ကြမ္မာ

ကံကောင်းတုန်းစံ ကုန်ပြန်ခံမြဲ
သံသရာခရီးကြမ်း လျှောက်ပြန်ဟန်လွဲ

ဒေါသပူမီး လောင်မြိုက်ဆဲမှာ
ကိလေသာရမ္မက် တစ်ငွေ့ငွေ့နဲ့
အိုဘယ်လူသား ငြိမ်းချမ်းသောရပ် အဘယ်မှာလဲ . . . .

ရှေ့တိုးရန်ခက် နောက်ပြန်မလွယ်
သံသရာအလည် မျက်ရည်စက်လား
သွေးစက်လားလေ မာနအလံထူ
အိုဘယ်လူသား မေတ္တာတံခါး ဖွင့်ပါစေသား . . . . .

လူသား လူသား တွေးတောတာထက်
ဘေးသဘော ပြောသမျှ အရာဝင်တက်သမို့
သောကတွေရင်မှာ ပိုက်ရင်း
အစဉ်အလာ မင်္ဂလာ အ အက္ခရာ မဖြစ်စေဖို့
အိုဘယ်လူသား မဖြောင့်ဖြူးပေမယ့်လဲ
မေတ္တာကျောက်စူးလေး ချကြည့်လှည့်ပါ . . . .

ကာရံ ၂၅့ ၁့ ၂၀၁၅

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..