒီမြေစာပုံဟာ အရှည်ပေ ထောင့်ငါးရာနဲ့ အမြင့်ပေ ခုနှစ်ရာလောက်ရှိပြီး ပြိုကျချိန်မှာ ရာသီဥတုဆိုးဝါးနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အလားတူ မြေစာပုံတွေ ပြိုကျပြီး ထိခိုက်သေဆုံးရတာတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ ရေမဆေး ကျောက်                                         တစ်နိုင်တစ်ပိုင် ရှာဖွေလုပ်ကိုင်နေသူများအပါအဝင် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်ကိုင်နေသူ နှစ်သိန်းကျော်ရှိကြောင်း သိရပါတယ်။

မြန်မာ့ကျောက်မျက်ရောင်းချပွဲတွေမှာ ဖားကန့်ကျောက်စိမ်းတူးဖော်မှုကနေ   နှစ်စဉ် US ဒေါ်လာ သန်းပေါင်း သုံးလေး ထောင် ရရှိနေပြီး

တရုတ်ပြည်နဲ့ တရားမ၀င် မှောင်ခိုကျောက်စိမ်း အရောင်းအ၀ယ်ပြုလုပ်သူများရဲ့ ရရှိငွေပမာဏက အဲဒီထက် ပိုများတယ်လို့ သိရပါတယ်။

d

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၇ ။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ် ရဟန်းအမတ်အဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ အရွေးချယ်ခံထားရသူ ရန်ကုန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ်ဘိုက မြန်မာနိုင်ငံမှာ လူတန်းစား မမျှမတမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အရေး မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆရာတော် ချားလ်စ်ဘိုအပါအ၀င် ရွေးချယ်ခံရတဲ့ ရဟန်းအမတ် ၂၀ ကို လာမယ့်ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အီတလီနိုင်ငံ ရောမမြို့ ၊ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးက ခန့်အပ်မှာဖြစ်ပါတယ်။

အခုလို ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မှာ                                   ကာဒီနလ်ရဟန်း အမတ်အဖြစ် ပုပ်ရဟန်းမင်းက ရွေးချယ်တာဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စတွေကို ပါဝင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်တာလို့ ယူဆတာကြောင့် မြန်မာအစိုးရနဲ့ တွေ့ဆုံချိန်မှာ ဆင်းရဲသားတွေရဲ့ အဆင့်အတန်းမြှင့်တင်ပေးဖို့အရေးတွေ တိုက်တွန်းသွားမယ်လို့ ဆရာတော် ချားလ်စ်ဘိုကပြောပါတယ်။

c

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇန်နဝါရီ ၇ ။

မြန်မာအလှမယ် သျှားထွဋ်အိန္ဒြာဟာ ဖလော်ရီဒါပြည်နယ်၊ ဖလော်ရီဒါအပြည်ပြည်ဆိုင်ရာတက္ကသိုလ် ပွဲခန်းမမှာကျင်းပမယ့် ၆၃ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မိုင်ယာမီကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲဟာ ၈၈ နိုင်ငံမှ အချောအလှ ထိပ်ခေါင်များ အကြိတ်အနယ် ပြိုင်ဆိုင်ကြရမယ့် ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။

မြန်မာမယ်စကြာဝဠာမယ်အဖြစ် စခန်းဝင်ခဲ့တဲ့ အသက် ၂၁ နှစ်ရှိ သျှားထွဋ်အိန္ဒြာဟာ ရန်ကုန်မြို့သူဖြစ်ပြီး ဒဂုံတက္ကသိုလ် ဒဿနိကဗေဒ ဒုတိယနှစ် ကျောင်းသူလည်း ဖြစ်ပါတယ်။

မယ်စကြာဝဠာပြိုင်ပွဲဖြင့် နှစ် ၅၀ ကျော် ကင်းကွာနေခဲ့တဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ အလှမယ်အဖြစ် မနှစ်က မိုးစက်ဝိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်မှာ သျှားထွဋ်အိန္ဒြာက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံက အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်သမျှ အလှမယ်ပြိုင်ပွဲတွေထဲမှာ ဂုဏ်သိက္ခာအကြီးမားဆုံး မယ်စကြာဝဠာပြိုင်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနှစ် မယ်စကြာဝဠာ ရွေးချယ်ခံရသူကို ချက်သမ္မတနိုင်ငံရဲ့ လက်ဝတ်ရတနာကုမ္ပဏီမှ သရဖူသစ်ကို ဆင်မြန်းရမှာဖြစ်ကြောင်း သိရပါတယ်။

အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိက ပြည်ထောင်စု အလှမယ်ကတော့ လတ်စ်ဗေးဂတ်စ်မှ အသက် ၂၄ နှစ်ရှိ နီယာ ဆန်ချက်ဇ် ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုအနေနဲ့ မယ်စကြာဝဠာသရဖူကို        ၈ ကြိမ်ထိ အများဆုံး သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

a

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အမေရိကနိုင်ငံရဲ့ လူဦးရေအများဆုံး၊ အကြီးဆုံးမြို့ဖြစ်တဲ့ နယူးယောက်မြို့မှာ                          မန်မာနိုင်ငံရှိ ပြတိုက်များမှ ဗုဒ္ဓဘာသာ အနုပညာများကို                                                                     “Buddhist Art of Myanmar” အမည်နဲ့ ခင်းကျင်းပြသမယ်လို့ သိရှိရပါတယ်။

ပြသမယ့် အနုပညာလက်ရာတွေကို ရန်ကုန်နဲ့ နေပြည်တော်ရှိ အမျိုးသားပြတိုက်၊ ပုဂံရှေးဟောင်းသုတေသန ပြတိုက်၊ ပြည်မြို့ သရေခေတ္တရာ ရှေးဟောင်းသုတေသန ပြတိုက်၊ ကမ္ဘာအေး ဗုဒ္ဓဘာသာ အနုပညာပြတိုက်များမှ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် US ရှိ ပြည်သူပိုင်ဌာနများနဲ့ ပုဂ္ဂလိက စုဆောင်းထားတဲ့ လက်ရာများလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ပြပွဲအတွင်း ဟောပြောပွဲများ၊ ရုပ်ရှင်များ၊ အနုပညာဖန်တီး တင်ဆက်မှုများနဲ့                           အခြားသော ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များပါ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

“Buddhist Art of Myanmar” ပြပွဲကို ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘုရားရဲ့ ဘဝဖြစ်စဉ်များနဲ့ ၊ ယုံကြည်ကိုးကွယ်ရာ ထုံးတမ်းစဉ်လာများဆိုပြီး ကဏ္ဍသုံးခု ခွဲခြားပြသမှာ ဖြစ်ပါတယ်။

၅ ရာစုမှ ၂၀ ရာစု စောစောပိုင်းအထိ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု အနုပညာလက်ရာ တွေ ခင်းကျင်းပြသမယ့် ပွဲကတော့ ဖေဖော်ဝါရီလ (၁၀) ရက်ကနေ မေလ (၁၀) ရက်အထိ အာရှလူ့ဘောင်ပြတိုက် (Asia Society Museum on Park Avenue, New York) မှာ ပြသမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားထောင်နိုင်ပါကြောင်းးးး

 

azm

www.azmtv.com

 

 

 

 

 

 

 

 

 

 

 

Thint Aye Yeik

About Thint Aye Yeik

Thint Aye Yeik has written 599 post in this Website..

Maung Thura @ သင့်အေးရိပ် CJ #5222013